BIM Mandalay Engineering Training Center

  • Home
  • BIM Mandalay Engineering Training Center

BIM Mandalay Engineering Training Center ( BIM + Engineering Design ) freelancer and Lecturer .

🏢 BIM Mandalay Co., Ltd မှ Oversea Experience ရယူချင်သော ကျောင်းပြီးစ လူငယ်များနှင့် BIM ပိုင်းစိတ်ဝင်စားသူများ အတွက် သတ...
14/04/2026

🏢 BIM Mandalay Co., Ltd မှ Oversea Experience ရယူချင်သော ကျောင်းပြီးစ လူငယ်များနှင့် BIM ပိုင်းစိတ်ဝင်စားသူများ အတွက် သတင်းကောင်း! 🇸🇬

BIM Mandalay Co., Ltd တွင် လက်ရှိလုပ်ဆောင်နေသော Singapore (စလုံး) Project များ၏ MEP BIM Modeling နှင့် VDC workflow များအတွက် အောက်ပါရာထူးများကို အမြန်အလိုရှိနေပါသည်။ Oversea Project အတွေ့အကြုံကောင်းများ ရယူလိုသူများအတွက် အထူးဖိတ်ခေါ်အပ်ပါသည်။

💼 ခေါ်ယူမည့်ရာထူးများ -

1️⃣ ACMV BIM Modeler (Mechanical) - (၁) ဦး
2️⃣ Electrical BIM Modeler - (၁) ဦး

📌 Job Description & Responsibilities (လုပ်ငန်းတာဝန်များ)

🔹 ACMV BIM Modeler အတွက် -

Singapore Standard များနှင့် Project requirement များအပေါ်မူတည်၍ ACMV (HVAC) system များအတွက် 3D Model များရေးဆွဲခြင်း။

Revit နှင့် Navisworks တို့ကို အသုံးပြု၍ အခြားသော Discipline များနှင့် Coordination ပြုလုပ်ခြင်း၊ Clash များကို ဖြေရှင်းခြင်း။

Duct routing, Pipe routing များကို Engineering သဘောတရားနှင့်အညီ VDC workflow အတိုင်း စနစ်တကျ ရေးဆွဲနိုင်ခြင်း။

🔹 Electrical BIM Modeler အတွက် -

Electrical system များဖြစ်သော Cable Tray, Trunking, Conduit routing နှင့် Lighting, Power layout များကို 3D Model ရေးဆွဲခြင်း။

Revit / Navisworks ကိုအသုံးပြုပြီး Mechanical, Plumbing (ဥပမာ - SCDF, PUB standards) Model များနှင့် တိုက်ဆိုင်စစ်ဆေးကာ Clash detection ပြုလုပ်ခြင်း။

Electrical Drawing များကို ဖတ်ရှုနားလည်ပြီး BIM Model ထဲသို့ တိကျစွာ ထည့်သွင်းရေးဆွဲခြင်း။

🎓 Requirements (လိုအပ်ချက်များ)

B.E သို့မဟုတ် B.Tech (Mechanical / Electrical) ဖြင့် ဘွဲ့ရရှိပြီးသူများ (ကျောင်းပြီးစ လူငယ်များ လျှောက်ထားနိုင်ပါသည်)။

BIM Software များ (Revit 2024, Navisworks) ၏ အခြေခံအသုံးပြုပုံကို ကောင်းစွာနားလည်သူဖြစ်ရမည်။

Singapore Standards နှင့် Code များကို လေ့လာသင်ယူလိုစိတ်ရှိပြီး ကြိုးစားချင်စိတ်ရှိသူဖြစ်ရမည်။

အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသူ ဖြစ်ရမည်။

💡 ဘာကြောင့် BIM Mandalay မှာ အလုပ်လုပ်သင့်တာလဲ?

✅ Singapore Project များကို ကိုယ်တိုင် ပါဝင်ရေးဆွဲရမည်ဖြစ်၍ International Standard (Oversea Experience) များကို လက်တွေ့လေ့လာနိုင်ခြင်း။
✅ BIM/VDC နည်းပညာများကို လုပ်ငန်းခွင်အတွင်း စနစ်တကျ ဆက်လက်သင်ယူနိုင်ခြင်း။
✅ နွေးထွေးပြီး အချင်းချင်း ကူညီဖေးမတတ်သော လုပ်ငန်းခွင် ပတ်ဝန်းကျင်ရှိခြင်း။

📩 ဘယ်လိုလျှောက်ထားရမလဲ?

စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ Update ဖြစ်သော CV Form၊ Portfolio (BIM Model ရေးဆွဲထားသည့် Sample များရှိပါက) နှင့် ပညာအရည်အချင်း အထောက်အထားများကို အောက်ပါ Email သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

Work From Home မရပါ In Person ရုံးတက်ရပါမည်။

📧 Email: [[email protected]]
📱 Viber: [+959750714979]
📍 ရုံးလိပ်စာ: [Pinya St 17,South Dagon, Near Myin Thar Bus Stop ]
⏳ နောက်ဆုံးထား လျှောက်ထားရမည့်ရက်: [28/04/2026]

BIM Mandalay မိသားစုနှင့်အတူ ပူးပေါင်းပြီး ကိုယ့်ရဲ့ Professional Career ကို အကောင်းဆုံး တည်ဆောက်လိုက်ကြရအောင်! ✨

ထွက်သွားသူကိုလဲ နှုတ်ဆက်ပါတယ်။ဝင်လာသူကိုလဲ ကြိုဆိုပါတယ်။BIM MDY ရဲ့ team member ဖြစ်တဲ့ ညီမလေးက PSG company မှာ Spass နဲ...
20/03/2026

ထွက်သွားသူကိုလဲ နှုတ်ဆက်ပါတယ်။
ဝင်လာသူကိုလဲ ကြိုဆိုပါတယ်။
BIM MDY ရဲ့ team member ဖြစ်တဲ့ ညီမလေးက PSG company မှာ Spass နဲ့အလုပ်ရသွားပြီးမလို့
သူ့နေရာမှာရော နောက်ထပ်ရော
MEP modeller -2 ခေါ်ပါမယ်။
စိတ်ဝင်စားသူက CV +portfolio ပို့ပေးပါခင်ဗျာ။
WFH မရသေးပါ။တောင်ဥက္ကလာပမြို့နယ်မှာ ကျွန်တော်နဲ့အတူ အလုပ်တွဲလုပ်ရန် လာပေးရပါမယ်ခင်ဗျာ။
[email protected] ကို မျှော်မှန်းလစာနဲ့အတူ ပို့ပေးလို့ရပါတယ် ။

17/03/2026

အလုပ်ခေါ်စာPost ကို only me လုပ်လိုက်ပါပြီ။
ဘာလို့ လုပ်ရလဲဆိုရင်
ကျွန်တော် အခုလို တင်ခြင်းအပေါ်မှာ
တချို့က မြန်မာ agent တွေ လုပ်စားတယ် ဘာညာ ရေးထားပြောထားတာတွေ့လို့
ကျွန်တော် တင်တဲ့ အလုပ်ခေါ်စာတိုင်း
ကျွန်တော် သင်တန်းသားထဲက ဖြစ်ဖြစ်
အပြင်သင်တန်းသားကဘဲ ဖြစ်ဖြစ်
ရစေချင်တဲ့စိတ်နဲ့ တင်ပေးခြင်းသာ ဖြစ်သည်။
ကျွန်တော်သည် agent မဟုတ်ပါ
တပြားတချပ်မှ ယူထားခြင်းမရှိသောကြောင့်
ဆက်လက်၍ အပြောခံရဖို့ မတန်ဘူးထင်သောကြောင့်
ပိုစ့်ကို ပိတ်လိုက်ခြင်းဖြစ်ပါသည်။
လက်ရှိ လက်ခံရရှိထားတဲ့ CV 43 စောင်ဘဲ
စီစစ်ပြီး တဖက်ကို ပို့ပေးလိုက်ပါမယ်။

ကျေးဇူးပါခင်ဗျာ။

Bentley software familier ဖြစ်တဲ့သူ ကျွန်တော်ဆီ ဆက်သွယ်နိုင်ပါတယ်။ထုံးစံအတိုင်းဘဲ စေတနာ အကျိူးဆောင်လုပ်ပေးတာမလို့ Bentle...
16/03/2026

Bentley software familier ဖြစ်တဲ့သူ ကျွန်တော်ဆီ ဆက်သွယ်နိုင်ပါတယ်။
ထုံးစံအတိုင်းဘဲ စေတနာ အကျိူးဆောင်လုပ်ပေးတာမလို့ Bentleyမရရင်တော့ CV မပို့စေချင်ပါဘူး ...ဒါလေးတော့ နားလည်ပေးစေချင်ပါတယ်။
SG experienceမရှိလဲ သင်ပေးမယ့် အနေအထားမှာရှိပါတယ်။
အဓိက အဲ့ software သုံးနိုင်တဲ့သူ လိုချငါနေတာမလို့ပါ။



