Thiha Dana Construction Group

Thiha Dana Construction Group “မြန်ဆန်တိကျ သီဟဓန”

"အိမ်ရှင်က QC ထည့်ရင် ပိုပေးရမှာလား?" 🤔"ဆောက်လုပ်ရေးသမားက အစကတည်းက စံချိန်စံညွှန်းအတိုင်း ကောင်းအောင်ဆောက်ရမှာပေါ့... ကြ...
30/08/2026

"အိမ်ရှင်က QC ထည့်ရင် ပိုပေးရမှာလား?" 🤔

"ဆောက်လုပ်ရေးသမားက အစကတည်းက စံချိန်စံညွှန်းအတိုင်း ကောင်းအောင်ဆောက်ရမှာပေါ့... ကြားထဲက QC ပါလာလို့ဆိုပြီး စျေးပိုပေးရမယ်ဆိုတာ လောဘကြီးတာ မဟုတ်ဘူးလား?" 🤔

အပေါ်ယံ ကြည့်ရင်တော့ ဒီစကားက မှန်သလိုလိုပါပဲ။
အစကတည်းက စံနှုန်းအတိုင်း ကောင်းကောင်းဆောက်ထားရင် QC ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဘာမှ ထူးမသွားပါဘူး။ ဆောက်လုပ်ရေးသမားအတွက်လည်း ခေါင်းအေးတယ်၊ လက်ရာကောင်းရင် QC ထက် ဆောက်လုပ်ရေးသမားကပဲ နာမည်ပိုရတာပါ။

ဒါပေမဲ့ လက်တွေ့ ဆိုက်ထဲမှာတော့ QC ပါလာရင် ပုံမှန်ထက် ကုန်ကျစရိတ်တွေ ပိုလာစေတဲ့ အမှန်တရားတွေ ရှိနေပါတယ်။

မှန်အောင် လုပ်ထားပေမဲ့ "မှန်ကြောင်း သက်သေပြဖို့" လေဘာပါ ပိုကုန်ပါတယ်။ အချိန်ရော ပိုကုန်ပါတယ်။ Time ဆိုတာ Construction မှာ Cost ပါပဲ။
ဆိုဒ်တွေမှာ ဖြစ်လေ့ရှိတဲ့ ဉပမာတစ်ခုပေါ့ ပြောပြမယ်ဗျ။
မနက်ပိုင်း ကွန်ကရစ်လောင်းဖို့ အရာရာ အဆင်သင့် ဖြစ်နေပြီ။ ညနေပိုင်း မိုးလေဝသ ကင်းစင်တုန်း လောင်းချင်ပေမဲ့ QC Inspection မဝင်ရသေးလို့ လောင်းခွင့်မရဘူး။
အဲဒီအခါ အလုပ်သမားတွေကို "မနက်ပိုင်းပဲ ခိုင်းရသေးတာမို့လို့ ညနေ ကွန်ကရစ် မလောင်းရတော့ရင် အလုပ်မရှိဘူး၊ နားလိုက်တော့... နေ့တစ်ဝက်ခပဲ ရမယ်" လို့ လုပ်လို့ ရမလား? လုံးဝ မရပါဘူးခင်ဗျာ။ လေဘာခ (၁) ရက်စာ အပြည့် ပေးလိုက်ရတာပါပဲ။
ဒီတင် ပြီးလားဆိုတော့ မပြီးသေးဘူး... နောက်နေ့မနက်ကျ မိုးက ရွာချလာပြန်တော့ မနက်ခင်း သန့်ရှင်းရေး ရှင်းလင်းရေးတွေကို အစကနေ ပြန်လုပ်ရပြန်တယ်။ အဲဒီမှာတင် လေဘာခတွေ၊ အချိန်တွေ ထပ်ကုန်သွားတာပါပဲ။

Material test result တွေဆိုလဲ ပုံမှန်အတိုင်း သက်ဆိုင်ရာ Supplier ဆီကယူ၊ ပြီးမှ Random စစ်ရမယ့်အစား QC ပါလာရင် အဆင့်တိုင်းကို Third Party Lab တွေအထိ ပို့စစ်ရတော့ လမ်းစရိတ်ရော စစ်ဆေးခပါ ပိုကုန်သွားပါတယ်။

