Sum41 Construction & Building Service

  • Home
  • Sum41 Construction & Building Service

Sum41 Construction & Building Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sum41 Construction & Building Service, Science, Technology & Engineering, .

သင့်ရဲ့တန်ဖိုးရှိတဲ့အိမ်မက်တွေကို ကျွန်တော်တို့Sum41 Constructio & Engineering Co.,Ltd.မှတာဝန်ယူပါရစေ..🧑🏻‍💻🧑🏻‍💻🧑🏻‍💻 We are Sum41 👍👍
Plz Call Us 📲 +95 9254116652

https://www.facebook.com/profile.php?id=100084814716913&mibextid=LQQJ4d

🙏ဗုဒ္ဓံ           🙏ဓမ္မံ           🙏သံဃံ #သိန်း1700)ဝန်းကျင်နဲ့ဆောက်လို့ရမည့်2 ထပ်အိမ်လေးပါခင်ဗျာလူကြီးမင်းတို့၏ ပင်ပန်း...
02/11/2025

🙏ဗုဒ္ဓံ 🙏ဓမ္မံ 🙏သံဃံ
#သိန်း1700)ဝန်းကျင်နဲ့ဆောက်လို့ရမည့်2 ထပ်အိမ်လေးပါခင်ဗျာ
လူကြီးမင်းတို့၏ ပင်ပန်းမှု့တို့ဖြေဖျောက်ရာ၊ နားခိုရာ ၊ ချစ်ရသော မိသားစု တို့ ဆုံစည်းရာ ၊ တစ်နေ့တာရဲ့ အစပြုရာ၊ စသည်တို့၏ ဘုံဗိမ္မာန်လေးဖြစ်သော နေအိမ်လေးအား ကျွန်တော်တို
Sum41 Engineering & Construction Co.,Ltd.မှ ကောင်းမွန်သောအရည်အသွေးနှင့် ဆန်းသစ်သော ဒီဇိုင်းတို့ဖြင့် စိတ်ကူးထဲက နိဗ္ဗာန်ဘုံလေးအား တည်ဆောက်ပေးပါရစေ 🧑🏻‍💻🧑🏻‍💻🧑🏻‍💻

ကျေးလက်ဒေသဖြစ်စေ တောင်ပေါ်ဒေသလေးဖြစ်စေ။

လူကြီးမင်း၏ 40×60ပေ မြေပေါ်မှာဆောက်လို့ရမယ့် 2ထပ် အိမ်လေးပါခင်ဗျာ။

အိမ်အကျယ်ဝန်း 23×35ပေအကျယ်ဝန်းလေးပါ။

အိပ်ခန်း{4}ခန်း

မှတ်ချက်။ ။အိပ်ခန်းများအား တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ
Design and Planများကိုလည်း ဆောက်လုပ်ရေးလုပ်သက်(၂၅)နှစ်ရှိအင်ဂျင်နီယာများနှင့် အိမ်ရှင်သဘောကျ ညှိနိူင်းဆွဲပေးပါတယ်ခင်ဗျာ****Engineering Teamရှိပါတယ်ဗျ****

လူကြီးမင်းတို့ အဆင်သင့် အထုပ်ဆွဲလက်တင်တက်နေရုံ၊အပြီးအစီး စိတ်ချမ်းသာစွာ နေထိုင်ရုံလေး ကိုမှ

မှတ်ချက်။ ။အဆောက်ဦးများကို လူကြီးမင်းများရဲ့ခြံကွက်ပေါ်မူတည်ပြီး ချုံ့နိုင် ချဲ့နိုင်ပါတယ်ခင်ဗျ

ပါဝင်မှု

အိပ်ခန်း အခန်းဖွဲ့များ တိုင်ပင်ဆွေးနွေးနိုင်)

(Living Room- Kitchen+ Dinning Room)

ရေ

မီး

ဆေး ( ပတ်တီး 2 ကုပ် ဆီလာ 1 ကုပ် ဆေး2ကုပ်)( ဆေးရောင်များကို အိမ်ရှင်စိတ်တိုင်းကျ ထည့်သွင်းပေးပါ့မည်)

မျက်နှာကျက် ( ဒီဇိုင်းဆန်းလေးများ)

အောက်ကြမ်းခင်း ( ကြွေပြား)

Maindoor (ပျဉ်းကတိုးကျည်းဘောင်နှင့်ကျွန်းတံခါး)

အိပ်ခန်းတံခါး (ကျွန်းတံခါး)

ပြတင်းပေါက် (pvc)

