Pyi Moe Kyaw Construction

Pyi Moe Kyaw Construction We build the world with quality,precepts and morality

 #မြေကြီး {SOIL}     "လမ်း၊တံတား၊အဆောက်အဦး လုပ်‌ငန်းများဆောင်ရွက်ရာတွင်‌ မြေကြီး (soil)၏ ဂုဏ်သတ္တိဆိုင်ရာ သိကောင်းစရာ အခ...
08/09/2023

#မြေကြီး {SOIL}

"လမ်း၊တံတား၊အဆောက်အဦး လုပ်‌ငန်းများဆောင်ရွက်ရာတွင်‌ မြေကြီး (soil)၏ ဂုဏ်သတ္တိဆိုင်ရာ သိကောင်းစရာ အချက်များ"

~ လမ်းများ၊ တံတားများ၊ အဆောက်အဦးများ၊ လေယာဉ်ကွင်းများနှင့် တည်ဆောက်ရေး လုပ်ငန်းများကို မြေကြီးပေါတွင် တည်ဆောက်ကြရပါသည်။

~ ဒါကြောင့် မြေကြီး၏ဂုဏ်သတ္တိဆိုင်ရာ အချက်အလက်များကိုအထူး သိရှိရန်လိုအပ်ပေသည်။

~မြေကြီးသည် အလွန်သိမ်မွေ့သောရုပ်၀တ္ထု(Delicate Matter)ဖစ်ပါတယ်။ (ပအာက်ပါအချက်အလက်များကြောင့် မြေကြီးသည် အချိန်မရွေးပြောင်းလဲမှုဖစ်ပေါ် စေနိုင်ပါတယ်)။

{က} ရာသီဥတု ဒဏ်ကြောင့်လည်းကောင်း။
(Due to weathering effect)

{ခ} ရေပါ၀င်မှုကြောင့်လည်းကောင်း။
(Due to water content)

{ဂ} ပတ်၀န်းကျင် အလေး၀န် ကျရောက်မှုကြောင့် လည်းကောင်း။
(Due to environmental surcharge pressure)

{ဃ} အလေး၀န်ကျရောက်မှု ကြောင့်လည်းကောင်း။
(Due to load pressure)

{င} တည်ရှိမှုအနေအထား။
(Due to situation),

စသည်တို့သည် မြေကြီးအား ပြောင်းလည်းမှု ဖစ်စေနိုင်သော အေကြာင်းအရာများဖစ်သည်။ အထက်ပါ အချက်အလက်များကို စမ်းသပ်လေ့လာ သိရှိပြီးမှ သာ တည်ဆောက်ရမည့် အခြေခံအဆောက်အဦးကို ရေရှည်ခိုင်ခံ့စေရန်အတွက်.............

¶ [ဒီဇိုင်းရေးဆွဲခြင်း]
¶ [တည်ဆောက်ခြင်း]
¶ [ပြုပြင်ထိန်းသိမ်းခြင်း] ....
စသည်တို့ကိုဆောင်ရွက်နိုင်မည် ဖစ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

[၁] #မြေကြီး၏ဖွဲ့စည်းပုံမှာ
----------------
"အစိုင်အခဲ (solid), လေ (air), ရေ (water) စသည့် သုံးမျိုးပေါင်းစပ် ထားသော ဒြပ်ထုတစ်ခုပဲဖစ်ပါတယ်။ ထို့ပြင် လေဟာနယ် (void)များလည်းပါ၀င် လျက်ရှိပါတယ်။

မြေကြီးကို အဓိကအားဖြင့် Cohesive soil နှင် Cohesion less soil ဟူ၍ (၂)မျိုးခွဲခြားထားပါသည်။

(1)~ Cohesive soil ဆိုသည်မှာ စေးကပ်သော မြေအမျိုးအစားဖစ်ပြီး ၎င်းကို အတိုကောက်အားဖြင့် (C - Soil )ဟုခေါ်ပါတယ်။
ဥပမာ။ ။ ရွံ့စေးမြေ (Clay), နှုန်းမြေ (Silt)