ဒါတင်ပဲလားဆိုတော့... QC ဆိုတိုင်းလည်း အမှန် အကုန်သိကြတာမှ မဟုတ်တာ။ Site Experience မရှိဘဲ သင်တန်းတက်ပြီး တန်းလုပ်တဲ့ QC မျိုးဆို ဆိုဒ်ထဲက အခြေအနေကို ဆင်ခြင်တုံတရားနဲ့ မစဉ်းစားဘဲ တယူဆန်တတ်ကြပါတယ်။ Client ဆိုတာလဲ Contractor စကားထက် QC စကားပဲ ပိုယုံတာဆိုတော့ အဲဒီအခါ QC က တကယ် Qualified မဖြစ်ဘဲ လွဲမှားတဲ့ အမိန့်ပေးချက်တွေ၊ ဇွတ်ခိုင်းတာတွေ လုပ်လာရင် အောက်က Construction အဖွဲ့မှာ မလိုအပ်ဘဲ အချိန်တွေ ကုန်၊ ကုန်ကျစရိတ်တွေ တက်ပြီး အိမ်ရှင်နဲ့ပါ မျက်နှာပျက်ရတဲ့အထိ ဒုက္ခရောက်ရပါတယ်။
ဥပမာ- ဆောက်လုပ်ရေး စံနှုန်းအရ ခွင့်ပြုချက် ရာခိုင်နှုန်း (Tolerance) ဆိုတာ ရှိပေမဲ့ လုံးဝ ၁ မီလီမီတာမှ မလွဲရဘူးဆိုပြီး တယူဆန် ဇွတ်ခိုင်းတဲ့အခါ မလိုအပ်ဘဲ ပြန်ဖျက်၊ ပြန်လုပ် (Rework) တွေ လုပ်ရပြီး ကုန်ကျစရိတ် အရမ်းတက်လာပါတယ် ခင်ဗျာ။"

အခု AI ခေတ်ရောက်တော့ ပိုဆိုးတာပေါ့ 😁
ဆိုက်ထဲက အခြေအနေကို AI ထဲ ရိုက်ထည့်၊ AI က ပြန်ပြောတာကို လိုက်မှက်ပြီး ဆိုက်ထဲမှာ လာဆရာလုပ်၊ လာငြင်းနေရင် ကုန်သွားတဲ့ အချိန်တွေကလည်း costတွေပါပဲ။

ကျွန်တော်တို့ Thiha Dana လည်း အစကတော့ ဘာမှ မထူးပါဘူးဆိုပြီး QC ထည့်တဲ့ အတွက် ပိုမယူခဲ့ပါဘူး။
ဒါပေမဲ့လဲ လေဘာကို ပုံမှန်ထပ် ပိုပေးရတာတွေ၊ Material Testing အတွက် စရိတ်တွေ၊ Time Delay နဲ့ QC Request တွေကို လိုက်လုပ်ပေးရတဲ့ စရိတ်တွေကြောင့် ဆိုဒ်တစ်ခုအစကနေ အဆုံးအထိဆို ကုန်ကျစရိတ်က တကယ်တက်တာပါ။

ပုံမှန် Overhead & Contingency Cost ၅% မှ ၁၀% ရှိနေရာကနေ QC ပါလာရင် ၁၅% ကျော်လောက်ထိကို တက်သွားပါတယ်။

ဒါဆို "QC ပါလို့ စျေးပိုတောင်းတဲ့အခါ Client က မကြိုက်မှာစိုးရင်... အစကတည်းက ၁၀% လောက် ပိုတောင်းထားလိုက်ရင်ရော မရဘူးလား?" မေးစရာ ရှိလာပါတယ်။အစကတည်းက စျေးပိုတောင်းထားရင် QC မထည့်တဲ့ အိမ်ရှင်တွေအတွက် မတရား ဖြစ်သွားသလို့ စျေးများသွားလို့ အလုပ်မရမှာကိုလဲ စိုးရပါတယ်။

ဒါကြောင့် Thiha Dana မှာတော့ အိမ်ရှင်တွေကို ပွင့်လင်းမြင်သာမှုရှိအောင် အမြဲ ရှင်းပြပါတယ်။ အိမ်ရှင်အနေနဲ့ မိမိစိတ်ကြိုက် Third Party QC ထည့်ချင်တယ်ဆိုရင် QC နဲ့ ပတ်သက်မယ့် Extra Overhead Cost အနည်းငယ် သီးသန့် ပါဝင်လာမှာ ဖြစ်ကြောင်း အစကတည်းက ပွင့်ပွင့်လင်းလင်း ရှင်းပြ စာချုပ်ချုပ်တာက နှစ်ဦးနှစ်ဖက် အကောင်းဆုံးနဲ့ အမျှတဆုံး ရလဒ်ဖြစ်ပါလိမ့်မယ် ခင်ဗျာ။

🏗️ Thiha Dana Construction Group
👷‍♂️ Thiha Su Aung | B.E (Civil) - T. T. U
📞 09-964461691
#အိမ်ဆောက်ဗဟုသုတ

ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ သည် အိမ်ရှင်၊ ကန်ထရိုက်တာ၊ အင်ဂျင်နီယာ၊ ဗိသုကာ၊ အကြံပေး၊ စီမံကိန်းမန်နေဂျာ၊ အရည...
29/08/2026

ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ သည် အိမ်ရှင်၊ ကန်ထရိုက်တာ၊ အင်ဂျင်နီယာ၊ ဗိသုကာ၊ အကြံပေး၊ စီမံကိန်းမန်နေဂျာ၊ အရည်အသွေးစစ်ဆေးသူနှင့် ပစ္စည်းရောင်းချသူများအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းစဉ်တစ်ခုလုံး (Construction Supply Chain) ကို စနစ်တကျရှိစေရန် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။

၁။ ဥပဒေကြောင်းအရ အရေးယူမခံရစေရန် လိုက်နာရမှာကတော့

⌛️လုပ်ငန်း မစတင်မီ သက်ဆိုင်ရာ အမျိုးအစားအလိုက် လိုအပ်သော မှတ်ပုံတင်များကို ပြည့်စုံစွာ လျှောက်ထားရယူရန်။

⌛️အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများကိုအသိအမှတ်ပြု ဓာတ်ခွဲခန်းများတွင် စနစ်တကျ စစ်ဆေးပြီး ထောက်ခံချက် ရယူထားရန်။

⌛️အဆောက်အအုံ ဒီဇိုင်း၊ အထပ်အမြင့်နှင့် နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်စံချိန်စံညွှန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်။

၂။ လုပ်ငန်းအမျိုးအစားအလိုက် မှတ်ပုံတင်ရန် အခြေခံလိုအပ်ချက်များ

✅ Contractor (ကန်ထရိုက်တာ)
မှတ်ပုံတင် အဆင့်မြင့်အင်ဂျင်နီယာ (၁) ဦး + လုပ်ငန်းခွင် ကြီးကြပ်သူ (၁) ဦး

✅ Consultants (အကြံပေး)
မှတ်ပုံတင် အဆင့်မြင့်အင်ဂျင်နီယာ ဖြစ်ရမည်။ (အဖွဲ့အစည်းဖြစ်ပါက နယ်ပယ်အလိုက် ကျွမ်းကျင်သူ ၁ ဦးစီ ပါဝင်ရမည်)

✅ PM Group (စီမံကိန်းမန်နေဂျာ)
မှတ်ပုံတင် အဆင့်မြင့်အင်ဂျင်နီယာ (၁) ဦး + သက်ဆိုင်ရာ နယ်ပယ်အလိုက် အဆင့်မြင့်မှတ်ပုံတင်ရသူများ

✅ Quality Inspection (အရည်အသွေးစစ်ဆေးရေး) | အဆင့်မြင့်အင်ဂျင်နီယာ (၁) ဦးစီ + လုပ်ငန်းအတွေ့အကြုံ (၅) နှစ်ရှိသူ အနည်းဆုံး (၃) ဦး

၃။ ဥပဒေ မလိုက်နာပါက ကျခံရမည့် ပြစ်ဒဏ်များ
* မှတ်ပုံတင်မရှိဘဲ လုပ်ကိုင်ခြင်း အတွက် ထောင်ဒဏ် (၃) နှစ်အထိ (သို့) ဒဏ်ငွေ ကျပ်သိန်း ၅၀ အထိ (သို့) နှစ်ရပ်လုံး။
* မမှန်မကန် အထောက်အထားဖြင့် လျှောက်ထားပါကထောင်ဒဏ် (၃) နှစ်အထိ (သို့) ဒဏ်ငွေ ကျပ်သိန်း ၁၀၀ အထိ (သို့) နှစ်ရပ်လုံး။
* ခွင့်ပြုချက်ထက် ပိုမိုဆောက်လုပ်ခြင်း (ဒီဇိုင်း/အထပ်)လျှင် ထောင်ဒဏ် (၃) နှစ်အထိ (သို့) ဒဏ်ငွေ ကျပ်သိန်း ၂၀၀ အထိ + အဆောက်အအုံ ဖျက်သိမ်းခံရမည်။
* စံချိန်စံညွှန်းမမီသော ပစ္စည်း ထုတ်လုပ်/တင်သွင်းခြင်း ပါက ထောင်ဒဏ် (၅) နှစ်အထိ (သို့) ဒဏ်ငွေ ကျပ်သိန်း ၅၀၀ အထိ + ပစ္စည်းများ သိမ်းဆည်းခံရမည်။
* စံချိန်စံညွှန်းမမီသော အကြံဉာဏ် ပေးခြင်းအတွက်
ထောင်ဒဏ် (၃) နှစ်အထိ (သို့) ဒဏ်ငွေ ကျပ်သိန်း ၁၀၀ မှ ၅၀၀ အထိ (သို့) နှစ်ရပ်လုံး။
* မမှန်ကန်သော စစ်ဆေးရေး အစီရင်ခံစာ တင်ပြခြင်း (ပုဒ်မ ၇၃)လျှင် ထောင်ဒဏ် (၅) နှစ်အထိ (သို့) ဒဏ်ငွေ ကျပ်သိန်း ၁၀၀ မှ ၅၀၀ အထိ (သို့) နှစ်ရပ်လုံး။

