Shwe Linn Two Stars Construction

Shwe Linn Two Stars Construction မိမိစိတ်ကူးထဲကအိမ်အတွက် စိတ်ချယုံကြည်စွာ လက်တွဲလိုက်ပါ အာမခံမှု အပြည့်နဲ့ စိတ်ချမ်းသာစေရပါမည်

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။🙏🙏
17/04/2025

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။🙏🙏

🏠 ဆောက်လုပ်ရေး လောက မပေါ့ဆသင့်ကြောင်း 🏠 အောက်ဆုံး ground floor မှာ ကားပါကင်ထားတာတွေ၊ shop အဖြစ် open space ထားတာတွေပါ bu...
28/03/2025

🏠 ဆောက်လုပ်ရေး လောက မပေါ့ဆသင့်ကြောင်း

🏠 အောက်ဆုံး ground floor မှာ ကားပါကင်ထားတာတွေ၊ shop အဖြစ် open space ထားတာတွေပါ building များ အထူးသတိထားသင့်ပါတယ်ခဗျာ

အပြီးမှာ aftershock များစွာ ဖြစ်နိုင်ပါတယ် ဘယ်အချိန်ဖြစ်မလဲတော့ အတိအကျ ပြောလို့မရပါ တခါတလေ တပတ်အကြာ တစ်နှစ်အကြာမှ ဖြစ်နိုင်သလို တခါတလေ စက္ကန့်ပိုင်းအတွင်းလည်း ဖြစ်နိုင်ပါတယ်

🏠 စစ်ကိုင်းပြတ်ရွေ့ကျော အနီးအနားက မြို့ရွာတွေ သတိကြီးကြီးထားရမယ့်အချိန်ပါ

🏠 အိမ်ရှင်နဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်
စိတ်မသက်သာစရာ မြင်ကွင်းတွေပါ



ပိုက်ဆံထုတ်ပီးအိမ်မဆောက်ဘဲ လူလိမ်တွေပေါနေတဲ့ ခေတ်ကြီးထဲမှာ ငွေပေးချေမှုသက်သာမှန်ကန်စွာနဲ့ စိတ်တိုင်းကျနိုင်တဲ့ construct...
17/03/2025

ပိုက်ဆံထုတ်ပီးအိမ်မဆောက်ဘဲ လူလိမ်တွေပေါနေတဲ့ ခေတ်ကြီးထဲမှာ ငွေပေးချေမှုသက်သာမှန်ကန်စွာနဲ့ စိတ်တိုင်းကျနိုင်တဲ့ construction ကိုရှာပါသလား။

မိတ်ဆွေက (၂) မျိုးပဲရွေးချယ်ပါ

၁။ မိမိစိတ်ကြိုက်အိမ်ဒီဇိုင်း

၂။ Shwe Linn Two Stars Construction

ဒီ (၂) မျိုးကိုသာ စိတ်ချယုံကြည်စွာ ရွေးချယ်လိုက်ပါ။ ကျွန်တော်များ construction မှ လုပ်ငန်းများပြီးစီးသည်အထိ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

မိမိတို့ construction company မှ

မိတ်ဆွေအိမ်ဆောက်လုပ်ရန်ဆွေးနွေးအကြံပေးခြင်း၊

စိတ်ကြိုက်အိမ်ဒီဇိုင်းရေးဆွဲပေးခြင်း၊

ကျွမ်းကျင်အင်ဂျင်နီယာများဦးစီး၍ ဆောက်လုပ်ပေးခြင်း၊

ပျက်စီးသည့်အဆောက်အဦများအား ပြန်လည်ပြင်ဆင်ပေးခြင်း၊

အဆောက်အဦဟောင်းများအား စနစ်တကျပြုပြင်မွမ်းမံပေးခြင်း၊

အခြားအင်ဂျင်နီယာဆိုင်ရာလုပ်ငန်းများအား ဆောင်ရွက်ပေးခြင်း တို့ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

#အားမနာတမ်း အခမဲ့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

မိမိစိတ်ကူးထဲက အိမ်လေးကိုအကောင်အထည်ဖော်ဖို့အတွက် Shwe Linn Two Stars construction company ဖြင့် စိတ်ချယုံကြည်စွာလက်တွဲလိုက်ပါ။

