LEMI Solar

LEMI Solar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LEMI Solar, Energy Company, No.17/16 Dhamm Yadanar st
Yayayekwin
Taunggyi, Taunggyi.

28/10/2025

စီးပွားရေးလုပ်ငန်းကို ပျက်စီးစေနိုင်သော အကြောင်းအရင်းများ
၁။ ငွေကြေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း
· ငွေသားစီးဆင်းမှု ပြဿနာများ: အရောင်းရှိသော်လည်း ကုန်ကျစရိတ်များကို မချေနိုင်ခြင်း။
· အလွန်အကျွံချေးယူခြင်း: ပြန်ဆပ်နိုင်စွမ်းထက် ပိုမိုချေးယူထားခြင်း။
· အခွန်ပြဿနာများ: အခွန်ကြိုတင်မှန်းခြင်း၊ စီမံခြင်း မရှိခြင်းကြောင့် ကြီးမားသောအခွန်ဒဏ်များနှင့် ကြုံရခြင်း။

၂။ ဈေးကွက်လေ့လာသုံးသပ်မှု အားနည်းခြင်း
· ဝယ်လိုအားမရှိသော ကုန်ပစ္စည်း/ဝန်ဆောင်မှုကို မိတ်ဆက်ခြင်း: ဈေးကွက်တွင် မည်သူမှမလိုအပ်သော အရာကို ရောင်းချရန်ကြိုးစားခြင်း။
· ပြိုင်ဆိုင်မှုကို လျှော့တွက်ခြင်း: မိမိထက် ပိုမိုကောင်းမွန်သော ထုတ်ကုန်၊ ဈေးနှုန်း သို့မဟုတ် စျေးကွက်ရှာဖွေရေးရှိသည့် ပြိုင်ဘက်များကို မှားယွင်းတွက်ခြင်း။

၃။ ဆိုးရွားသော စီမံခန့်ခွဲမှု
· မှားယွင်းသော ဆုံးဖြတ်ချက်များ: အချက်အလက်မပါဘဲ ခံစားချက်ပေါ်မူတည်၍ ဆုံးဖြတ်ချက်ချခြင်း။
· အရည်အချင်းမီသော ဝန်ထမ်းများ ခန့်အပ်ခြင်းမရှိခြင်း: မှားယွင်းသူများကို မှားယွင်းသောနေရာတွင် ထားရှိခြင်း။
· ငွေကြေးအလွဲသုံးစားလုပ်ခြင်း: ကုမ္ပဏီငွေများကို ပုဂ္ဂလိကအသုံးစရိတ်အဖြစ် အသုံးပြုခြင်း။

၄။ အရည်အသွေးနှင့် ဝန်ဆောင်မှု ညံ့ဖျင်းခြင်း
· မညီမျှသော ကုန်ပစ္စည်းအရည်အသွေး: ဝယ်ယူသူများ စိတ်မကျေနပ်မှုဖြစ်စေပြီး ပြန်လည်အပ်နှံရခြင်း၊ ဂုဏ်သတင်းကျဆင်းခြင်းများဖြစ်စေသည်။
· ဝန်ဆောင်မှုညံ့ဖျင်းခြင်း: ဖောက်သည်များ၏ တိုင်ကြားချက်များကို လျစ်လျူရှုခြင်း၊ ဖြေရှင်းမပေးခြင်း။

၅။ အစီအစဉ်မရှိခြင်းနှင့် ဗျူဟာချမှတ်မှု ကင်းမဲ့ခြင်း
· ရေရှည်အမြင်မရှိခြင်း: နောင်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအတွက် ကြိုတင်ပြင်ဆင်မှုမရှိခြင်း။
· လုပ်ငန်းအစီအစဉ် မရှိခြင်း: ဘယ်သွားမည်၊ ဘယ်လိုသွားမည်ကို ရေးဆွဲထားခြင်းမရှိဘဲ လုပ်ငန်းလည်ပတ်ခြင်း။

၆။ စျေးကွက်ပြောင်းလဲမှုကို လိုက်လျောညီထွေမရှိခြင်း
· နည်းပညာနောက်ကျကျန်ခြင်း: ဈေးကွက်တွင် ခေတ်ရှေ့ပြေးနေသော နည်းပညာများကို မမွမ်းမံခြင်း။
· ဖောက်သည်များ၏ အလေ့အထ ပြောင်းလဲမှုကို မတုံ့ပြန်နိုင်ခြင်း: ဖောက်သည်များ လိုချင်သောအရာပြောင်းသွားသော်လည်း လိုက်ပြောင်းနိုင်စွမ်းမရှိခြင်း။

