19/08/2026
Refrigeration စက်တွေမှာ superheat တိုင်းဖို့ အလွန်အရေးကြီးပါတယ်။ Superheat အရမ်းနည်းနေရင် compressor liquid flooding ဖြစ်ပြီး အတွင်းထဲက အစိတ်အပိုင်းတွေ ကျိုးမယ် ပဲ့မယ် ကောက်မယ် ဖြစ်မှာပါ။ superheat လိုအပ်တာထက်ပိုများနေရင် အအေးကွိုင်ဟာ လိုအပ်တဲ့ capacity အပြည့်အလုပ်မလုပ်ပဲ အခန်း အအေးကြာတာ၊ မီးအားပိုကုန်တာတွေဖြစ်နေမှာပါ။
Pipe temperature တွေကို တိုင်းတာပြီး superheat ကိုတွက်ချက်နိုင်ဖို့ Tools တခုမှာယူရင်းနဲ့ ပစ္စည်းကောင်းလေးကို တခြားသူများလဲ သုံးစွဲနိုင်အောင် မှာယူပေးထားပါတယ်။ လိုအပ်သူများ ဝယ်ယူနိုင်ပါတယ်။
ပစ္စည်းဘိုး ၃၅၀,၀၀၀ + delivery ခပါ။