15/03/2026
13/03/2026

Electrical modelling မှာ အများဆုံးဆွဲရတဲ့ conduit တွေကို တချို့ projectမှာ အစအဆုံးဆွဲတာမျိုးရှိတယ် တချို့ကျလဲ အခန်းထဲထိ trunkingနဲ့လာပြီး electrical point ရောက်မှ point ဆီကို conduit နဲ့ down ဆင်းတာလဲ ဆွဲခဲ့ဖူးတယ်
Electrical drawing နဲ့ ID drawingဆိုတာလဲ ခွဲခြားလို့မရပါဘူး ID drawingရဲ့ elevation နဲ့ showflat ပုံတွေကို ကြည့်ပြီး modellingလုပ်ပြီး coordinate လုပ်နေရတဲ့ project ပါ။
Electrical ဆွဲရတာ လက်ဝင်တယ်ဆိုတာ electrical modeller တွေဘဲ အသိဆုံးပါ။


❄️ Chilled Water Flow & Pipe Size ကို ဘယ်လိုတွက်လဲ?HVAC Design လုပ်ရာမှာ AHU Coil တစ်ခုရဲ့ Chilled Water Flow နဲ့ Pipe S...
06/03/2026

❄️ Chilled Water Flow & Pipe Size ကို ဘယ်လိုတွက်လဲ?

HVAC Design လုပ်ရာမှာ AHU Coil တစ်ခုရဲ့ Chilled Water Flow နဲ့ Pipe Size တွက်ချက်တာက အလွန်အရေးပါ ပါတယ်။

Cooling Load တွက်ချက်ပုံကို ပြီးခဲ့တဲ့ အပတ်မှာတင်ခဲ့တဲ့ Post မှာလေ့လာလို့ရပါတယ်။

Post Link
https://fb.watch/FGpXn6am2b/

Step by step calculation

Step ① – Chilled Water Flow တွက်နည်း
Step ② – Pipe Size တွက်နည်း (Velocity အခြေခံ)
Step ③ – Pressure Drop & ASHRAE Concept

တွက်ချက်မူအရ
Cooling Capacity = 49.7KW ကို
50KW နဲ့ ယူဆပြီး တွက်ချက်ထားပါတယ်။

👉Information
Cooling Capacity = 50 kW
Chilled Water Supply = 6 °C
Chilled Water Return = 12 °C
ΔT = 6 °C

🔹 Step ① – Chilled Water Flow တွက်နည်း
Formula:
Q=m˙cp ΔT
m˙=Q/(cp ΔT)
Q = 50 kW
cp(water) ≈ 4.186 kJ/kg·K
ΔT = 6 °C
m˙≈1.99kg/s
Density ≈ 1000 kg/m³ ဖြစ်လို့
Flow Rate ≈ 1.99 L/s ≈ 7.2 m³/h

👉 ဆိုလိုတာက – 50 kW AHU တစ်လုံးအတွက် Chilled Water Flow ≈ 2 L/s (7.2 m³/h) လိုတယ်လို့ ဆိုနိုင်ပါတယ်။

🔹 Step ② – Pipe Size တွက်နည်း (Velocity အခြေခံ)
Chilled Water Pipe Design မှာ Normally
Minimum Velocity ≈ 0.6 m/s
Comfortable Range ≈ 0.6 – 1.5 m/s

Velocity များမယ် ဆိုရင် Noise, Erosion ဖြစ်နိုင်ခြေ များပါတယ်။

Flow = 0.002 m³/s (2 L/s) ထားပြီး
Velocity v = 1.0 m/s (ယူတွက်ပါမယ်)

Pipe Cross-sectional Area
A=Q/v = 0.002/1.0 = 0.002 m2

Diameter
D = Sq Root (4A/π)
D ≈ 0.050m ≈ 50mm

Velocity ကို 1.0–1.5 m/s Range အတွင်းထားလိုက်မယ်ဆို

Velocity ကို 1.0m/s မှာ Pipe Diameter
DN 40 (1½") → Velocity များတဲ့အတွက်
Noise , Pressure Drop များပါမယ်

Velocity ကို 1.5m/s မှာ Pipe Diameter
DN 50 (2") → Velocity နည်းတဲ့ အတွက်
Noise, Pressure drop ပိုသက်သာ သွားပါတယ်

Practical Design အနေနဲ့
👉 50 kW AHU အတွက် Pipe Size ကို
DN 40–DN 50 Range
အတွင်းရွေးလေ့ရှိပြီး သက်တောင့်သက်သာ Design လိုရင် DN 50 (2") ကို သုံးလေ့ရှိကြပါတယ်။