၇။ ထိရောက်သော စျေးကွက်ရှာဖွေရေး မရှိခြင်း
· လူသိများမှုနည်းပါးခြင်း: ကောင်းမွန်သော ထုတ်ကုန်ရှိသော်လည်း မည်သူမှသိရှိခြင်းမရှိလျှင် ရောင်းအားမရနိုင်ပါ။
· မှားယွင်းသော ကြော်ငြာခြင်း: မှားယွင်းသော စျေးကွက်သို့ မှားယွင်းသော မက်ဆေ့ချ်ဖြင့် ကြော်ငြာခြင်း။

၈။ ပြင်ပအကြောင်းအရင်းများ
· စီးပွားရေးကျဆင်းခြင်း: စားသုံးသူဝယ်လိုအား ကျဆင်းသွားခြင်း။
·ဉပဒေသစ်များ: လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေသော ဥပဒေစည်းမျဉ်းသစ်များ ထွက်ပေါ်လာခြင်း။
· သဘာဝဘေးအန္တရာယ်: ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း စသည်တို့ကြောင့် လုပ်ငန်းရပ်ဆိုင်းရခြင်း။

၉။ လုပ်ငန်းတွင် မိသားစုဝင်များ ရောထွေးခြင်း
· ကျွမ်းကျင်မှုမရှိသော မိသားစုဝင်များကို အရေးပါသောနေရာထားခြင်း: စီမံခန့်ခွဲမှုဆိုင်ရာ ပဋိပက္ခများနှင့် ဆုံးဖြတ်ချက်များ ယိုယွင်းစေသည်။

၁၀။ စိတ်ရှည်သည်းခံမှုမရှိခြင်း
· ချက်ချင်းအောင်မြင်မှုရရန် မျှော်လင့်ခြင်း: စီးပွားရေးလုပ်ငန်းများသည် အချိန်ယူရသည်၊ လပိုင်း၊ နှစ်ပိုင်းအတွင်း အမြတ်အစွန်းမရနိုင်ပါ။

ကာကွယ်ရန်
(၁)အတွင်းစီမံခန့်ခွဲမှုကို အားကောင်းအောင်လုပ်ပါ: ငွေကြေးစီမံခန့်ခွဲမှုကို စနစ်တကျလုပ်ပါ။
(၂)ဈေးကွက်ကို အမြဲလေ့လာပါ: ဖောက်သည်များ၏ လိုအပ်ချက်နှင့် ပြိုင်ဘက်များ၏ လှုပ်ရှားမှုများကို နားလည်ပါ။
(၃)အရည်အသွေးနှင့် ဝန်ဆောင်မှုကို အလေးထားပါ: ဖောက်သည်များ စိတ်ကျေနပ်မှုသည် အကောင်းဆုံးကြော်ငြာဖြစ်သည်။
(၄)လိုက်လျောညီထွေရှိပါ: ပြောင်းလဲနေသော စျေးကွက်အခြေအနေအတွက် အဆင်သင့်ရှိပါစေ။
(၅)ကောင်းမွန်သော လုပ်ငန်းအစီအစဉ် ရေးဆွဲထားပါ: ရေတိုနှင့် ရေရှည်ပန်းတိုင်များ သတ်မှတ်ပါ။

ဤအချက်များကို သိရှိနားလည်ပြီး ကြိုတင်ကာကွယ်မှုများပြုလုပ်ထားခြင်းဖြင့် သင့်စီးပွားရေးလုပ်ငန်းကို ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်နိုင်ပါလိမ့်မည်။

လေးစားခင်မင်စွာဖြင့်

❗❗❗ ဂိုထောင်ရှင်း Promotion နဲ့ 6 လုံးသာကျန်ပါတော့မယ်ကုန်ကျစရိတ်သက်သာပြီး ဆိုလာ 590w 4 ချပ်နဲ့ တွဲသုံးနိုင်တဲ့ PowMr 60A...
17/09/2025

❗❗❗ ဂိုထောင်ရှင်း Promotion နဲ့ 6 လုံးသာကျန်ပါတော့မယ်

ကုန်ကျစရိတ်သက်သာပြီး ဆိုလာ 590w 4 ချပ်နဲ့ တွဲသုံးနိုင်တဲ့ PowMr 60A MPPT Controller လေးရပါပြီဗျာ