အိမ်သာရေချိုးခန်း (ဘိုထိုင်၊Basin.Shower ၊ ကြမ်းခင်းအပြည့်၊နံရံ5 ပေကြွေပြားကပ်ပေးခြင်း)

မှတ်ချက် ။ ။ ထည့်ဝင်ပစ္စည်းများ စာချုပ်တွင်ထည့်သွင်းချုပ်ဆိုပြီး တိုင်ပင်ဆွေးနွေးနိုင် ပါသည်)

ငွေပေးချေမှု

မိတ်ဆွေအနေနဲ့လုပ်ငန်းအပ်နှံရာတွင်လဲ ငွေပေးချေမှုကို အဆင်ပြေစေနိုင်ရန် ကျွန်တော်တို့ဘက်အား (9) ရစ်ခွဲပီးပေးဆောင်နိုင်ပါတယ်ဗျ

ငွေပေးချေမှု (9) ရစ်

စာချုပ်သည့်နေ့ 5%
လူရောက် ပစ္စည်း ချမည့်နေ့ 25% ဖောင်ဒေးရှင်း ပြီးသည့်နေ့ 10% တိုင်ထောင်ပြီးစီး သည့်နေ့ 10% အုတ်စီ၊အချော စသည့်နေ့ 10% အမိုးဒိုင်းစဝင်သည့်နေ့ 10% မျက်နှာကျက် စသည့်နေ့ 10% ရေမီးဆေး စဝင်သည့်နေ့ 15% အိမ်ရှင် ကိုအိမ်အပ်သည့်နေ့ 5%

စာချုပ်ချုပ်ဆိုမှုမှာလဲ ပါဝင်ပစ္စည်းများ ၊ ဆောက်လုပ်ချိန် များကိုလဲ ထည့်သွင်းချုပ်ဆိုသွားမှာဖြစ်ပြီး စာချုပ်ပါအတိုင်းအတိအကျအသုံးပြုပေးသွားမှာပါဗျ

အသေးစိတ်အချက်အလက်တွေကိုဆွေးနွေးတိုင်ပင်အကြံပေးချင်ပါက page messenger မှ ဆက်သွယ်နိုင်သလိုအောက်ပါဖုန်းနံပါတ်ကိုလဲစုံစမ်းမေးမြန်းနိုင်ပါတယ်

ဆက်သွယ်ရန်
Hot line 09-254116652

viber09-254116652

သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ
လူကြီးမင်း၏ စိတ်ကူးအိမ်မက်များကို ဖန်တီးပေးနိုင်ရန် အမြဲကြိုးစားလျက်ပါ

နေရာဒေသအလိုက်စျေးနှုန်းအနည်းငယ်ပြောင်းလဲမှု့ရှိပါမယ်ဗျ
#ကျွန်တော်တို့ Sum41 Engineering & Construction Co.,Ltd. ကို

နေ့စဥ် တင်သမျှ ဒီဇိုင်းနှင့် စျေးနူန်းလေးများသိရှိဖို့ရာ
Page လေးကို Like & Follow လေးလုပ်ပေးထားပါအုံး ခင်ဗျာ


#အိမ်လှလှလေးဆောက်ကြမယ်

Client : ၃ / ၄ထပ် ​လောက်ကို Pile Foundation ​တွေ လို လို့လားဗျာ ...Me : ...  ဥပမာ  ပြတာပါ ...​မြေ ​နေရာ​ပေါ် ​​တော်တော်​...
25/09/2025

Client : ၃ / ၄ထပ် ​လောက်ကို Pile Foundation ​တွေ လို လို့လားဗျာ ...

Me : ...


ဥပမာ ပြတာပါ ...

​မြေ ​နေရာ​ပေါ် ​​တော်တော်​​လေး မူတည်ပါတယ်


#အိမ်လှလှလေးဆောက်ကြမယ်

Siteထဲမှာ Footing တွေ ကွန်ကရစ် လောင်းခါနီး သွားကြည့်တယ်။ တော်တော်များများက footing ကို formwork မဆင်ပဲ မြေတူးထားတဲ့ကျင်း...
20/09/2025

