TYG2 Hydropower

TYG2 Hydropower Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TYG2 Hydropower, Taung-ngu.

ရွှေစွမ်းအင်ကုမ္ပဏလီမိတက်၊ သောက်ရေခပ်(၂)ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ စတင်လည်ပတ်ခြင်း (၁၀)နှစ်ပြည့် အားကစားပြိုင်ပွဲများ...
09/02/2023

ရွှေစွမ်းအင်ကုမ္ပဏလီမိတက်၊ သောက်ရေခပ်(၂)ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ စတင်လည်ပတ်ခြင်း (၁၀)နှစ်ပြည့် အားကစားပြိုင်ပွဲများနှင့် Lucky Draw အစီအစဉ်များပြုလုပ်ပေးခြင်း

[English Below]ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး တို့ကို ချိတ်ဆက်ပေးသွားမည့် ပလက်ဝတံတားသစ်ဖွင့်ပွဲအခမ်းအနားအား ရွှေစွမ...
11/12/2020

[English Below]

ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး တို့ကို ချိတ်ဆက်ပေးသွားမည့် ပလက်ဝတံတားသစ်ဖွင့်ပွဲအခမ်းအနားအား ရွှေစွမ်းအင်ကုမ္ပဏီမှ ကျင်းပ

• ရွှေစွမ်းအင်ကုမ္ပဏီလီမိတက် နှင့် အေးရှားဝေါလ်ဖောင်ဒေးရှင်း နှင့် လက်တွဲပူးပေါင်းကာ ကျပ်ငွေ သန်းပေါင်း ၁ သောင်းကျော် တန်ဖိုးရှိ မြန်မာ့ ပထမဆုံးသော ကြိုတင်ဖိအားဖြည့်တင်းသံကူကွန်ကရစ် ပတံတားသစ်ကြီးအား ဆောက်လုပ်လှူဒါန်း

ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်၏ အဆိုပါ ပလက်ဝတံတားသစ်ကြီးအား အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာမှတာဝန်ရှိသူများ နှင့် ရွှေစွမ်းအင်ကုမ္ပဏီ လီမိတက်၏ တာဝန်ရှိသူတို့မှ အခမ်းအနားဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။

၎င်းတံတားသစ်ကြီးသည် မြန်မာငွေကျပ်သန်းပေါင်းတစ်သောင်းခန့် (ကျပ်၁၀ဘီလျံကျော်) ကုန်ကျခံ တည်ဆောက်ထားသည့် မြန်မာ့ပထမဆုံး ကြိုတင်ဖိအား ဖြည့်တင်းခံကွန်ကရစ်တံတားကြီးတစ်ခုဖြစ်သည်။
ဒေသခံပြည်သူများသည် အဆိုပါတံတားသစ်ကြီးကို အသုံးပြုကာ လွယ်ကူချောမွေ့စာ ကူးလူးသွားနိုင်တော့မည်ဖြစ်ကာ မြန်မာနိုင်ငံ နှင့် ထိုင်း နိုင်ငံတို့အကြား နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအတွက်လည်းများစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ပါသည်။

‌အေးရှား‌‌ဝါလ်ကုမ္ပဏီလုပ်ငန်းစု၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်သည် သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ ဓါတ်အား လိုအပ်ချက်ကို ပြည့်မီစေခြင်းအပြင် အေးရှားဝေါလ်ဖောင်ဒေးရှင်း နှင့် လက်တွဲပူးပေါင်းကာ ဒေသတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း လူ့ဘောင်အဖွဲ့အစည်းကို အကျိုးပြုသော ရည်မှန်းချက်ဖြင့် ကူညီလျှက်ရှိကာ Balanced Cantilever Method နည်းပညာအား အသုံးပြုထားသော မြန်မာ့ပထမဆုံး ကြိုတင်ဖိအားဖြည့်တင်းသံကူကွန်ကရစ် တံတားသစ်ကြီးကို ယခု ဆောက်လုပ် လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်အနေဖြင့် ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝကို သိသိသာသာ လွယ်ကူချောမွေ့စေပြီး ဒေသ၏ လူမှုစီးပွားကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေမည့် ပိုမိုကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေးစနစ်တစ်ရပ်ကို ပံ့ပိုးခွင့်ရရှိသည့်အတွက် များစွာ ဝမ်းမြောက်မိပါသည်။

