Kyaw Zin Hein

  • Home
  • Kyaw Zin Hein

Kyaw Zin Hein Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Zin Hein, Science, Technology & Engineering, .

ကွန်ကရိ လက်တွေ့ပြဿနာများအတွက် လမ်းညွှန်စာအုပ် ဒီနေ့ ရရှိနိုင်ပါပြီ!"ကွန်ကရိ လုပ်ငန်း လက်တွေ့ပြဿနာများ၊ အတွဲ(၁)" E-book သ...
05/12/2025

ကွန်ကရိ လက်တွေ့ပြဿနာများအတွက် လမ်းညွှန်စာအုပ် ဒီနေ့ ရရှိနိုင်ပါပြီ!

"ကွန်ကရိ လုပ်ငန်း လက်တွေ့ပြဿနာများ၊ အတွဲ(၁)" E-book သည် မြန်မာ့ဆောက်လုပ်ရေးနယ်ပယ်အတွက် အထူးရည်ရွယ်ပြုစုထားပြီး NRMCA ၏ နည်းပညာများကို ဓာတ်ပုံ၊ ပုံကြမ်းများနှင့် ရှင်းလင်းစွာ ဘာသာပြန်ဆိုထားသည့် လက်စွဲစာအုပ်ဖြစ်သည်။

ကွန်ကရိအက်ကွဲခြင်း၊ အရည်အသွေးကျဆင်းခြင်းစသည့် ဆိုဒ်ပေါ်တွင် အမြဲကြုံတွေ့နေရသော ပြဿနာ (၁၄) မျိုးအတွက် ကာကွယ်နည်း၊ ရှာဖွေနည်းနှင့် ဖြေရှင်းနည်းများ ပါဝင်ပါသည်။

ပြဿနာအမျိုးအစားခွဲခြားသတ်မှတ်ချက်:
- "ကွန်ကရိ လက်ရာလက်သား ညံ့ဖျင်းမှု"-(1), (2), (3), (13)
- "အက်ကွဲကြောင်း ပြဿနာများ"- (4), (5), (7)
- "ခံနိုင်ရည်အား ယုတ်လျော့မှု"- (8), (9), (10)
- "လက်တွေ့ဆောင်ရွက်ချက်များ"- (6), (11), (12), (14)

စာအုပ်ဝယ်ယူလိုပါက>>>
https://www.facebook.com/share/p/1A7LdDUTL9/

"ကွန်ကရိ လုပ်ငန်း လက်တွေ့ပြဿနာများ၊ အတွဲ(၁)"---❓ ကွန်ကရိ မျက်နှာပြင်ထိခိုက် ကြေမွနေလား?❓ ဖျော်စပ်ထားတဲ့ အချိုးအစား အရည်အ...
01/12/2025

"ကွန်ကရိ လုပ်ငန်း လက်တွေ့ပြဿနာများ၊ အတွဲ(၁)"

---

❓ ကွန်ကရိ မျက်နှာပြင်ထိခိုက် ကြေမွနေလား?
❓ ဖျော်စပ်ထားတဲ့ အချိုးအစား အရည်အသွေး မမှန်တာကြောင့် စိတ်ညစ်နေရလား?
❓ အက်ကြောင်းတွေ ပေါ်လာပြီး စိုးရိမ်နေရလား?

---

ဒီပြဿနာတွေ အားလုံးအတွက်
NRMCA ၏ CIP (Concrete in Practice) စီးရီးမှ ကွန်ကရိနည်းပညာများအနက် (၁၄) ပိုင်း ကို
မြန်မာဘာသာပြန်ဆိုပြီး ဓာတ်ပုံများ၊ ပုံကြမ်းများဖြင့် ရှင်းလင်းတင်ပြထားပါတယ်။

---

📚 ပါဝင်သော အကြောင်းအရာ အနှစ်ချုပ်

1. အမှုန်ထခြင်း
2. မျက်နှာပြင်လွှာကြွေခြင်း
3. ပက်ကြားအက်ခြင်း
4. အက်ကွဲကြောင်းများ
5. အပျော့ထည်တွင်ပင် အက်‌နေခြင်း
6. မြေပြင်ကြမ်းခင်းအဆက်များ
7. မြေအောက်ခန်းနံရံအက်ခြင်း
8. အထွက်နှုန်းကွဲလွဲမှုများ
9. ဖိအားခံနိုင်ရည်အားကျဆင်းခြင်း
10. လောင်းပြီးကွန်ကရိ ခံနိုင်ရည်
11. အသားနှပ်ခြင်း
12. ပူပြင်းချိန်တွင်သွန်းလောင်းခြင်း
13. လေခိုခြင်း
14. အချောကိုင်လက်စသပ်ခြင်း

---

👍 ဘာကြောင့် ဒီစာအုပ်ကို ဝယ်သင့်တာလဲ?