(2)~ Cohesionless soil ဆိုသည်မှာ စေးကပ်မှုမရှိသော ဖွယ်သော မြေအမျိုးအစားဖစ်ပြီး ၎င်းကို အတိုကောက်အားဖြင့် (O - Soil ) ဟုခေါ်ပါသည်။
ဥပမာ။ ။ သဲမြေ (Sand), ကျောက်ရောမြေ (Gravelly Soil)
____________________________________________________

[၂]~ Compaction (မြေကျစ်ခြင်း)
-----------------

စက်ဖြင့်မြေကို အားသက်ရောက်စေပြီး မြေအတွင်းမှ လေများကို ပြင်ပသို့ ထွက်စေခြင်းဖြင့် မူလထက် ၎င်းမြေကြီး၏သိပ်သည်းစေခြင်းကို (Soil Compaction)မြေကျစ်ခြင်း လို့ခေါ်ပါတယ်။ မြေကျစ်ခြင်းကို မြေကြီး၏ သိပ်သည်းခြင်းတန်ဘိုး L/ft3 (သို့) g/Cc ဖြင့်ဖော်ပြကြပါသည်။
စကဖင့်မြေကြီးကို သိပ်သည်းစေခြင့းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။

~လျှောဖြတ် ခံနိုင်ရည်အားပြု၍တိုးလာခြင်း။
{Increase shear strength}

~ဖိသိပ် ကျွံ၀င်နိုင်မှု လျော့နည်းသွားခြင်း။
{Decrease compressibility}

~ရေစိမ့်၀င်မှု စွမ်းအားလျော့နည်းသွားခြင်း။
{Decrease permeability}

~မြေကြီး ကျုံ့မှု,ကြွမှု,လျော့နည်းသွားမှု။
{Decrease volume change characteristics shrinkage & swelling}
_____________________________________

[၃]~ Moisture Content
(OMC, အလောတော်ရေပါ၀င်မှု)
------------
~မြေကြီးကို စက်အားဖြင့် ဖိသိပ်ရာတွင် မြေကြီး၌အလောတော်ရေပါ၀င်မှု ရှိမှာသာ အမြင့်ဆုံးသောသိပ်သည်းမှု ကိုရရှိနိုင်မှာဖစ်ပါတယ်။
~မြေကြီးကို စက်နဲ့ ကြိတ်ပေးလြင်းအားဖြင့် ‌၎င်းမြေမှထွက်သွားသော လေများနေရာတွင် ရေများက နေရာယူလာကြပါတယ်။ ရေပါ၀င်မှုနှုန်းတိုးလာသည်နှင့်အမျှ သိပ်သည်းခြင်းတန်ဘိုးလည်းတိုးလာပေမည်။
သိပ်သည်းမှု တန်ဘိုးတိုးလာခြင်းသည် lubrication effectကြောင့်သာဖစ်ပါတယ်။ မြေကြီးတွင် ရေပြည့်၀မှုနှုန်း အမြင့်ဆုံးဒီဂရီသို့ရောက်လာသည်အထိ ရေသည် မြေကြီးအတွင်းရှိဘလများ နေရာတွင် အများဆုံးနေရာယူနိုင်ပေမည်။
အမြင့်ဆုံး မြေကြီး၏သိပ်သည်းခြင်းတန်ဘိုးကို ရနိုင်သည်အထိ ရေပါ၀င်နှုန်းကို (Optimum Moisture Content) အလောတော်ရေပါ၀င်နှုန်းဟုလခါ်ပါသည်။
အလောတော်ရေပါ၀င်နှုန်းထက် ရေပါ၀င်မှုများလာလျှင် မြေကြီး၏စုစည်းမှု အခြေနေသည် လျှာ့နဲလာပြီး သိပ်သည်းမှုတန်ဘိုးလည်း ကျဆင်းသွားပေမည်။
____________________________________