ဥပဒေကို တိကျစွာ လိုက်နာခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော အဆောက်အအုံများကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။

Thiha Dana Construction Group မှ တာဝန်ယူ တည်ဆောက်ပေးလျက်ရှိသော အရှေ့ဒဂုံ၊ ဗညားဦး (၂) လမ်း ရှိ (18’ x 45’) အကျယ်အဝန်း (၂)...
24/08/2026

Thiha Dana Construction Group မှ တာဝန်ယူ တည်ဆောက်ပေးလျက်ရှိသော အရှေ့ဒဂုံ၊ ဗညားဦး (၂) လမ်း ရှိ (18’ x 45’) အကျယ်အဝန်း (၂) ထပ်ခွဲ RC နေအိမ် ရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများမှာ -

✅ Ground Floor: ပလာစတာချော လုပ်ငန်းများ ပြီးစီး
✅ First Floor: အုတ်စီ လုပ်ငန်းများ စတင် ဆောင်ရွက်နေ
✅ Roof Slab: ကွန်ကရစ် လောင်းခြင်း လုပ်ငန်းများ ပြီးစီး

လူကြီးမင်းတို့၏ အိပ်မက်အိမ်များကို အင်ဂျင်နီယာ စံချိန်စံညွှန်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ဖို့ Thiha Dana Construction Group က အမြဲတမ်း အကောင်းဆုံး ဆောင်ရွက်ပေးနေပါတယ်။ 🙏

👷‍♂️ Er. Thiha Su Aung B.E (Civil) - T. T. U
(Founder @ Thiha Dana Construction Group)
📞 ဖုန်း: 09-964461691
📍 ရုံးခန်း: အမှတ် (134)၊ လက်ယက်စမ်းရပ်ကွက်၊ သန်လျင်မြို့။

အခုတလော ဆောက်လုပ်ခွင့်ပါမစ်ကိစ္စနဲ့ပက်သက်ပြီးဂယက်ထလို့ အိမ်ဆောက်မယ်ဆို ဆောက်လုပ်ခွင့်ပါမစ်လျှောက်ထားပုံလေးကို ပြောပြချင်...
23/08/2026

အခုတလော ဆောက်လုပ်ခွင့်ပါမစ်ကိစ္စနဲ့ပက်သက်ပြီးဂယက်ထလို့ အိမ်ဆောက်မယ်ဆို ဆောက်လုပ်ခွင့်ပါမစ်လျှောက်ထားပုံလေးကို ပြောပြချင်ပါတယ်။

ကျနော်က သန်လျှင် Base Construction ဖြစ်လို့ သန်လျှင်မှာ အိမ်ဆောက်မယ်ဆို သန်လျှင်စည်ပင်မှာ ဆောက်လုပ်ခွင့်လျောက်ပုံကို ပြောပြမယ်။

သန်လျှင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တွင် အိမ်ဆောက်လုပ်ခွင့် (ပါမစ်) လျှောက်ထားရန်အတွက် အောက်ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ရပါမည်။

အဆင့် (၁) - လျှောက်လွှာထုတ်ယူခြင်း
* မိမိ၏ မြေပိုင်ဆိုင်မှုအထောက်အထား (ပုံစံ-၁၀၅) အား ယူဆောင်၍ သန်လျှင်မြို့နယ်စည်ပင်ရုံးတွင် အိမ်ဆောက်လုပ်ခွင့် လျှောက်လွှာပုံစံကို ထုတ်ယူပါ။
* (မှတ်ချက်။ ။ ပုံစံ-၁၀၅ သက်တမ်းကုန်နေပါက မြေစာရင်းဦးစီးဌာနရုံးတွင် သက်တမ်းတိုးခြင်းကို ကြိုတင်ဆောင်ရွက်ထားရပါမည်။)

အဆင့် (၂) - လိုအပ်သော စာရွက်စာတမ်းပြင်ဆင်ခြင်း
လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရန် ပြင်ဆင်ရမှာတွေကတော့