Siteထဲမှာ Footing တွေ ကွန်ကရစ် လောင်းခါနီး သွားကြည့်တယ်။ တော်တော်များများက footing ကို formwork မဆင်ပဲ မြေတူးထားတဲ့ကျင်းထဲ သံချောင်းဆင်ပြီး ကွန်ကရစ်လောင်းချမယ် လုပ်တာ တွေ့ရတယ်။ ကျွန်တော်က footing ကို အသားနှင့် လေးဒေါင့်ပုံစံ formwork ဆင်ပြီးမှ လောင်းဖို့ ပြောရတယ်။ မြေသားက ခြောက်သွေ့မာကြောလို့ တူးထားတာလဲ သပ်သပ်ရပ်ရပ် ရှိတယ်ဆို တော်သေးတယ်။ ရေတွေထွက် ရွံ့တွေဖြစ် မြေတွေပြိုလို့ တူးထားတဲ့ကျင်းက လေးထောင့်ပုံစံမကျတာတောင် footing ကို formwork မပါပဲ လောင်းချင်ကြတယ်။ တစ်ခါတစ်လေ လောင်းလိုက်တဲ့ footing pad က လေးဒေါင့်ပုံမဟုတ်တော့ပဲ ပန်းပွင့်ပုံတောင် ဖြစ်သွားမယ်။ အဲဒီမှာ footing formwork နှင့် ပတ်သက်ပြီး သေသေချာချာ ရှာဖတ်ကြည့်တယ်။ ACI 301 Specifications for structural Concrete for Buildings စာအုပ် Chapter 4 Formwork အခန်းမှာ” 𝑬𝒂𝒓𝒕𝒉 𝒄𝒖𝒕𝒔 𝒔𝒉𝒂𝒍𝒍 𝒏𝒐𝒕 𝒃𝒆 𝒖𝒔𝒆𝒅 𝒂𝒔 𝒇𝒐𝒓𝒎𝒔 𝒇𝒐𝒓 𝒗𝒆𝒓𝒕𝒊𝒄𝒂𝒍 𝒔𝒖𝒓𝒇𝒂𝒄𝒆𝒔, 𝒖𝒏𝒍𝒆𝒔𝒔 𝒓𝒆𝒒𝒖𝒊𝒓𝒆𝒅 𝒐𝒓 𝒑𝒆𝒓𝒎𝒊𝒕𝒕𝒆𝒅” လို့ဆိုထားပါတယ်။ တူးထားတဲ့မြေကြီးကို formwork သဖွယ်လုပ်ပြီး ကွန်ကရစ်လောင်းလို့မရပါတဲ့။ ဆိုးကျိုးတွေ ရှိလို့ ! ဒါပေမယ့် လိုအပ်လို့ သို့မဟုတ် ခွင့်ပြုရင် ဆိုတာလေးနှင့် ဟထားပေးတယ်။ အကြမ်းဖျင်းအားဖြင့် စဉ်းစားရင်တောင် ခြောက်သွေ့တဲ့မြေကြီးဆို ကွန်ကရစ်ကရေကို စုပ်ယူတာနှင့်ကို water/cement ratio အောက်ပြီ။ ကျွန်တော်ကတော့ footing pad တွေ ကွန်ကရစ်လောင်းရာမှာ formwork တွေဆင်ပြီးမှ လောင်းဖို့ အမြဲတန်းပြောပါတယ်။ မြေတော့ နည်းနည်း ပိုကျယ်တူးရမှာပေါ့। framework ဆင်ပြီ ဆောင်ရွက်တာ ပိုသေချာပါတယ် လို့ တိုက်တွန်းပါရစေ…

ခိုင်ခံ့လှပ ပြီး လုံခြုံစိတ်ချ ရတဲ့ အိမ်လေး များ ပိုင်ဆိုင်နိုင်ကြပါစေ…...🙏


#အိမ်လှလှလေးဆောက်ကြမယ်

🏠 အိမ်တည်ဆောက်မယ့်သူတွေ (အိမ်ရှင်များ) အတွက် သတိပေးချင်ပါတယ် 🏗️အိမ်တစ်လုံးတည်ဆောက်မယ့်အချိန်မှာ အများဆုံး မေးတဲ့အကြောင်း...
12/09/2025

🏠 အိမ်တည်ဆောက်မယ့်သူတွေ (အိမ်ရှင်များ) အတွက် သတိပေးချင်ပါတယ်
🏗️အိမ်တစ်လုံးတည်ဆောက်မယ့်အချိန်မှာ အများဆုံး မေးတဲ့အကြောင်းက 👉
“ဒီပုံစံနဲ့ဆို ဘယ်လောက်ကျမလဲ?” ဆိုတဲ့ စျေးပဲဖြစ်ပါတယ်။

ဒါပေမယ့် အမှန်တကယ် အရေးကြီးတာက စျေးနည်းစွာ တင်ထားတဲ့ ကြော်ငြာကို မယုံကြည်သင့်ပါ ဆိုတာပါ။