[၄]~ မြေသိပ်သည်းခြင်း
------------------
~မြေကြီးပေါ်တွင် သက်ရောက်သော ဖိအားတိုးလာခြင်းကြောင့် မြေသားထုအတွင်းရှိ ရေစိမ့်ထွက်မှုကြောင့် မြေဟာနယ် အချိုးထုထည်သည် တအိအိလျော့နဲ ပြောင်းလဲလာခြင်းကို (Consolidation) မြေသိပ်သည်းခြင်းဟုခေါ်ပါသည်။
မြေကြီးထဲမှ ဖိအားကြောင့် ရေစိမ့်ထွက်မှုနှုန်း နှင့် မြေဟာနယ်၏ ထုထည်ပြောင်းလဲ မှုနှုန်းသည် အချိန်ကာလအလိုက် ဆက်စပ်ပြောင်းလဲနေသော ဖြစ်စဉ်ကိုတော့ (Consolidation Process) မြေသိပ်သည်းခြင်းဖြစ်စဉ် ဟုခေါ်ပါသည်
________________________________________________

[၅]~ Bearing Capacity
(မြေကြီးခံနိုင်ရည်စွမ်းအား)

~မြေကြီးကို အသုံးချမှု (၂)မျိုးဖြင့် အသုံးြပုလေ့ရှိကြပါတယ်။

{၁}~ မြေကြီးအား ထောက်ကန်ပေးသော ပစ္စည်းအနေ ဖြင့်လည်းကောင်း။
(Supporting Structure)
ဥပမာ။ ။ လမ်းများ၊ တံတားများ၊ အဆောက်အဦးများ။

{၂}~ မြေကြီးအားတည်ဆောက်ရေးသုံးပစ္စည်းအဖြင့်လည်းကောင်း။
(Construction materials)
ဥပမာ။ ။ လမ်းတာပေါင်၊ ဆည်မြေင်းတာတမန်များ၊ဖို့မြေများ
__________
မြေကြီး၏ ခံနိုင်ရည်အားကိုစမ်းသပ်ရှာတွင်
(က) ဆောက်အဦးတဆာက်လုပ်ရာတွင် မြေကြီး၏ ခံနိုင်စွမ်းအားကို (Bearing Capacity)ဖြင့်လည်းကောင်း။

(ခ) တံတာများဆောက်လုပ်သောအခါ၌ မြေကြီး၏ ခံနိုင်အားကို (N - Value) ဖြင့်လည်းကောင်း။

(ဂ) လမ်းများ၊ အဆောက်ဦးများ၊ လေယာဉ်ကွင်းများ ဆောက်လုပ်ရာတွင် မြေကြီး၏ခံနိုင်စွမ်းအားကို (C.B.R)ခေါ် (California Bearing Ratio)ဖြင့် စမ်းသပ်တွက်ချက်လေ့ရှိကြပါတယ်။

~C.B.R ဆိုသည်မှာ မြေကြီး၏၏ ခံနိုင်ရည်စွမ်းအားကို စံနမူနာထားသော စံကျောက်ကလေးများ၏ ခ့နိုင်ရည်စွမ်းအားနှင့် နှိုင်းယှဉ်ထားသော ရာခိုင်နှုန်းအချိုးကို ဆိုလိုပါသည်။
Test load
C.B.R= ----------------------------------- × 100
Standard load









#လေ့လာမိရာအဖြာဖြာ

မင်္ဂလာပါ မိတ်ဆွေများခင်ဗျ😀🙏🙏🙏Pyi Moe Kyaw Constructionမှ ကြိုဆိုလိုက်ပါတယ်။လူကြီးမင်းတို့ စိတ်ကူးထဲက👨‍👩‍👧👨‍👩‍👧‍👦🏡🏘 သာယာ...
18/07/2023

