SHIN LIN ZAW Construction

SHIN LIN ZAW Construction Build your dream home with us. Phone. 09778827517
Viber. 09778827517

13/05/2025

ဆေးသုတ်ချိန် သတိထားသင့်တဲ့ အချက် 6 ချက်နဲ့ ပြင်ဆင်နည်းလမ်းများ‼‼

1 - Blisters 💥

အသီးအသီးလေးတွေထတဲ့ Error ပါ။ စိုစွတ်တဲ့မျက်နှာပြင်/စိုထိုင်းစမြင့်တဲ့မျက်နှာပြင် တွေအပေါ် ဆေးသုတ်တဲ့အခါ ကြွတက်လာတာပါ။ ပထမ coat မခြောက်ခင် နောက်တစ် coat တင်လိုက်တဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ မျက်နှာပြင်ကို သန့်ရှင်းအောင်မလုပ်တဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။
Undercoat ကောင်းကောင်းရွေးချယ်ခြင်း၊ အစိုဓာတ်ညီမျှမှုရှိအောင် Exhaust Fan တပ်ခြင်း၊ မျက်နှာပြင်ကိုသေခြာပြင်ဆင်ခြင်းနဲ့ နံရံယိုစိမ့်မှုမရှိအောင် သေချာစေခြင်းတို့ကသာ မှန်ကန်တဲ့နည်းလမ်းဖြစ်ပါတယ်ခင်ဗျာ✅

2 - Chalking 💥

ဆေးသားမကောင်းတဲ့အခါ အမှုန်လေးတွေထွက်ပါတယ်။ အရောင်နဲ့သက်တမ်းပေါ်မူတည်ပြီးတော့လည်း ဆေးပြယ်တတ်ပါတယ်။ ဆေးသားအရမ်းပါးတဲ့အခါမှာလည်း အမှုန်လေးတွေအဖြစ် လွင့်ပြယ်တတ်ပါတယ်။
ဦးစွာ အစက်အပြောက်နဲ့လွင့်ပြယ်နေတဲ့နေရာတွေကို ကော်ပတ်စားရပါမယ်။ ဆေးအသစ်တင်တဲ့အခါ တောက်တဲ့အရောင်တွေသုံးမယ်ဆိုရင်တော့ ဆေး quality ကောင်းကောင်းကို လုံလောက်အောင်အသုံးပြုခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။✅

3 - Cracking 💥

ကွဲအက်လာခြင်းအဓိကအကြောင်းအရင်းကတော့ ပထမတစ် Coat လုံးဝမခြောက်ခင် နောက်တစ် Coat တင်လိုက်ခြင်းကြောင့် အဖြစ်များပါတယ်။
မှန်ကန်တဲ့ Primer Coat ကို ကော်ပတ်စားပြီး၊ ပြန်တင်ပြီးမှ Quality မြင့်၊ ပျံ့နှံ့နှုန်းကောင်းတဲ့ နောက်တစ် Coat ထပ်တင်ရပါမယ်။✅

4 - Mold 💥

မှိုတက်ခြင်းကတော့ လေဝင်လေထွက်မကောင်းခြင်း၊ နေရောင်လုံလောက်စွာမရရှိခြင်း၊ Quality နိမ့်တဲ့ ဆေးသား (Bacteria Shield) မပါဝင်တဲ့ ဆေးကိုအသုံးပြုတဲ့အခါတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။
ရှာလကာရည်နဲ့ မှိုတွေကိုသတ်ရပါမယ်။ အစွန်းထင်းကာကွယ်တဲ့ Primer သုတ်ရပါမယ်။ ဆီဆေးကိုရှောင်ပြီး လေဝင်လေထွက်ကောင်းအောင် Exhaust Fan တပ်ဆက်ခြင်းအားနဲ့ အစိုဓာတ်ကိုထိန်းသိမ်းရပါမယ်။✅

5 - Peeling 💥

ဖြစ်ရိုးဖြစ်စဉ် ဆေးကွာကျခြင်းကတော့ အောက်အလွှာနဲ့အပေါ်လွှာကြား ကပ်နိုင်စွမ်းလျော့နည်းခြင်း၊ အစိုဓာတ်မြင့်ခြင်း သို့မဟုတ် ဖုန်ထူသောနံရံပေါ်နောက်တစ် Coat သုတ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
မျက်နှာပြင်ကို ချောမွေ့အောင်ကော်ပတ်စားပြီး၊ Sealer ကောင်းကောင်းပြန်တင်ပြီးမှ Quality မြင့်တဲ့ဆေးသားကို အသုံးပြုရပါမယ်။✅