🥰 ဖုန်းလေးသာဆက်လိုက်ပါ တောင်ကြီးမြို့တွင်းဆို အိမ်ရောက်ငွေချေ ပို့ပေးပါတယ် 🥰

☎ 09789862513

- 180000ks

Powmr MPPT 40A Controller လေးတွေ ပစ္စည်းရောက်ပါတယ်ခင်ဗျာPhone - 09789862513လိပ်စာ - No 17/15 Damayadanar Street ,Yayayek...
13/09/2025

Powmr MPPT 40A Controller လေးတွေ ပစ္စည်းရောက်ပါတယ်ခင်ဗျာ

Phone - 09789862513

လိပ်စာ - No 17/15
Damayadanar Street ,
Yayayekwin , Taunggyi

Auto Sensor ပါတဲ့ လမ်းမီးတိုင်တွေက တကယ် အမိုက်စားနော်...😎 Solar နဲ့ လမ်းမီးတိုင်မျိုးစုံကို ၀ယ်ယူရရှိနိုင်ပါပြီရှင်...🤩🚦...
13/09/2025

Auto Sensor ပါတဲ့ လမ်းမီးတိုင်တွေက တကယ် အမိုက်စားနော်...😎

Solar နဲ့ လမ်းမီးတိုင်မျိုးစုံကို ၀ယ်ယူရရှိနိုင်ပါပြီရှင်...🤩

🚦 Remote Control System လည်း ပါတဲ့အပြင်...

🚦 Auto Sensor ပါပြီးသားဖြစ်လို့
လူအရိပ်မြင်တာ (or) လမ်းလျှောက်သံကြားတာနဲ့ မီးလင်းနိုင်ပြီး...

🚦 ကြာချိန် (8) နာရီကြာ အသုံးခံနိုင်ပါတယ်ရှင်...😄

🤗 150 W / 200 W နဲ့ 250 W ဆိုပြီး
ဆိုဒ်အမျိုးအစားပေါ်မူတည်၍ စျေးနှုန်းလေး ကွာခြားချက်ရှိပါတယ်ရှင်...💯

Size မျိုးစုံကို အမြန်ဆုံးမှာယူချင်ရင် အခုပဲ ဆက်သွယ်လိုက်ပါရှင်...✨️
Error တိုင်းအတွက် စိတ်ကျေနပ်အောင်ဆောင်ရွက်ပေးမဲ့အပြင်အဆင်မပြေပါက ၀ယ်ထားတဲ့စျေးအတိုင်းပြန်အမ်းပေးမှာပါရှင်...😄

🎊 လက်ကား၀ယ်ယူလိုတဲ့ မိတ်ဆွေများအတွက်လည်း လက်ကားစျေးသပ်သပ် ရှိပါတယ်ရှင်...

မှာယူချင်တယ်ဆိုရင်တော့...

☎️ 09789862513

ဒီဖုန်းလေးတွေကနေ ဆက်သွယ်မှာယူလို့ရပါတယ်ရှင့်🥰

မြန်မာတစ်နိုင်ငံလုံးက ကားဂိတ်ရှိတဲ့ မြို့နယ်တိုင်းကို ပို့ပေးပါတယ်ရှင့်🚚
% အပို လုံးဝ ပေးစရာ မလိုဘဲ Mobile Banking / Kpay တို့နဲ့ လည်း စိတ်ကြိုက်ဝယ်ယူလို့ရနေပါပြီ

ကိုယ်တိုင် ကိုယ်ကျ လာရောက်ရွေးချယ်ချင်ရင်‌တော့

🏠အမှတ်-17/16 ဓမ္မရတနာလမ်း၊ဘုရားဖြူရပ်ကွက်၊တောင်ကြီး

😍 ဂိုထောင်ရှင်း ( stock လက်ကျန် ဖြတ် )Promotion အမှီ ညောင်ရွှေမြို့နယ်မှ လာရောက်ဝယ်ယူသွားသော အကိုနဲ့အမ ကျေးဇူးတင်ပါတယ်ရှ...
12/09/2025

😍 ဂိုထောင်ရှင်း ( stock လက်ကျန် ဖြတ် )Promotion အမှီ ညောင်ရွှေမြို့နယ်မှ လာရောက်ဝယ်ယူသွားသော အကိုနဲ့အမ ကျေးဇူးတင်ပါတယ်ရှင့် ✨