မင်္ဂလာပါ မိတ်ဆွေများခင်ဗျ😀🙏🙏🙏
Pyi Moe Kyaw Constructionမှ ကြိုဆိုလိုက်ပါတယ်။
လူကြီးမင်းတို့ စိတ်ကူးထဲက👨‍👩‍👧👨‍👩‍👧‍👦🏡🏘 သာယာဖွယ်အိပ်မက်လေးတွေကို ဖန်တီးပေးဖို့ ကျွန်တော်တို့ Pyi Moe Kyaw Constructionက အဆင်သင့်ပါပဲခင်ဗျ။
သမားရိုးကျ Classic Designလေးတွေလား🏠?
ခေတ်ဆန်ဆန် Modern Design လေးတွေလား🏨?
တစ်ထပ်လား?
နှစ်ထပ်လား?
အိမ်ဖြစ်ဖြစ်၊🏘 ရုံးခန်းဖြစ်ဖြစ်၊🏬 ဂိုဒေါင်ဖြစ်ဖြစ်🏣
လူကြီးမင်းတို့ စိတ်တိုင်းကျ စျေးနှုန်းချိုသာ အရည်အသွးကောင်းမွန်ပြီး ရေရှည် စိတ်ချမ်းမြေ့စေရန် ရည်ရွယ်ပြီး ကျွန်တော်များ
Pyi Moe Kyaw Construction ကဂုဏ်ယူဝင့်ကြွားစွာ တာဝန်ယူ တည်ဆောင်ပေးနေပါပြီနော်😀👷‍♀️👷....
စျေးနှုန်းပိုင်းကိုလည်း💵💷💵
လုပ်ငန်းအပ်နှံသူတိုင်းအတွက် အချိန်ပေးတင်ပြဆွေးနွေးပေးပြီး ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်ခင်ဗျ😀

အရည်အသွေးပိုင်းအတွက် အတွေ့အကြုံရှိ လိုင်စင်ရ အင်ဂျင်နီယာများက👷👷‍♀️ လုပ်ငန်းတွေကို ကြီးကြပ်ပေးပြီး ကျွမ်းကျင်တဲ့လုပ်သားများကို စည်းကမ်းတကျတာဝန်ပေး တည်ဆောက်နေတာဖြစ်လို့ လူကြီးမင်းတို့ စိတ်အေးစေရပါမယ်။😀😀🎯

လုပ်ငန်းတိုးတက်မှုအတွက် ကုမ္ပဏီမှ တာဝန်ကျ မန်နေဂျာ၊အင်ဂျင်နီယာများက လူကြီးမင်းတို့နဲ့
စဉ်ဆက်မ​ပြတ်တိုင်ပင်ဆွေးနွေးပြီး လူကြီးမင်းတို့ စိတ်ကူးအိပ်မက်လိုအပ်ချက်လေးတွေကို အကောင်းမွန်ဆုံးနဲ့ အခမ်းနားဆုံး အကောင်အထည်ဖော်နိုင်ဖို့😀🏵🎯

ကျွန်တော်တို့ Pyi Moe Kyaw Constructionကို ဆက်သွယ်လိုက်ပါ ခင်ဗျာ
Phone 📞095370767, 📞095376600, 📞09421723302
Viber No.095370767,09421723302
Page Chat Boxကလည်းဆက်သွယ်နိုင်ပါပြီခင်ဗျာ။

Site ထဲကိုလာတယ်။ အုတ်ခဲ၂ခဲကို ကောက်ကိုင်ပြီး ရိုက်ထည့်လိုက်တာမှာ ကျိုးသွားတယ်။ အုတ်တွေက မကောင်းဘူး ပြောပြီး ပြန်သွားတယ်ဗ...
11/07/2023