 ါဘဲအိမ်ဆောက်လို့ရသလား။Plinth Beam နဲ့ DPC အကြောင်း ဆိုတာက RC အဆောက်အဦတွေမှာဆိုရင်၁။ Plinth Beam ဆိုတာက ပုံမှန် မြေကြီး ...
11/03/2025

ါဘဲအိမ်ဆောက်လို့ရသလား။

Plinth Beam နဲ့ DPC အကြောင်း ဆိုတာက RC အဆောက်အဦတွေမှာဆိုရင်

၁။ Plinth Beam ဆိုတာက ပုံမှန် မြေကြီး Level ကနေ Plinth level ထိမြင့်တဲ့ R Wall ကိုချုပ်ထားရတာပါ။

၂။ Plinth Level ဆိုတာကလည်း ဆောက်မယ့်မြေနေရာရဲ့ မိုးတွင်းရေကြီးချိန်အမြင့်ဆုံးရေတက် Level ၊ အိမ်ရှေ့လမ်းထပ်မံမြင့်တက်လာနိုင်သည့် Level စသည့်အချက်များနှင့် တွက်ချက်၍ သတ်မှတ်ရခြင်း ဖြစ်ပါသည်။

၃။ ပုံမှန် Brick Knocking ၊ Pillar Type လိုအဆောက်အဦတွေမှာဆိုရင်တော့ Plinth Beam မပါဘဲ ဆောက်လို့ ရနိုင်ပေမယ့် RC အဆောက်အဦမှာဆိုရင်တော့ Plinth Beam ထည့်ခြင်းအားဖြင့် အဆောက်အဦရဲ့ ခံနိုင်ရည်ကို ပိုမိုတိုးလာစေပါတယ်။ Plinth Beam ကို ဘယ်လို Size မျိုး ထည့်သင့်တယ်ဆိုတာ Structure designer ရဲ့ အကြံဉာဏ်နဲ့ DWG အတိုင်း ဆောင်ရွက်သင့်ပါတယ်။

(Dump Proof Course)

DPC ဆိုတာက စိုထိုင်းမှုကိုကာကွယ်တဲ့အလွှာ တစ်ခုဖြစ်ပါတယ် -

၁။ တစ်ချို့အဆောက်အဦတွေမှာ Plinth Beam ထည့်ထားပီး DPC မထည့်တဲ့ ကွဲပြားမှုမျိုးလည်းရှိပါတယ်။ မိုးများစွာရွာသွန်းတဲ့နေရာ၊ စိုစွတ်တဲ့နေရာမျိုးတွေမှာ မိမိအိမ်ကို စိုထိုင်းမှုမရှိအောင် မိုးရေစိမ့်မဝင်နိုင်အောင် ထည့်သင့်ပါတယ်။

၂။ အိမ်နံရံဆေးသားက ၁ နှစ်၊ ၂ နှစ် မှာပျက်စီးလာခြင်း၊ နံရံအောက်ခြေမှာ စိုစွတ်နေခြင်း စတဲ့အချက်တွေက DPC မပါခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။ DWG အတိုင်းထည့်သင့်ပေမယ့် မပါဝင်ပါက မြေပြင်အနေအထား၊ ရာသီဥတု အခြေအနေ စသည်တို့ပေါ်မူတည်ပီး Plinth Beam အပေါ် ၄ - ၆ လက်မ အကွာလောက်မှာ ထည့်သင့်ပါတယ်။

မိမိစိတ်ကူးထဲကအိမ်လေးကို ဖန်တီးပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးပိုင်ဆိုင်နိုင်ကြပါစေ။

#မိတ်ဆွေမျှော်မှန်းထားတဲ့ ဘတ်ဂျက်နဲ့ သင့်တော်တဲ့ အိမ်ဆောက်ဖို့ အတွက် ကျွန်တော်တို့နဲ့ စိတ်ချယုံကြည်စွာဖြင့် အခမဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ။ ဘယ်သူနဲ့မှ မတူတဲ့ ဒီဇိုင်းနဲ့ မိတ်ဆွေရဲ့အိမ်လေး ခိုင်ခံ့သပ်ရပ်လှပစွာဖြင့်ပြီးစီးသည်အထိ တာဝန်ယူဆောင်ရွက်ပေးနိုင်ပါသည်။