✅ မြန်မာဘာသာသို့ ရှင်းလင်းပြေပြစ်စွာ ဘာသာပြန်ဆိုရေးသားပြုစုထား၍ - နည်းပညာစကားလုံးများ နားလည်လွယ်ခြင်း၊

✅ ဓာတ်ပုံ၊ ပုံကြမ်းများ ဖြည့်စွက်တင်ပြထား၍ - မြင်သာထင်သာရှိခြင်း၊

✅ လက်တွေ့အသုံးချနိုင်အောင် ရည်ရွယ်ရှာဖွေထား၍ - လုပ်ငန်းဆိုက် (Site) များတွင်ချက်ချင်းအသုံးချနိုင်ခြင်း

✅ မြန်မာပြည် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ကြုံတွေ့နေကြ ကွန်ကရိပြဿနာများဖြစ်၍ - ကြိုတင်ကာကွယ် သတိပြုနိုင်ခြင်း

---

🎯 လက်ကိုင်သင့်တာလဲ?

· 👷 ဆိုက်အင်ဂျင်နီယာများ၊ ကြီးကြပ်သူများ
· 🎓 အင်ဂျင်နီယာကျောင်းသား/သူများ
· 🏠 အိမ်ရှင်များ (ကိုယ်တိုင်အိမ်ဆောက်လုပ်သူများ)
· 🏢 ဆောက်လုပ်ရေးကုမ္ပဏီများ
· 📋 ကွန်ထရက်တာများ၊ ဆောက်လုပ်ရေးအဖွဲ့များ

---

ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက် များဖြင့် အလွယ်တကူ သယ်ဆောင် ဖတ်ရှုနိုင်ဖို့ ရည်ရွယ်ထားပါသောကြောင့် Softcopy ဖြင့် ရောင်းချသွားမှာဖြစ်ပါတယ်။ (ပုံနှိပ်ထုတ်ဝေခြင်း မပြုသေးပါ။)

==================================
Ebook တန်ဖိုး -
အင်ဂျင်နီယာနှင့် အခြား - ၁၀၀၀၀ ကျပ်
အင်ဂျင်နီယာကျောင်းသား/သူများ- ၈၀၀၀ ကျပ်။

==================================
စာအုပ်ဝယ်ယူသူများ အနေနှင့် စာအုပ်ကို မူလဈေးအတိုင်း ဝယ်ယူနိုင်သလို

ဤ post ကို public ဖြင့် Share ထားသော screen shot ဖြင့် Messenger/ Telegram သို့ ဆက်သွယ်ဝယ်ယူပါက

- အင်ဂျင်နီယာ နှင့် အခြား သူများ အတွက် 20% Discount ဖြင့် လည်းကောင်း

- အင်ဂျင်နီယာ ကျောင်းသား/သူ ဖြစ်ပါက ၆၀၀၀ ကျပ် ဖြင့်လည်း‌ကောင်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်
==================================

(နမူနာ အနေဖြင့် လေ့လာလိုသူများ အတွက် အပိုင်း(၃) ကွန်ကရိမျက်နှာပြင်ပက်ကြားအက်ခြင်း အကြောင်းကို comment box ပါ Telegram link တွင် မည်သူမဆို download ဆွဲ၍ လေ့လာဖတ်ရှုနိုင်ပါတယ်)
==================================

စတင်ရောင်းချမည့် ရက်
5.12.2025 (သောကြာနေ့)

ငလျင်ဘေးအတွက် အလှူငွေ ရရှိထားတဲ့ စာရင်းက2025-04-18 အထိ ကျပ်သိန်း ၂၀ တိတိဖြစ်ပါတယ်။(သောကြာနေ့ ည 8 နာရီ အထိ လှူဒါန်းမှု လက...
18/04/2025