💁‍♀️ မီးပျက်ချိန်မှာ Air-cooler, Laptop နဲ့ မီးချောင်အသုံးပြုဖို့အတွက် ဝယ်ယူအားပေးသွားတာဘဲဖြစ်ပါတယ်ရှင့်

🍒 Ecoflow Delta-2 1800W လေးမှာဆိုရင် Fast Charging ပါဝင်တာမို့လို့ (80 မိနစ်) အားသွင်းရုံနဲ့ 0 to 100% အားအပြည့်ဝင်စေပါတယ်ရှင့်

🍒 1024Wh ပါဝင်တာဖြစ်တဲ့အတွက် air-cooler, မီးချောင်း, ပန်ကာ, air cooler, laptop , WiFi, ဖုန်းအားသွင်း အသုံးပြုနိုင်ပါတယ်ရှင့်

🍒 Puresine Wave Inverter ဖြစ်ပီးတော့ Lifepo4 Battery အသုံးပြုထားပါတယ်ရှင့်

🍒EPC မီးကနေ အားသွင်းနိုင်သလို, solar ကလည်းအားသွင်းနိုင်ပါတယ်ရှင့်

🍎 အာမခံ- 5နှစ်‌
🌶 Promotion ဈေးနှုန်း : 500,000 ks 😍

💯 ဆက်သွယ်ရန် - 09-789862513

🏠 အမှတ်- 17/16 ဓမ္မရတနာလမ်း၊ဘုရားဖြူရပ်ကွက်၊တောင်ကြီး ။

နေရောင်ခြည်စွမ်းအင်သုံးပြား (Solar Panels) တပ်ဆင်ထားတဲ့ အိမ်တစ်အိမ်အတွက် မိုးကြိုးလွှဲစနစ် တပ်ဆင်ဖို့ လို၊ မလိုနဲ့ ပတ်သက...
24/08/2025

နေရောင်ခြည်စွမ်းအင်သုံးပြား (Solar Panels) တပ်ဆင်ထားတဲ့ အိမ်တစ်အိမ်အတွက် မိုးကြိုးလွှဲစနစ် တပ်ဆင်ဖို့ လို၊ မလိုနဲ့ ပတ်သက်ပြီး လူအများ စိတ်ဝင်စားကြတဲ့ မေးခွန်းနဲ့အဖြေတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

မေး။ Solar Panel တွေက မိုးကြိုးကို ပိုဆွဲငင်နိုင်သလား။
ဖြေ။ မိုးကြိုးဟာ အမြင့်ဆုံးအရာဝတ္ထုကို ဦးတည်လေ့ရှိတာကြောင့် ခေါင်မိုးပေါ်မှာ တပ်ဆင်ထားတဲ့ Solar Panel တွေဟာ မိုးကြိုးပစ်နိုင်ခြေကို အနည်းငယ်တိုးစေနိုင်ပါတယ်။ ဒါပေမဲ့ Solar Panel တွေက မိုးကြိုးကို သံလိုက်လို ဆွဲဆောင်တာမျိုးတော့ မဟုတ်ပါဘူး။ အဓိကအားဖြင့် ၎င်းတို့ရဲ့ တည်နေရာနဲ့ အမြင့်ကြောင့် ဖြစ်ပါတယ်။

မေး။ Solar Panel တပ်ဆင်ထားတဲ့ အိမ်တိုင်း မိုးကြိုးလွှဲ တပ်ဆင်သင့်ပါသလား။
ဖြေ။ မိုးကြိုးလွှဲ တပ်ဆင်သင့်၊ မသင့်ဆိုတာက သင့်ရဲ့အိမ်တည်နေရာ၊ အမြင့်နဲ့ သင့်အိမ်က ပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အအုံတွေထက် ပိုမြင့်နေမယ်ဆိုရင် မိုးကြိုးလွှဲတပ်ဆင်ဖို့ စဉ်းစားသင့်ပါတယ်။

မေး။ မိုးကြိုးပစ်ခံရရင် ဘယ်လိုထိခိုက်မှုတွေ ဖြစ်နိုင်သလဲ။
ဖြေ။ မိုးကြိုးတိုက်ရိုက်ပစ်ခံရမယ်ဆိုရင် Solar Panel, Inverter, ဝါယာရိန်းစနစ်အပြင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေပါ ပျက်စီးသွားနိုင်ပါတယ်။ မိုးကြိုးနဲ့ အနီးအနားမှာ ပစ်တာတောင်မှ လျှပ်စီးလှိုင်းတွေကြောင့် လျှပ်စစ်ပစ္စည်းတွေ ထိခိုက်နိုင်ပါတယ်။