6 - Wrinkling and Shrivelling 💥

အတွန့်အတွန့်တွေဖြစ်တာဟာ ဆေးအထူကြီးသုတ်လိုက်ခြင်း၊ ပထမ Coat မခြောက်ခင် နောက်တစ် Coat တင်ခြင်း၊ Cure မဖြစ်ခင် မိုးပက်ခြင်း၊ စိုထိုင်းမှုမြင့်ခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်ပါတယ်။
ရာသီဥတုနဲ့နေရာဒေသပေါ်မူတည်ပြီး ချင့်ချိန်နိုင်ရပါမယ်။ ✅

ဒီလို Painting ပြဿနာတွေကတော့ ကျွမ်းကျင်သူမကိုင်တွယ်တဲ့အခါမှာဖြစ်တတ်တာမျိုးတွေပါ။ အမှန်တကယ်ကျွမ်းကျင်တဲ့ ဆေးသုတ်ဝန်ဆောင်သူတွေနဲ့ဆိုရင်တော့ ကိုယ်သုတ်မယ့်ဆေးရဲ့အကြောင်းတွေ၊ အခြေအနေပေါ်လိုက်ပြီး လုပ်ဆောင်တတ်တာတွေကပဲ Profession နဲ့ ဆေးလက်ရာမှာ သိသာစေမှာပဲဖြစ်ပါတယ်ခင်ဗျာ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ လူကြီးမင်းတို့လည်း ကိုယ့်အိမ်နဲ့အလိုက်ဖက်ဆုံးနဲ့ အတောက်ပဆုံးဆေးသုတ်နိုင်ကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်ခင်ဗျာ.🙏

အကျိုးတစ်စုံတစ်ခုရရှိစေရင် page ကို like and following လုပ်ပေးပါအုန်းခဗျာ ☺





 #အနာဂတ်ပလန်အစီအစဉ် နှင့် အောက်ခြေ footing ပြဿနာ # အိမ်က ၂ထပ် or ၃ထပ်ဆောက်ချင်တာပါလောလောဆယ် ငွေမနိုင်သေးလို့ ၁ထပ်ဘဲဆောက်...
12/05/2025

#အနာဂတ်ပလန်အစီအစဉ် နှင့် အောက်ခြေ footing ပြဿနာ #

အိမ်က ၂ထပ် or ၃ထပ်ဆောက်ချင်တာပါ
လောလောဆယ် ငွေမနိုင်သေးလို့ ၁ထပ်ဘဲဆောက်ပီး နောက်မှ ဆက်ဆောက်မယ်ဆိုတဲ့ အိမ်ရှင်တွေအတွက်ပါ...
(အများနားလည်အောင် engineering ဆိုင်ရာတွေ မပါဘဲ အရိုးရှင်းဆုံး ရေးပေးထားပါတယ်။ စာနည်းနည်းရှည်လို့ သည်းခံပြီးဖတ်ပေးပါ။)

မိတ်ဆွေတို့က Foundationကို ၂ထပ်စာ or ၃ထပ်စာ ချထားမယ် လောလောဆယ် ၁ ထပ်ကလေးပဲ အရင်ဆောက်ထားချင်တယ်။..ဒါပေမဲ့...
foundationကိုဘယ်လိုချခဲ့မှာလဲ။
ဘာမြေအမျိုးအစားမို့ ဘယ်နှစ်ပေအနက်ထိချပီး ဘယ်sizeတွေသုံးခဲ့မှာလဲ။
ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ရော တွက်ချက်ထားလား
စတဲ့အချက်တွေအပေါ်မူတည်ပါတယ်။