ငလျင်ဘေးအတွက် အလှူငွေ ရရှိထားတဲ့ စာရင်းက
2025-04-18 အထိ ကျပ်သိန်း ၂၀ တိတိဖြစ်ပါတယ်။
(သောကြာနေ့ ည 8 နာရီ အထိ လှူဒါန်းမှု လက်ခံရရှိငွေ ဖြစ်ပါတယ်)

စာအုပ်လေးနဲ့အတူ ငလျင်ဘေးအတွက် ကူညီ လှူဒါန်းပေးကြတဲ့ အလှူငွေကို ပြန်လည်ထူထောင်ရေးမှာ ထိထိရောက်ရောက် လှူနိုင်ဖို့ ရှာရင်းနဲ့ ဒီ Proposed Rehab Mandalay project ကို တွေ့မိပါတယ် ခင်ဗျာ။

Project ရဲ့ Mission မှာ

ငလျင်ဘေးသင့် မိသားစုဝင်များအတွက်
Mini Clinic , Shelter , Water Supply , Lighting and Power Supply , Toilet and Waste Management , Center Management Office တို့စနစ်တကျပါဝင်နေတာ တွေ့ရပါတယ်။

မြေ ဧရိယာ ၄ ဧက ရှိတဲ့ ရတနာပုံ Swimming Pool Compound မှာ MCDC ရဲ့ Apporove နဲ့ ဆောက်လုပ်နေတာဖြစ်ပြီး၊ မိသားစု ၁၀၀ အတွက် စီစဉ်ပေးနိုင်မယ်လို့ သိရပါတယ်။

ဒါကြောင့် project ကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အစ်မ Ma Hnin Lei Aung ကို ဆက်သွယ်ပြီး လက်ခံရရှိထားတဲ့ သိန်း (၂၀) ကို Kpay နဲ့ပဲ လှူဒါန်းလိုက်ပါတယ် ခင်ဗျာ။

Proposed Rehab Mandalay project ဓါတ်ပုံလေးတွေကို credits ပေးပါတယ်ခင်ဗျာ။

https://www.facebook.com/share/p/19UewfDLT2/
=================================
စာအုပ်လေးနဲ့အတူ ငလျင်ဘေးအတွက် ကူညီ လှူဒါန်းပေးကြတဲ့ အလှူရှင်စာရင်းကို ကျေးဇူးတင် ဝမ်းမြောက်စွာနဲ့ အလေးအနက်ပြု တင်ပြအပ်ပါတယ် ခင်ဗျာ။

Ma Chit Thae Yu - 100000
Ko Aung Myo Min - 20000
Ma Moh Moh Aye - 30000
Ma Akari Hlaing - 50000
Daw Aye Thuzar Hnin - 7000
Ko Aung Myat Paing - 100000
Ko Aye Charm Ko Ko - 100000
Ko Htoo Char Aung - 100000
Ma Thet Myat Noe - 50000
Daw Aye Myat Thu - 10000
U Pyae Sone Kyaw - 20000
Daw May Yi Yi Swe - 100000
Daw Shwe Sandi Aung - 30000
Ma Thiri Khin Aung - 50000
Ma Hmwe Kyu - 20000
Ma Moe Pwint Phyo - 10000
U Tin Maung Aye - 15000
Ma Hnin Yu Khine - 20000
Ma Khine Nyein Chan - 40000
Daw Cho Min Htet - 30000
Ma Khant Cherry Theint - 50000
Daw Cho Mar Win - 250000
Daw May Moh Moh Myat - 10000
Ma Kay Thi Khine - 30000
Ma Poe Thiri Naing - 90000

Daw Ei Ei Chaw - 30000
Ma Poe Myint Mo Khin - 30000
Daw Tin Nwe Win - 20000
U Thiha Zaw - 20000
U Naing Soe Lwin - 10000
U Thet Zaw - 200000
Ma Nan Thin Myint Zu - 100000
အမည်မဖော်လိုသူ - 50000
Ko Thaw Zin - 30000

Ko Han Zaw Thein - 30000
Ma Lwin Tha Zin Min Paing - 30000
Ko Pyae Sone Aung - 50000
Daw Aye Myint - 18000
U Win Aung + Daw Khin San Win - 30000
U Win Zaw Oo + Daw Khin Khin Maw - 10000
Ma Mya Thu Zar - 10000
စုစုပေါင်း (20,00000) ကျပ်
(ကျပ်သိန်း ၂၀ တိတိ)
2025-04-18
(သောကြာနေ့ ည 8 နာရီ အထိ လှူဒါန်းမှု လက်ခံရရှိစာရင်းဖြစ်ပါတယ် ခင်ဗျာ)