မေး။ မိုးကြိုးလွှဲစနစ်က Solar Panel တွေကို ဘယ်လိုကာကွယ်ပေးနိုင်ပါသလဲ။
ဖြေ။ – မိုးကြိုးတစ်ချက်ထိရင် ဓာတ်အား Solar system ထဲ မဝင်ပဲ မြေထဲသို့ တိုက်ရိုက်စီးသွားစေတယ်။
– SPD နဲ့တွဲသုံးပြီး မိုးကြိုးပစ်တာကြောင့်ဖြစ်တဲ့ မြင့်မားတဲ့ လျှပ်စစ်ဖိအားကို စုပ်ယူပြီး Ground သို့ပို့တယ်။
– Panel frame / inverter casing မှာ လျှပ်စီးလျှင် လူကိုမထိဘဲ မြေထဲသို့ ဓာတ်အားစီးသွားစေတယ်။
– Voltage fluctuation လျော့ပြီး Solar system ကို သက်တမ်းပိုကြာစေတယ်။

မေး။ Solar Panel တွေမှာ မိုးကြိုးဒဏ်ခံနိုင်အောင် ဘာတွေလုပ်ထားပါသလဲ။
ဖြေ။ အရည်အသွေးမြင့် Solar Panel တွေကို သတ်မှတ်စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာဖြစ်ပြီး အများစုမှာ မိုးကြိုးနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ ဒါက Panel ကိုယ်တိုင်အတွက်သာဖြစ်ပြီး စနစ်တစ်ခုလုံးကို အပြည့်အဝကာကွယ်ပေးနိုင်ဖို့ဆိုရင် မိုးကြိုးလွှဲနဲ့ SPD စနစ်တွေကို ပေါင်းစပ်တပ်ဆင်ဖို့ လိုအပ်ပါတယ်။

ယခုအခါ ထပ်မံ၍ အိမ်သုံးဆိုလာစနစ်ပုံးများ၏ သတိပြုရန် အချက်အလက်များကို အမှတ်ရရှိစေဖို့အတွက်နှင့် USBအားသွင်းပေါက်အား အဆင့်မ...
16/08/2025

ယခုအခါ ထပ်မံ၍ အိမ်သုံးဆိုလာစနစ်ပုံးများ၏ သတိပြုရန် အချက်အလက်များကို အမှတ်ရရှိစေဖို့အတွက်နှင့် USBအားသွင်းပေါက်အား အဆင့်မြင့်တင်ထားကြောင်း ပြန်လည်တင်ပြ ပေးချင်ပါတယ်။

သတိပြုရန်အချက်များမှာ -

၁။ ၆၀ ၀ပ်အိမ်သုံးဆိုလာစနစ်ပုံးဆိုလျှင် စနစ်၏ သက်တမ်း ကြာရှည်စွာ အသုံးပြုနိုင်ရန် တစ်ပြိုင်နက်တည်း ၆၀ ၀ပ် ၀န်အားထက် ပိုမို မသုံးစွဲရန် နှင့်
၁၀၀ ၀ပ်အိမ်သုံးဆိုလာစနစ်ပုံးဆိုလျှင် စနစ်၏ သက်တမ်း ကြာရှည်စွာ အသုံးပြုနိုင်ရန် တစ်ပြိုင်နက်တည်း ၁၀၀ ၀ပ် ၀န်အား ထက် ပိုမို မသုံးစွဲရပါ။

၂။ ဆိုလာမှ စနစ်ပုံးအတွင်းရှိ ဘတ္ထရီအား ပုံမှန် အားသွင်းနိုင်ရန် အဓိက မိန်းခလုပ် ကိုဖွင့်ထားပေးပါ။