2ထပ်ခွဲနှင့်အောက် အဆောက်အဦးများအတွက်
* ပိုင်ဆိုင်မှုအထောက်အထား အနေနဲ့ မြေပုံနှင့် မြေရာဇဝင် (ပုံစံ-၁၀၅) မူရင်း။
* ပိုင်ရှင်အထောက်အထား အဖြစ် အိမ်ထောင်စုဇယားမိတ္တူနှင့် မှတ်ပုံတင်မိတ္တူ၊ မှတ်ပုံတင်ပြီး အရောင်းဝယ်စာချုပ် မိတ္တူ။
* အနည်းဆုံး RE (Construction) လက်မှတ်ထိုးထားသော Architecture Drawing တစ်စုံ

3ထပ်နှင့်အထက် အဆောက်အဦးများအတွက်
အထက်ပါစာရွက်စာတမ်းများအပြင်
* Architecture Drawing၊ Structure Drawing တို့ကိုမှတ်ပုံတင်အင်ဂျင်နီယာ RSE Engineer လက်မှတ်
ရေးထိုးထားရမည်။ (မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ လုပ်ထုံးလုပ်နည်း MNBC-2025 နှင့်အညီ ဖြစ်ရမည်)။
* Etab Soft Copy & Structure Calculation: အဆောက်အအုံ ကြံ့ခိုင်မှုတွက်ချက်မှုနှင့် ဆော့ဖ်ဝဲလ်ဖိုင်။
* Stability Checking: အဆောက်အအုံ တည်ငြိမ်မှုစစ်ဆေးချက်။
* Soil Test: မြေစမ်းသပ်ချက် အစီရင်ခံစာ။
* ရေဆွဲပုံစံများ: အဆောက်အအုံ၏ အရှေ့၊ အနောက်၊ ဘေးတိုက်အမြင်ပုံများ၊ ဖြတ်ပိုင်းပုံများနှင့် အင်ဂျင်နီယာဌာနက သတ်မှတ်ထားသော ပုံစံအတိုင်း ပြည့်စုံစွာ ဆွဲသားထားသော ရေဆွဲပုံစံ။

အဆင့် (၃) - လျှောက်လွှာဖြည့်စွက်ခြင်းနှင့် ဝန်ခံကတိပြုခြင်း

* အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်လွှာ မှာအိမ်ရှင်အမည်၊ ဆောက်လုပ်မည့်နေရာ ၊ အဆောက်အအုံအမျိုးအစား ၊ အခြေခံအုတ်မြစ် အမျိုးအစား၊ နံရံ၊ ကြမ်းခင်း၊ အမိုး၊ အလျား/အနံ/အမြင့် တို့ကို ပြည့်စုံစွာ ဖြည့်စွက်ရပါမည်။
* ဝန်ခံချက် : ခွင့်ပြုချက်ရရှိသည့်အတိုင်း ဆောက်လုပ်ရန်၊ (၃ ထပ်နှင့်အထက်ဖြစ်ပါက) ဖောင်ဒေးရှင်း၊ တိုင်၊ ယက်မ ဆောက်လုပ်ပြီးတိုင်း စည်ပင်သို့ အဆင့်ဆင့် အစစ်ဆေးခံရန်၊ အစစ်ဆေးမခံဘဲ ကွန်ကရစ်လောင်းပါက အရေးယူမှုခံယူရန် ဝန်ခံလက်မှတ်ရေးထိုးရပါမည်။
* ဝန်ခံကတိပြုလွှာ : သတ်မှတ်ထားသော မြေနေရာနှင့် စတုရန်းဧရိယာထက် ကျော်လွန်ဆောက်လုပ်ခြင်း၊ လွဲမှားခြင်းရှိပါက ဖြိုဖျက်သည်အထိ အရေးယူမှုကို ခံယူပါမည်ဟု အိမ်ရှင်မှ ဝန်ခံကတိပြု လက်မှတ်ရေးထိုးရပါမည်။

အဆင့် (၄) - ပတ်ဝန်းကျင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ရယူခြင်း

* မိမိဆောက်လုပ်မည့် အဆောက်အအုံအနီးပတ်ဝန်းကျင်ရှိ အရှေ့၊ အနောက်၊ တောင်၊ မြောက် အိမ်နီးနားချင်းများမှ ကန့်ကွက်ရန်မရှိကြောင်း (အမည်နှင့် လက်မှတ်) ရယူရပါမည်။
* ၎င်းနောက် သန်လျှင်မြို့နယ်၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သို့သွားရောက်၍ ကန့်ကွက်ရန်မရှိကြောင်း စစ်ဆေးမှုခံယူကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် လက်မှတ်နှင့် တံဆိပ် ရယူရပါမည်။