ငလျင်လှုပ်မှု‌ကြောင့် ပရိဘောဂများပြိုလဲကာ ဝင်လမ်းထွက်လမ်း ပိတ်ဆို့မည့်အရေးအား ကာကွယ်ခြင်း===============================...
07/04/2025

ငလျင်လှုပ်မှု‌ကြောင့် ပရိဘောဂများပြိုလဲကာ ဝင်လမ်းထွက်လမ်း ပိတ်ဆို့မည့်အရေးအား ကာကွယ်ခြင်း
==================================
စာအုပ်စင်၊ ပန်းကန်စင်နှင့် ဘီဒိုကဲ့သို့သော ပရိဘောဂများသည် ပြုလုပ်သည့်ပစ္စည်း (သစ်သား၊ သံထည်....စသည်) ကို လိုက်၍လည်းကောင်း၊ သိမ်းဆည်းထား/ထည့်ထားသည့် ပစ္စည်းအလေးချိန်ကို မူတည်၍ လည်းကောင်း ငလျင်လှုပ်ပါက ယိမ်းခါလဲကျတတ်ပါသည်။

ထိုသို့လဲကျခြင်းကြောင့် ပစ္စည်းပျက်စီးမှု၊ လူဒဏ်ရာရမှုများ ဖြစ်နိုင်သလို အခန်းထွက်ပေါက်များကိုလည်း ပိတ်ဆို့စေနိုင်ပါသည်။

သို့သော် ကြိုးများ/ချိတ်များ/ချိတ်ဆက်ကိရိယာများကို အသုံးပြုပြီး နီးစပ်ရာ/ကျောကပ်ရာ နံရံများနှင့် တွဲချိတ်ထားပါက နံရံများ မပြိုမချင်း ထိုပရိဘောဂများလည်း အနည်းငယ်ယိုင်သည့် အနေမထားသာ ဖြစ်အောင် ထိန်းထားနိုင်ပါမည်။

သို့ဖြစ်၍ ရုတ်တရက် ငလျင်လှုပ်ခတ်မှု ပြင်းပါက
အဝင်အထွက်လမ်းကြောင်း၊ အရေးပေါ်ပြေးထွက်နိုင်မည့် လမ်းကြောင်းများ၌ ဘီဒိုနှင့် ရေခဲသေတ္တာကဲ့သို့ ပရိဘောဂ လဲကျပိတ်ဆို့နေမည့် အရေးကို ကာကွယ်နိုင်ပါမည်။

https://t.me/KyawZinHeinCivilEngineeringMM/131

Peter H. Emmons ရေးသားထားတဲ့ "Concrete Repair and Maintenance Illustrated" စာအုပ်က အင်ဂျင်နီယာများ၊ ကန်ထရိုက်တာများ၊ Che...
03/04/2025

Peter H. Emmons ရေးသားထားတဲ့ "Concrete Repair and Maintenance Illustrated" စာအုပ်က

အင်ဂျင်နီယာများ၊ ကန်ထရိုက်တာများ၊ Chemical Products ထုတ်လုပ်ရောင်းချသည့်အဖွဲ့များ၊ အဆောက်အဦပိုင်ရှင်များအားလုံး အသုံးပြုနိုင်ပါတယ်။

(သို့သော် ကျွမ်းကျင်အင်ဂျင်နီယာများ၏ အကြံပြုချက်ဖြင့် ကိုးကား အသုံးပြုရန် လိုအပ်ပါသည်။)

ကွန်ကရစ်အဆာက်အအုံ ပြဿနာများ (ဥပမာ—အက်ကြောင်းထွက်ခြင်း၊ ပျက်စီးယိုယွင်းခြင်း၊ ရေစိမ့်ဝင်ခြင်း) ကို အကဲဖြတ်ပြီး ၎င်းတို့ကို မည်ကဲ့သို့ပြင်ဆင်ရမည်၊ မည်ကဲ့သို့ထိန်းသိမ်းရမည်ဆိုသည်ကို လက်တွေ့ပုံများဖြင့် ရှင်းလင်းစွာဖော်ပြထားသည့် စာအုပ် ဖြစ်တာကြောင့်