၃။ ဆိုလာစနစ်ပုံးအား အသုံးပြုရာတွင် ဒီစီခလုတ်နှင့် ပင်မခလုတ် အားဖွင့်ထားပေးပါရန်။

၄။ ဒီစီ၁၁.၁ဗို့ပေါက်များ အတွက် သတ်မှတ်LEDမီးလုံးမှလွဲ၍ အသုံးမပြုရန်။

၆။ အိမ်တွင်းလူမရှိပါက မည်သည့် လျှပ်စစ်ပစ္စည်းကိုမှ အားသွင်းထားခြင်း မပြုလုပ်ရန်။

၇။ ဆိုလာအား တိုက်ရိုက် ချိတ်ဆက်၍ အားသွင်းခြင်း မပြုလုပ်ရန်။

၈။ လျှပ်စီးလက်နေစဉ် အတွင်း ဆိုလာစနစ်ပုံးအား အသုံးမပြုရန်နှင့်
ပင်မခလုတ်အား ပိတ်ထားပြီး ပလပ်ဖြုတ်ထားပါရန်။

၉။ USB ပေါက်အား ခွင့်ပြုချက် မရှိသော လျှပ်စစ်ပစ္စည်းများ သို့မဟုတ် ခေါင်းစွတ်ဓာတ်မီးများ အားသွင်းခြင်းပြုပါက စနစ်မှ အလိုအအလျောက် အားသွင်းခြင်းကို ရပ်တန့်စေနိုင်သည်။ သို့ဖြစ်၍ USB ပေါက်သည် ဖုန်းအားသွင်းခြင်း အတွက်သာဖြစ်ပြီး တစ်ပြိုင်နက်
တည်း ဖုန်းနှင့် ခေါင်းစွတ်ဓာတ်မီး အားသွင်းပါက ဖုန်းအားသွင်း၍ ရမည် မဟုတ်ပဲ ခေါင်းစွတ်ဓာတ်မီး ဖယ်ရှားမှ သာလျှင် ဖုန်းအားဆက်သွင်းနိုင်မည် ဖြစ်ပါသည်။

ဆက်သွယ်မှာယူလိုပါက အောက်ပါအချက်အလက်အပြည့်အစုံကိုPage chatboxတွင်ချန်ခဲ့ပါ။
- (၁) လိုချင်တဲ့ ပစ္စည်း
- (၂) နာမည်
- (၃) ဖုန်းနံပါတ်
- (၄) လိပ်စာ
-ပစ္စည်းသည်oringinalအစစ်ဖြစ်ကြောင်းအားမခံပါသည်။

-နယ်သမားများအတွက်လဲ ပစ္စည်းdeliမအပ်ခင် သေချာစမ်းသပ်စစ်ဆေးပေးပါတယ်နော်။ စိတ်ချစွာဝယ်ယူပါ။

Page phone

09789862513

K pay 🌟🌟 wave ရပါတယ်🔥

တောင်ကြီးမြို့ပေါ်အိမ်အရောက်ငွေချေစနစ် ဖြင့်ပို့ပေးပါတယ်⚡️⚡️⚡️

ကျန်မြို့များပစ္စည်းရောက်ငွေချေတော့မရပါဘူး
ငွေလွှဲဝင်မှပစ္စည်းကဖယ်ပေးတာမို့ပါနော်🙏🙏🙏

ဆိုင်လိပ်စာ

အမှတ် 17/16 ဓမ္မရတနာလမ်းရေအေးကွင်းရပ်ကွက်တောင်ကြီးမြို့

09789862513 ရုံးချိန်မနက် 9 နာရီမှညနေ 5 နာရီအတွင်းစုံစမ်းမေးမြန်းနိုင်ပါတယ်

W60-=150000
W100 =260000

Online Shop တွေနဲ့ Customer တွေကြားက ပြဿနာ က ဘာလဲ ဆိုရင် CS ဘက်က ပစ္စည်းမဝယ်ခင် အိမ်ရောက်‌ငွေချေရလား ( COD ) ဆိုတာအရင်မေ...
13/08/2025

Online Shop တွေနဲ့ Customer တွေကြားက ပြဿနာ က ဘာလဲ ဆိုရင် CS ဘက်က ပစ္စည်းမဝယ်ခင် အိမ်ရောက်‌ငွေချေရလား ( COD ) ဆိုတာအရင်မေးပါတယ်

ဟုတ်ပါတယ် ဒါဘာကြောင့် မေးကြတာလဲ ဆိုရင် OS အတုတွေကြောင့် ငွေလွဲလိုက်ပီး Block ခံရတာ ပစ္စည်းမပို့ပေးတာ တွေ ကြုံရတာများတော့ အိမ်ရောက်ငွေချေ မရရင် မယူရဲတဲ့ အခက်အခဲတွေ ဖြစ်လာပါတယ်