ရွှေစွမ်းအင်အနေဖြင့် သောက်ရေခပ် (၂) ရေအားလျှပ်စစ်စက်ရုံ၏ စွမ်းအင်ထုတ်လုပ်ခြင်းမှတစ်ဆင့် နိုင်ငံ၏ မြင့်တက်လာလျက်ရှိသော ဓာတ်အား လိုအပ်ချက် ပမာဏ ပြည့်မှီစေရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ကိုလည်း စွမ်းစွမ်းတမံ အားထုတ် ပံ့ပိုးသွားမည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက https://bit.ly/3oyc2jM ကို နှိပ်ကာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

• Gold Energy Company Limited "GE" celebrates New Paletwa Bridge's opening ceremony connecting Kayin State and Bago Region

o GE collaborated with Asia World Foundation "AWF" and successfully completed 10 billion kyats worth of Myanmar's First-Ever Prestressed Concrete Bridge

GE celebrated the official opening ceremony of Paletwa bridge in the presence of Amyotha Hluttaw Speaker H.E. Mahn Win Khaing Than and representatives from Hluttaw, Kayin State Chief Minister H.E. Daw Nang Khin Htwe Myint and members, representatives from Ministry of Construction, and Gold Energy Company Limited today.

The ten bln MMK worth of Balanced Prestressed Concrete Bridge is now in use and will provide smooth mobility for the community as well as improve the border trading between Myanmar and Thailand.

The GE, a subsidiary of Asia World Group of Companies, is not only committed to satisfying Nation's Energy Needs with Thaukyegat (2) Hydropower Project but to further develop the well-being and long-term benefit of the region, collaborated with Asia World Foundation, the philanthropic arm of the group and successfully completed Myanmar's First-Ever Prestressed Concrete Bridge using advance Balanced Cantilever Method.

GE is delighted to support the region a better transportation system that will significantly facilitate the daily life of the local people and develop the socio-economic sector of the area. We will strive to enhance TYG's power production to meet Myanmar's growing energy needs while considering the local community development and not hesitate to extend our efforts for the community in the aspects of development.

For more details, please refer to https://bit.ly/3oyc2jM

30/03/2020

ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်၊ သောက်ရေခပ်(၂)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ လာရောက်လေ့လာလိုသူများနှင့် ဂေါက်သီးလာရောက်ကစားမည့်ဧည့်သည်များ (၁.၄.၂၀၂၀) ရက်နေ့မှစ၍ COVID-19 ရောဂါကာကွယ်ရန်အတွက် လာရောက်မှု ခေတ္တပိတ်ထားပါကြောင်း အသိပေးနှိုး‌ဆော်အပ်ပါသည်။

နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ % ပြည့်မြောက်သည့်အခမ်းအနား
12/12/2019

နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ % ပြည့်မြောက်သည့်အခမ်းအနား

19/08/2019

ပဲခူးတိုင်း​​ဒေသကြီး၊ေ​တာင်ငူမြို့နယ်​အတွင်း​ရှိေ​သာက်​​ရေခပ် (၂) ​​ရေအားလျှပ်​စစ်​စက်​ရုံ၏ ​ရေ​လှောင်​တမံသို့ မိုးရာသီ​ရေဝင်​များခြင်း​ကြောင့်​ ​ရေ​လှောင်​တမံကြံ့ခိုင်မှု​မထိခိုက်​​စေရန်​အတွက်ေ​ဆာင်​ရွက်​မည့်​အစီအမံ နှင့်​သုံးသပ်​အ ကြံပြုချက်​များတင်​ပြခြင်း။

၁။ နိဒါန်း
(၁) ​သောက်​​ရေခပ်​ (၂) ​ရေအားလျှပ်​စစ်​​ရေ​လှောင်​တမံသို့ မိုးရာသီကာလ မိုးရွာသွန်​မှုများ​ကြောင့်​တမံ၏​ရေ​​လှောင်နိုင်ပမာဏ​​ထက်​​​ကျော်​လာပါက​​ တမံခိုင်​ခန့်​မှုမထိခိုက်​​စေရန်​​ရေပို​ရေလျှံများကို အင်​ဂျင်​နီယာနည်း​စနစ်​သတ်မှတ်ချက်​​​အရ ​ရေပိဲုလွှဲမှတဆင့် ​​​ရေလွှတ်​ရမည်​ဖြစ်​ပါသည်​။