၂၈-၃-၂၀၂၅ စစ်ကိုင်း-မန်းလေး ငလျင်‌တွင် ထိခိုက်ပျက်ဆီးခဲ့သော အဆောက်အအုံများအား ပြန်လည်ထူထောင်‌ တည်ဆောက်ရာ၌ ‌ထိထိရောက်ရောက် အသုံးချနိုင်မည့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

ကွန်ကရစ်ပြဿနာများ ကုစားပြင်ဆင်ခြင်းကို စာသားသိပ်မပါဘဲ သရုပ်ပြပုံ ၂၂၀ ကျော်ဖြင့်
အဆင့်ဆင့်ရှင်းပြထားတာကြောင့်လည်း
အသုံးချရလွယ်ကူပါသည်။

စာရေးဆရာရဲ့ အတ္ထုပတ္တိ အနေနဲ့

✓Peter H. Emmons

• အမေရိကန်နိုင်ငံတွင် ကွန်ကရစ်ပြင်ဆင်မှုဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ

• Structural Preservation Systems, Inc. ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ

• လုပ်သက်နှစ် ၂၀ ကျော်နှင့် ဝါရင့်အတွေ့အကြုံရှိပြီး ကွန်ကရစ်ပြင်ဆင်မှု စီမံကိန်း ၃,၀၀၀ ကျော်တွင် ပါဝင်ခဲ့သူ

• အပြည်ပြည်ဆိုင်ရာ ကွန်ကရစ်ပြဿနာ ကုစားပြုပြင်သူများအသင်း (International Association of Concrete Repair Specialists) တွင် နည်းပညာဆိုင်ရာ လမ်းညွှန်ကော်မတီဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးသူ

အစရှိသဖြင့် အင်တာနက်မှာ ရှာဖွေ တွေ့ရှိထားပါတယ်။

စာအုပ်အတွက် Download link

-First Comment မှာ ဖော်ပြထားပါတယ်။

အုတ်နံရံများ၊ RCC ဖရိန်နှင့် Slab များ၌ အက်ကွဲကြောင်းများတွေ့ ရသည့်အခါ ၎င်းအက်ကြောင်းများသည် ဆက်လက် ပြိုကွဲနေခြင်း ရှိ/မ...
02/04/2025

အုတ်နံရံများ၊ RCC ဖရိန်နှင့် Slab များ၌ အက်ကွဲကြောင်းများတွေ့ ရသည့်အခါ ၎င်းအက်ကြောင်းများသည် ဆက်လက် ပြိုကွဲနေခြင်း ရှိ/မရှိ (သို့မဟုတ်) ဆက်လက် အက်ကွဲခြင်း မရှိဘဲ ရပ်တန့်သွားသလားကို မျက်မြင်အားဖြင့် စောင့်ကြည့်မှတ်တမ်းယူရန် ခက်ခဲသည်ဖြစ်ပါသည်။

အောက်ဖော်ပြပါသရုပ်ပြနည်းလမ်းဖြင့်မူ အက်ကွဲကြောင်းများ အခြေနေကို ကောင်းစွာအကဲဖြတ်နိုင်ပါလိမ့်မည်။

ယခု ဖြစ်ပေါ်ခဲ့ပြီးသော ငလျင်ဒဏ် ကြောင့် အက်ကွဲကြောင်း ဖြစ်ပေါ်နေသည့် အဆောက်အဦ များတွင်  ပြုပြင်ပြင်ဆင်ခြင်း၊ စစ်ဆေးခြင်း...
01/04/2025

ယခု ဖြစ်ပေါ်ခဲ့ပြီးသော ငလျင်ဒဏ် ကြောင့် အက်ကွဲကြောင်း ဖြစ်ပေါ်နေသည့် အဆောက်အဦ များတွင် ပြုပြင်ပြင်ဆင်ခြင်း၊ စစ်ဆေးခြင်း စသည့် လုပ်ငန်းများ၌ အကူအညီ တစ်စုံတစ်ရာ ပေးနိုင်ရန် အလို့ငှာ

