17/03/2026
မိတ်ဆွေ သူငယ်ချင်း အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပြီး ကျန်းမာဘေးကင်းကြပါစေခင်ဗျာ။
🌞 တောင်ငူမြို့တွင် MTM အိမ်/ကား အဲကွန်း & ရေခဲသေတ္တာ အခြေခံသင်တန်း ပြန်ဖွင့်ပါမည့် အကြောင်း ပို့စ်လေးဖြစ်ပါတယ်။
ယနေ့ ကမ္ဘာကြီးတွင် တစ်နေ့တစ်ခြား ပိုမိုပူပြင်းလာနေပါသည်ဟု ဆိုနေကြခြင်းသည် အအေးပေးလုပ်ငန်းများ ပို၍ ပို၍ တွင်ကျယ်လာနေမည့်
သဘောပင် မဟုတ်ပါလားခင်ဗျာ။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းရွေးချယ်ရာတွင် ကိုယ်ရွေးချယ်မည့်လုပ်ငန်း၏ နောင်အနာဂါတ်တွင် တွင်ကျယ် လာနိုင်မည့် ရေရှည်အကျိုးဖြစ်နိုင်သော အလားအလာကို ထည့်သွင်း စဉ်းစားသင့်ပါသည်။
အကြောင်းကြောင်းကြောင့် ခေတ္တ ရပ်နားထားခဲ့သော MTM Vocational Technical Training School ၏
“အိမ်/ကား အဲကွန်းနှင့် ရေခဲသေတ္တာ အခြေခံ သင်တန်း” ကို အပတ်စဉ် (၁၀) အဖြစ် လာမည့် ဧပြီလ (၂၀) ရက်နေ့တွင် ပြန်လည် ဖွင့်လှစ် စတင်ပါမည်။
သင်တန်းဌာနသည် တောင်ငူမြို့ (၂) ရပ်ကွက် နေပူကုန်းလမ်း တွင် တည်ရှိသည်ဖြစ်၍ တောင်ငူမြို့ နှင့်အနီးတဝိုက်မှ အဲကွန်း/ ရေခဲသေတ္တာ နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုလိုသူများအတွက် ပိုမိုအဆင်ပြေစွာဖြင့် တက်ရောက်နိုင်သော နည်းပညာသင်တန်းတစ်ခု ဖြစ်ပါသည်။
အထူးသဖြင့် ၁၂ တန်းဖြေပြီး သက်မွေးပညာ တစ်ခုခု တတ်မြောက်ချင်သော၊ အချိန်ကို အကျိုးရှိစွာ အသုံးချလိုသော ကျောင်းသား/သူ များအတွက် အချိန်ကိုက်ပင် ဖြစ်ပါသည်။
“အတတ်ပညာဖြင့် အသက်မွေးခြင်း သည် မြတ်သော မင်္ဂလာတစ်ပါးပင်မဟုတ်ပါလားခင်ဗျာ။"
သင်တန်းကျောင်းအမည်--- အမ်တီအမ် သက်မွေးမှုနည်းပညာသင်တန်းကျောင်း ( MTM Vocational Technical Training School)
ဦးစီးတည်ထောင်သူ/သင်တန်းဆရာ ---- မင်းသိန်း (စက်မှု)
အထုပ္ပတ္တိအကျဉ်းကတော့---
မင်းသိန်း (စက်မှု)သည် တောင်ငူ GTI မှ Mechanical Power Major ဖြင့် ၁၉၉၄ ကျောင်းဆင်းဖြစ်ပါသည်။ ၂၀၀၀ ခုနှစ်တွင် ရန်ကုန်နည်းပညာတက္ကသိုလ် မှ BE ( Mechanical) ဘွဲ့ရရှိခဲ့ပါသည်။ကားအဲကွန်း နှင့် မော်တော်ယာဥ်ဆိုင်ရာ နည်းပညာစာအုပ်များဘာသာပြန်ထုတ်ဝေခဲ့သူဖြစ်ပါသည်။ အိမ်/ကား အဲကွန်း နှင့် ရေခဲသေတ္တာ ပြုပြင်မှုအတွေ့အကြုံ ဆယ်စုနှစ်မကရှိခဲ့ပြီး ယခုလည်း ကားအဲကွန်းဆားဗစ်စင်တာ ကို သင်တန်းနှင့် တွဲလျှက် ဖွင့်လှစ်ထူထောင် ထားပါသည်။ မြန်မာ့စက်မှုယန္တယားလောကတွင် ဂုဏ်အင်္ဂါကြီးမားသည့် ကက်တာပီလာ ( Caterpillar )စက်များ ရောင်းချဝန်ဆောင်မှုပေးသော မြန်ရွှေပြည်ထရက်တာလီမိတက်ကုမ္ပဏီ၏ သင်တန်းဌာနတွင် လက်ထောက်သင်တန်းဆရာ ဘဝမှ လက်ထောက်သင်တန်းဌာနမန်နေဂျာ ဖြစ်သည်အထိ ၁၄ နှစ်ခန့်ကြာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။
✍️မင်းသိန်း(စက်မှု) အကြိမ်ကြိမ်ထုတ်ဝေပြီးခဲ့သော မော်တော်ယာဉ် နည်းပညာ ဆိုင်ရာ ဘာသာပြန်စာအုပ်များမှာ-
📙မော်တော်ယာဥ်ဆိုင်ရာ လေအေးပေးစနစ် နှင့် လေပူပေးစနစ်
📘ခေတ်မီမော်တော်ယာဥ်ဆိုင်ရာ အခြေခံနည်းပညာများ( အလုပ်ရုံလက်စွဲ)
📗ကာဘရိုက်တာနှင့် အိပ်ဇောငွေ့ထုတ်လွှတ်မှု ထိန်းချုပ်စနစ်
📓ခေတ်မီမော်တော်ယာဥ်ဆိုင်ရာ လျှပ်စစ်နည်းပညာများ
📕မော်တော်ယာဥ်ဆိုင်ရာ EFI အင်ဂျင်နှင့် ကွန်ပျူတာထိန်းချုပ်စနစ်
📔ရိုးရိုးဂီယာ၊ အော်တိုဂီယာနှင့် ECT
ခေတ်မီမော်တော်ယာဥ်ဆိုင်ရာ ဘရိတ်နည်းပညာများ တို့ဖြစ်ပါသည်။
သင်တန်းနှင့်ပတ်သက်၍ သိလိုနိုင်သည်များကို ဖေါ်ပြပေးလိုက်ပါသည်။ ဖုန်းဆက်၍လည်းစုံစမ်းမေးမြန်းနိုင်ပါသည်။
▶️ သင်တန်းအမည်---- အိမ်/ကား အဲကွန်း နှင့် ရေခဲသေတ္တာ ပြုပြင်ရေးသင်တန်း
▶️ အပတ်စဉ် ---- ( ၁၀ )
▶️သင်တန်းကာလ---- ၁ လ ( လေးပတ် ) သို့မဟုတ် သင်တန်းရက် (၂၀) ဖြစ်ပါသည်။
▶️သင်တန်းနေ့---- တနင်္လာ မှ သောကြာအထိ ( စနေ ၊ တနင်္ဂနွေ ပိတ်ပါသည် )
▶️သင်တန်းအချိန်---- နံနက် ၉ နာရီမှ ၁၁း၃၀ အထိ
(စာတွေ့ )၊ မွန်းလွဲ ၁ နာရီမှ ၃း၃၀ အထိ(လက်တွေ့ )
စတင်မည့်နေ့---- ၂၀ - ၄ - ၂၀၂၆
ပြီးဆုံးနေ့------၁၅ - ၅ -၂၀၂၆
လက်ခံမည့်သင်တန်းသားဦးရေ (အများဆုံး)---- ၁၀ ယောက်သာ
သင်တန်းကြေး---- တစ်ဦးလျှင် ၂၅၀၀၀၀ ကျပ် ( Kpay ဖြင့်လဲပေးသွင်းနိုင်ပါသည်။)
🎁(အစဦး သင်တန်းအပ်သူ နံပါတ်စဉ် ၁,၂,၃ ကို ၂၀၀,၀၀၀၊ ၂၂၀,၀၀၀၊ ၂၃၀,၀၀၀ ကျပ်တို့ဖြင့် အသီးသီး လျှော့ဈေးထားပေးပါမည်။)
သင်တန်းတည်နေရာ---- အမှတ် ၂ / ၄၂၆၊ ၂ ရပ်ကွက်၊ နေပူကုန်းလမ်း (လက်ခြောက်ဖက်နတ်နန်းအနီး) တောင်ငူမြို့ ။
📞ဆက်သွယ်ရန်ဖုန်း---၀၉ ၄၅၀၀၁၂၂၅၄ ၊
၀၉ ၇၆၈၅၁၆၀၈၀
စာတွေ့လက်တွေ့သင်ကြားပေးမှာဖြစ်ပြီး စိတ်ပါလက်ပါတက်ရောက်သင်ယူပြီးသွားလျှင်တော့
အိမ်/ကား အဲကွန်း နှင့် ရေခဲသေတ္တာ တို့နှင့်ပါတ်သက်ပြီး---