---

📖 လက်တွေ့ဖြစ်ခဲ့တဲ့အကြောင်း

ပြီးခဲ့သည့်နှစ်က မန္တလေးမှာ အိမ်တစ်လုံး တည်ဆောက်ဖို့ စတင်ခဲ့တဲ့ ဦးသန်းလွင် (အမည်ပြောင်းထားပါသည်) က Online ပေါ်မှာ ကြော်ငြာထားတဲ့
👉 “2 ထပ်အိမ်, 30x60 ft — 2000 သိန်းပဲ” ဆိုတဲ့ စျေးကိုတွေ့ပြီး စိတ်ဝင်စားသွားခဲ့ပါတယ်။

Contractor က စာချုပ်မချုပ်ခင် အသေးစိတ်မရှင်းပြပဲ “စျေးသက်သာလို့ အခုချိန်အပ်ပါ” လို့ ဆွဲဆောင်လိုက်တာကြောင့် လုပ်ငန်းအပ်နှံ့ပြီး စာချုပ်ချုပ်ကာ ငွေကြိုပေးချေခဲ့ပါတယ်။

ပြီးတော့ ဘာဖြစ်သွားလဲဆိုတော့ —
❌ Foundation အပြီးမသတ်ခင် Contractor က ထွက်သွားတယ်
❌ သုံးထားတဲ့ cement / steel quality အရမ်းနိမ့်
❌ အိမ်ပြီးစီးဖို့ လိုသေးတဲ့ ငွေတွေ ထပ်ထပ်ထွက်
💸 အရင်ထင်ထားသည့် စျေးထက် ပိုပြီး အခက်အခဲကြုံရ တာ ဖြစ်သွားခဲ့ပါတယ်။

---

✅ တကယ့် အလုပ်လုပ်တတ်တဲ့ Company / Team တွေက
သင့်တင့်မျှတဲ့ ကုန်ကျစရိတ်ကို သေချာတွက်ချက်ရှင်းပြပေးကြပါတယ်။

စတင်မီ အသေးစိတ် Plan & Drawing အတိအကျဖော်ပြတတ်တယ်

သုံးမယ့် material list, workmanship grade တိကျတယ်

Portfolio / လက်ရာတွေ ပြတတ်တယ်

ငွေပေးချေမှုကို အဆင့်လိုက် (foundation / structure / finishing) ထားပေးတယ်

---

💡 သတိထားသင့်တဲ့ အချက်များ

1. စျေးနည်းလို့သာ မယုံပါနဲ့

2. စာချုပ်ချုပ်ပြီး ငွေမပေးပါနဲ့

3. အဆင့်ချင်းပြီးဆုံးမှပဲ ငွေချေပါ
(ဥပမာ။ ။ လုပ်ငန်းသုံးပစ္စည်းများ စုပုံပြီးနောက် လုပ်ငန်းစတင်ချိန်မှ ပထမ အရစ်ပေးချေခြင်း)

4. လုပ်ပြီးခဲ့တဲ့ project / reference များ စစ်ဆေးပါ

---

✨ အိမ်တည်ဆောက်ခြင်းမှာ အရေးကြီးတာက စျေးသက်သာမှု မဟုတ်ပါ
➡️ တန်ဖိုး၊ အရည်အသွေး၊ တာရှည်ခံမှု ဖြစ်ပါတယ်။

အိမ်တစ်လုံးဆိုတာ မိသားစုတစ်သက်တာနေရာဖြစ်တဲ့အတွက် 👉 မှန်မှန်ကန်ကန်လုပ်ပေးနိုင်သူကိုသာ အပ်သင့်ပါတယ်။


#အိမ်လှလှလေးဆောက်ကြမယ်

အိမ်ဆောက်တဲ့အခါ စည်ပင်(Y.C.D.C)နဲ့ပက်သက်တဲ့ ကိစ္စတွေအတွက် စိတ်မပူရလေအောင်……အိမ်၊အဆောက်အဦးတွေဆောက်လုပ်မယ်ဆိုရင်🔶ဆောက်လုပ်...
23/08/2025

အိမ်ဆောက်တဲ့အခါ စည်ပင်(Y.C.D.C)နဲ့ပက်သက်တဲ့ ကိစ္စတွေအတွက် စိတ်မပူရလေအောင်……

အိမ်၊အဆောက်အဦးတွေဆောက်လုပ်မယ်ဆိုရင်
🔶ဆောက်လုပ်ခွင့် ပါမစ် ( Y.C.D.C Permission )၊
🔶လူနေထိုင်ခွင့် ပါမစ်၊
🔶 BCC ၊
🔶အထပ်မြင့်တွေ ဆိုလျှင် ရေသန့်နှင့် မိလ္လာပါမစ်၊ မီးသတ်ပါမစ် အစရှိတဲ့ ခွင့်ပြုပါမစ်တွေက အရမ်းအရေးကြီးပါတယ်ဗျ💁🏻‍♂️

