M2A Construction & Decoration Group

M2A Construction & Decoration Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M2A Construction & Decoration Group, Yangon.

ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)ယနေ့ကျရောက်သော ဝါဆိုလပြည့် “ဓမ္မစင်္ကြာအခါတော်နေ့” တွင် ပြည်သူ၊ ပြည်သား အားလုံး ကိ...
09/07/2025

ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)

ယနေ့ကျရောက်သော ဝါဆိုလပြည့် “ဓမ္မစင်္ကြာအခါတော်နေ့” တွင် ပြည်သူ၊ ပြည်သား အားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာ၍ဘေးရန်ကင်းကွာ အေးချမ်းပါစေကြောင်း 𝙈2𝘼 𝘾𝙤𝙣𝙨𝙩𝙧𝙪𝙘𝙩𝙞𝙤𝙣 & 𝘿𝙚𝙘𝙤𝙧𝙖𝙩𝙞𝙤𝙣 𝙂𝙧𝙤𝙪𝙥 မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ …… 🙏🙏🙏

#ဝါဆိုလပြည့်နေ့

#ဓမ္မစင်္ကြာအခါတော်နေ့

အရေးပေါ်အခြေအနေမှာ ကျင့်ဝတ်နဲ့အညီ ဘယ်လိုကူညီကြမလဲ?👉 အရေးပေါ်အခြေအနေမှာ ကျင့်ဝတ်နဲ့အညီ ကူညီခြင်းဆိုတာ... ဘေးအန္တရာယ် အမျိ...
03/04/2025

အရေးပေါ်အခြေအနေမှာ ကျင့်ဝတ်နဲ့အညီ
ဘယ်လိုကူညီကြမလဲ?

👉 အရေးပေါ်အခြေအနေမှာ ကျင့်ဝတ်နဲ့အညီ ကူညီခြင်းဆိုတာ... ဘေးအန္တရာယ် အမျိုးမျိုးကြောင့် ထိခိုက်ခံစားနေကြရတဲ့ သူတွေကို ကူညီတဲ့အချိန်မှာ သူ့တို့ကို ထပ်မံထိခိုက်စေမဲ့ အပြုအမူ၊ အပြောအဆိုတွေ၊ ပိုမိုထိခိုက်နိုင်မဲ့ မေးခွန်းတွေနဲ့ ထပ်ပြီး ထိခိုက်ခံစားရအောင် မလုပ်ဖို့၊ ကူညီတဲ့အခါလည်း သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့၊ သတင်းအချက်အလက်ကို တိကျမှန်ကန်စွာ စုဆောင်းပြီး လိုအပ်ချက်ကို အချိန်မှီနဲ့ ထိရောက်စွာ ကူညီဖို့ စတဲ့စတဲ့ အချက်တွေကို ဆိုလိုတာဘဲ ဖြစ်ပါတယ်။

ဒီသင်တန်းမှာတော့ အရေးပေါ်အခြေအနေကို တုံ့ပြန်ကူညီတဲ့အခါ မရှိမဖြစ်သိထားရမဲ့

👉 ငလျင်အရေးပေါ်တုံ့ပြန်မှု အခြေခံအချက်များ
👉 အရေးပေါ်တုံ့ပြန်မှုတွင် ကျင့်ဝတ်ဆိုင်ရာ ထည့်သွင်းစဉ်းစားရမည့်အချက်များ
👉 လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူများ
👉 ဘေးဒဏ်ခံနေကြရတဲ့ ပြည်သူများရဲ့ လိုအပ်ချက်များကို မြန်ဆန်စွာ အကဲဖြတ် ဆန်းစစ်ခြင်း နဲ့
👉 အကူညီတုံ့ပြန် ဆောင်ရွက်တဲ့အခါ ကြုံတွေ့ရနိုင်ချေရှိတဲ့ အခက်အခဲများနှင့် ဖြေရှင်းနည်းများ

စတဲ့ အကြောင်းအရာများကို အဓိက သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းပြီးဆုံးသွားတဲ့အခါမှာတော့ သဘာဝဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေကို အကူအညီပေးတဲ့အခါ ကျင့်ဝတ်ကိုထိန်းသိမ်းပြီး တကယ်လိုအပ်တဲ့သူတွေကို စနစ်တကျ ကူညီနိုင်မဲ့ အတတ်ပညာတစ်ခုကို သိရှိသွားမှာဖြစ်ပါတယ်။

