07/10/2026
🔥 Microwave Oven တစ်လုံးကို ရေရှည်အသုံးခံစေချင်ရင် ဒီအချက်တွေကို သိထားသင့်ပါတယ်။
✅ ဆောင်ရန် (၅) ချက်
1️⃣ Microwave-Safe ပန်းကန်ကိုသာ အသုံးပြုပါ
အပူခံနိုင်တဲ့ Glass၊ Ceramic နဲ့ Microwave-safe Container တွေကို ရွေးသုံးပါ။
2️⃣ အစားအစာကို အဖုံးအုပ်ပြီး အပူပေးပါ
အစားအစာတွေ ဖိတ်စင်မသွားအောင် အဖုံးအုပ်ပေးရင် Microwave အတွင်းပိုင်းလည်း သန့်ရှင်းနေစေပါတယ်။သို့သော် ဖိတ်စင်ဝေကျနိုင်သော စားသောက်စရာများအတွက် အသုံးပြုနေစဉ် စောင့်ကြည့်နေရန်လိုပါသည်။ဉပမာ- နွားနို့၊ကော်ဖီများ စသည်တို့။
3️⃣ အသုံးပြုပြီးတိုင်း အတွင်းပိုင်းကို သန့်ရှင်းပါ
အစားအစာအကြွင်းအကျန်နဲ့ ဆီစက်တွေ မကျန်အောင် ပုံမှန်သန့်ရှင်းပေးပါ။
4️⃣ လေဝင်လေထွက်ပေါက်ကို မပိတ်ပါနဲ့
Microwave ရဲ့ အပူထွက်ပေါက်တွေ ပိတ်နေရင် အပူလွန်ကဲပြီး စက်ကို ထိခိုက်နိုင်ပါတယ်။
5️⃣ အသုံးပြုပြီးရင် အတွင်းပိုင်းကို ခြောက်သွေ့အောင်ထားပါ
တံခါးကို ခဏဖွင့်ထားပြီး အတွင်းမှာကျန်နေတဲ့ အငွေ့နဲ့ စိုထိုင်းမှုတွေ လျော့နည်းစေပါ။
⚠️ ရှောင်ရန် (၅) ချက်
❌ သတ္တုပစ္စည်းတွေ မထည့်ပါနဲ့
ဇွန်း၊ သတ္တုပန်းကန်၊ Aluminium Foil စတာတွေက မီးပွားဖြစ်စေနိုင်ပါတယ်။
❌ Microwave ကို အလွတ်မဖွင့်ပါနဲ့
အစားအစာမရှိဘဲ Run ထားတာက Microwave စနစ်ကို ထိခိုက်စေနိုင်ပါတယ်။
❌ ကြာကြာအပူပေးပြီး မထားပါနဲ့
လိုအပ်တဲ့အချိန်ထက် ပိုကြာအောင် အပူပေးတာက အစားအစာကိုလည်း ပျက်စီးစေပြီး စက်ကိုလည်း အပူလွန်စေနိုင်ပါတယ်။
❌ တံခါးနဲ့ Door Seal ပျက်နေရင် ဆက်မသုံးပါနဲ့
တံခါးမပိတ်မိတာ၊ Seal ပျက်တာတွေရှိရင် ကျွမ်းကျင်သူနဲ့ စစ်ဆေးပြီးမှ ပြန်အသုံးပြုပါ။
❌ စက်ပေါ်မှာ ပစ္စည်းတွေ အများကြီးမတင်ပါနဲ့
လေဝင်လေထွက်ကို အဟန့်အတားဖြစ်စေပြီး စက်အပူလွန်နိုင်ပါတယ်။
💡 Microwave တစ်လုံး ရေရှည်အသုံးခံဖို့ဆိုတာ စက်ကောင်းတာတင်မဟုတ်ပါဘူး။ အသုံးပြုပုံမှန်ကန်ဖို့လည်း အရေးကြီးပါတယ်။
📌 Like & Follow လုပ်ထားပြီး အိမ်သုံး/ဆိုင်သုံး Kitchen Equipment တွေအကြောင်း သိကောင်းစရာတွေ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။