🤩Sum41 Engineering & Construction Co.,Ltd.ကတော့အဆောက်အဦးတစ်လုံးဆောက်လုပ်တဲ့အခါ Y.C.D.C Process တွေနဲ့ပက်သက်ပြီးတော့ Service charges လုံးဝ ပေးစရာမလိုဘဲ ညှိနှိုင်းမှုများကို
တာဝန်ယူ ဆောက်ရွက်ပေးမှာဖြစ်တာကြောင့်
စိတ်ပူစရာမလိုတော့ဖူးပေါ့နော်👷👷‍♀️

🤩Y.C.D.C Process ကို အစအဆုံး လိုက်လံဆောင်ရွက်ပေး‌နေတဲ့ Sum41 Engineering & Construction Co.,Ltd. ကို အခုပဲ ဆက်သွယ်လိုက်တော့နော်🏠

📢 သက်သာတဲ့စျေးနှုန်းနဲ့ ခိုင်ခံ့သန်စွမ်းတဲ့
အိမ်ခြံမြေဆောက်လုပ်ရေးဝန်ဆောင်မှုကို ရှာနေပါသလား?...

🏡 သင်မြင်ယောင်ထားတဲ့ အိမ်တစ်လုံးကို အပြည့်အဝအကောင်အထည်ဖော်ပေးမယ့် Sum41 Engineering& Construction Co.,Ltd. ရဲ့ ဝန်ဆောင်မှုတွေကတော့...

- ခြံစည်းရိုး နှင့် Brick Wallလုပ်ငန်း
- အိမ်တည်ဆောက်ခြင်း နှင့် ပြန်လည်ပြင်ဆင်ခြင်း
Plaster, Flooring အထိ
တစ်နေရာတည်းမှာ Solution တွေကို ပေးနိုင်တဲ့ ယုံကြည်စိတ်ချရသော အဖွဲ့အစည်းဖြစ်ပါတယ်။
🔨 ဘာကြောင့် Sum41 Engineering & Construction Co.,Ltdကို ရွေးချယ်သင့်တာလဲ?
✅ Client ၏ စိတ်တိုင်းကျပုံဖော်ပေးခြင်း။

✅လုပ်သက်၂၅နှစ်သက်တမ်းရှိEngineer များဦးစီးဆောင်ရွက်နေခြင်း။

✅Company မှကိုယ်ပိုင်အလုပ်သမားများမွေး၍လုပ်ငန်းအဆင့်ဆင့်အားသက်ဆိုင်ရာအဖွဲ့မှတာဝန်ယူဆောင်ရွက်စေခြင်း။ လုပ်ငန်းများအားအပြင်အလုပ်သမားများအားပုတ်ပြတ်မပေးပါ။

✅Sum41 Engineering & Construction Co.,Ltd.ရဲ့ ကိုယ်ပိုင် Design Engineer Team ကိုယ်တိုင် ဒီဇိုင်းဆွဲ ပုံဖော်ပေးခြင်း။

✅အိမ်ရှင်နှင့်Company ကြားပွင့်လင်းမှုရှိစေရန်Viber Group ဖွဲ့၍အဆောက်ဦး၏ Daily Information Report တင်ပြခြင်း။

✅ငွေကြေးညှိနိူင်း၍ဆောင်ရွက်နိုင်ခြင်း။

✅ အရည်အသွေးမြင့် ဆောက်လုပ်ရေးပစ္စည်းများသာ အသုံးပြုခြင်း။

✅ ကျွမ်းကျင်ပြီး ယုံကြည်စိတ်ချရသော ဝါရင့်အလုပ်သမားများဖြင့် ဆောက်လုပ်ပေးခြင်း။

✅ လိုချင်တဲ့အိမ်ပုံစံနဲ့ ဘတ်ဂျက်ကို ကိုက်ညီအောင် ညှိနှိုင်းဆောင်ရွက်ပေးခြင်း။

✅ သတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးစီးအောင် ဆောက်လုပ်ပေးခြင်း။

📩 အခုပဲ ဆက်သွယ်လိုက်ပါ!
သင့်ရဲ့အိမ်ကို အိပ်မက်ထဲကအတိုင်း တည်ဆောက်ဖို့ Sum41 Engineering &Construction Co.,Ltd.က အဆင်သင့်ဖြစ်နေပါပြီ။ စိတ်ဝင်စားပါက Inbox သို့မဟုတ် ဖုန်းဖြင့် ဆက်သွယ်နိုင်ပါပြီ။