ကန်ထရိုက်ကို ၃ထပ်စာ foundation ချပေးခဲ့ပါ ဘယ်လောက်ဆိုပီး စျေးဖြတ်ဆောက်ခိုင်းလိုက်တယ်။ ဘာတွက်ချက်မှုမှ မပါဘူးဆောက်သွားတယ်။ ..ပြဿနာစပါပီ။...
နောက်ကျန်တဲ့အထပ်တွေထပ်ဆောက်တော့ အရင်ကန်ထရိုက်နဲ့ မလုပ်ဖြစ်ဘဲ နောက်တစ်ဦး ပြောင်းလုပ်တယ်ဆိုပါစို့။
နောက်လူကလည်း သူချခဲဲ့တဲ့ Foundationမဟုတ်တဲ့အတွက် ဘယ်နှစ်ပေမှာ ဘယ်sizeချထားတယ်ဆိုတာကို အိမ်ရှင်က ပြောပြသလောက်သာသိရမှာပါ။ သံဘယ်နှစ်ချောင်းပါလဲ၊ အောက်ခံမြေသားအနေအထား၊ တူးတုန်းကရေထွက်နေလား ဆိုတာ အသေးစိတ် သူမသိပါဘူး။
အဲတော့ ထပ်တင်လိုက်တယ်ထားပါစို့။
ကံမကောင်းစွာနဲ့ footing ကျွံဝင်သွားတယ် ၊အဆောက်အဦးစောင်းသွားတယ် ၊အပေါ်weightကို မထမ်းနိုင်လို့ မူလအဆောက်အဦးမှာ အက်ကြောင်းလိုက်တာတွေဖြစ်လာပြီဆို ဘယ်သူ့အပြစ်တင်ကြမလဲ။ ရှေ့လူကိုလား နောက်လူကိုလား။ သေချာတာက အိမ်ရှင်ပဲဒုက္ခရောက်သွားမှာပါ။

ဒါကြောင့်မို့ မိမိမြေအမျိုးအစားနဲ့ သုံးမဲ့အဆောက်အဦးက ဘာလဲဆိုတာ တတ်သိပညာရှင်နဲ့တိုင်ပင်ပါ။
အိမ်မှာ လူဘယ်နှစ်ယောက်နေမလဲ။ ဘာတွေတင်မယ်။ အပေါ်အမိုးslabလေးပေါ် ရေကန်တင်ဦးမှာလား။ အမိုးပေါ်မှာ အပင်လေးစိုက်ဦးမှာလား။ စတဲ့ အသုံးပြုမှုအမျိုးမျိုးပေါ်လိုက်ပီး အလေးချိန်ကွာသွားမှာပါ။ အဆောက်အဦးပုံစံ၊ အရွယ်အစား တူတူပဲဆိုပင်မယ့် ဆောက်တဲ့ရည်ရွယ်ချက် ကွာရင်ကွာသလို foundation ကွဲပြားမှုတွေ ရှိပါတယ်။

မိတ်ဆွေတို့မေးချင်လိမ့်မယ် အဲ့လောက် အရေးကြီးသလား။
ဟုတ် ကြီးပါတယ်။ မူလအသက်က foundation ပါ။ သူက အဆောက်အဦးတစ်ခုလုံးရဲ့ အလေးချိန်ကို မြေကြီးထဲညီမျှစွာဖြန့်ပေးရမှာပါ။

Foundationမှာ အဓိက စစ်ရမဲ့အချက်တွေရှိတယ်
၁။ လုံလောက်တဲ့ footing size ရှိရဲ့လား
၂။ မြေကြီးခံနိုင်အား (လုံလောက်တဲ့ မြေသားမာကျောမှု)
၃။ မြေသားထဲ အိကျမှု ပမာဏ
( ညီမျှစွာ အိကျတာလား။ တစ်ခြမ်းစောင်း ကျွံသလား စစ်ရမယ်)
၄။ footing အောက်ခံကွန်ကရစ်သားရဲ့ မာကျောမှုပြည့်ရမယ်။

Footing Size။
footingက လုံလောက်တဲ့ size မပြည့်ရင် အောက်ကိုကျွံဝင်သွားမှာပါ။ မြေသားညံ့ရင်ညံ့သလောက် အဆောက်အဦးမှာ စောင်းသွားနိုင်တယ်။စောင်းတဲ့အထိ ဖြစ်ဖို့ က အတော်ရှားပါတယ်။ စောင်းသွားရင် တော်တော် အသုံးမကျလို့ပါ။ အများဆုံးဖြစ်တာက အဆောက်အဦးနံရံတွေ အက်ကြောင်းကွဲကြီးတွေ လိုက်လာတာပါ။ အုတ်စီတာညံံ့လို့ ဘိလပ်မြေခိုလို့ မဟုတ်ပါ။ footing ကျွံနေလို့ နံရံတွေကွဲတာပါ။ (နံရံကွဲတိုင်းလဲ footingကျွံတာမဟုတ်ပါ။ တစ်ခြားအကြောင်းပြချက်တွေရှိပါသေးတယ်။)