(၂) ​ရေ​လှောင်​တမံ၏ကန်​​ရေပြည့်​​ရေမှတ်​မှာ EL. 127m ဖြစ်​ပြီး ထိုကန်​​ရေပြည့်​​ရေမှတ်​ထက်​​ကျော်​လွန်​၍​ရေဝင်​​ရောက်​ပါက ​ရေကြီး​ရေလျှံမှု စတင်​​နေသဖြင့်​ အင်​ဂျင်​နီယာသတ်​မှတ်​မူအတိုင်း ​​ရေပိုလွှဲမှ ​​ရေလွတ်မ​ည်​အ​ကြောင်းကိုတမံ​အောက်​ပိုင်းရှိ​ကျေးရွာများသို့ အသိ​ပေးအ​ကြောင်းကြားပါမည်​။

၂။ ရည်​ရွယ်​ချက်​ ၊
ဆည်​ကန်​သို့ မိုးများ၍​ရေဝင်​​ရောက်​မှု​ကြောင့်​ ​ရေကြီး​ရေလျှံမှုမဖြစ်​​ပေါ်​စေရန်​နှင့်​တမံခိုင်​ခံ့မှုမထိခိုင်​​စေရန်

၃ ။ စီမံချက်​ကာလ။
၂၀၁၉ ခုနှစ်​ မိုးရာသီကာလဖြစ်​​သော
ဇွန်​လမှစ၍ နိဝင်ဘာလ​ကုန်​ဆုံးသည့်​အထိ

၎။ စီမံ​ဆောင်​ရွက်​ထားရှိမှု။
(၁) ​သောက်​​ရေခပ်​ (၂)​ရေအားလျှပ်​စစ်​ ​စက်​ရုံသည်​ မိုးတွင်းကာလတွင်​​ရေ​လှောင်​တမံအတွင်းကန်​​ရေပြည့်​​ရေ​လှောင်​မှုကိုထိန်းချုပ်​ပြီးထိုထက်​များလာပါကအင်​ဂျင်​နိယာစံချိန်​စံညွှန်းသတ်​မှတ်​ချက်​အရ​ရေပို​ရေလျှံများကိုမူလ​ချောင်းရိုးသို့​ရေပိုလွှဲမှတဆင့်​လိုအပ်​သလို​ရေတံခါး (၅)ခုအား ထိန်းညှိ၍လွှတ်​​ပေးမည်​။

(၂) မြစ်​​ရေ​ချောင်း​ရေ ​ရေကြီး​ရေလျှံမှုတစုံတခု​ကြောင့်​ဆည်​ကန်​ကြံ့ခိုင်​မှုမထိခိုက်​​စေရန်​ နှင့်​ကန်​​ရေေ​​ကြာင့်​​ရေ​ကြီး​ရေလျှံ့မှု​မဖြစ်ေ​ပါ်​စေရန်​ ကြီးကြပ်​ကွပ်​ကဲ​ရေးအဖွဲ​အောက်​ပါအတိုင်းအဆင့်​ဆင့်​ဖွဲ့စည်း၍စီမံ​ဆောင်​ရွက်​လျက်​ရှိပါသည်​။နောက်​ဆက်​တွဲများဖြင့်​တင်​ပြအပ်​ပါသည်​။

(က) အ​ရေး​ပေါ်​ရေ​ဘေးကာကွယ်​​ရေးအဖွဲ့ ဖွဲ.စည်းတာဝန်​​ပေးခြင်း
(ခ) Flood control အဖွဲငယ်​များဖွဲ့စည်း​တာဝန်​​ပေးကြီးကြပ်​​စေ​ခြင်း
‌(ဂ) ​Flood control အဖွဲငယ်များသည်
ေ​န/ည အချိန်ပြည့် ​​အလှည့်ကျ ​တာဝန်
ယူ​လျက်​ အချိန်​နှင့်​တ​ပြေးညီတင်​ပြအစီရင်​ခံ​စေခြင်​။

(၃) ထို့အပြင်​အ​ရေး​ပေါ်ပစ္စည်းများကြို​တင် ​စု​ဆောင်းထား ရှိခြင်းအပါအဝင်​စက်​ယန္တယားများပြင်​ဆင်​ထားရှိခြင်းများစီမံထားရှိပါသည်​။