ဒီသင်တန်းကို

👉The Kap မှ သင်တန်းသူ/သားများ သာမက လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းတွေမှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ NGO/INGO မှ ဝန်ထမ်းများ

👉 လက်ရှိ ငလျင်အရေးအပေါ်တုန့်ပြန်မှုလုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ ရပ်ရွာအခြေပြု စေတနာ့ဝန်ထမ်းများနှင့်

👉သဘာဝဘေးကို ရှေ့တန်းမှ တုံ့ပြန်ဆောင်ရွက်နေကြတဲ့ စေတနာ့ ဝန်ထမ်းများအားလုံးအတွက် ရည်ရွယ်ပါတယ်။

🧑‍🏫🧑‍🏫ဘယ်သူတွေသင်ပေးမှာလဲ
မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်
သဘာဝဘေးအန္တရာယ်အတွက် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ဖူးသူများဖြစ်သလို၊ INGO, Local NGO, UN နဲ့ Donor agency များစွာတွင်လည်း လူသားချင်းစာနာမှုနဲ့ အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းတွေကို (၁၆) နှစ်ကျော် ဆောင်ရွက်ခဲ့ဖူးတဲ့
ဆရာထူးလွင်နဲ့ ဆရာသူရစိုး တို့မှ ဒီသင်တန်းကို ပို့ချပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းသည် အားလုံးအတွက် အခမဲ့ ဖြစ်ပြီး သင်တန်းပြီးတဲ့အခါ သင်ကြားပေးခဲ့တဲ့ power point slides တွေနဲ့ Zoom record ကို email ကနေတဆင့် ပြန်လည်ပို့ပေးသွားမှာဖြစ်လို့ သင်တန်း join ဖို့ရာ အောက်ပါ google form လေးဖြည့်ပြီး စာရင်းသွင်းပေးပါနော်။
https://forms.gle/UAsDxpoKwdwBmu8n8

,

အရေးပေါ်အခြေအနေမှာ ကျင့်ဝတ်နဲ့အညီ
ဘယ်လိုကူညီကြမလဲ?

Edited : Registration Form ပိတ်သွားပါပြီ။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ငလျင်ကြောင့်ဖြစ်တဲ့အခက်အခဲတွေ၊ မီးလာချိန် လျော့နည်းလာတာတွေကြောင့် မီးလာချိန်လေး battery 🔋 တွေကို အာ...
01/04/2025

လက်ရှိ ဖြစ်ပေါ်နေတဲ့ ငလျင်ကြောင့်ဖြစ်တဲ့အခက်အခဲတွေ၊ မီးလာချိန် လျော့နည်းလာတာတွေကြောင့် မီးလာချိန်လေး battery 🔋 တွေကို အားအမြန် ပြည့်အောင်သွင်းတဲ့အခါ သတိထားရမယ့် အချက်လေးတွေ ကို knowledge sharing အနေနဲ့ ဝေမျှလိုက်ပါတယ် ။

လိုင်းအခက်အခဲကြောင့် short to the point လေးပဲဝေမျှလိုက်ပါတယ်။

အခုအသုံးများတဲ့ battery backup ( Lifepo4 )တွေ မှာ Charge Current ကို များများ (100A/ 150A) နဲ့ အားသွင်းလာနိင်တယ်။ Current များများနဲ့အားသွင်းတော့ အားသွင်းချိန် မြန်လာပေမယ့် AC current အနေနဲ့လည်း များလာတယ်။

ကျတော်တို့ မြန်မာပြည်ရဲ့ ရိုးရိုးအိမ်မီတာ (AC current) က 32A ထိပဲ အသုံးပြုလို့ရတော့ battery အားသွင်းတာရယ် ၊ တခြား အိမ်သုံး load ( Aircorn/ ရေမော်တာ/ ဒယ်နီ) အစရှိတဲ့ မီးအားဆွဲတာများတဲ့ ပစ္စည်းတွေရယ် စုံသုံးတဲ့အခါ မီးဘေးအန္တရာယ်ရှိလာနိင်ပါတယ်။

ဘယ်လောက် Ah battery အိုးကို ဘယ်လောက် Ampere ချိန်ပီးအားသွင်းပါလို့ ပုံမှန် ဆို ပြောလို့ရပေမယ့် ကျတော်တို့အိမ်သုံး မီးကြိုးတွေ အနေအထား၊ မီးကြိုး သွယ်တန်း အကွာအဝေးတွေ ၊ အဝင် မီးအား အသုံးများလို့ စုပြုံသုံးစွဲလို့ voltage ကျတာတွေ ၊ အစရှိသဖြင့် ထည့်သွင်းစဉ်းစားရမယ့်အရာတွေ အများကြီးရှိသေးတာကြောင့်မလို့ မိမိတို့နီးစပ်ရာ ပညာရှင် ၊ တက်ကျွမ်းနားလည်သူများ ၊ Inverter , battery ဆင်ပေးတဲ့ installersသမားများရဲ့ အကြံဥာဏ် ယူပီး အားသွင်း Ampere ကို ချိန်ညှိကြဖို့ သတိပြုရေးသားလိုက်ရပါတယ် ခင်ဗျ ….