မြေကြီးခံနိုင်အား။
မြေကြီးခံနိုင်အားကိုတော့ အများစုက အတွေ့အကြုံနဲ့ကြည့်ပီး ဒီလိုမြေသားဆို ဒီလောက်ဘဲတူးမယ် ဘာညာနဲ့ဆုံးဖြတ်ကြတယ်။ တကယ်ကမှားပါတယ်။ တိတိကျကျ သိချင်ရင် soil test စစ်ရပါမယ်။ soil test စစ်တာတောင် companyပေါ်မူတည်ပီး တိကျမှုပမာဏကွာပါသေးတယ်။ ဆိုတော့ သာမန်အထပ်နိမ့်ပီး လူနေနည်းတဲ့ အဆောက်အဦးတွက်က ဆိုးဆိုးဝါးဝါး မြေမညံ့ရင် လုပ်နေကျsizeကလေးတွေက လုံလောက်နေတာကြောင့်မို့ ဘာမှမဖြစ်တာပါ။ အတွေ့အကြုံကြောင့် သာမန်အခြေအနေမှာ ok နေတာလို့ ဆိုရမှာပါ။ ပီးတော့ ဆောက်ပီးပီးချင်းဘာမှမဖြစ်ဘူးဆိုတာ အဆောက်အဦးကို ဘာဝန်မှ မထမ်းခိုင်းရသေးပါဘူး။
**ဥပမာ လူတစ်ယောက်က ဆန်အိတ်တစ်အိတ် ထမ်းထားနိုင်တယ်ဆိုပါစို့။ ဟုတ်ပီ အချိန်ဘယ် လောက် ကြာကြာထမ်းထားနိုင်မလဲ။ အချိန်ကြာလာတာနဲ့အမျှ ညောင်းလာမှာပါ။ နောက်ဆုံး လွတ်ချလိုက်ရတော့ပါတယ်။
အဲ့တာကိုအဆောက်အဦးမှာ creep effectလို့ခေါ်ပါတယ်။ အဆောက်အဦးကိုအသုံးပြုမှု သက်တမ်းအတွင်းကျမှ ok လား မokဘူးလား ဆုံးဖြတ်ရမှာပါ။ ၅နှစ်ကျမှ ကျွံလာတာလား ၁၀နှစ်လားပေါ့။ RC အဆောက်အဦးတွေရဲ့ သက်တမ်းကို အကြမ်းအားဖြင့် နှစ်၅၀ ဝန်းကျင် သတ်မှတ်ထားပါတယ်။ ဆောက်ပြီးပြီးချင်းကြည့်ရုံနဲ့မရပါဘူး။

မြေသားကျွံဝင်မှု မညီတာ။
အဆောက်အဦးတိုင်းရဲ့ footingတွေက အမြဲကျွံဝင်ပါတယ်။ မကျွံဘူးဆိုတာမရှိပါ။ ၂ထပ်RCတိုက်ကလေးက အနည်းဆုံး တန်၅၀ကနေ ရာချီ ထောင်ချီထိလေးနိုင်ပါတယ်။ ဒါပေမဲ့ မြေထဲကျွံကျမှုကသတ်မှတ်ထားတဲ့ limit အတွင်းဝင်ရပါမယ်။ အကြမ်းမျဥ်း သတ်မှတ်ထားတာကတော့ ၁ လက်မ ခွင့်ပြုပါတယ်။
၁ လက်မ ကျော်ရင်တော့ နည်းနည်းပြသနာရှိလာပါပီ။ footing ဆယ်လုံးရှိလို့ အကုန်လုံးစီညီတူကျွံရင် ပြဿနာမရှိသေးပါဘူး။ ဒါပေမဲ့ ကျွံတဲ့ဟာက ကျွံ၊ မကျွံတဲ့ဟာက မကျွံဘဲ တင်းခံတဲ့အခါ နံရံအက်ကြောင်း လိုက်လာတာပါ။
ဘယ်မှာအဖြစ်များလဲဆိုတော့ ခြံစည်းရိုးနား တိုင်ကပ်ချရတဲ့အခါ ၄ ပေ ပတ်လည် footing ချမဲ့နေရာက မလွတ်လို့ ရသလိုချတော့ တိုင်နဲ့ ခွာနဲ့ center မကျတာတွေမှာ အဖြစ်များပါတယ် ။ ***ဥပမာ လူ့ခြေဖဝါးလိုပေါ့။ ဖနောင့်ဘက်ဖိနင်းလိုက်သလို မြေကျွံတာပါ။ အဲ့ footing တစ်ခွာတည်းမှာကို ကျွံကျမှုက မညီတော့ပါဘူး။ အဲ့လိုနေရာတွေအတွက်က ထပ်စောင်းလုပ်ပေးရမဲ့ အချက်တွေရှိပါတယ်။