အဆင့် (၅) - စည်ပင်ရုံးသို့ လျှောက်လွှာတင်ပြခြင်းနှင့် ကွင်းဆင်းစစ်ဆေးခံခြင်း
* ဖြည့်စွက်ထားသော လျှောက်လွှာ၊ ထောက်ခံချက်များနှင့် အင်ဂျင်နီယာပုံစံများကို စည်ပင်ရုံးသို့ တင်ပြပါ။
* သန်လျှင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်တာဝန်ခံအင်ဂျင်နီယာ က မြေပြင်သို့ လာရောက်ကွင်းဆင်းစစ်ဆေးပါမည်။
* (သတိပြုရန်။ ။ 40’x60’ မြေ၌ အနည်းဆုံးအဆောက်အအုံ၏ ဘေးနှစ်ဘက်တွင် 3’ ရှေ့နောက်ကို 5’ချန်လှပ်၍ ဆောက်လုပ်ရပါမည်။)

အဆင့် (၆) - ကျသင့်ငွေပေးသွင်းခြင်းနှင့် ပါမစ်ထုတ်ယူခြင်း

* ကွင်းဆင်းစစ်ဆေးမှု အောင်မြင်ပြီးနောက် စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်ထားသော အဆောက်အအုံ တန်ဖိုးဖြတ်ခွန်နှင့် စည်ပင်အခွန်အခများကို ပေးသွင်းရပါမည်။
* ငွေသွင်းပြီးပါက စည်ပင်သာယာရေးအဖွဲ့၏ အတည်ပြုချက်ဖြင့် တရားဝင် "အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ်" ကို ထုတ်ယူရရှိမည် ဖြစ်သည်။ ပါမစ်ရရှိပြီးမှသာ အိမ်ဆောက်လုပ်ခြင်းလုပ်ငန်းကို စတင်ရပါမည်။

👷‍♂️ Thiha Su Aung
🎓 B.E (Civil) - T. T. U
🏗️ Founder @ Thiha Dana Construction Group
✅ We promise you satisfaction.
📞 09-964461691
📍 ရုံးခန်း (၁) - အမှတ် (134)၊ လက်ယက်စမ်းရပ်ကွက်၊ သန်လျင်မြို့။
📍 ရုံးခန်း (၂) - အမှတ် (1454)၊ စံရိပ်ငြိမ်လမ်း၊ ၄၆ ရပ်ကွက်၊ မြောက်ဒဂုံ။
📍 ရုံးခန်း (၃) - အောင်ဆန်း မြို့သစ် (၁)၊ တိုးချဲ့ ရပ်ကွက် ၊ထ​နှောင်းကုန်း ၊မိတ္တီလာမြို့။

"ဒီကာလကြီးမှာ အိမ်ဆောက်မယ်ဆို ကိုယ့်ဘာသာကိုယ် အိမ်ဆောက်မယ်လို့ လုံးဝ စိတ်မကူးလိုက်နဲ့..." (ဒါ မှန်သောစေတနာစကားပါ) 🏗️⚠️အိ...
21/08/2026

"ဒီကာလကြီးမှာ အိမ်ဆောက်မယ်ဆို ကိုယ့်ဘာသာကိုယ် အိမ်ဆောက်မယ်လို့ လုံးဝ စိတ်မကူးလိုက်နဲ့..."
(ဒါ မှန်သောစေတနာစကားပါ) 🏗️⚠️

အိမ်ဆောက်ဖို့ စဉ်းစားနေကြတဲ့ အိမ်ရှင်တွေအနေနဲ့ လက်ရှိ ကာလအခြေအနေအရ ကိုယ်တိုင်ဦးစီးပြီး ဆောက်မယ်လို့ မကြံမိဖို့ တိုက်တွန်းချင်ပါတယ်။ ဒါက လုပ်ငန်းရဖို့ထက် အိမ်ရှင်တွေ ငွေလည်းကုန်၊ လူလည်းပန်း၊ စိတ်လည်းညစ်ရမယ့် ဒုက္ခကနေ ကာကွယ်ပေးချင်တဲ့ စေတနာစကားပါပဲ။