ဝေခွဲမရအမြဲဖြစ်နေတဲ့ Footing Formwork ကာသင့်/မကာသင့် ၊ Hardcore ခံသင့်/မခံသင့်အဆောက်အဦမပြိုမချင်းထမ်းထားရမယ့် Footing အတ...
03/03/2025

ဝေခွဲမရအမြဲဖြစ်နေတဲ့ Footing Formwork ကာသင့်/မကာသင့် ၊ Hardcore ခံသင့်/မခံသင့်

အဆောက်အဦမပြိုမချင်းထမ်းထားရမယ့် Footing အတွက်စိတ်ချစွာ ဆောင်ရွက်နိုင်ဖို့ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။

၁။ Footing မြေကြီးတူးဖို့အတွက် ပန္နက်မျဉ်း ကနေ ချိန်ချပီးတော့ တူးရမည့် footing အကျယ်အတိုင်းကို တစ်ဖက် ၄ လက်မဆီပိုယူပီး ထုံးနဲ့ Marker ပေးထားရပါမယ်။ Marker မပေးဘဲ ချိန်ချပီး တန်းတူးတာမျိုးမလုပ်သင့်ပါဘူး။ နည်းနည်းလွဲတာနဲ့ Footing နဲ့ ပန္နက်မျဉ်း မညီတော့ဘဲ လုပ်ရတာခက်ခဲသွားပါလိမ့်မယ်။

၂။ မြေကြီးတူးတဲ့နေရာမှာ လူနဲ့ တူးတာ၊ Backhole နဲ့ တူးတာ ရှိပါတယ်။ ဖြစ်နိုင်ရင် Footing ကျင်းနံရံတွေက လေးထောင့်ကျပီး ညီညီညာညာ ဖြစ်ရမှာပါ။ မြေကြီးကောင်း/မကောင်းပေါ် မူတည်ပီး တူးရမှာပဲဖြစ်ပါတယ်။

၃။ Footing ကို formwork ကာပီး လောင်းသင့်/မလောင်းသင့် ဆိုတာ အငြင်းပွားစရာတစ်ခုအနေနဲ့ ရှိနေဆဲပါ။ACI 301 Structural Concrete for Buildings စာအုပ်မှာပြောထားတဲ့ မြေကြီးပေါ်ကိုဒီတိုင်းကွန်ကရစ်လောင်းလို့မရပါဘူး၊ ဒါပေမဲ့ ခွင့်ပြုရင်/လိုအပ်လာရင် ဆိုပီးတော့ ရေးထားပါတယ်။

၄။ Footing လိုနေရာမှာ formwork မသုံးဘဲ ကွန်ကရစ်လောင်းချင်းက မြေကြီးကရေကိုစုပ်ယူတဲ့အတွက် ကွန်ကရစ်ရဲ့ Water-Cement Ratio ကို ကျဆင်းစေနိုင်ပါတယ်။ Water-Cement Ratio ကျတာနဲ့ ကွန်ကရစ်ရဲ့ strength လည်းကျဆင်းလာမှာပါ။

၅။ Designer ကပေးတဲ့ As per dwg အတိုင်း hardcore လုပ်ငန်း/ Footing လုပ်ငန်း ကို ဆောင်ရွက်ဖို့လိုပါတယ်။

မိမိစိတ်ကူးထဲကအိမ်လေးကို ဖန်တီးပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးပိုင်ဆိုင်နိုင်ကြပါစေ။




မပေါ့ဆသင့်တဲ့ ပန္နက်ရိုက်ခြင်း လုပ်ငန်းမိတ်ဆွေတစ်သက်လုံးနေထိုင်မယ့် အိမ်လေးလှပနေစေဖို့အတွက် ပန္နက်ရိုက်ခြင်းလုပ်ငန်းကို ...
01/03/2025

မပေါ့ဆသင့်တဲ့ ပန္နက်ရိုက်ခြင်း လုပ်ငန်း

မိတ်ဆွေတစ်သက်လုံးနေထိုင်မယ့် အိမ်လေးလှပနေစေဖို့အတွက် ပန္နက်ရိုက်ခြင်းလုပ်ငန်းကို ပေါ့ပေါ့ဆဆ မလုပ်သင့်ပါဘူး။ သိထားသင့်တဲ့ အချက်လေးတွေကို ဆက်ပီးဖတ်ကြည့်လိုက်ရအောင်ပါ။

ပန္နက်ရိုက်ခြင်း (Peg out Work)