✅သမိုင်းကြောင်းကစလို့ ဆင့်ကဲပြောင်းလဲတိုးတက်လာပုံအကြောင်း
✅မိမိတကိုယ်ရည်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်လုံခြုံရေးအတွက် လိုက်နာရန်များ
✅ လုပ်ငန်းခွင်သုံး လက်သုံး, ပါဝါသုံး ကိရိယာများကို အန္တရာယ်ကင်းစွာအသုံးပြုပုံ
✅အအေးပေးစနစ်အကြောင်း သင်ယူရန် မဖြစ်မနေ သိထားရမဲ့ ရူပဗေဒဆိုင်ရာ အခြေခံယူနစ်များနှင့် ၎င်းတို့၏ အဓိပ္ပါယ်များ
✅အအေးပေးစနစ်အမျိုးမျိုး နှင့် အသုံးအများဆုံးဖြစ်တဲ့ V***r Compression Cycle အကြောင်း
✅ပါဝင် တည်ဆောက်ထားတဲ့ ပစ္စည်းတစ်ခုချင်းစီ၏ ပုံစံနှင့် အမျိုးအစားများ၊
✅ပစ္စည်း တစ်ခုချင်းစီ၏ အလုပ်တာဝန်၊ ပြုပြင်ပုံ၊ တပ်ဆင်ပုံ၊ စစ်ဆေးအပြစ်ရှာပုံ
✅စနစ်လုပ်ဆောင်ချက်ကို စစ်ဆေးခြင်း ပြဿနာကို ရှာဖွေပြုပြင်ခြင်း
✅ကြေးပိုက်များဆက်သွယ်တပ်ဆင်ခြင်း, ကော်လံဖေါ်၍ဆက်ခြင်း,
✅ပိုက်များကို ဓါတ်ငွေ့ဂဟေ( Brazing ) ဖြင့်ပိုက်ဆက်ခြင်း/ဖြုတ်ခြင်း
✅ပျက်တတ်သော သဘောတရားများ နှင့် အပြစ်ရှာဖွေစမ်းသပ်ပုံ
✅ပစ္စည်း တစ်ခုချင်းစီကို ပြုပြင်ပုံ ဆေးကြောသန့်စင်ပုံ၊
✅စနစ်တွင်အဖြစ်အများဆုံးဖြစ်သော ဂက်စ် ယိုစိမ့်မှု ရှာဖွေပုံများ
✅အပူသယ်ဆောင်ပစ္စည်းဖြစ်တဲ့ Refrigerant ခေါ် ဂက်စ်အမျိုးမျိုးအကြောင်း ( Refrigerant Charts )
✅လေထုအရည်အသွေး အကြောင်း ဖေါ်ပြပေးသော ဂရပ် ( Psychrometric Chart )
✅ အအေးပေးစနစ်အတွက် ၀န်အားတွက်ချက်ခြင်း အခြေခံ ( Basic Cooling Load Calculation )
✅ ဂက်စ်ထည့်ပုံ/သိမ်းဆည်းပုံ အဆင့်ဆင့်
✅ Split/Window type အဲကွန်းများ တပ်ဆင်ပုံ ဆားဗစ်ပြုလုပ်ပုံ
✅ ကွန်ပရက်ဆာအမျိုးမျိုး အလုပ်လုပ်ပုံ၊ ကောင်းမကောင်းစစ်ဆေးစမ်းသပ်ပုံ
✅ စနစ်မှာလည်ပတ်နေတဲ့ ချောဆီစစ်ဆေး အသစ်လဲပုံ, ပိုက်လိုင်းများနှင့် အပူဖလှယ်ယူနစ်များ အတွင်းအပြင် ဆေးကြောသန့်ရှင်းပုံ
✅ အခြေခံလျှပ်စစ် နှင့်လျှပ်စစ်မော်တာများအကြောင်း၊
✅ သက်ဆိုင်ရာစနစ်အတွက် ထိန်းချုပ်ဆားကစ်များ အကြောင်း နှင့် ၎င်းတို့အား စစ်ဆေးအပြစ်ရှာပုံ
✅ လျှပ်စစ်တိုင်းတာရေး ကိရိယာများ၊ ဖိအားတိုင်းတာရေးကိရိယာများ၊ အပူချိန်တိုင်းတာရေး ကိရိယာများ ကို လက်တွေ့ အသုံးပြုတိုင်းတာပုံ
စသည် -- စသည် တို့ကို အခြေခံကျကျ စာတွေ့ လက်တွေ့ ဂဃဏန သိရှိနားလည်သွားပြီးဖြစ်ကာ လုပ်တတ်ကိုင်တတ် လုပ်ရဲကိုင်ရဲရှိသွားမည် ဖြစ်ပါသည်။