ချစ်သောမြန်မာပြည်ကြီး အမြန်ဆုံး နေကောင်း ၊ ကျန်းမာပါစေ 🙏….

Ph
Oto . Credit

မန္တလေးငလျင်နှင့်ပတ်သတ်၍ မြန်မာအင်ဂျင်နီယာအသင်းချုပ် ၊ မြန်မာနိင်ငံငလျင်ကော်မတီ ၏ထုတ်ပြန်ချက် #မန္တလေးငလျင်
28/03/2025

မန္တလေးငလျင်နှင့်ပတ်သတ်၍ မြန်မာအင်ဂျင်နီယာအသင်းချုပ် ၊ မြန်မာနိင်ငံငလျင်ကော်မတီ ၏ထုတ်ပြန်ချက်

#မန္တလေးငလျင်

ထိုင်းနိုင်ငံတွင်နေထိုင်သော နိုင်ငံခြားသားများအတွက် လတ်တလော ငလျင်အခြေအနေနှင့်ပတ်သက်ပြီး နောက်ဆုံးရသတင်းမြန်မာစံတော်ချိန်...
28/03/2025

ထိုင်းနိုင်ငံတွင်နေထိုင်သော နိုင်ငံခြားသားများအတွက် လတ်တလော ငလျင်အခြေအနေနှင့်ပတ်သက်ပြီး နောက်ဆုံးရသတင်း

မြန်မာစံတော်ချိန် မွန်းလွဲ ၁း၂၀ နာရီအချိန်က မန္တလေးမြို့အနီးတွင် ရစ်ခ်ျတာစကေး ၇.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် အခြားဒေသများတွင် လှုပ်ခတ်မှုများ ခံစားခဲ့ရသည်။ ငလျင်ဗဟိုချက်မှာ မယ်ဟောင်ဆောင်ခရိုင် ပန်မာဖာခရိုင်မှ ကီလိုမီတာ ၃၂၀ ခန့်အကွာတွင် တည်ရှိသည်။

ထိုင်းမိုးလေဝသဌာနနှင့် ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာနတို့က အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး နောက်ဆက်တွဲငလျင်များ ဖြစ်နိုင်ကြောင်း သတိပေးထားသည်။ အာဏာပိုင်များက မုန်တိုင်းဒဏ်ခံ ဒေသများရှိ အဆောက်အအုံဆိုင်ရာ ပျက်စီးမှုအချို့ကို အတည်ပြုခဲ့သည်။ ထိုင်းမိုးလေဝသဌာနက အခြေအနေကို Facebook Live မှတစ်ဆင့် ​နောက်ဆုံးရသတင်းများ ​ပေးပို့မည်ဖြစ်သည်။

အရေးပေါ်အကူအညီလိုအပ်နေသည့် နိုင်ငံခြားသားများအတွက် ကျေးဇူးပြု၍ အောက်ပါ hotlines သို့မဟုတ် ရောက်ရှိနေသည့် ဒေသဆိုင်ရာ သို့မဟုတ် ပြည်နယ်အာဏာပိုင်များထံ ဆက်သွယ်ပါ။

✅ အထွေထွေအရေးပေါ်အခြေအနေ- 191
✅ Tourist Police Hotline: 1155
✅ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန 199

🔹Situation update on the recent earthquake for foreign nationals residing in Thailand

▪️A 7.4-magnitude earthquake struck near Mandalay, Myanmar, at 1:20pm local time, with tremors felt in Bangkok and other areas of Thailand. The epicenter was approximately 320 kilometers from Pang Mapha District of Mae Hong Son Province.

▪️The Thai Meteorological Department and the Department of Disaster Prevention and Mitigation are closely monitoring the situation and warned of possible aftershocks. Authorities have confirmed some structural damage in affected areas. The Thai Meteorological Department will provide updates via Facebook Live as the situation unfolds.