Site ထဲကိုလာတယ်။ အုတ်ခဲ၂ခဲကို ကောက်ကိုင်ပြီး ရိုက်ထည့်လိုက်တာမှာ ကျိုးသွားတယ်။ အုတ်တွေက မကောင်းဘူး ပြောပြီး ပြန်သွားတယ်ဗျ လို့ပြောလာပါတယ်။ ဘယ်သူလဲဗျ၊ QC engineer လားလို့ မေးရာမှာ အင်ဂျင်နီယာတွေ မဟုတ်ပါဘူး၊ ဘယ်သူတွေ ဆိုလား။ အဲဒါနှင့် အုတ်ကောင်းမကောင်း ဘယ်လိုစမ်းသပ်ကြသလဲ ဆိုတာကို ပြောပြမိပါတယ်။
အုတ်တစ်ချပ် ကောင်းမကောင်း အောက်ပါနည်းတွေနှင့် စမ်းသပ်နိုင်ပါတယ်။
(1) Absorption test ရေစုပ်ယူမှု
(2) Crushing strength test ဖိအားခံနိုင်မှု
(3) Hardness test မာကြောမှု
(4) Shape and size ပုံစံနှင့် အရွယ်အစား
(5) Color test အရောင်
(6) Soundness test အသံကောင်းမွန်မှု
(7) Structure of brick ဖွဲ့စည်းပုံ
(8) Presence of soluble salts (efflorescence test) ဆားပေါက်မပေါက်
စတဲ့နည်းလမ်းတွေနှင့် စမ်းသပ်လို့ ရပါတယ်။
(1) Absorption test ရေစုပ်ယူမှုက အုတ်တစ်ချပ်အနေနှင့် ဘယ်လောက်ရေစုပ်ယူသလဲ ဆိုတာကို ကြည့်တာပါ။ အုတ်တစ်ချပ်ကိုယူ အလေးချိန်ချိန်ပြီး ရေထဲ ၂၄နာရီ စိမ်ထားရပါမယ်။ အလေးချိန်ပြန်ချိန်ကြည့်တဲ့အခါ ရေစုပ်ယူလို့ တိုးလာတဲ့ အလေးချိန်က မူလအလေးချိန်ရဲ ့ ၂၀% မကျော်ရဘူး ဆိုပါတယ်။
(2) Crushing test ဖိအားခံနိုင်မှုက အုတ်တစ်ချပ်ကို ကွန်ကရစ်တုံးခွဲစမ်းသလို compression test machine မှာ ဖိပြီး စမ်းကြည့်တာပါပဲ။ ကွဲသွား ကျိုးသွားတဲ့ ဖိအားက 3.5N/mm2 ထက်မနည်းရဘူး ဆိုပါတယ်။ 507.632 psi ပေါ့။
(3) Hardness test မာကြောမှုက မာကြောတဲ့ အရာတစ်ခုနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရဘူး ဆိုပါတယ်။ လုပ်ငန်းခွင်မှာ အများအားဖြင့် လက်သည်းနှင့် ခြစ်ကြည့်တာပါပဲ။ လက်သည်းနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရင် မာကြောတယ်လို့ ယူဆကြပါတယ်။
(4) Shape and size ပုံစံနှင့် အရွယ်အစားမှာ ပုံစံအားဖြင့် စောင်းခြင်း ရွဲ့ခြင်းမရှိ လေးထောင့်ကျပြီး အစွန်းအနားတွေဟာ ဖြောင့်တန်းညီညာနေရပါမယ်။ အရွယ်အစားအားဖြင့် အုတ်ချပ်၂၀လောက်ကို ကောက်ယူပြီး တိုင်းတာကြည့်တဲ့အခါ တစ်ချပ်နှင့် တစ်ချပ် တူညီမှု ရှိရပါမယ်။ အတိုအရှည် အထူအပါး ကွဲပြားမှု မရှိရပါ။
(5) Color test အရောင်က အုတ်ချပ်တွေဟာ တူညီတဲ့ အရောင်ရှိရမှာဖြစ်ပြီး အုတ်ချပ်တစ်ချပ်မှာကို အရောင်အနုအရင့် ကွဲတာမျိုး မဖြစ်ရပါဘူး။
(6) Soundness test အသံကောင်းမွန်မှုက အုတ်၂ချပ်ကို ယူပြီး တစ်ချပ်နှင့်တစ်ချပ် ရိုက်ကြည့်ရာမှာ ပေါ့ပါးတဲ့ ချိုလွင်တဲ့အသံကြားရပါမယ်။ လေးလေးပင်ပင် ထုံတုံတုံ အသံမျိုး မရှိရပါဘူး။
(7) Structure of brick ဖွဲ့စည်းမှုက အုတ်ကို ချိုးကြည့်ပြီး ဒါမှမဟုတ် အုတ်ကျိုးကို ယူကြည့်တဲ့အခါ အုတ်ရဲ ့ အတွင်းသားမျက်နှာပြင်တွေက အက်ကြောင်း အပေါက် စတာမျိုးတွေ မရှိရပဲ တစ်သားထဲရှိနေရပါမယ်။
(8) Effloresence test ဆားပေါက်မပေါက်က အုတ်ကို ရေထဲ ၂၄နာရီစိမ်ထားပြီး အခြောက်ခံပါ။ ခြောက်သွေ့သွားတဲ့အခါ အုတ်ချပ်ပေါ်မှာ မီးခိုးရောင် အဖြူရောင် အမှုန်လေးတွေ ကပ်နေတာမျိုး တွေ့ရရင် အုတ်မှာ ဆားဓါတ်ပါတယ် ဆိုပါတယ်။
အဲဒါတွေက ယေဘုယျအားဖြင့် စမ်းသပ်ကြည့်လို့ ရတဲ့ နည်းလမ်းတွေပါ။ lab တွေမှာ ဒီထက် အသေးစိပ် စမ်းသပ်ကြည့်လို့ ရပါတယ်။
ခုနက ပြောတဲ့ အုတ်က မကျိုးရဘူး ဆိုတာက ဒီလိုပါ။ ရိုက်ကြည့်လို့ မကျိုးရဘူး ဆိုတာမှာ ဖြည်းဖြည်းရိုက်ရင်တော့ ဘယ်ကျိုးပါ့မလဲ။ အင်းဟာ … အင်းဟာ … ဆိုပြီး အားနှင့် ရိုက်လို့ကတော့ ကျိုးမှာပေါ့။ တစ်ချို့များ ပစ်ချရင် မကျိုးရဘူး ဆိုပြီး အပေါ်ကိုတောင် အားပါးတရ ပစ်တင်လိုက်ကြတယ်။ အမှန်က အောက်မှာရှိတဲ့ အုတ်တစ်ချပ်အပေါ်ကို အမြင့် 1m(3ft) အမြင့်ကနေ အသာကိုင်ပြီး လွတ်ချရတာပါ။ အဲလိုလွတ်ချတဲ့ အုတ်က မကျိုးရဘူးလို့ ဆိုတာပါ။
အဲဒါမျိုးလေးတွေ သိထားတော့ အင်ဂျင်နီယာမဟုတ်ရင်တောင် site ထဲ ခပ်တည်တည်နှင့် ၀င်ပြောလို့ ရတာပေါ့။ အခုလဲ ပြောနေကြတာပါပဲလေ။
Crd.Sir Kyithar Myint