၅။ ၂၀၁၉ ခုနှစ်​သြဂုတ်​လ(၁၀) အထိ ​ဆောင်​ရွက်​ထာရှိမှုအ​ခြေအ​နေ။

(၁) ​တမံကြံ့ခိုင်​မှုအ​ခြေအ​နေ။ (Dam behavior Study system)
ရေဝင်​ဧရိယာအတွင်းမိုးရွာသွန်း၍ ​ရေဝင်​​ရောက်​မှုကြီးမားမှု​ကြောင့်​တမံထိခိုက်​န်ုင်​မှုအ​ခြေအ​နေကြိုတင်​​​သိရှိနိုင်​ရန်​ ​သောက်​​ရေခပ်​ (၂) ​ရေ​လှောင်​တမံ၏ကိုယ်​ထည် ​အတွင်းပိုင်းနှင့်​တမံကိုယ်​ထည်​​ပြင်​ပတွင်အ​ကြောင်းတစုံတခု​ကြောင့်​တမံ​ပြောင်းလဲမှုတစုံတရာဖြစ်​​ပေါ်ပါက မည်​သည့်​​နေရာ၊ မည်​သို့​သောတမံအစိတ်​အပိုင်း​နေရာ၊ ဘာ​ကြောင့်​ဖြစ်​သည်ကိုသိရှိနိုင်​ရန်​ရည်ရွယ်၍​​တမံတည်​​ဆောက်စဉ်နှင့်တည်​ဆာက်ပြီးသည့်​​နောက်ပိုင်း စဉ်ဆ​က်မပြတ် ​​​​တမံကြံ့ခိုင်​မှုအ​ခြေအ​နေ Dam behavior and Dam Safety monitoring ​​စူးစမ်း​​​လေ့လာလျက်​ရှိပါသည်​။

အ​​သေးစိပ်​သိရှိနိုင်ရန် Dam body ၏အတွင်းအပြင်ကိုယ်ထည်​တွင်း Dam monitoring Instrumentations ​ပေါင်းစုံ 130 sets တပ်ဆင်​​ထားရှိပါသည်​။ အစီရင်ခံသည့်ကာလအထိ ​​တိုင်းတာရရှိ​သောအချက်​အလက်​များအရ တမံကိုယ်​ထည်​အတွင်းအပြင်​မှာ Aug.10.2019 ထိတစုံတရာ​ပြောင်းလဲမှုမ​တွေ့ရဘဲတမံကိုယ်​ထည်​အလွန်​​ကောင်းမွန်​ပါ​ကြောင်းထပ်​​လောင်းအတည်​ပြုပါသည်​။

(၂) Dam leakage study system
ထို့အပြင် တမံ၏​အောက်​​ခြေမှစိမ့်​ထွက်​​ရေ သိရှိနိုင်ရန် ​​Dam Leakage measuring weir တခု တပ်ဆင်ထား​​ခြင်း​အားဖြင့်​လည်း Seepage/leakage ပမာဏ ပုံမှန်​တိုင်းတာလျက်​ ရှိပါသည်​။

(၃) ပကတိမျက်​မြင်​အ​ခြေအ​နေ
Dam Safety monitoring ကိုအ​ထောက်​အကူပြု​စေမည့်​ပကတိ မျက်​မြင်​အ​ခြေအ​နေ Visual Inspection Notes ကိုလည်​ပုံမှန်​ ပြုစုထားပါသည်​။

(၄) ​​ရေပိုလွှဲတွင်​အင်ဂျင်နီယာဝန်ထမ်းများ​​​လည်း​ ​နေ့ည တာဝန်​ချထား၍ စနစ်​တကျ အင်​ဂျင်​နီယာများကိုယ်​တိုင်​ကြီးကြပ်​လျက်​ကန်​​ရေပြည့်​​​​မှတ်ထက်ေ​ကျာ်​လာလျင်​​​​ရေတံခါးအဖွင့်​အပိတ်​လိုအပ်​သလို ထိန်းညှိ၍​သတ်​မှတ်​နည်းစနစ်​အတိုင်း စံနစ်​တကျ​ရေလွှတ်​​နေမည်ဖြစ်ေ​ကြာင်း​​​နှင့်ေ​ရအားလျှပ်​စစ်​လဲဆက်​လက်​ထုတ်​​နေမည်​ဖြစ်​​ကြောင်း ​ဖော်​ပြအပ်​ပါသည်​။