၁။ ပန္နက်ရိုက်ဖို့အတွက် Drawing ထဲမှာပေးထားတဲ့ Plinth Level အမြင့်ကို အရင်စစ်ကြည့်ပီး ပန္နက်ရဲ့ ပတ်တန်းက Plinth Level ထက်မြင့်နေရမှာဖြစ်ပါတယ်။ Plinth Level ထက်မြင့်နေမှသာ မျဉ်းကြိုးဆွဲခြင်း၊ ချိန်မျဉ်းချခြင်းများ ဆောင်ရွက်တဲ့အခါမှာ လွယ်လွယ်ကူကူဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။ ပတ်တန်းကို မြေကြီးတူးမယ့်ကျင်းနေရာနဲ့ ခွာပီးစိုက်သင့်ပါတယ်။

၂။ ပတ်တန်း တွေထောင့်မှန်ကျ၊ ကျင်တွယ်ကျအောင် အဓိကသေချာစစ်ပီး ထားရပါမယ်။ ပတ်တန်းရိုက်တဲ့ ကျင်တွယ်ရအောင် Trigo အချိုးအရ 3:4:5 (6:8:10) အတိုင်းကို ထောင့်တိုင်းမှာ ရအောင်ကျင်တွယ် ချပေး ရပါမယ်။ ပတ်တန်းတွေကနေစပီးကျင်တွယ်မကျခဲ့ရင် ရှေ့ဆက်ဆောက်ဖို့ခက်ပါမယ်။ ဒါကြောင့် ကျင်တွယ်ကျအောင်သေချာစစ်ရပါမယ်။

၃။ ပတ်တန်းရိုက်ပီးရင်တော့ Level အမြင့်တေကို ရေချိန်နဲ့ ကူးတဲ့ အချိန်မှာတော့ တတ်နိုင်သမျှ စမှတ်တစ်ခုထဲကသာကူးရပါမယ်။ Level အားလုံးကိုလည်း မှန်/မမှန် ပြန်စစ်ရမှာဖြစ်ပါတယ်။ တူးမယ့်လိုင်းတွေ၊ ခန်းဖွဲ့လိုင်းတွေ၊ center လိုင်းတွေကို သင်္ဘောဆေး၊ ထုံး တို့နဲ့ တစ်ခါတည်းမှတ်သားထားရမှာဖြစ်ပါတယ်။

၄။ ပန္နက်ရိုက်ခြင်းဆိုတာက အဆောက်အဦတစ်ခုလုံး၏ အသက်ဖြစ်ပီးတော့ ပေါ့ပေါ့ဆဆ မလုပ်သင့်ပါဘူး။ ပန္နက်ရိုက်တာ ကျင်တွယ် ကျ/မကျ၊ Level အနိမ့်အမြင့် မှန်/မမှန်၊ ခန်းဖွဲ့ခွဲတဲ့လိုင်းတွေ မှန်/မမှန် စတာတွေက အရမ်းအရေးကြီးပါတယ်။ ပန္နက်ရိုက်တာ မှားပီဆိုတာနဲ့ တောက်လျှောက်မှားသွားတော့မှာပါ။ ဒါကြောင့်အသေးစိတ်စစ်ရပါမယ်။ အပေါ်လုပ်ဆောင်ချက်တွေအတိုင်းကိုထပ်ခါထပ်ခါ စစ်နိုင်သမျှ သေချာအောင်စစ်ပါ။

၅။ နောက်ဆုံး အရေးကြီးဆုံးအချက်ကတော့ ပန္နက်ရိုက်ခြင်း၊ Level ချိန်ခြင်း၊ ခန်းဖွဲ့ခွဲခြင်း စတဲ့လုပ်ငန်းတွေဆောင်ရွက်တဲ့ အခါမှာ Drawing မှာပါတဲ့ (As per dwg) အတိုင်း မလွဲအောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

မိမိစိတ်ကူးထဲကအိမ်လေးကို ဖန်တီးပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးပိုင်ဆိုင်နိုင်ကြပါစေ။

နောက်ထပ်လည်း အဆောက်အဦ ဆောက်လုပ်ဖို့ လိုအပ်တဲ့ မြေကြီးတူးခြင်းလုပ်ငန်းအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

Address

Taunggyi
06101

Website

Alerts

Be the first to know and let us send you an email when Shwe Linn Two Stars Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share