27/10/2020
P.A.E ဘယ်လောက်လဲ ⁉️
==•==•==•==•==•==•==
😁 ကိုယ်တွေ သတိထားမိသလောက်
အဆောက်အဦးဆောက်တဲ့အခါ
P.A.E စနစ်ဆိုတာကြီးနဲ့ အလုပ်လုပ်တာ
ဒီနိုင်ငံမှာပဲတွေ့ဖူးသေးတယ်...
▫️ အဆောက်အဦးဆောက်မယ်ဆိုရင်
P.A.E ဘယ်လောက်လဲလို့ Client
တော်တော်များများက အရင်ဆုံး
မေးလေ့မေးထရှိတယ်...
P.A.E ဆိုတာ Plinth Area Estimate ပါ...
ဒါက သေသေချာချာ တွက်ချက်ပြီး
ထွက်လာတဲ့ ရလဒ် မဟုတ်ပါဘူး...
Client က သိလိုတဲ့အဖြေကို
အမြန်ဆုံးသိရှိ နားလည်အောင်
တီထွင်ကြံဆ ထားတယ်လို့ယူဆပါတယ်...
▫️ P.A.E Rate ဆိုတာ တစ်ပေပါတ်လည်
နှူန်းထားတစ်ခုကို တည်ဆောက်မယ့်
ဧရိယာနဲ့ မြှောက်ပြီး စုစုပေါင်း ခန့်မှန်း
ကုန်ကျစရိတ်ဘယ်လောက် ဆိုပြီး
ကြော်ငြာနေကြတာကို တွေ့ရတယ်...
ဒီနည်းက ယေဘုယျ အရမ်းဆံတယ်...
တကယ့် Detail မပါပါဘူး...
🔹 အခု အိမ်ဆောက်ရင် P.A.E ဘယ်လောက်
ကြမလဲလို့ မကြာခဏ မေးခံရဘူးတယ်...
#ကိုယ်ကဘုရားသခင်လဲမဟုတ်...
#အကြားအမြင်ရတဲ့သူလဲမဟုတ်တော့
ဒီ မေးခွန်းက #ဖြေဖို့တော်တော်ခက်တယ်...
🔹 Archi ပုံက ဘယ်လိုမှန်းမသိ...
မော်ဒန်လား၊ အန်းတစ်လား၊
Slab မိုးနဲ့လား၊ ခေါင်မိုးနဲ့လား၊
အုပ်ကြွပ်မိုးလား၊ သွပ်မိုးလား၊
သစ်သားဒိုင်းလား၊ သံဒိုင်းနဲ့လား၊
ဘာလား ညာလားပေါ့...
Structure ဆိုတာ ဘယ်နေမှန်းမသိ...
Soil Data လဲမရှိ၊ ငလျှင်ဒါဏ်
ဘယ်လောက်ခံနိုင်ရည်လဲ မသိတဲ့အပြင်
Mat footing လား၊ Isolate လား၊
Conbine လား၊ Span ကျယ်တွေလား၊
Flat Slab လား၊ Postension လား၊
ဘာလား ညာလား မသိဘဲ
ဘယ်လိုပြောရမလဲ... ဟင် ⁉️
▫️ တကယ်တမ်း အသေးစိတ်တွက်ချက်ပြီး
ထွက်လာတဲ့အဖြေက B.O.Q ပါ...
Archi Design နဲ့ Structure Design တွေကို
အခြေခံပြီး ခန့်မှန်းကုန်ကျစရိတ် တိတိပပ
ထွက်ရှိ လာတာပဲဖြစ်ပါတယ်...
Bill Of Quatity (B.O.Q) ကမှ စနစ်တကျ
သေသေချာချာ တွက်ချက်ပြီးမှ ရရှိတဲ့
အဖြေဖြစ်ပါတယ်... ဒါ့အပြင် သူ့ဖက်
ကိုယ့်ဖက် လိုတိုး ပိုလျှော့ စစ်ဆေးနိုင်တဲ့
အနေအထားပါ...
🔶 ဒီတော့ အလုပ်အပ်သူကို သေချာပြောပြထား
ရပါတယ်... ပိုမို အရည်အသွေး
ကောင်းမွန်စေဖို့ရည်ရွယ်ပြီး
Archi Design, Soil Test, Structure Design
ပြီးမှ B.O.Q နဲ့ အလုပ်လုပ်မယ်လို့ နားလည်
အောင် အသိပေးထားရပါသေးတယ်...
🔹 ဘိလပ်မြေ ဘယ်နှစ်အိတ်၊ သံချောင်း
ဘယ်နှစ်တန်၊ အုတ်၊ သဲ၊ ကျောက်၊
ပုံရိုက်သား၊ တံခါး၊ ကျဉ်းဘောင်
စသဖြင့် Material အရည်အတွက်နဲ့
စျေးနှူန်းတွေအပြင် အလုပ်သမားခ
နှူန်းထားတွေပါ တွက်ချက်မှုထဲမှာ
အသေးစိတ်ပါပါတယ်...
🔹 B.O.Q ကမှ ဒီအဆောက်အဦးအတွက်
ခန့်မှန်းကုန်ကျစရိတ်ကို နီးနီးစပ်စပ်
အရှိဆုံးပါ...
ဒီအဆောက်အဦးမှာ ချမယ့် Footing၊
သံချောင်း Schedule တွေအပြင်
Material Specification တွေ၊ စျေးနှူန်းနဲ့
နှူန်းထားတွေပါ အသေးစိတ်ပါတာမို့
လုပ်ငန်းအပ်နှံသူအနေနဲ့ မြင်သာ
ထင်သာပိုရှိသလို Counter
လုပ်လို့လဲ ရနိုင်တာမျိုးပါ...
☑️ ဒီမှာ P.A.E ယဉ်ကျေးမှုထွန်းကားနေတော့
အလုပ်အပ်သူ အများစုက P.A.E
ဆိုတာလောက်သာ သိကြပါတယ်...
B.O.Q တောင်းတဲ့ Client ကရှားပါတယ်...
မိမိအနေနဲ့တော့
B.O.Q နဲ့ အလုပ်လုပ်တာဟာ
နှစ်ဦး နှစ်ဖက်ပိုပြီး
Transparency ဖြစ်လို့
⁉️ P.A.E ဆိုတာ အကြမ်းမျဉ်း
စျေးမေးမှ ကနဦးခန့်မှန်းတာ
လောက်ပဲ လုပ်ပါတယ်...
တကယ် အလုပ်လုပ်တာက
B.O.Q နဲ့ပဲ ချီတက်ပါတယ်...
Ko Zin Min Swe