အဓိက အဓိက အချက် နှစ်ချက်ကို စဉ်းစားကြည့်ပါ -
* ပထဆုံ အချက်က ပစ္စည်းစျေးနှုန်း မငြိမ်မသက်မှုနဲ့ လိမ်လည်မှုအန္တရာယ်ပါ။
ပစ္စည်းတွေက ရှားပါး၊ ဝယ်ရခက်၊ စျေးတွေကလည်း တစ်နေ့တစ်မျိုး မရိုးနိုင်အောင် တက်နေတဲ့အပြင်၊ အလိမ်အညာတွေ ပေါများနေတဲ့အချိန်ပါ။ ဆောက်လုပ်ရေး လောကသား မဟုတ်တဲ့သူတစ်ယောက်အတွက် ဒီအပိုင်းကို တစ်ယောက်တည်း ရင်ဆိုင်ရတယ်ဆိုတာ ကြီးမားတဲ့ အိပ်မက်ဆိုးတစ်ခုပါပဲ 😬။
* ပစ္စည်းဝယ်တဲ့အခါ အရည်အသွေး (Quality) မှန်ဖို့၊ ပမာဏ (Quantity) ပြည့်ဖို့
* ရောက်လာတဲ့ပစ္စည်းတွေကို သေချာထိန်းသိမ်းဖို့နဲ့ သူခိုးရန် ကာကွယ်ဖို့ဆိုတာ မလွယ်လှပါဘူး။

* နောက်တချက်က ကျွမ်းကျင်လုပ်သား ရှားပါးမှုနဲ့ အလုပ်သမား Management ပြဿနာ
တကယ်ကျွမ်းကျင်ပြီး လက်ရာကောင်းတဲ့ အလုပ်သမားတွေက ဘယ်နေရာမှာမဆို လိုချင်နေကြသူတွေဖြစ်လို့ ကိုယ့်ဆီကို ဖမ်းလို့ကိုမရပါဘူး။ ကိုယ့်ဆီ ရောက်လာတတ်တာက တကယ့်လက်ရာမပြောင်၊ တာဝန်ယူမှုမရှိတဲ့သူတွေ ဖြစ်ဖို့များပါတယ်။
* အလုပ်သမားတွေရဲ့ လက်ရာ အဆင်ပြေဖို့၊ လုပ်ငန်းခွင် အန္တရာယ်ကင်းဖို့၊ တစ်ခုခုဖြစ်ရင် ကိုယ့်ခေါင်းပေါ် ချက်ချင်းရောက်လာမယ့် Risk တွေကို ကိုယ်တိုင် ဖြေရှင်းရပါမယ်။
* အလုပ်သမားဆိုတာ ကိုယ်က သူတို့ထက် ပိုသိပိုတတ်ကြောင်း တစ်ကွက်မှ မပြနိုင်ရင် (အထူးသဖြင့် ဘာမှန်းမသိတဲ့ အိမ်ရှင်ဆိုရင်) ပိုပြီး လျော့တွတ်ပြီး အလွယ်လုပ်ကြပါတယ်။

ကျနော်သာ အိမ်ဆောက်မယ့်သူဆိုရင်တော့...
အလုပ်ပျက်၊ အကိုင်ပျက်၊ စိတ်ညစ်ပြီး ဒီလိုကြီးမားတဲ့ Risk တွေကို တစ်ယောက်တည်း လုံးဝ ယူမှာ မဟုတ်ပါဘူး။
ဒါကြောင့် အိမ်ဆောက်ဖို့ ရှိလာပြီဆိုရင် -
* စျေးတွေ ဘယ်လောက်တက်တက် အပြုံးမပျက်ဘဲ ပေးထားတဲ့ ကတိအတိုင်း အတိအကျ တာဝန်ယူ ဆောင်ရွက်ပေးနိုင်တဲ့ Capacity ရှိတဲ့သူ၊
* ယုံကြည်စိတ်ချရတဲ့ ကန်ထရိုက်တာတစ်ယောက်ကိုသာ ရှာဖွေပြီး အာရုံစိုက် လက်အပ်လိုက်ဖို့ အကြံပြုပါရစေခင်ဗျာ။ 🤝
👷‍♂️ Thiha Su Aung | B.E (Civil)
📞 09-964461691

21/08/2026

🏗️ မြောက်ဥက္ကလာပ၊ သုဓမ္မာ (၅) လမ်းရှိ (၂) ထပ်ခွဲ RC နေအိမ် တည်ဆောက်ရေး လုပ်ငန်းခွင် အခြေအနေ Update 🏠

🏗️ မြောက်ဥက္ကလာပ၊ သုဓမ္မာ (၅) လမ်းရှိ (၂) ထပ်ခွဲ RC နေအိမ် တည်ဆောက်ရေး လုပ်ငန်းခွင် အခြေအနေ Update 🏠လူကြီးမင်းတို့၏ အိမ်...
21/08/2026

🏗️ မြောက်ဥက္ကလာပ၊ သုဓမ္မာ (၅) လမ်းရှိ (၂) ထပ်ခွဲ RC နေအိမ် တည်ဆောက်ရေး လုပ်ငန်းခွင် အခြေအနေ Update 🏠

