04/08/2024
Crd
ဒီကာလမှာ အိမ်ဆောက်ဖို့လုံးဝ စိတ်မကူးကြပါနဲ့
🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫
ကျနော်တို့ Company အနေနဲ့လည်း အိမ်လက်ခံတာတွေ ခေတ္တယာယီရပ်နားထားပါတယ်ဗျ ကုန်စျေးနှုန်းက ကြောက်စရာကောင်းအောင်ကို စျေးတက်နေလို့ပါ လက်ခံထားပြီးတဲ့အိမ်တွေကိုဘဲ အိမ်ရှင်ထံမြန်မြန်လေးနဲ့အကောင်းဆုံးအပ်နှံနိုင်အောင်ကြိုးစားနေရပါတယ်ဗျ🥹
အခက်ခဲဆုံးဆိုတဲ့ ကာလတွေ ကာလတွေကျော်ဖြတ်ရင်း တောင့်ခံရင်း အလုပ်လုပ်နေရတာ လမ်းပျောက်လာသလိုခံစားရတယ် ဒီလိုမျိုးကာလတွေကိုကျော်ဖြတ်လာခဲ့တာများတော့ တစ်ခါတစ်လေ မျော်လင့်ချက်တွေ ကျနော်တို့ Future Plan တွေ ရှေ့ဆက်ရမဲ့မနက်ဖြန်တွေလမ်းပျောက်နေသလိုခံစားမိ့တယ်
ဒီကာလမှာ အိမ်ဆောက်ပေးရတာ တကယ်ပွင့်ပွင့်လင်းလင်းပြောရရင် အကုန်အိတ်စိုက်ပါဘဲ အကျိုးအမြတ်ဆို
တာထက် နာမည်တစ်ခုမပျက်စီအောင် ဂတိတစ်ခုမပျက်အောင် ကိုယ့်တာဝန်ကို ကိုယ်ယူတဲ့အနေနဲ့ အတက်နိုင်
ဆုံးအကောင်းဆုံးဆောက်လုပ်ပေးနေရတာပါ
ဒါတောင်အိမ်တွေကို အကန့်အသတ်နဲ့သေချာလေးလက်ခံခဲ့တာ အရင်လို့လာအပ်သမျှလက်ခံခဲ့တာမဟုတ်ဘူး အကန့်သတ်နဲ့လက်ခံလို့တောင်အပြောခံရသေးတယ် ကြီးကြီးကျယ်နဲ့ဆိုပြီးပြောသွားသေးတယ်
ဒီတစ်ခေါက်အခက်ခဲတွေကတော့ အဆိုးဝါးဆုံးလို့ထင်ဒါပါဘဲ တစ်ချို့ကလည်း နားလည်ပေးတယ် တစ်ချို့ကလည်း နားမလည်တဲ့အပြင် အချိန်နည်းနည်းနောက်ကျလို့ လျော်ကြေးပါထပ်တောင်းချင်ကြသေးတယ် ဘာဘဲဖြစ်ဖြစ်စေတနာကောင်းကောင်းထားရင်ကံကောင်းလာပါလိမ့်မယ်
ဆက်တောင့်ခံရုံပေါ့ Fighting ❤️🏠🙏🏻🏠💪💪💪
Card////