Plz Call Us 🧑🏻‍💻🧑🏻‍💻🧑🏻‍💻🧑🏻‍💻

📞 ဖုန်း : 09-254116652

🌐 Viber:09-254116652


#ခေတ်မီအိမ်ရာ #စျေးနှုန်းသက်သာ #အရည်အသွေးမြင့် #ဆောက်လုပ်ရေး
#အိမ်လှလှလေးဆောက်ကြမယ်

16/08/2025

Blocks ပြုလုပ်ပုံ


#အိမ်လှလှလေးဆောက်ကြမယ်

🇲🇲 ပန်းရံဆရာကြီးတွေ နေတဲ့တိုင်းပြည်🇲🇲အရပ်ထဲမှာ အိမ်ဆောက်တော့ ပန်းရံဆရာတွေကို မလှန်ရဲပါဘူး။ သူတို့က ဆရာကြီးတွေပါပဲ။ တစ်ကယ...
10/07/2025

🇲🇲 ပန်းရံဆရာကြီးတွေ နေတဲ့တိုင်းပြည်🇲🇲

အရပ်ထဲမှာ အိမ်ဆောက်တော့ ပန်းရံဆရာတွေကို မလှန်ရဲပါဘူး။ သူတို့က ဆရာကြီးတွေပါပဲ။ တစ်ကယ်လည်း ဆရာတွေပါပဲ။ နှစ်ပေါင်းများစွာ လက်တွေ့လုပ်လာခဲ့တာပဲလေ။ သို့ပေမယ့် တချို့ ပညာရပ်အသိလေးတွေတော့ ညှိယူသင့်ပါတယ်။

သံချောင်းပါရင် RCဆိုပြီး Okay ပါပြီ။ အဲဒီမှာ Cover လို့ခေါ်တဲ့ သံချောင်းရဲ့ အစွန်ဆုံးမျက်နှာပြင်ဟာ ကွန်ကရစ်ထဲမြု ပ်နေစေရပါတယ်။ အောက်ဆုံး အုတ်ဖိနပ် footing လို မြေကြီးနဲ့ ထိနေတဲ့ နေရာမျိုးမှာ အနည်းဆုံး ၂ လက်မလောက် ဘေးက ကျောက်ပုံးနဲ့ သံ ကွာနေစေရပါမယ်။ ရေငန်ဒေသတွေဘက်မှာဆို ၃ လက်မလောက်ရှိသင့်ပါတယ်။

တိုင်တို့ ယက်မတို့ မှာဆို ကျောက်ပုံးနဲ့သံဟာ ၁ လက်မ , ၁ လက်မခွဲ လောက် ကွာနေစေရပါမယ်။ slab ကြမ်းခင်းမှာ ဆိုရင်တော့ အောက်ခြေ သံနဲ့ အထပ်သားဟာ ၃ မတ်, ၁လက်မ လောက် ကွာနေသင့်ပါတယ်။
အဲလို အတိအကျ သဘောမျိုးရအောင် နှစ်လက်မ ပိုက်ကလေးကို သံဖြတ်လွှကလေးနဲ့လိုသလို ဖြတ်ပြီး ဘိလပ်မြေသဲ ၁ဆ ၁ဆ လောက်ရောပြီး ကျောက် ခပ်နုပ်နုပ်ရှိရင်လည်း ၁ း ၂း ၃ အချိုးနဲ့ ဘလောက်တုံးလေးတွေကြို လုပ်ထားရင် တိကျတဲ့ အတိုင်းအတာကိုရစေပါတယ်။ ဝါယာလေးတွေဖြတ်ပြီး ထည့်ထားရင် သံကို ချည်ထားလို့ရလို့ နေရာမရွေ့တော့ပါဘူး။

အရပ်ထဲက ပန်းရံလက်သမားက ကျောက်ခဲလေးတွေ ခံတတ်ပါတယ်။ တစ်ကယ်လောင်းတဲ့အခါ အဲဒီကျောက်တွေ ရွေ ့ကုန်ပြီး သံအတွက် လုံလောက်တဲ့ cover မရတော့ပါဘူး။ အဲဒါမရတော့ ဘာဖြစ်လဲကွာ ဆိုတော့။ ရန်ကုန်က တိုက်ခန်းတွဲတွေ မှာ အပေါ်မော့ကြည့်လိုက်ရင် အပေါ်ထပ် slab က မျက်နှာကြက်မှာ သံချောင်းတွေ ပေါ်နေတာတွေ ဖြစ်တတ်တာပါ။ သံချောင်းဟာ လုံလောက်တဲ့ အကာအကွယ်မရလို့ ပြင်ပက အစိုဓာတ်နဲ့ထိပြီး သံချောင်းဆွေးကာ slabရဲ့ ခံနိုင်အားနဲ့ သက်တမ်းကို အမြန်ဆုံးတိုစေပါတယ်။ သံတွေအများကြီးထည့်လို့ ခိုင်မှာပဲဆိုတာ မဟုတ်ပါဘူး။ Slabတွေမှာ သံချောင်း ၂ လွှာတောင် ထည့်ထားတာ ကောင်းလှပြီ မထင်ပါနဲ့ ။ အဲဒီ ၂ လွှာက ပူးမနေစေရပါဘူး။ ၂ လွှာကြား ကွာနေအောင် သံဘဲခြေထောက်လေးတွေ ၃ ၄ ပေခြား တစ်ခုစီလောက် ထည့်ပေးပါ။