မင်္ဂလာပါ မိတ်ဆွေများခင်ဗျ😀🙏🙏🙏Pyi Moe Kyaw Constructionမှ ကြိုဆိုလိုက်ပါတယ်။လူကြီးမင်းတို့ စိတ်ကူးထဲက👨‍👩‍👧👨‍👩‍👧‍👦🏡🏘 သာယာ...
16/12/2021

မင်္ဂလာပါ မိတ်ဆွေများခင်ဗျ😀🙏🙏🙏
Pyi Moe Kyaw Constructionမှ ကြိုဆိုလိုက်ပါတယ်။
လူကြီးမင်းတို့ စိတ်ကူးထဲက👨‍👩‍👧👨‍👩‍👧‍👦🏡🏘 သာယာဖွယ်အိပ်မက်လေးတွေကို ဖန်တီးပေးဖို့ ကျွန်တော်တို့ Pyi Moe Kyaw Constructionက အဆင်သင့်ပါပဲခင်ဗျ။
သမားရိုးကျ Classic Designလေးတွေလား🏠?
ခေတ်ဆန်ဆန် Modern Design လေးတွေလား🏨?
တစ်ထပ်လား?
နှစ်ထပ်လား?
အိမ်ဖြစ်ဖြစ်၊🏘 ရုံးခန်းဖြစ်ဖြစ်၊🏬 ဂိုဒေါင်ဖြစ်ဖြစ်🏣
လူကြီးမင်းတို့ စိတ်တိုင်းကျ စျေးနှုန်းချိုသာ အရည်အသွးကောင်းမွန်ပြီး ရေရှည် စိတ်ချမ်းမြေ့စေရန် ရည်ရွယ်ပြီး ကျွန်တော်များ
Pyi Moe Kyaw Construction ကဂုဏ်ယူဝင့်ကြွားစွာ တာဝန်ယူ တည်ဆောင်ပေးနေပါပြီနော်😀👷‍♀️👷....
စျေးနှုန်းပိုင်းကိုလည်း💵💷💵
လုပ်ငန်းအပ်နှံသူတိုင်းအတွက် အချိန်ပေးတင်ပြဆွေးနွေးပေးပြီး ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်ခင်ဗျ😀