နောက်ဆုံးအချက်ကတော့ ကွန်ကရစ်သားခံနိုင်ရည်ပါ။
အများဆုံး လောင်းပေးနေတဲ့ ကွန်ကရစ် အချိုး ကြားဖူးနားဝရှိပါလိမ့်မယ် 1:2:4 တို့ 1:3:6တို့ ပါ။ ဒါတွေရှင်းပြနေရင်ကြာသွားပါလိမ့်မည်။
ဆိုတော့ သာမန်အားဖြင့် မြေကျင်းတူးထားတာ အနက်ညီညာရဲ့လား။

footing formworkပါရဲ့လား။ (တစ်ချို့ မြေကျင်းကျကျနန တူးထားရင် formwork မရိုက်ဘဲလောင်းကျပါတယ် ဒါပေမဲ့ ကွန်ကရစ်ထဲပါတဲ့ရေကို မြေကြီးကတိုက်ရိုက်စုပ်နိုင်တဲ့အတွက် ကွန်ကရစ်မာကျောမှုကျသွားမှာပါ။ ပလတ်စတစ်စ ကာလောင်းရင်လည်းရပါတယ် ဒါပေမဲ့ နောက်ထပ် ဆိုးကျိုးတွေရှိသေးတဲ့အတွက် formworkကာပီးမှ လောင်းတာဘဲကောင်းပါတယ်။
Cover block ကာဗာဘလောက်တုံး ခံရဲ့လား။ (အုတ်ခဲမသုံးပါနဲ့။အုတ်ခဲ ခံနိုင်ရည်နဲ့ ကွန်ကရစ်ခံနိုင်ရည်မတူပါဘူး ။ ကွန်ကရစ်ဘလောက်တုံးလေးတော့ ကြိုလုပ်ထားပါ။)
သံချီထားတာ တောင့်တောင့်တင်းတင်းရှိလား။
လောင်းမဲ့ကွန်ကရစ်က ရေအချိုးအစားထည့်တာမှန်ရဲ့လား။ ရေအများကြီးနဲ့ ပျော့ပျော့ကြီးလောင်းရင် သေချာပေါက် ခံနိုင်အားကျပါပီ။
( ဘိလပ်မြေနဲ့ ရေအချိုးဆိုတာ အင်ဂျင်နီယာအသုံးအနှုန်းတွေမို့ ရှင်းပြရင်စာထပ်ရှည်သွားမှာပါ။)
ပြောမယ်ဆိုရင် လိုက်နာရမဲ့အချက်တွေအများကြီးပါ။ ဒါတွေက မြေကြီးထဲမြှပ်ထားခဲ့ရတော့ ပြန်စစ်ဖို့ခဲယဥ်းပါတယ်။ ဆိုလိုတာက အပေါ်အဆောက်အဦးပိုင်းက ဖြစ်သမျှဟာ ပြင်ဆင်ဖို့ လွယ်နိုင်ပါတယ်။ မြေကြီးအောက်ထဲက အပိုင်းကို သေချာလေး စနစ်တကျလုပ်ခဲ့စေချင်ပါတယ်။
ကဲ အနှစ်ချုပ်ရရင် အခုလိုနောက်မှ ထပ်ဆောက်မဲ့ အဆောက်အဦးတွေမှာ တစ်ခုခုပြဿနာဖြစ်တာနဲ့ ရှေ့လူ နောက်လူ ဘယ်သူမှ အပြစ်တင်လို့မရတော့ပါဘူး။ တကယ်ခံရမှာက အိမ်ရှင်ပါဘဲ။
သေချာတာကတော့ အင်ဂျင်နီယာဆီ structure design အပ်လိုက်ပါ။ပီးမှ သူတွက်ချက်ပေးတဲ့အတိုင်း ကြိုက်ရာ ကန်ထရိုက်နဲ့ဆောက်ပါ။ အိမ်ရှင်က design စာရွက်အတိုင်းစစ်ရုံဘဲ။ (မိမိနားလည်ရင် စစ် ။ နားမလည်ရင် စစ်ဆေးသူအကူတောင်းပါ။ များသောအားဖြင့် Structure designer က အကူအညီပေးပါတယ်။)