စာရေးသူ သည် ပုံနှိပ်ထုတ်ဝေထားခြင်း မပြုရသေးသော “အဆောက်အဦများတွင် အက်ကွဲကြောင်းဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် ကြိုတင်ကာကွယ်နည်း လက်စွဲ” စာအုပ်ကို ရောင်းချခြင်း မပြုတော့ဘဲ soft copy အဖြစ်လိုအပ်သူများ အသုံးပြုရန် အခမဲ့ ဖြန့်ဝေလိုက်ပါသည်။

စာရေးသူ သည် ဤစာအုပ်ကို ကနဦးတွင် ပုံနှိပ်ထုတ်ဝေရန် စီစဉ်ခဲ့သော်လည်း ဖြစ်ပေါ်လာသည့် အခြေအနေများ အရ ပုံနှိပ်ထုတ်ဝေခြင်း မပြုတော့ပါ။

ဖတ်ရှုသူများ လက်ထဲ အလျင်အမြန် ရောက်စေရန် ဤစာအုပ် ကို အခမဲ့ soft copy အနေဖြင့် ဖြန့်ဝေခြင်း ဖြစ်သောကြောင့် စာအုပ်၏တန်ကြေးကို သတ်မှတ်ခြင်း မပြုတော့ဘဲ ငလျင်ဒဏ် ခံ ဒေသများအတွက် အလှူငွေ ထည့်ဝင်ပြီး ကူညီနိုင်ရန် ရည်ရွယ်ပါသည်။

စာရေးသူသည် ဤစာအုပ်မှ ရရှိလာသော မည်သည့် အကျိုးတစ်စုံတစ်ရာကို မျှ မယူတော့ဘဲ ရရှိလာသမျှ အလှူငွေတို့ကို ငလျင်ဒဏ်ခံ ဒေသများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

အလှူငွေများကို ၁ . ၄. ၂၀၂၅ မှ စတင်ပြီး ၃၀.၄.၂၀၂၅ ထိ လှူဒါန်းနိုင်ပါသည်။

အောက်ဖော်ပြပါ ဘဏ်အကောင့်များသို့ မိမိတို့ တတ်စွမ်းစေတနာ ရှိသလောက် လှူဒါန်းနိုင်ပါသည်။

လှူဒါန်းထားသော ငွေဖြတ်ပိုင်း များကို စာရေးသူ ၏ page သို့ အကြောင်းကြား ပေးပို့ထားနိုင်ပါသည်။

ကောက်ခံ ရရှိထားသည့် အလှူငွေစာရင်းများ နှင့် မည်သို့ ခွဲဝေလှူဒါန်းသည် ကို စာရေးသူ ၏ page နှင့် Telegram Channel များမှ တစ်ဆင့် တစ်ပတ်တစ်ကြိမ် ( အပတ်စဉ် သောကြာနေ့တိုင်း ) တင်ပြပေးသွားမည်ဖြစ်ပါသည်။

လှူဒါန်းနိုင်သော ဘဏ်အကောင့်များ

CB Pay 09964021080
( Aye Charm Ko Ko )

CB 0164600500002488
( Aye Charm Ko Ko )

CB Special 0164100900001171
( Aye Charm Ko Ko )

KBZ Pay 09964021080
( Aye Charm Ko Ko )

KBZ 19530199920459801
( Aye Charm Ko Ko )

KBZ Special 19551199920459801 ( Aye Charm Ko Ko )

AYA Pay 09964021080
( Aye Charm Ko Ko )

AYA 20007150689
( Aye Charm Ko Ko )

AYA Special 40037449773
( Aye Charm Ko Ko )

===========================
Download link
https://drive.google.com/file/d/1VgJt1_1cGWXXR9oUCz8ATpBp9cRoSmZY/view?usp=drivesdk

https://t.me/KyawZinHeinCivilEngineeringMM/106

ငလျင်ဒဏ်ခံစားရပြီးနောက် ၁။ အဆောက်အုံများတွင်အန္တရာယ် ဖြစ်သည့် အက်ကွဲကြောင်းအမျိုးအစား (Structural Cracks) နှင့်၂။ ဆက်လက်...
29/03/2025

ငလျင်ဒဏ်ခံစားရပြီးနောက်

၁။ အဆောက်အုံများတွင်
အန္တရာယ် ဖြစ်သည့် အက်ကွဲကြောင်းအမျိုးအစား (Structural Cracks) နှင့်