အရည်အသွေးပိုင်းအတွက် အတွေ့အကြုံရှိ လိုင်စင်ရ အင်ဂျင်နီယာများက👷👷‍♀️ လုပ်ငန်းတွေကို ကြီးကြပ်ပေးပြီး ကျွမ်းကျင်တဲ့လုပ်သားများကို စည်းကမ်းတကျတာဝန်ပေး တည်ဆောက်နေတာဖြစ်လို့ လူကြီးမင်းတို့ စိတ်အေးစေရပါမယ်။😀😀🎯

လုပ်ငန်းတိုးတက်မှုအတွက် ကုမ္ပဏီမှ တာဝန်ကျ မန်နေဂျာ၊အင်ဂျင်နီယာများက ကျေးဇူးရှင် လူကြီးမင်းတို့နဲ့
စဉ်ဆက်မ​ပြတ်တိုင်ပင်ဆွေးနွေးပြီး လူကြီးမင်းတို့ စိတ်ကူးအိပ်မက်လိုအပ်ချက်လေးတွေကို အကောင်းမွန်ဆုံးနဲ့ အခမ်းနားဆုံး အကောင်အထည်ဖော်နိုင်ဖို့😀🏵🎯

ကျွန်တော်တို့ Pyi Moe Kyaw Constructionကို ဆက်သွယ်လိုက်ပါ ခင်ဗျာ
Phone 📞095370767, 📞095376600, 📞09421723302
Viber No.095370767,09421723302
Page Chat Boxကလည်းဆက်သွယ်နိုင်ပါပြီခင်ဗျာ။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ခေတ်မီ​​သေသပ်လှပသော နှစ်ထပ် အိမ်လေးတွေ ဆောက်ချင်တယ်ဆိုရင် ကျွန်တော်တို့ Pyi Moe Kyaw Const...
25/05/2021

နေပြည်တော်ကောင်စီနယ်မြေအတွင်း ခေတ်မီ​​သေသပ်လှပသော နှစ်ထပ် အိမ်လေးတွေ ဆောက်ချင်တယ်ဆိုရင် ကျွန်တော်တို့ Pyi Moe Kyaw Constructionကို ဆက်သွယ်လိုက်ပါ လူကြီးမင်းတို့စိတ်တိုင်းကျ စျေးနှုန်းချိုသာစွာနဲ့ ဝန်ဆောင်မှုပေးနေပါပြီ

Ph-095370767, 095376600,09421723302 တွေကိုဆက်သွယ်ပြီး သိလိုသည်များကို စုံစမ်းနိုင်ပါသည်။
😀😀😀🏘🏘🏘

၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်မိုးကျော်ကုမ္ပဏီမှ တင်ဒါအောင်မြင်၍ လုပ်ငန်းဆောင်ရွက်ခွင့်ရသော စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပ...
30/04/2021

၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်မိုးကျော်ကုမ္ပဏီမှ တင်ဒါအောင်မြင်၍ လုပ်ငန်းဆောင်ရွက်ခွင့်ရသော စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံပျဉ်းမနား၊ (၅၀x၄၃x၂၃) RC (၂)ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့်မြေနေရာအား ရှင်းလင်းခြင်းနှင့် လိုအပ်သော တိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ခြင်း

တစ်ထပ်လုံးချင်းဆောက်လိုသူများအတွက် နမူနာ ဒီဇိုင်းပုံစံလေးများ😀Pyi Moe Kyaw Constructionမှ  နေအိမ်အဆောက်အဉီ၊ ရုံးအဆောက်အဉ...
10/02/2021