design ခများမှာမပူပါနဲ့။ အိမ်တစ်လုံးလုံးရဲ့ 2% မှ အများဆုံး 5% ဘဲ ကုန်တာပါ။ သိန်းတစ်ရာမှ ၂ / ၃ သိန်းပတ်ချာလည်ပေါ့။ ကိုယ့်တစ်သက်တာ နေမဲ့အဆောက်အဦးအတွက် မနမြောပါနဲ့။ အိမ်ဆောက်ဖို့ရှာထားရတဲ့ငွေက မနည်းပါဘူး။
Designမတွက်ဘဲ ရမ်းဆောက်ရင် လိုတဲ့နေရာ မထည့်မိဘဲ မလိုတဲ့နေရာထည့်မိမှ မိအေးနှစ်ခါနာမှာပါ။
Design အပ်ထားတော့ လိုတိုးပိုလျော့ တစ်ခါတည်း ပေးလိုက်တာမို့ ဆောက်လုပ်ရေးကုန်ကျစရိတ်မှာသက်သာပီးသားပါ။ Safe ဖြစ်ပီးသားပါ။
နောက်ဆုံး အကြံပြုချင်တာကတော့ အကြမ်းထည်ကို ခိုင်အောင်ဆောက်ပါ။ နောက်မှ ရေမီးဆေးက မကြိုက်ဖြုတ်လဲလို့လွယ်တယ်။ အကြမ်းထည်ကိုခိုင်အောင်မလုပ်ထားရင် ဖြုတ်လဲဖို့မလွယ်ပါဘူး။

စာကိုဆုံးအောင်ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏🙏။
လူကြီးမင်းတို့ ဆောက်လိုသော အဆောက်အဦးများနှင့်ပတ်သတ်၍ လိုအပ်သည်များ နှင့် သိလိုသည်များကို ကျွန်တော်တို့ Shin Lin Zaw Construction Co.,Ltd. သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း တိုင်ပင်နိုင်ပါတယ်ခင်ဗျာ။။




to original writer

 #အိမ်‌သုတ်ဆေးဘယ်လောက်ဝယ်ရမလဲ တွက်နည်း #အိမ်‌သုတ်ဆေးဘယ်လောက်ဝယ်ရမလဲ တွက်နည်း.....,....,,...................................
09/05/2025

#အိမ်‌သုတ်ဆေးဘယ်လောက်ဝယ်ရမလဲ တွက်နည်း
#အိမ်‌သုတ်ဆေးဘယ်လောက်ဝယ်ရမလဲ တွက်နည်း.....,....,,............................................................................................

အခန်းတစ်ခန်း၏နံရံများကို ဆေးသုတ်ရန် လိုအပ်သောဆေးပမာဏကိုတွက်ဆမည်ဆိုလျှင် နံရံများ၏အလျားအရှည်‌ပေများအားလုံးကိုပေါင်းပါ။
ထို့နောက်ရလာသောအဖြေကို အခန်း၏အမြင့်ပေ(ကြမ်းခင်းမှမျက်နှာကြတ်ထိ)ဖြင့်မြှောက်ပါ။
ရလာသောအဖြေ သည်ယင်းအခန်း၏ square footage ဖြစ်ပါသည်။
ထို့နောက် ဆေးသုတ်ရမည့် square footage မည်မျှရှိသည်ကိုတွက်ဆကြည့်ကြပါစို့။
တံခါးရွက်နှင့်ပြူတင်းပေါက်များကို မတူညီသောဆေးအမျိုးအစားသုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကိုနုတ်ပေးရပါမည်။
ယင်းဧရိယာကို 350 ဖြင့်စားလိုက်ပါက နံရံအတွက်လိုအပ်သောဆေးပမာဏ(ဂါလံ)ကိုရပါမည်။ အဖြေတွင် စားကြွင်းက .5 ထက်နည်းပါက ကွာတား2ဗူးဖြင့်လုံလောက်နိုင်သော်လည်း .5 ထက်များပါက 1ဂါလံဝယ်သင့်ပါသည်။
- 14 x 20 ပေအခန်း အမြင့် 8ပေ တံခါး2ပေါက်၊ ပြူတင်းပေါက်2ခုရှိသောအခန်းကိုတွက်ကြည့်ကြပါစို့။

ေးတွက်ဆမှု
(1) Ceiling area 14x20=280 sq.ft
(2) 350ဖြင့်စားပြီးဘယ်နှစ်ဂါလံလိုမလဲတွက်ကြည့်ကြပါစို့။280÷350=0.8ထို့ကြောင့် ceiling ဆေးတထပ်သုတ်ရန်1ဂါလံလိုအပ်ပါမည်။2ထပ်သုတ်လျင်2ဂါလံလိုအပ်ပါမည်။