ဤသင်တန်းတက်ခြင်းအားဖြင့် ကျွဲကူးရေပါဆိုသလို အခြားနည်းပညာလုပ်ငန်းခွင်တိုင်းအတွက် သိရှိထားရမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လက်သုံး စက်သုံး ပါဝါသုံး ကိရိယာများကိုင်တွယ်သုံးစွဲပုံ၊ သက်ဆိုင်ရာအခြေခံ ရူပဗေဒ နှင့် မသိမဖြစ်လျှပ်စစ်သဘောတရားများ စသည်တို့ကိုပါ သိရှိနားလည်သွားမှာဖြစ်ပါတယ်။
ဤသင်တန်းမှ သင်ပေးလိုက်သည်များကို လက်တွေ့အသုံးချပြီး စဥ်ဆက်မပြတ် ဆက်လက်လုပ်ကိုင်သွားပါက ပေးခဲ့ရသောသင်တန်းကြေးထက်အဆများစွာသာလွန်သော အကျိုးရလဒ်များ ပြန်လည်ရရှိနိင်မှာ ဖြစ်ပါတယ်။
သင့်အိပ်မက်တွေ ကို အခုပဲ အကောင်အထည်ဖေါ်လိုက်ပါ။
ဤသင်တန်းတက်ရန်အတွက်
▶️ အနည်းဆုံးအလယ်တန်း အဆင့်ရှိသင့်ပါသည်။
▶️အသက်အရွယ်၊ ကျား/မ ကန့်သတ်ချက်မရှိပါ။
▶️ တတ်မြောင်အောင်သင်ယူလိုသော ဇွဲ၊ လုံ့လဝီရိယ သာလိုပါသည်။
▶️ မတတ်မချင်းသင်ပေးပါမည်။
▶️ သင်တန်းပြီးနောက်လည်း လာရောက်မေးမြန်းလေ့ကျင့်နိုင်ပါသည်။
▶️သင်တန်းပြီးဆုံးလျှင် သင်တန်းအောင်မြင်စွာ တက်ရောက်ပြီးဆုံးကြောင်း လက်မှတ် (Certificate) အပ်နှင်းပါမည်။ (သင်တန်းတက်ရောက်မှု အချိန် အနည်းဆုံး ၈၀ ရာခိုင်နှုန်း ရှိပြီး သတ်မှတ် သင်တန်းပြီး အရည်အချင်းစစ်စာမေးပွဲအား ဖြေဆိုအောင်မြင်ရပါမည်။)
▶️အလုပ်လုပ်လိုသော သင်တန်းဆင်းများအား သင့်လျှော်သောအလုပ်များနှင့် ဆက်သွယ်ကမ်းလှမ်းပေးပါမည်။
▶️ရပ်ဝေးမှလာရောက်သင်ကြားလိုသော သင်တန်းသား/သူများအတွက် အဆောင်ငှားရန် ကူညီစီစဉ်ပေးပါသည်။
အမ်တီအမ် သက်မွေးမှု နည်းပညာ သင်တန်းကျောင်းနှင့်အတူ
🔧MTM Car Air Con Service Center (အမ်တီအမ် ကားအဲကွန်းဆားဗစ်စင်တာ) ကိုလည်း ပူးတွဲဖွင့်လှစ်ထားပါသည်။
🚗လူကြီးမင်းတို့ကားများ၏ ကားအဲကွန်းများကို တာဝန်ယူမှုအပြည့်ဖြင့် အကောင်းဆုံးပြုပြင်ဝန်ဆောင်မှုပေးနေပါပြီ။🔧
▶️လဲလှယ်ပေးသောပစ္စည်းများကို ၃ လ အာမခံ
ဖြင့် အကောင်းဆုံးဆောင်ရွက်ပေးပါသည်။
▶️ပြုပြင်ပေးလိုက်သောကားများကိုလည်း ၃ လအတွင်း ၃ ကြိမ်
ပြန်လည်ခေါ်ယူ အခမဲ့စစ်ဆေးပေးပါသည်။
***( ပြုပြင်လိုသူများ ကြိုတင်ရက်ချိန်းရယူ၍ မနက် ၉ နာရီခန့် ကားလာအပ်ပါက ပိုမိုအဆင်ပြေပါသည်။ တခါတရံ ဆိုင်ရှိပစ္စည်းနှင့် မကိုက်ညီ၍ ရန်ကုန်သို့ မှာယူရလျှင် အချိန်မီ အဆင်ပြေစေရန်ဖြစ်ပါသည်။)