▪️For foreign nationals in need of emergency assistance, please contact the following hotlines or local or provincial authorities where you are located:

✅General Emergency: 191
✅Tourist Police Hotline: 1155
✅Fire and Rescue Department: 199

Ministry of Foreign Affairs, Thailand
https://www.mfa.go.th/en/content/eqeng?cate=5d5bcb4e15e39c306000683e

28/03/2025
အသုံးများလာတဲ့ battery အိုးများအကြောင်း ၊ မိမိတို့အသုံးပြုချင်တဲ့ watt အား ၊ အသုံးပြုချင်တဲ့ကြာချိန် ၊ ဝယ်သင့်တဲ့ batter...
25/03/2025

အသုံးများလာတဲ့ battery အိုးများအကြောင်း ၊ မိမိတို့အသုံးပြုချင်တဲ့ watt အား ၊ အသုံးပြုချင်တဲ့ကြာချိန် ၊ ဝယ်သင့်တဲ့ battery အိုး size များအကြောင်းကို စုံစုံလင်လင် သိနိင်တဲ့ ဗဟုသုတ ရဖွယ် post လေးဖြစ်တာကြောင့် ပြန်လည်မျှဝေ လိုက်ရပါတယ် …..…..

၁၃-၃-၂၀၂၅(ကြာတပတေးနေ့)တပေါင်းလပြည့်နေ့ တွင် ကျရောက်သောအဖေများနေ့၌ ဤပို့စ်လေးဖြင့် မိသားစုအတွက်ကြိုးစားနေသော အဖေများအားလု...
13/03/2025

၁၃-၃-၂၀၂၅(ကြာတပတေးနေ့)တပေါင်းလပြည့်နေ့ တွင် ကျရောက်သောအဖေများနေ့၌ ဤပို့စ်လေးဖြင့် မိသားစုအတွက်ကြိုးစားနေသော အဖေများအားလုံးကို ဂုဏ်ပြုအပ်ပါသည်။

အဖေဆိုတာ
--------------
“အဖေ”ဟာ ကိုယ့်အတွက်တော့
ဘဝကို လုံခြုံမှုပေးတဲ့ လူသားတယောက်ပဲ။
“အဖေ”ရှိရင် စိတ်ခွန်အားရှိသလို
လုံခြုံမှုကိုလဲ ခံစားရတယ်။

“အဖေ”ဟာ “အမေ”တယောက်လို
နူးညံ့မှု မရှိပေမယ့်
တအိမ်လုံးအတွက်တော့ မှီခိုအားထားရာ မိသားစုရဲ့ အဓိက ထောက်တိုင်ပါပဲ။
“အဖေ့”ရဲ့ မေတ္တာတွေ၊ကျေးဇူးတွေနဲ့ မိသားစုဟာ
အခုလို ရပ်တည်နိုင်တာပါ။

“အဖေ.”ကို အချိန်အကြာကြီး ပျော်ရွှင်စွာနဲ့
အသက်ရှည် ကျန်းမာစွာ ရှိစေချင်တယ်။
မိသားစု စုံလင်စွာနဲ့ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့
အချိန်အကြာကြီး နေချင်တယ်။

ကမ္ဘာပေါ်မှာရှိတဲ့ “အဖေ”တွေအားလုံးလည်း
အသက်ရှည်ကျန်းမာစွာနဲ့ မိသားစုရဲ့ ချစ်ခြင်းမေတ္တာကို ပျော်ရွှင်စွာ ရရှိစေချင်တယ်။

အဖေများရဲ့ မေတ္တာ၊ စွန့်လွှတ်အနစ်နာခံမှုတွေဟာ
ကမ္ဘာကြီးကို ပိုမိုလှပစေပါတယ်။

#အဖေများနေ့ #တပေါင်းလပြည့်

01/11/2024

Happy Diwali for All!All of Myanmar people be peaceful and happy soon 🙏🙏🙏

🥰 အပြင်မှာပဲ လက်ခံထားတဲ့အလုပ်တွေပဲ ဇွတ်တွန်းလုပ်ပီး လိုင်းပေါ် မတင်တာကြာပီမို့ ပြီးစီးခဲ့တဲ့ ဆိုဒ်လေးတွေ အမှတ်တရအနေနဲ့ သ...
29/10/2024

🥰 အပြင်မှာပဲ လက်ခံထားတဲ့အလုပ်တွေပဲ ဇွတ်တွန်းလုပ်ပီး လိုင်းပေါ် မတင်တာကြာပီမို့ ပြီးစီးခဲ့တဲ့ ဆိုဒ်လေးတွေ အမှတ်တရအနေနဲ့ သိမ်းဆည်းခွင့်ပြုပါခင်ဗျာ 🙏