‌(၅) ​ရေကြီးမှုသည်​​ရေ​လှောင်​နိုင်​ပမာဏ​သတ်မှတ်ထက်​​ကျော်​လွန်​၍​ရေပို​ရေလျှံကိုမဖြစ်​မ​နေလွှတ်​ရန်​ လိုအပ်လာပါက အင်​ဂျင်​နီယာဆိုင်​ရာ ​​နည်းစနစ်​အရသာ ​​ရေတံခါးအဖွင့်​အပိတ်​လုပ်ရ​​ပါသည်​။ တမံ​အောက်​ပိုင်းတွင်​တမံ​ရေ​ကြောင့်​ထိခိုက်​ပျက်​စီးမှုမရှိ​စေရန်​ မူလ​ချောင်းရိုး​ရေစီးမြဲပမာဏထက်မ​ကျော်​လွန်​​စေလိုသည့်​​အတိုင်း​​ရေတံခါးအဖွင့်​အပိတ်​ကို ထိန်း​ညှိလျက် ​တဖြည်းဖြည်းချင်းလွှတ်​​မည်​ဖြစ်​၍
တမံ​​အောက်ပိုင်း ​​အန္တာရာယ်​မရှိပါ​ကြောင်း​ဖော်​ပြအပ်​ပါသည်​။

(၆)ေ​သာက်​​ရေခပ် ​ရေ​လှောင်​တမံမှာ ​ကျောက်​ဖြည့်​တမံအမျိုးအစား၊ အထက်​ဘက်​ခြမ်း​မျက်​နှာပြင်​မှ​ရေစိမ့်မှုမရှိ​စေရန်​သံကူကွန်​ကရစ်​ဖြင့်​​Concrete face slab ​လောင်းထား​သော Concrete Face Rockfill Dam (CFRD) တမံအမျိုးအစားဖြစ်ပြီး ​ဤနည်းပညာသစ်​ကိုအသုံးပြုတည်​​ဆောက်​​သော​ရေ​လှောင်​တမံသည် ​မြန်​မာနိုင်​ငံတွင်​​ ​ပထမဆုံး​ဖြစ်ပါသည်​။ ​​ကျောက်​ကြီးများ​အသုံးပြု​၍တမံကိုယ်ထည်တည်​​ဆောက်ထားသည့်အပြင် ​​​ကွန်​ကရိမျက်​နှာပြင်​ဖြင့်​အဆင့်​မြင့်​တည်​​ဆောက်​ထားပါသဖြင့်​ ခိုင်​မာကြံ့ခိုင်​မှုလုံ​လောက်​ပါ​ကြာင်း​ဖ်ာပြအပ်ပါသည်​။

၆။ တိုင်းတာ​တွေ့ရှိချက်​အ​ပေါ်သုံသပ်​ချက်​များ (as of Aug.10, 2019)

(၁) Dam monitorimg system သည်​ စဉ်​ဆက်​မပြတ်​ ​စောင့်​ကြည့်​စစ်​​ဆေးရသည့်​နည်းစနစ်​ Continuous Process ဖြစ်​ပါသည်​။ သို့ဖြစ်​၍ ၂၀၁၉ သြဂုတ်​လ ၁၀ရက်​​နေ့အထိ တိုင်းတာချက်​မှာတမံအတွင်းအပြင်​​ပြောင်းလဲမှုဖြစ်​စဉ်​တစုံတရာ မ​ပေါ်​ပေါက်​​ကြောင်းသုံးသပ်​ပါသည်​။

(၂) Dam leakage measuring:
ယခု လက်​ရှိကန်​အတွင်း​​ရေဝင်​​ရောက်​မှုအလွန်​နည်းပါးပြီးကန်​​ရေမှတ်​အရ တမံမှစိမ့်​ထွက်​​ရေမရှိပါ​ကြောင်းတင်​ပြပါသည်​။

(၂) ပင်မတမံ နှင့် ​​Saddle Dam အပါအဝင်​ visual inspection result မှာ ထူးခြားမှုမ​တွေ့ရပဲ ပုံမှန်​ဖြစ်​ပါ​ကြောင်း​ဖော်​ပြအပ်​ပါသည်​။

သိုဖြင့်​၍ ​တမံကြံ့ခိုင်​မှု၊၊ ပကတိ မျက်မြင်အ​ခြေအ​နေတို့ကို မူလအတိုင်း​ပုံမှန်​တိုင်းတာစမ်းစစ်​​၍​တွေရှိချက်​၊ သုံးသပ်ချက်​များ​ဖော်ပြပြီး အထက်တာဝန်ရှိအဆင့်​ဆင့်​​များထံ အပတ်​စဉ်​၊လချုပ်​၊ နှစ်​ချုပ်​ ​အစီရင်​ခံစာများ​ပေးပို့အစီရင်​ခံလျက်​ရှိပါသည်​။