ကိုယ်တိုင်လဲ ကြုံခဲ့ရတာမို့ ကိုယ်ချင်းစာပါတယ်

တဖက်က OS အစစ်တွေ ဘက်ကို ပြန်ကြည့်ရင် ယုံကြည်ပီး အိမ်ရောက်ငွေချေ ပေးလိုက်ပေမယ့် ပစ္စည်း သက်ဆိုင်ရာ မြို့နယ်ရောက်ပီးရင် ဖုန်းနံပတ် လိပ်စာ အမှားတွေပေးထားတာ၊ ဖုန်းမကိုင်တော့တာ၊ မမှာထားဘူး ပြောတာ၊ ဟိုနေ့ ချိန်း ဒီနေ့ ချိန်းပီး မယူတာ၊ Deli ကို လမ်းထိပ် စောင့်ခိုင်းပီး ပေါ်မလာတာ တွေကြောင့် အိမ်ရောက်ငွေချေ ပေးဖို့ အခက်အခဲတွေ ဖြစ်လာပါတယ်

ကိုယ်တိုင် ကြုံနေရဆဲပါ

တချို့ထင်မှာပဲ အိမ်ရောက်ငွေချေ ပေးတာ ပစ္စည်းမယူလဲ ကိုယ့်စီ ပြန်ရောက်မှာပဲ ပြောမှာပဲ

ဟုတ်ပါတယ် အပြောက တော့လွယ်တယ်

အဲ့ပါဆယ် မပို့ခင် ထုတ်ပိုး ရ‌တဲ့ အိတ်ဖိုး၊ တိတ်ဖိုး တွေနဲ့ ပြန်ရောက်လာရင် အကောင်းအတိုင်းမရောက်လာတော့ပါဘူး ပီးတော့ အဲ့ပါဆယ် OS ထံ ပြန်ရောက်ဖို့ အလွန်ဆုံး ကြာချိန် မြို့အနီးအဝေးပေါ်မူတည်ပီး 10 ရက်မှ 2 ပတ်နီးပါး ကြာပါတယ် ဒါတွေကြောင့် OS အများစု ကိုယ်တိုင် ကျင့်သုံးလာတဲ့ စရံ ကြိုလွဲ ပီး ပစ္စည်း ရောက်ချေ စနစ်သုံးလာကြပါတယ်

ဒီလို တောင်းလိုက်လို့ တချို့ CS တွေက မယုံတာ၊ မလွဲပေးချင်တာတွေ ကြုံရပြန်တယ်

ခုခေတ်မှာ စရံဆိုတာ ဘာမှ မဟုတ်တော့သလို စရံ လိမ်ခံလိုက်ရလို့ မွဲသွားတဲ့ CS ဆိုတာ မရှိနိုင်ပါဘူး

OS နဲ့ CS နှစ်ယောက်ထဲ မပီးသေးပါဘူး

Delivery ဘက်ကိုလဲ ပြန်ပီး ကြည့်ပေးရတယ်

ဘာလို့ဆို ပို့‌‌ပေးရမယ့်ပါဆယ်ထုပ်ကို Delivery သမားက လာကောက်ပေးပီး သက်ဆိုင်ရာ ရုံးခွဲကို အရင်ပို့ ပီးတော့ ရုံးချုပ်ကနေ တဆင့် သက်ဆိုင်ရာမြို့ ပီးတော့ အဲ့မြို့ရောက်တာနဲ့ အဆင့်ဆင့် ပြန်ပို့ရတာမို့ စရံ ဆိုတာ ဘာမှ မပြောပြလောက်ပါဘူး

ဒါကြောင့် OS+CS+Deli ‌တွေဆိုတာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီမို့

ပစ္စည်းမမှာခင် ကိုယ်ချင်စာပေးပါ ( အိတ်ထဲ ဆင်ရှိမှ ဝယ်ပါ )

ခုခေတ်မှာ Customer is not always right ပါခင်ဗျာ

အောက်က ပုံက ယုံကြည်ပီး စရံ ကြိုမတောင်းမိလို့ မယူတဲ့ Customer ရဲ့ပါဆယ်ပါခင်ဗျ

CS အယောက် 50 မှာ 1 ယောက် Delivery ခ မတောင်းမိရင် အဲ့တယောက်က Cancel ပါတယ်ခင်ဗျာ

လျှပ်စစ်မီးမလို Solarလမ်းမီး၊Solar ဆလိုက်တွေ စျေးနူန်းချိုသာစွာဖြစ်ရောင်းချပေးနေပါပြီ။ အာမခံ 1နှစ်ပါKTZဆိုလာဆလိုက်စျေးနူ...
09/08/2025