ရွှေပေါက်က္ကံ (၁၁)ရပ်ကွက် ၊ နှစ်ထပ်အကြမ်းထည်ဆိုဒ်လေး (၁၈’x၄၀’) ၊ အသက်ရွယ်ကြီးရင့်လာတဲ့ လူကြီး မိဘတွေအတွက် အပ်တာဖြစ်သောကြောင့် Budget limit ရှိသော်လည်း ၊အကြမ်းထည်ပဲအပ်တာဆိုပေမယ့် သေချာလေး လုံလုံခြုံခြုံလေးနဲ့ function ဖြစ်ဖြစ်နေထိုင်လို့ရအောင် အတက်နိင်ဆုံး ၊အသက်သာဆုံးဖြစ်အောင် တည်ဆောက် အပ်နှံပေးခဲ့ပါတယ်ခင်ဗျ 🙏

External တံခါးရွက်တွေကို ကျွန်းတံခါးရွက်တွေ သေချာလေးသုံးပေးထားပီး ၊ အတွင်းတံခါးရွက်နဲ့ ပြတင်းပေါက်တွေကိုတော့ UPVC အထူစားအမျိုးစားကောင်းတာလေးရွေးချယ်သုံးပေးထားပါတယ် ။ အိမ်ပုံစံကိုလည်း အခန်းဖွဲ့ကောင်းကောင်း ၊ လူကြီးတွေအကြိုက် လေဝင်လေထွက်ကောင်းကောင်း ဖြစ်အောင် သေချာတွက်ချက်ပီး၊ မီးပျက်နေရင်တောင် လုံလောက်တဲ့ အလင်းရောင် ၊ လေဝင်လေထွက်ရအောင် သေချာလေး ထည့်သွင်းတည်ဆောက်ပေးထားတာပဲဖြစ်ပါတယ် 🥰

Ground Floor မှာ
ဧည့်ခန်းကျယ် -၁ ခန်း
အခန်းကျယ် Bed Room- ၁ ခန်း
မီးဖိုချောင် - ၁ ခန်း
ရေချိုးခန်း အိမ်သာ တွဲရက် ၊ ရေချိုးအုတ်ကန် -၁ ခန်း

1F မှာ
အိပ်ခန်း (10’x9’) - ၂ ခန်း
အိပ်ခန်း ( 20’9’) - ၁ ခန်း
Walkway / Stair နှင့်
နောက်နောင် မြေးမြစ်တွေနဲ့ Chill လုပ်လို့ရမယ့် ဝရန်တာ ကျယ်ကျယ်လေး တခုတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါတယ် 🥰

ရှိပီးသား မျက်နှာစာ လေးကိုလည်း အိမ်ရှင်စိတ်တိုင်းကျ ဖြစ်အောင် ပြန်လည်ပြင်ဆင်ပေးခဲ့ပါတယ်ခင်ဗျာ 🙏

ဒီလိုအချိန်မှာ အရေးကြီးသတင်းများကို အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် လုပ်ကွက်လေးများ မကြာခဏမတင်ဖြစ်တာဖြစ်ပါတယ် 🥰

လူကြီးမင်းတို့ အဆောက်ဦးတည်ဆောက်လိုတာပဲဖြစ်ဖြစ် ၊ ပြင်ဆင် ပြုပြင်ချင်တာပဲဖြစ်ဖြစ် ၊ decoration လုပ်ချင်တာပဲဖြစ်ဖြစ် ဆက်သွယ်မေးမြန်းနိင်ပါတယ်ခင်ဗျာ 🙏

Post လေးတွေ အတင်ကျဲမှာဖြစ်ပေမယ့်လည်း အပြင်မှာ လက်တွေ့လုပ်ဆောင်နေတဲ့ လုပ်ငန်းများကို လိုက်လံလေ့လာနိင်ပါတယ်ခင်ဗျာ 😊

ယုံကြည်မှုနဲ့ထိုက်တန်အောင်အမြဲကြိုးစားလျှက်𝐌𝟐𝐀 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 ကိုသတိရလိုက်ပါ 😊

📞 09 4500 62623 (Viber) / 09 75543 9916

Address

Yangon

Telephone

+959450062623

Website

Alerts

Be the first to know and let us send you an email when M2A Construction & Decoration Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to M2A Construction & Decoration Group:

Share