၇။ ​ရှေ့လုပ်​ငန်းစဉ်​အကြံပြု တင်​ပြခြင်​။
(၁) ယခုနှစ်​​မြစ်​​ရေ ​ချောင်းကန်​ ​ရေကြီး​ရေလျှံမှုများဖြစ်​​ပေါ်ပါက ​ရေ​လှောင်​တမံ၏ ပတ်​ဝန်းကျင်​​ကျေးရွာများနှင့်​​ဒေသခံလူထုမှ ​မေးမြန်းစုံစမ်းမှုများရှိ
‌သည်​ကိုသိရှိပါသဖြင့်​တစုံတရာထူးခြားမှုဖြစ်​​ပေါ်လျင်​ အချိန်​မှီသတင်းထုတ်​ပြန်​​ပေးပါမည်​။

အထက်​ပါ တမံကြံ့ခိုင်​လ့လာ​​တွေ့ရှိချက် Dam Safety Monitoring အရနှင့်​မျက်​မြင်​အ​ခြအ​​နေအရ လုံးဝ စိုးရိမ်​စရာ တစုံတရာ မရှိ​ပါ​ကြောင်း​ဖော်​ပြအပ်​ပါသည်​။

(၂) ​ရေကြီး​​ရေလျှံမှုပမာဏအရ Service Spillway မှ ​ရေပို​ရေလျှံအားမူလ​ချောင်းရိုးသ်ု့လွှတ်​ရာတွင်​​ နည်းလမ်း အဆင့်​နှစ်​ခုရှိသဖြင့်​ Technical Sequences of Reservoir Operation အရအောက်​ပါအစီအမံအဆင့်​ဆင့်​အတိုင်း​ဆောင်​ရွက်​သွားမည်​ဖြစ်​ပါသည်​။

(က) ​ရေ​လှောင်​တမံ၏ ​ရေဝပ်​ဧရိယာအတွင်း​ရေဝင်​​ရောက်​မှုသည်​သတ်မှတ်​​​Normal Design flood ဒီဇိုင်း​ရေကြီး​ရေလျံမှုထက်​မ​ကျော်​လွန်​ပါက ​ရေပို​ရေလျှံအားမူလ​ချောင်းရိုးကမ်းပါးဆံ့သည့်​​အမြင့်ထက်​​ ​ကျော်လွန်ခြင်းမရှိ​​စေရန်​ Service spillway gate ​ပေါက်​များကိုလိုအပ်​သလိုထိန်းညှိ၍မူလ​ချောင်းရိုးသို့​ရေများလွှတ်​ပါမည်​။ ထိုသို့​ရေလွှတ်​မည့်​သတိ​ပေးအ​ကြောင်းကြားခြင်း​ကို တမံ​အောက်​ပိုင်း​အနီးရှိ​ကျေးရွာများသို့ကြိတင်​သတိ​ပေးထုတ်ပြန်ေ​​ပးပါမည်​။

(ခ) ​ရေ​လှောင်​တမံကန်​တွင်း​ရေဝင်​​ရောက်​မှု Normal Design flood ထက်​​ကျော်​လွန်​၍ ​Maximum Design Flood ဖြစ်​​ပေါ်၍​ ရေတံခါးအားလုံး လုံးလုံးလျားလျား ဖွင့်​ထားရန်​လိုအပ်​ပါကတမံ​အောက်​ဘက်​​နေရာများသို့​ရေကြီ​ရေလျံမှုဖြစ်​​ပေါ်​နေ​ကြောင်းအထူးသတိ​ပေးချက်​ထုတ်​ပြန်​​ပေးပါမည်​။

(ဂ) Spillway ၏​ရေတံခါးအားလုံးဖွင့်
‌ပြီးပါက ​ရေပိုလွဲသည်​ Gated control spillway စနစ်​ (Or***ce System) မှ အလိုအ​လျောက်ေ​ရ​ကျော်​​ (Overflow weir) အဆင့်​သို့​ပြောင်းလဲသွားသဖြင့်​ ​ရေ​ကျော်​ကျသည့်​ပမာဏ Overflow Quantity များလာမည်​ဖြစ်​ပါသည်​။ တမံ၏​အောက်​ပိုင်း​နေရာများသို့​ဘေး
အန္တာရာယ်​​ရေကြီးမှုဖြစ်​​ပေါ်​နေ​ကြောင်းသတိ​ပေးချက်​​ထုတ်​ပြန်​​ပေးပါမည်​။ အထက်​အဆင့်​ဆင့်​သို့လည်းမပျက်​မကွက်​အသိ​ပေးအစီရင်ခံပါမည်​။