လျှပ်စစ်မီးမလို Solarလမ်းမီး၊Solar ဆလိုက်တွေ
စျေးနူန်းချိုသာစွာဖြစ်ရောင်းချပေးနေပါပြီ။
အာမခံ 1နှစ်ပါ

KTZဆိုလာဆလိုက်စျေးနူန်း
===============

60 W ဆိုလာဆလိုက်=80000ကျပ်
100 W ဆိုလာဆလိုက်=95000ကျပ်
200 W ဆိုလာဆလိုက်=135000ကျပ်
300Wဆိုလာစလိုက်=150000ကျပ်

Remoteအသုံးပြု၍နေလည်/ည အချိန်တွင်လိုအပ်သည်
နေရာတွင်ပြောင်းရွေ့အသုံးပြုနိုင်ပါသည်

မနက်နေအလင်းရရှိသည်နှင့်မီးအလင်းပိတ်သွားမည်ဖြစ်ပြီး ညနေနေဝင်သွားသည်နှင့်တစ်ပြိုင်နက် မီးအလင်းရရှိနိုင်မည်ဖြစ်ပါတယ်

👉ကြိုးအရှည် ၁၅ပေ ပါရှိခြင်း

☔️IP 67 ဖြစ်သည့်အတွက်ရေစိုခံနိုင်ခြင်း

နေရောင်ခြည်ကောင်းစွာရရှိပါက ၇နာရီမှ၈နာရီ
အချိန်ကြာမြင့်စွာအသုံးခံနိုင်ခြင်း

နယ်ဝေး ငွေလွှဲရောက်-ပစ္စည်းတင် စနစ်။
(ကားဂိတ်အရောက် တင်ပေးသည်။ ပို့ဆောင်ခပေးရပါတယ်)

📲ဖုန်း + Viber - 09789862513

02/08/2025

60 watt lemi home system

မီးထွန်းရန် 3 watt မီးသီး5လုံး
18နာရီ

ဖုန်းအားသွင်းရန်
ဖုန်း 9လုံးမှ 12လုံးထိ

မှာယူလို့ပါက
Cbမှာ အမည် လိပ်စာ ဖုန်းနဲ့ order တင်ပေးပါ

Warranty 3 years

30/07/2025

Lemi Solar 100 watt Home system
ဘာတွေအသုံးပြလို့ရမလည်း?

DC TV
DC Fan
Phအားသွင်း
မီးထွန်း လို့ရပါမယ်။

အာမခံပါလား ?
3 Years Warranty
3နှစ်အာမခံပါပါတယ်။

ဘာတွေပါလည်း?
100 watt power station
100 watt solar panel
3 watt led bulb
Cable
Usb charging pot

မှာယူလို့ပါက
အမှတ်17/16 ဓမ္မရတနာလမ်း
ရေအေးကွင်းရပ်ကွက်
တောင်ကြီး

ဖုန်း - 09789862513 ကို
ဆတ်သွယ်ဝယ်ယူနိုင်ပါတယ်ခ

LEMI 200watt PV System boxတွေပြန်ရပါပြီး ခုလက်ရှိဆိုင်မှာရောင်းအား ကောင်းနေတဲ့ကောင်လေးပါACစနစ်ပါတဲ့အပြင် 200 Wattမလိုအိမ...
26/07/2025

LEMI 200watt PV System box
တွေပြန်ရပါပြီး

ခုလက်ရှိဆိုင်မှာရောင်းအား ကောင်းနေတဲ့ကောင်လေးပါ

ACစနစ်ပါတဲ့အပြင် 200 Wattမလို
အိမ်သုံးအတွက်အစဉ်ပြေတဲ့ System unit လေးပါ

- 600000ks

အမှတ် 17/16 ဓမ္မရတနာလမ်း၊ရေအေးကွင်းရပ်ကွက် ၊တောင်ကြီး

09789862513

Address

No.17/16 Dhamm Yadanar St Yayayekwin Taunggyi
Taunggyi

Website

Alerts

Be the first to know and let us send you an email when LEMI Solar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category