တစ်ထပ်လုံးချင်းဆောက်လိုသူများအတွက် နမူနာ ဒီဇိုင်းပုံစံလေးများ😀
Pyi Moe Kyaw Constructionမှ နေအိမ်အဆောက်အဉီ၊ ရုံးအဆောက်အဉီ၊ ဂိုဒေါင်များကို လူကြီးမင်းတို့စိတ်တိုင်းကျ အတွင်းပိုင်းနှင့်အပြင်ပိုင်း အပြင်အဆင်များ၊ ဘေးကင်းစိတ်ချရ​​​သော ရေမီးမိလ္လာစနစ်များဖြင့် စနစ်တကျ စျေးနှုန်းချိုသာစွာ တည်ဆောက်ပေးလျက်ရှိပါသည်။

Pyi Moe Kyaw Constructionမှ  နေအိမ်အဆောက်အဉီ၊ ရုံးအဆောက်အဉီ၊ ဂိုဒေါင်များကို လူကြီးမင်းတို့စိတ်တိုင်းကျ အတွင်းပိုင်းနှင်...
10/02/2021

Pyi Moe Kyaw Constructionမှ နေအိမ်အဆောက်အဉီ၊ ရုံးအဆောက်အဉီ၊ ဂိုဒေါင်များကို လူကြီးမင်းတို့စိတ်တိုင်းကျ အတွင်းပိုင်းနှင့်အပြင်ပိုင်း အပြင်အဆင်များ၊ ဘေးကင်းစိတ်ချရ​​​သော ရေမီးမိလ္လာစနစ်များဖြင့် စနစ်တကျ စျေးနှုန်းချိုသာစွာ တည်ဆောက်ပေးလျက်ရှိပါသည်။

ဒက္ခိဏသီရိမြို့နယ် ရှုမဝလမ်းတွင် တည်ဆောက်မည့် နှစ်ထပ်အဆောက်အဉီလေးပါ။ လုပ်ငန်းအပ်နှံသူ အကိုနဲ့အမကို အထူးကျေးဇူးတင်ရှိပါတယ...
10/02/2021

ဒက္ခိဏသီရိမြို့နယ် ရှုမဝလမ်းတွင် တည်ဆောက်မည့် နှစ်ထပ်အဆောက်အဉီလေးပါ။
လုပ်ငန်းအပ်နှံသူ အကိုနဲ့အမကို အထူးကျေးဇူးတင်ရှိပါတယ် 😀😘😀

နေ့ကလေးထိန်းကျောင်းအဆောက်အဉီ အတွင်း အရည်​အသွေး ပြည့်မီသော အတွင်း ရေလိုင်း၊ မီးလိုင်း၊ မိလ္လာစနစ်၊ မိုးကြိုးလွှဲ နှင့် လျ...
28/12/2020

နေ့ကလေးထိန်းကျောင်းအဆောက်အဉီ အတွင်း အရည်​အသွေး ပြည့်မီသော အတွင်း ရေလိုင်း၊ မီးလိုင်း၊ မိလ္လာစနစ်၊ မိုးကြိုးလွှဲ နှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးရန် Earthingလုပ်ငန်းများ စသည့် Building Services များကို စနစ်တကျ တပ်ဆင်တည်ဆောက်ပေးခဲ့မှု မှတ်တမ်းများ

ကျွန်တော်တို့ Pyi Moe Kyaw Constructionမှ တာဝန်ယူတည်ဆောက် ပြီးစီးခဲ့သော လူမှုဝန်ထမ်းဉီးစီးဌာနမှ  ဉတ္တရသီရီမြို့နယ် နေ့ကလ...
28/12/2020

ကျွန်တော်တို့
Pyi Moe Kyaw Constructionမှ တာဝန်ယူတည်ဆောက် ပြီးစီးခဲ့သော လူမှုဝန်ထမ်းဉီးစီးဌာနမှ ဉတ္တရသီရီမြို့နယ် နေ့ကလေးထိန်းကျောင်း အဆောက်အဉီ😃🏘🏣🏤🏤

Our company build with high quality, precept and morality
27/12/2020

Our company build with high quality, precept and morality

We build the world with quality,precepts and morality

Address

No. B-1450 Paung Laung 17th Street
Pyinmana

Telephone

+9595370767

Website

Alerts

Be the first to know and let us send you an email when Pyi Moe Kyaw Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share