၈။ သုံးသပ်​အကြံပြုချက်​။
အထက်​ပါသုံးသပ်​ချက်​အတိုင်း​ဒေသအတွင်းမိုးများ၍မြစ်​​ရေဝင်​​ရောက်​မှုကြီးမားပါကဆည်​ကန်​အပါအဝင်​တမံ​အောက်​ပိုင်း​ရေကြီး​ရေလျှံမှုမဖြစ်​​ပေါ်​စေရန်​ပူး​​ပေါင်းပါဝင်​မှုကိုစီမံ​ဆောင်​ရွက်​ရာတွင်​​သောက်​​​ရေခပ် (၂) ဆည်ကန်ုကြံ့ခိုင်​​ရေးအတွက်​ အင်​ဂျင်​နီယာဆိုင်​ရာသတ်​မှတ်​နည်းစနစ်​အတိုင်း​ဆောင်​ရွက်​သွားမည်​ဖြစ်​ပါ​ကြောင်းနှင့်​အထက်​အဆင့်​ဆင့်​၏လိုအပ်​​သော လမ်းညွန်​မှုကိုလိုက်​နာ​ဆောင်​ရွက်​သွားမည်​ဖြစ်​ပါ​ကြောင်း ​​​​ဖော်​ပြအပ်​ပါသည်​။

ဗစ်​တာစီဇာခို Dam Engineer
TYG (2) Taungoo
*****

စေတနာအစစ်​အမှန်​ပါ
11/06/2019

စေတနာအစစ်​အမှန်​ပါ

09/02/2019
Diversion road for Yethogyi & Tawgone Village
08/02/2019

Diversion road for Yethogyi & Tawgone Village

မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယ၀န်ကြီး (ငြိမ်း) ဦးမျိုးမြင့် ဦးစီးကော်မတီဝင်များ၊ လျှပ်စစ် နှင်...
17/12/2018

မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယ၀န်ကြီး (ငြိမ်း) ဦးမျိုးမြင့် ဦးစီးကော်မတီဝင်များ၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ DHPI ညွှန်ချုပ်၊ ဒုညွှန်ချုပ်၊ ထိန်းသိမ်းရေးညွှန်မှူးနှင့် ကော်မတီအဖွဲ့ဝင်များသည် ရွှေစွမ်းအင် ကုမ္ပဏီလီမိတက်၊ သောက်ရေခပ်(၂) ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံသို့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် လာရောက်ခဲ့ကြပြီး သောက်ရေခပ် (၂) တမံနှင့် ဆက်စပ်လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ကြည့်ရှုစစ်ဆေးပြီးနောက် အရာရာသပ်ရပ်ကောင်းမွန်ပြီး မျက်မြင်စစ်ဆေးချက်အရ တမံနှင့် ဆက်စပ်အဆောက်အအုံများ၏ လုံခြုံစိတ်ချရမှုအခြေအနေမှာ ကျေနပ်ဖွယ်ရာဖြစ်ကြာင်း ပြောကြားသွားခဲ့ပါသည်။

A delegation lead by U Myo Myint, former Deputy Minister, MNCOLD (Myanmar National Commission on Large Dams), its commission members, DHPI Director General, Deputy Director General, Director and officials from Ministry of Electricity and Energy visited Gold Energy Company Limited, Thaukyegat (2) Hydropower Plant on 14 December 2018 and inspected TYG (2) Hydropower Plant and related works. After the inspection, the delegation members commented that the safety level of the dam and the associated buildings are in reliable conditions.

Welcome to Thaukyegat(2)Hydropower Plant
08/11/2018

Welcome to Thaukyegat(2)Hydropower Plant

ဆုံစည်းရာဂေါက်ကလပ်မှ ကြိုဆိုပါ၏
07/11/2018

ဆုံစည်းရာဂေါက်ကလပ်မှ ကြိုဆိုပါ၏

Address

Taung-Ngu

Website

Alerts

Be the first to know and let us send you an email when TYG2 Hydropower posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share