လူကြီးမင်းတို့၏ အိမ်မက် နေအိမ်လေး ခိုင်ခံ့မှု၊ တိကျမှုနှင့် စံချိန်စံညွှန်း မီစေရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။ 📐🛠️

လက်ရှိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ -
မြေညီထပ် (Ground Floor) - Plastering လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ပထမထပ် (First Floor) - Brickwork (အုတ်စီခြင်း) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ဒုတိယထပ်/အမိုး (Roof Slab) - Formwork & Rebar Work (ပုံစံခွက်ရိုက်ခြင်းနှင့် သံချည်သံကွေး) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ခိုင်ခံ့သပ်ရပ်ပြီး စံချိန်စံညွှန်းမီ နေအိမ်များကို စိတ်ချယုံကြည်စွာ အပ်နှံနိုင်ရန် အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ ✨
👷‍♂️ Thiha Dana Construction Group
📞 Phone: 09-964461691

21/08/2026

မြောက်ဥက္ကလာပမြို့နယ်၊ ဥစ္စနာ (၅) လမ်းမှာ တည်ဆောက်နေတဲ့ (25' x 37') အကျယ်အဝန်းရှိ (၂) ထပ်ခွဲ RC နေအိမ်လုံးချင်း Site လေးမှာတော့ အကြမ်းထည် လက်စသတ်လုပ်ငန်းစဉ်တွေကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေပြီပဲ ဖြစ်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ ဥစ္စနာ (၅) လမ်းမှာ တည်ဆောက်နေတဲ့ (25' x 37') အကျယ်အဝန်းရှိ (၂) ထပ်ခွဲ RC နေအိမ်လုံးချင်း Site လေး...
21/08/2026

မြောက်ဥက္ကလာပမြို့နယ်၊ ဥစ္စနာ (၅) လမ်းမှာ တည်ဆောက်နေတဲ့ (25' x 37') အကျယ်အဝန်းရှိ (၂) ထပ်ခွဲ RC နေအိမ်လုံးချင်း Site လေးမှာတော့ အကြမ်းထည် လက်စသတ်လုပ်ငန်းစဉ်တွေကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေပြီပဲ ဖြစ်ပါတယ်။

ယခုလက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကတော့ -
✅ Sub floor ကွန်ကရစ်လောင်းရန် ပြင်ဆင်ခြင်း
✅ ပလာစတာ ထောင့်ချော လက်စသတ်ခြင်း
✅ အလှဖောင်းများ ပြုလုပ်ခြင်း ဆောင်ရွက်လျက်ရှိပါ
တယ်။

💯 "ကိုယ်တိုင်နေမယ့်အိမ်လေးကို “ဘယ်လို ဆောက်လုပ် နေလဲဆိုတာ သိချင်လို့ပါ" ဆိုတဲ့ မိတ်ဆွေများအတွက်
အိမ်ဆောက်ဖို့ စိတ်ကူးရှိသူတိုင်း ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင် မျက်မြင်ကိုယ်တွေ့ လာရောက်လေ့လာဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 🤝
📍 Site နေရာ - ဥစ္စနာ (၅) လမ်း၊ မြောက်ဥက္ကလာပမြို့နယ်။

အိမ်ဆောက်ဖို့၊ အိမ်ပြင်ဖို့ စိတ်ကူးရှိနေတဲ့ မိတ်ဆွေများအနေနဲ့ ဘတ်ဂျက်တွက်ချက်ခြင်းနဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ အကြံဉာဏ်များကို ကျွန်တော်တို့ Thiha Dana Construction Group နဲ့ အခမဲ့ လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။

👷‍♂️ Thiha Su Aung
🎓 B.E (Civil) - T. T. U
🏗️ Founder @ Thiha Dana Construction Group
✅ We promise you satisfaction.
📞 09-964461691
📍 ရုံးခန်း (၁) - အမှတ် (134)၊ လက်ယက်စမ်းရပ်ကွက်၊ သန်လျင်မြို့။
📍 ရုံးခန်း (၂) - အမှတ် (1454)၊ စံရိပ်ငြိမ်လမ်း၊ ၄၆ ရပ်ကွက်၊ မြောက်ဒဂုံ။
📍 ရုံးခန်း (၃) - အောင်ဆန်း မြို့သစ် (၁)၊ တိုးချဲ့ ရပ်ကွက် ၊ထ​နှောင်းကုန်း ၊မိတ္တီလာမြို့။

#အိမ်ဆောက်မယ်

Address

Thanlyin

Alerts

Be the first to know and let us send you an email when Thiha Dana Construction Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thiha Dana Construction Group:

Shortcuts

Share