🔹 Step ③ – Pressure Drop & ASHRAE Concept

ASHRAE Design Concept မှာ
Pipe Velocity ကို သင့်တော်အောင် ထိန်းတယ်
Pressure Drop ကိုလည်း များလွန်းမသွားအောင် ထိန်းတယ်

Branch line တွေအတွက်
friction Losses ~ 200–400 Pa/m ကြားမှာ အသုံးပြုလေ့ရှိပါတယ်

Real Project Design မှာတော့
Carrier / McQuay Friction Loss Chart သို့မဟုတ် Software (Revit, HAP, etc.) နဲ့
Pressure drop ကို စစ်ဆေးပြီး Final Pipe Size တစ်ခုကို Fix လုပ်ရပါတယ်။

🧊 အကျဉ်းချုပ် အနေနဲ့
Cooling Capacity = 50 kW
CHWS = 6 °C
CHWR = 12 °C
(ΔT = 6 °C)
Chilled Water Flow = 2 L/s
Chilled Water Flow = 7.2 mÂł/h
Pipe Size = DN 50 mm

အခု Sharing Post လေးကို သဘောကျတယ်ဆို
Like , Share & Comment တွေပေးခြင်းဖြင့် ကူညီပေးလို့ရပါတယ် ဗျ။ နောက်ထပ် Post တွေလည်း ထပ်ရေးပေးပါမယ်။

Create Content Wunna



CSD Drawing ဆိုတာဘာလဲ? CSD Drawing ကို Revit ထဲမှာ ဘယ်လိုစနစ်ကျကျလုပ်ရမလဲ 🤔Architectural, MEP models လက်ရှိ ရှိပြီးသလို ...
05/03/2026

CSD Drawing ဆိုတာဘာလဲ?

CSD Drawing ကို Revit ထဲမှာ ဘယ်လိုစနစ်ကျကျလုပ်ရမလဲ 🤔
Architectural, MEP models လက်ရှိ ရှိပြီးသလို Clash ကိုလည်း ကြိုတင်ရှောင်ရှားချင်ရင် CSD ဆိုတာ မဖြစ်မနေ လိုအပ်တဲ့ coordination drawing ပါ။

CSD (Combined Services Drawing) ဆိုတာ MEP services အားလုံးကို တစ်ခန်းတည်းထဲ သို့မဟုတ် Area တစ်ခုမှာ ဆက်လက်ညှိနှိုင်းပြထားတဲ့ drawing ပါ။

Mechanical, Electrical, Plumbing, Fire Protection စနစ်တွေကို ထပ်ပြီး ၊နေရာအလိုက် တစ်ခါတည်း မြင်ရစေတဲ့ coordination drawing တစ်မျိုး ဖြစ်ပါတယ်။ဒီလို CSD drawing ပြုလုပ်ထားလို့ Duct, pipe, cable တွေ မတင်းကျပ်ပဲ စနစ်တကျ Installation လုပ်နိုင်အောင် ရည်ရွယ်ပြုလုပ်ကြပါတယ်။

Construction မစခင် Clash တွေကို ရှာပြီး နေရာမှန်မှန်ပြောင်းနိုင်တယ်။ Design team, site team, client အားလုံးအတွက် အလွယ်တကူ နားလည်နိုင်တဲ့ drawing ဖြစ်လာတယ်။

Revit ထဲမှာ CSD Model Setup လုပ်နည်း

Revit မှာ CSD drawing တည်ဆောက်မယ်ဆိုရင် ဒီစနစ်လေးနဲ့ စထားလို့ရပါတယ်–

ပထမဆုံး Architectural model ကို Insert > Link Revit နဲ့ Link ထည့်ပါ

နောက်ပြီး Mechanical, Electrical, Plumbing, Fire Protection စသည့် MEP models အားလုံးကို သီးသန့် link ထည့်ပါ

Grid နဲ့ Coordinates တွေကို စစ်ဆေးပြီး model တွေအားလုံး alignment ရအောင်ချိန်ညှိပါ။

Alignment မှန်ရင် Linked models ကို Pin လုပ်ထားလိုက်ပါ – ထပ်ခါတလဲလဲ ရွေ့မသွားအောင် ရည်ရွယ်ပါတယ်။

ဒီလို စနစ်ကျကျ Setup လုပ်ပြီးမှ coordination views, color coding, clash check တွေ ဆက်လုပ်ရင် CSD workflow တစ်ခုလုံး သပ်ရပ်သွားပါမယ်။

CSD Color Coding စနစ်

CSD drawing တစ်ခုပေါ်မှာ အရာရာကို စနစ်တကျ မြင်ရလွယ်ရန်အတွက် Color Coding သတ်မှတ်ထားရပါတယ်–