နောက်ထပ်က ဘိလပ်မြေရဲ့ ကြာချိန်ပါ။ ပုံမှန် ဘိလပ်မြေဟာ ရေနဲ့ထိပြီး နာရီဝက်လောက်ကနေ စပြီး ခဲပါတယ်။ ၁၀နာရီလောက်မှာ ခဲတဲ့ဓာတ်ပြုခြင်း ပြီးပါတယ်။ ဒါကြောင့် သဲ ဘိလပ်မြေမဆလာ ကျောက်သဲဘိလပ်မြေကွန်ကရစ်တို့ကို နာရီဝက် တစ်နာရီအတွင်း ကုန်အောင် သုံးခိုင်းပါ။ အဲဒါမှ ဆွဲအားကောင်းစေပါတယ်။

ပန်းရံဆရာတွေက တခါတည်း အများကြီးဖျော်ပြီး လုပ်တတ်ပါတယ်။ နေ့လည် ထမင်းစားနားတော့ ရေကန်လေးလုပ်ပြီး ရေထည့်ထားပါတယ်။ ထမင်းစား ပြန်လာတော့မှ ပြန်မွှေပြီး သုံးကြပါတယ်။ ၁၀ နာရီလောက်က ဖျော်ထားတဲ့ ဟာ ၂ နာရီလောက်မှ ပြန်သုံးရင် ကြာချိန် ၄ နာရီလောက်ဖြစ်သွားပြီမို့ အဲဒီမဆလာ ဆွဲအားမကောင်းတော့ပါဘူး။ လောလောဆယ် ကပ်လို့ရပေမယ့် နောက်မကြာခင် ပက်ကြားကွက်လေးတွေ ပြန်ဖြစ်မှာပါ။
ဘိလပ်မြေသုံးထားတဲ့ အရာတိုင်း စမာလာပြီဆို အစိုဓာတ်ရအောင် လုပ်ပေးပါ။ ဆိုလိုတာက ရေလောင်းပေးပါ။ ဒီနေ့ ကျောက်လောင်းရင် မနက်ဖြန် ရေလောင်းပါ။ မဆလာချောခြင်း အုတ်စီခြင်းတို့ကိုလည်း နောက်နေ့ကစလို့ ရေလောင်းပါ။ အစပိုင်းနေ့တွေမှာ ရေအစို မပြတ်ပါစေနဲ့။ ၇ ရက်လောက်ထိတော့ လောင်းပေးပါ။

နောက် ရေကိုလည်း သောက်လို့ရတဲ့ရေ သုံးပေးပါ။ တခြား ဆီတွေ အမဲဆီတွေ စသဖြင့်ပါတာမကောင်းပါဘူး။ ရေငန် ရေကို လုံးဝမသုံးရပါဘူး။ အငန်ဓာတ်နဲ့ သံနဲ ့တွေလို့ကတော့ ပွဲကောင်းသွားပါမယ်။ ငါးနှစ် မခံပါဘူး။ ကျောက် သဲတွေလည်း သန့်ရပါမယ်။ရေနဲ့ဆေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ သဲကလည်း မြစ်သဲထက် ကုန်းသဲက ပိုသန့်ပြီး ပို ဆွဲအားကောင်းပါတယ်။ ရှတတရှိတဲ့ ပျဉ်ပုံသဲ နာမည်ကြီးနေတာ အဲဒါကြောင့်ပါ။ မြစ်သဲက ဇောင်းလုံးပြီး နုလို့ သဲချင်းယှဉ်ရင် ကုန်းသဲက ပိုကောင်းပါတယ်။ ကျောက်လဲ အလုံးတွေ အပြားတွေထက် ဇောင်းပါပြီး အရွယ်စုံတဲ့ ကျောက်က ပိုကောင်းပါတယ်။ အခုနောက်ပိုင်း chipping လို့ခေါ်တဲ့ ခွဲကျောက်တွေ ရနေပါပြီ။ အဲဒါ ဆိုက်စုံရောပြီး သုံးနိုင်ရင်ပို ကောင်းပါတယ်။ မုပ္ပလင်ကျောက်ဆိုတာ နာမည်ကြီးပါတယ်။
ဘိလပ်မြေဖျော်ရာမှာလဲ တခါတခါ လောင်းရင် တံဆိပ်တူတာပဲသုံးပါ။ ဆင်ဆိုဆင် မြင်းဆိုမြင်း ကြံ့ဆိုကြံ့ ဆိုလိုတာပါ။ ဆင်နဲ့ မြင်းရောပြီးဖျော်ရင် setting time မတူလို့ ပြဿနာရှိတတ်ပါတယ်။