#နံရံဆေးတွက်ဆမှု
(1) နံရံတချပ်ချင်းစီ၏အ‌လျားပေကိုပေါင်းပါ။
(2) နံရံဧရိယာတွက်ရန်အ‌ဖြေကိုနံရံအမြင့်ပေဖြင့်မြှောက်ပါ
(3) ဆေးတကယ်သုတ်ရန်လိုသောနံရံဧရိယာကိုရှာရန် တံခါးနှင့် ပြတင်းပေါက် ဧရိယာများကို နုတ်ပါ
(4) ရရှိသောဖြေကို 350ဖြင့်စားပြီးဝယ်ယူရမည့်ဆေးဂါလံကိုတွက်ကြပါစို့။ ဥပမာ 474÷350=1.4ထို့ကြောင့် ဆေး1ထပ်သုတ်ရန် 1ဂါလံ 2ကွာတားလိုအပ်ပါမည်။ 2ထပ်သုတ်မည်ဆိုပါက ဆေး2ဆဝယ်ရန်လိုအပ်ပါမည်။

#တံခါး၊ ပြူတင်းပေါက် ဆေးတွက်ဆမှု
(1) တံခါးနှင့်ပြတင်းပတံါက် ဧရိယာများကို အလျားxအနံxအမြင့် နဲ့ရှာပါ။
(2) ရရှိသောအဖြေကို 350 နဲ့ စားပါက သုတ်ရမည့်‌ေဆးပမာဏရပါမယ်။တံခါး၊ပြတင်းပေါက် တို့အားနှစ်ဖက်စလုံးသုတ်မည်ဆိုလျင် အဖြေကို2ဖြင့်မြှောက်ပါ။




🏠  ပုံဆွဲပြီး အိမ်ဆောက်ခြင်း ကောင်းကျိုး နှင့်       ပုံမဆွဲဘဲအိမ်ဆောက်ခြင်း ဆိုးကျိုး==================================...
08/05/2025

🏠 ပုံဆွဲပြီး အိမ်ဆောက်ခြင်း ကောင်းကျိုး နှင့်
ပုံမဆွဲဘဲအိမ်ဆောက်ခြင်း ဆိုးကျိုး
======================================
#အရပ်ထဲအိမ်ဆောက်တဲ့အခါအိမ်ရှင်တွေအနေနဲ့ ပုံဆွဲခပျမ်းမျှ လေးငါးသိန်း ဝန်းကျင်ပေးရမှာ အလွန်နှမျှောကြပါတယ်။ သူတို့အနေနဲ့ စက္ကူပေါ် ပုံလေးဆွဲတာ အဲ့လောက်ငွေ ပေးစရာလားလို့ အယူအဆရှိတတ်ပါတယ်။ အဲတော့ fb ပေါ်က အိမ်ပုံလေးတွေ ကန်ထရိုက်တာကို ပြပြီးဆောက်ခိုင်းပါတယ် ။ ကန်ထရိုက်တာက အလုပ်ရရှိရေးတွက်
ဖြစ်တယ်ဆိုပြီး ဆောက်ပေးတာ တွေ့နေရပါတယ်။
အဲဒီအခါမှာ ဆိုးကျိုးတွေ အများကြီး ထွက်ပေါ်လာတတ်ပါတယ်။
- ပုံစံမရှိတဲ့အတွက် ပစ္စည်းဒေသပေါက်စျေးနဲ့
တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို မရနိုင်ပါဘူးး။
အဲ့တော့ ကိုယ်က သိန်းတစ်ရာ မှန်းထားပေမယ့်
နှစ်ရာလဲ ဖြစ်သွားတတ်ပါတယ်။
အိမ်က မပြီးတပြီးနဲ့ တန်းလန်းတွေ ဖြစ်တတ်ပါတယ်။
- တိကျတဲ့ ပုံစံမရှိတဲ့အတွက် ဖြတ် ညှပ် ဆက် တွေများနိုင်ပါတယ်။ ပစ္စည်းအလေအလွင့်တွေများမယ်၊ မကုန်သင့်တာတွေ ပိုကုန်မယ်၊ အဆောက်အဦး အရည်အသွေးတွေ ကျဆင်းမယ်၊ အခန့်မသင့်ရင် မိမိတို့ သိန်းရာချီ အကုန်အကျခံပြီးး ဆောက်ထားတဲ့အိမ် အဟောသိကံ ဖြစ်နိုင်ပါတယ် ။
- ပြီးတော့ ကိုယ်လိုချင်တဲ့ အခန်းအကျယ်၊
အရေအတွက်အတွက် ရချင်မှ ရနိုင်မယ် ၊ ရအောင် လိုက်လုပ်မယ်ဆိုလဲ ဖြတ်ညှပ်ဆက်တွေ များနိုင်ပြီးး အန္တရာယ် များတဲ့ အခြေအနေ ရောက်သွား နိုင်ပါတယ်။
- အိမ်ပြီးသွားတော့လဲ fb ပေါ်က ကိုယ်ပြထားတဲ့ အိမ်ပုံစံမျိုးထွက်မလာပဲ ကိုယ်လိုချင်တာတစ်ခြား ဖြစ်လာတာတစ်ခြား ဖြစ်လာပြီး တစ်သက်လုံးး စိတ်မချမ်းမြေ့ဖွယ် နေထိုင်သွားရတတ်ပါတယ်။
- ပြီးတော့လဲ "Ethics ကျင့်ဝတ်လိုက်နာစောင့်ထိန်းမှု၊Responsibility & Accountability တာဝန်ယူမှု တာဝန်ခံမှု အားနည်းတဲ့" ကန်ထရိုက်ရဲ့ ဂျင်းပါမက ကြက်သွန်ဖြူ နဲ့ မိတ်သလင်ပါ ပေါင်းထည့်ခြင်း ခံရတတ်ပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူပြုသမျှ နုရ ၊
သူပြောသမျှ ခေါင်းညိမ့်ရတဲ့ အခြေအနေ
ရောက်သွားနိုင်ပါတယ်။ ပုံစံ မရှိတဲ့အတွက် သူက အမှားလုပ်နေလဲ ကိုယ်ကမပြောနိုင်ပဲ ကြည့်နေရမယ့် အခြေအနေ ပါ။
-ပုံံစံမရှိတဲ့အတွက် အခြားဆိုးကျိုး အများကြီးရှိနိုင်ပြီး Architectural Drawing နဲ့ Structural Drawingဖိုး နှမျောမိတာနဲ့ ပုံဆွဲခထက်ပိုပြီး
သိန်းပေါင်းများစွာ ပိုကုန်သွားတတ်ပါတယ်။
ပိုကုန်သွားတတ်တာမဟုတ်ဘူး. .တခါတလေ
ကြိမ်းသေ ပိုကုန်မှာပါ။ တိကျတဲ့ ပုံစံမရှိတဲ့အတွက် structure ပိုင်း အရမ်းအားနည်းသွားမှာ ကျိန်းသေပါ ။
ဒါက ပုံမဆွဲခြင်းရဲ့ ဆိုးကျိုးတွေပါ ။