Architecture & Structure → မီးခိုးရောင် (Gray)

Duct System → အစိမ်းရောင်(Green)

Chilled Water Pipe → အပြာရောင်(Blue)

Hot Water & Fire Pipe → အနီရောင်(Red)

Electrical Cable/Tray → အဝါ (Yellow)သို့မဟုတ် လိမ္မော်ရောင်(Orange)

Plumbing Pipe → Magenta

Color Coding ကို BEP (Building Ex*****on Plan) အလိုက် တိတိကျကျထားပေးထားရင် Scope ကို ရှင်းလင်းစေပြီး၊ Coordination Meeting တွေမှာ Communication ပိုမိုလွယ်ကူလာပါတယ်

ဒီ post လေးမှာ –
✅ CSD ဆိုတာ ဘာလဲ
✅ Revit ထဲမှာ CSD model ကို ဘယ်လို setup လုပ်ရမလဲ
✅ Basic Color Coding idea လေး
Short Note အနေနဲ့ စုပေးထားပါတယ်။

အကြမ်းဖျင်း CSD Concept ကို နားလည်လိုသူ MEP / BIM Engineers တွေအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။





AutoCAD Drafter Course(AutoCAD Advanced + Basic Drafter Knowledge)Singapore ဆောက်လုပ်ရေးလုပ်ငန်းလမ်းကြောင်းဖြစ်တဲ့ Archi...
03/03/2026

AutoCAD Drafter Course
(AutoCAD Advanced + Basic Drafter Knowledge)

Singapore ဆောက်လုပ်ရေးလုပ်ငန်းလမ်းကြောင်းဖြစ်တဲ့ Architecture, Structure, M&E Draftsman, CAD Designer, Engineer အဖြစ် ဝင်ရောက်လိုသူများအတွက် အထူးရည်ရွယ်ဖွင့်လှစ်ထားသော အခြေခံမှ အဆင့်မြင့်အထိ AutoCAD သင်တန်းဖြစ်ပါသည်။

ဒီသင်တန်းတွင် —

🔹 ဆောက်လုပ်ရေးလုပ်ငန်းတွင် အမှန်တကယ်အသုံးပြုနေသော Architecture, Structure နှင့် M&E Drawing များဖြင့် လက်တွေ့အခြေခံ AutoCAD အသုံးပြုနည်းများကို သင်ကြားပေးပါမည်။

🔹 Singapore Standard & Practice များကို အခြေခံထားပြီး
CP83 Standard, SI Unit စနစ်, Layer Control Method များကို စနစ်တကျ လေ့ကျင့်သင်ကြားပေးသဖြင့် လုပ်ငန်းခွင်ဝင်ရန် အသင့်ဖြစ်စေရန် ရည်ရွယ်ထားပါသည်။

🔹 Architecture Drawing အမျိုးအစားများ
🔹 Structure Drawing အမျိုးအစားများ
🔹 M&E System Drawing များ (HVAC, Plumbing, Electrical)

တို့၏ ဆက်စပ်ပုံများ၊ ဆွဲသားနည်းစနစ်များကို CP-83 အခြေခံဖြင့် သင်ကြားပေးသဖြင့် Singapore လုပ်ငန်းခွင်နှင့် ကိုက်ညီမှုရှိမည်ဟု ယုံကြည်ပါသည်။

ထို့အပြင် —

🎯 Career Development Guidance
🎯 Drafter / Modeler များအတွက် S-Pass လမ်းကြောင်း အခွင့်အလမ်းများ
🎯 ကျွမ်းကျင်မှုအဆင့်အတန်းအလိုက် Remote Job အခွင့်အရေးများ

ကိုလည်း ရရှိနိုင်သည့် အခွင့်အရေး များလည်း ရှိပါသည်။

📌 Class Type – Online / Video Class
📌 သင့်လျော်သူများ – MEP ကျောင်းသားများ, Architect များ, Junior Engineer များ, Draftsman များ

📎 Course Outline အသေးစိတ်ကြည့်ရန် –
https://www.facebook.com/share/p/1BKpc34wCm/

သင်တန်းစုံစမ်းလိုသူများနှင့် Video Class စိတ်ဝင်စားသူများသည် BIM Mandalay page မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Address


Opening Hours

Monday 08:00 - 18:30
Tuesday 08:00 - 18:30
Wednesday 08:00 - 18:30
Thursday 08:00 - 18:30
Friday 08:00 - 18:30
Saturday 08:00 - 18:30
Sunday 08:00 - 18:30

Telephone

+959440406295

Website

Alerts

Be the first to know and let us send you an email when BIM Mandalay Engineering Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Engineering Company?

Share