၂။ ဆက်လက် အန္တရာယ်မဖြစ်နိုင်သော အက်ကွဲကြောင်းအမျိုးအစား (Nonstructural Cracks)

ဟူ၍ ရှိသည် ဖြစ်ရာ

မိမိ၏ နေအိမ်အဆောက်အအုံတွင် တိုင်၊ ယက်မ၊ စလပ်၊ လှေကား အစရှိသည့် အစိတ်အပိုင်းအလိုက်
ဖြစ်ပေါ်နေသည့် အက်ကွဲကြောင်း၏ တည်နေရာ၊ အက်ကြောင်း အကျဉ်း-အကျယ် နှင့် ပုံပန်းသဏ္ဍာန်၊
တို့ကို မျက်မြင်ကြည့်ရှု၍ အကြမ်းခွဲခြားနိုင်ရန် တင်ပြအပ်ပါသည်။

ဖော်ပြပါ အမှတ်စဉ်(၁) မှ (၄) အထိ ရှိသော ပုံများသည် အရေးကြီးသော အက်ကွဲကြောင်းများ ဖြစ်ပြီး ကျွမ်းကျင်အင်ဂျင်နီယာများနှင့် မဖြစ်မနေ တိုင်ပင်ဆောင်ရွက်သင့်ပါသည်။

အန္တရာယ်မရှိနိုင်သော Nonstructural Cracks များ အကြောင်း ဆက်လက်တင်ပြပါမည်။

လွတ်လပ်စွာ Share နိုင်ပါသည်။

(ပြန်လည် ကူးယူတင်ပြခြင်း ခွင့်မပြုပါ။)

3 yrs. ago...
02/03/2025

3 yrs. ago...

၂.၂ ။ စိုခြင်း-ခြောက်ခြင်း အပေါ်မူတည်သည့် ရုန်းကြွမှု (reversible movement)

စိုလိုက်-ခြောက်လိုက် သံသရာစက်ဝန်းပေါ်မူတည်ပြီး ထွားပွ-ကျုံ့တွတတ်သည့် ရုပ်သဘောရှုထောင့်မှ ကြည့်လျှင် ဝတ္ထုပစ္စည်းများ (materials) ကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်သည်။

(က) moisture movement ဖြစ်ပွားမှု အလွန်နည်းသော ပမာဏသာရှိသည့် ဝတ္ထုပစ္စည်းများ။

ဥပမာ - မီးကောင်းစွာကျက်သော အုတ်များ (burnt clay bricks)၊ မီးသင့်ကျောက်များ (igneous rocks)၊ ထုံးကျောက်များ (lime stones)၊ စကျင်ကျောက်များ (marble)၊ ဂျစ်ပဆင်ပလာစတာထုတ်ကုန်များ (gypsum plaster)၊ သတ္ထုများ (metals) အစရှိသဖြင့်။ ထိုပစ္စည်းများကို အသုံးပြုရာတွင် အစိုဓါတ်ကြောင့် အရုန်း-အဆန့် ဖြစ်ခြင်း အား များစွာ ဂရုပြုရန် မလိုချေ။

(ခ) moisture movement ဖြစ်ပွားမှု ပမာဏ အနည်းငယ်မှ အလယ်အလတ်အဆင့်ရှိသည့် ဝတ္ထုပစ္စည်းများ။

ဥပမာ - ကွန်ကရိ (concrete) ၊ သဲနှင့် ထုံးရောစပ်၍ ရိုက်ထုတ်ဖန်တီးသော အုတ်များ (sand-lime bricks)၊ သဲကျောက်များ (sand stones)၊ ဘိလပ်မြေ သရိုး/ မဆလာများ နှင့် ထုံးသရိုး/ မဆလာများ (cement and lime mortar) အစရှိသဖြင့်။

ထိုပစ္စည်းများကို အသုံးပြုရာတွင် အချို့သော လုပ်ငန်းများအတွက် ဒီဇိုင်းပြုတွက်ချက်ရာ၌ ဖြစ်စေ၊ တည်ဆောက်ရေးပြုရာ၌ ဖြစ်စေ ဂရုပြုပေးရန်လိုသည်။