🏠 ပုံဆွဲပြီးး အိမ်ဆောက်မယ်ဆို၇င်တော့ တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို ရရှိမှာပါ။ မိမိလက်ရှိငွေနဲ့ ချိန်လို့ရပါတယ်။
- မိမိစိတ်ကြိုက် ပုံဖော်လို့ ရတာမို့ အိမ်မပြီးခင်ကတည်းက ကျေနပ်တဲ့ စိတ် ခံစားရပြီး မကျေနပ်သေးရင် ပုံဆွဲအင်ယာနဲ့ တိုင်ပင်ပြီး ပြင်လို့ရပါသေးတယ်။
- ဖြတ် ညှပ် စပ် တွေမရှိသလောက်ဖြစ်သွားပြီး အားကောင်းတဲ့ structure တစ်ခုကို ရရှိမှာပါ။
- ပစ္စည်း အလေအလွင့်တွေနည်းသွားပြီး မကုန်သင့်တဲ့ ငွေကြေးအချို့ဟာ အိပ်ထဲ ပြန်ဝင်လာမှာပါ။
- တိကျတဲ့ပုံစံရှိတဲ့အတွက် ကန်ထရိုက်လဲ ဂျင်းထည့်လို့မရတော့သလို သူအမှားလုပ်ရင်လဲ ဝင်ပြောလို့ရပြီးး စာချုပ် ချုပ်ထားလျှင်လျော်ခိုင်းလို့ရပါတယ်။
- အိမ်ပြီးသွားတဲ့အခါ မိမိလိုချင်တဲ့ အိမ်ပုံစံလေး ကျိန်းသေ ရရှိလာမှာဖြစ်ပြီး သားစဉ်မြေးဆက် ကျေနပ်တဲ့စိတ်နဲ့ နေထိုင်သွားရမှာပါ ။
အဲ့တော့ အိမ်ကို ပုံစံဆွဲပြီး ဆောက်သင့် မဆောက်သင့် သေချာ စဉ်းစားချင့်ချိန်ဖို့လိုပါတယ်

#အိမ်ရှင်များအတွက်သာရည်ရွယ်ပါသည်။





Address

Twantay
Twante

Website

Alerts

Be the first to know and let us send you an email when SHIN LIN ZAW Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share