15/05/2026
Construction Project တစ်ခုစတင်မယ်ဆိုရင်
Client တွေအများဆုံးမေးတဲ့မေးခွန်းတစ်ခုက ...
👉 “1 Square Feet ဘယ်လောက်လဲ?” (sqft price)
👉 “Total Estimate ဘယ်လောက်လဲ?”
ဒီနှစ်ခုဟာ တူသလိုထင်ရပေမယ့် အလွန်ကွာခြားပါတယ်...
1️⃣ Sqft Price ဆိုတာက —
👉 Building တစ်လုံးကို
“1 Sqft ကို ပျမ်းမျှဈေးနှုန်းနဲ့ ခန့်မှန်းခြင်း” ဖြစ်ပါတယ်၊ PAE Rate လို့လဲ ခေါ်ပါတယ်
📌 Example:
1 sqft = 50,000 Ks
Building area = 1,000 sqft
👉 Total ≈ 50,000,000 Ks
✔ Quick estimation - ခန့်မှန်းရလွယ်ကူပါတယ်
✔ Early discussion - အကြိုဆွေးနွေးဖို့အတွက် အဆင်ပြေပါတယ်
❌ Detail မပါ တဲ့အတွက် တိကျမှန်ကန်မှု Accuracy နည်းပါးပါတယ်
2️⃣ Detailed Estimate (BOQ Estimate) ဆိုတာဘာလဲ?
Estimate ဆိုတာက ...
👉 Drawing အပြည့်အစုံကိုအခြေခံပြီး
👉 Work Item တစ်ခုချင်းစီကို
👉 Quantity + Unit Rate နဲ့တွက်ထားတဲ့ Engineering Calculation ဖြစ်ပါတယ်။
📌 ပါဝင်တဲ့အချက်များ
Excavation
Concrete (Footing, Column, Slab)
Reinforcement
Formwork
Brickwork
Finishing Work
✔ Accurate Cost - မှန်ကန်တိကျ
✔ Material Breakdown - ပစ္စည်း+လုပ်သား ကုန်ကျမှုကို အတိအကျသိနိုင်
✔ Construction Planning
✔ Variation Control - ကွဲလွဲမှုတွေကိုလဲ အတတ်နိုင်ဆုံးထိန်းချုပ်နိုင်ပါတယ်
💥အဓိကကွာခြားချက်
Sqft Price က Rough idea only ဖြစ်လို့ အတိအကျမှန်ကန်မှုမရနိုင်၊ ဒါပေမယ့် ရိုးရှင်းပြီး အချိန်ကုန်သက်သာပါတယ်
Detailed Estimate က Exact calculation ဖြစ်ပြီး Full BOQ ပါဝင်လို့ တိကျမှန်ကန်မှုရှိပါတယ် ၊ ဒါပေမယ့် Estimate တွက်ဖို့အတွက် အချိန်အနည်းငယ်တော့ယူပါတယ်
💥Client တွေသတိထားရမယ့်အချက်
Sqft price တစ်ခုတည်းကိုသာယုံပြီး ဆောက်လုပ်မယ်ဆိုရင် —
❌ Hidden cost တွေပေါ်လာနိုင်
❌ Design change ဖြစ်ရင် price တက်နိုင်
❌ Quality compromise တွေ ဖြစ်လာနိုင်တယ်ဆိုတာ မေ့ထားလို့မရပါဘူး
🚫🚫 Post ကို လွတ်လပ်စွာ 𝗦𝗵𝗮𝗿𝗲 ယူနိုင်ပါတယ်။ ပုံ နှင့် စာများ 𝗖𝗼𝗽𝘆 ယူခွင့်မပြုပါ