(ဂ) moisture movement ဖြစ်ပွားမှု ပမာဏ ကြီးမားသည့် ဝတ္ထုပစ္စည်းများ။

ဥပမာ - သစ်သား (timber)၊ ကြိတ်သား(block boards)၊ အထပ်သားများ (plywoods)၊ သစ်မှုန့် (လွှစာမှုန့်) နှင့် ဘိလပ်မြေတို့ ရောစပ် ဖန်တီထားသော ထုတ်ကုန်ပစ္စည်းများ (wood-cement products)၊ ဖိုင်ဘာဘုတ်ပြားများ (fibrous boards) နှင့် ဘိလပ်မြေ-ကျောက်းဂွမ်းပြားများ (asbestos cement sheets) အစရှိသဖြင့်။

ထိုပစ္စည်းများကို အသုံးပြုရာတွင် တခုနှင့်တခု၊ တချပ်နှင့်တချပ် ဆက်သော အဆက်များ (joints) တွင်လည်းကောင်း၊ ၎င်းတို့၏ အဝန်းအဝိုင်း/ တဝိုက်တွင်လည်းကောင်း အထူးဂရုပြုမှုများ/ နည်းစနစ်များ (special techniques of treatment) စီမံဆောင်ရွက်ရန် လိုအပ်သည်။

မျက်နှာပြင်များကို ဇယားနံပါတ် (၂) တွင် ဖော်ပြထားသကဲ့သို့ အစိုဓါတ် အကာအကွယ် ဆေးသားများ/ အစိုတားလွှာများ (protective coats) သုတ်လိမ်းပေးရန်လိုသည်။

၂.၂.၂ ။ အသုံးများသော building materials အချို့အတွက် reversible moisture movement ပမာဏ အနည်း-အများကို ဇယားနံပါတ် (၁) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

ယင်းအချက်အလက်များသည် အင်္ဂလန်ပြည်တွင် ပြုလုပ်ထားသော သုတေသန ဆောင်ရွက်ချက်များအပေါ် အခြေခံထားခြင်းဖြစ်သည်။

🖋️🖋️🖋️မှတ်ရန် - ဘိလပ်မြေနှင့် ထုံး ထုတ်ကုန်ဝတ္ထုများ (cement and lime products) ၏ initial drying shrinkage သည် အထက်ဖော်ပြပါ reversible shrinkage ပမာဏများထက် 50% ကျော်ပိုသည်။

၎င်းတို့သည် တစိတ်တဒေသအားဖြင့် irreversible movement သဘောလည်းရှိသည်။

• နံပါတ် (i) မှ (vii) အထိရှိသော materials များအတွက် အချက်အလက်များကို “Principles of modern buildings” စာအုပ် အတွဲ (၁) မှလည်းကောင်း၊

နံပါတ် (viii) မှ (xi) အထိရှိသော materials များအတွက် အချက်အလက်များကို “Common defects in buildings” စာအုပ်မှလည်းကောင်း ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

======================================
Handbook on Causes and Prevention of Cracks in Buildings_Bureau of Indian Standards စာအုပ် ကို တိုက်ရိုက်ဘာသာပြန်ဆိုသည်။

ကျော်ဇင်ဟိန်း
၂ -မတ် ၊၂၀၂၂
ဗုဒ္ဓဟူးနေ့

Photo - Internet
======================================

ဆက်ပါဦးမည်။

======================

ခေတ်ကာလ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများဈေးနှုန်း အဆမတန် မြင့်တက်ခြင်း၊ ကျွမ်းကျင်ပညာရှင်၊ ကျွမ်းကျင်လုပ်သားများ ရှာ...
01/03/2025

ခေတ်ကာလ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများဈေးနှုန်း အဆမတန် မြင့်တက်ခြင်း၊ ကျွမ်းကျင်ပညာရှင်၊ ကျွမ်းကျင်လုပ်သားများ ရှားပါးလာမှုနှင့်အတူ

တစ်ဖက်တွင်လည်း တည်ဆောက်ဆဲနှင့် ဆက်လက်တည်ဆောက်‌နေမည့် ဆောက်လုပ်ရေး လုပ်ငန်း အရည်အသွေးများ အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်ရာတွင်

အထောက်အကူတစ်ခုဖြစ်ရန် ရည်ရွယ် ၍ ဘာသာပြန်ရေးသားထားပါသည်။

Address


Alerts

Be the first to know and let us send you an email when Kyaw Zin Hein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Zin Hein:

  • Want your business to be the top-listed Engineering Company?

Share