ဒါလေးတွေဟာ ဘာမှလည်းပိုကုန် ပိုလုပ်လိုက်ရတာ မဟုတ်ပဲနဲ့ ခိုင်ခန့်မှုကို အများကြီးကွာသွားစေပါတယ်။ ရိုးရိုး အရပ်သား အိမ်ရှင်တွေလည်းနားလည်လို့ လုပ်လို့ရလို့ပါ။

အိမ်လှလှလေး

အဆောက်အဦ တခုလုံး ဖျက်ချဖို့ လို / မလိုအပိုင်း (၁) Column( ကော်လံတိုင်)  နှင့် ( နံရံ)  Wall အဆက်နေရာ အက်ကြောင်းများ ( J...
14/05/2025

အဆောက်အဦ တခုလုံး ဖျက်ချဖို့ လို / မလို

အပိုင်း (၁)

Column( ကော်လံတိုင်) နှင့် ( နံရံ) Wall အဆက်နေရာ အက်ကြောင်းများ ( Joint Cracking) အကြောင်းကို ကျွန်မသိထားသလောက်လေး အနည်းငယ်ပြောပြပေးသွားပါမယ်။

အခြေခံ အမျိုးအစားများ နှင့် အကြောင်းအရင်းများကို လေ့လာကြည့်ရအောင်ပါ။

အမျိုးအစားတွေကတော့

1.Hairline Cracking
သေးငယ်သောအက်ကြောင်းများ ဖြစ်ပြီး ကွန်ကရစ်ကျုံ့ခြင်း (Shrinkage) ဖြစ်တက်ပြီးပြင်းထန်မှု နည်းသော အဆင့်အဖြစ် သက်မှတ်လေ့ရှိကြပါတယ်။

2.Vertical Cracking
ဒေါင်လိုက်အက်ကြောင်း
အပူရှိန်ပြောင်းလဲခြင်းThermal movement ကြောင့်ဖြစ်တက်ပြီး အလတ်စား အဆင့်အဖြစ် သက်မှတ်လေ့ရှိကြပါတယ်။

3.Horizonal Cracking
အလျားလိုက်အက်ကြောင်း
အလေးချိန် Loading မညီခြင်း၊ ဘေးတိုက်တွန်းအားများ ( excessive lateral force) နှင့် သို့ရေစိမ့်ဝင်မှုကြောင့် ဖြစ်ပေါ်တက်ပြီး အလတ်စား-ပြင်းထန် တဲ့အဆင့်ဖြင့် သက်မှတ်လေ့ရှိကြပါတယ်။

4.Diagonal Cracking
ဘေးတိုက်တစောင်းအက်ကြောင်း
ငလျင်ဒဏ် နှင့် အင်အားပြင်းထန်သော excessive
OverLoading များကြောင့် အားမျှခြေပျက်ပြီး ဖြစ်ပေါ်လာတက်ပါတယ်။

အရေးပေါ် အခြေအနေအဖြစ် သက်မှတ်လေ့ရှိကြပါတယ်။

Cracking ဖြစ်စေတဲ့ အခြားအကြောင်းအရာတွေလဲရှိပါတယ်။ဆောက်လုပ်နေစဥ်ကာလအတွင်း အမှားများဖြစ်တဲ့
(က) ကျွမ်းကျင်လုပ်သားများ မပါဝင်ခြင်း
(ခ) ဘိလပ်မြေ အရောအစပ် မမှန်ခြင်း
(ဂ) ရေလိုအပ်ပြည့်ဝအောင် မရရှိခြင်း

(ဃ) Beams Column joint များကို အလွယ်တွဲထားခြင်း
(င)Drill ဖောက်ခြင်း ကဲ့သို့ Vibration များ ဖြစ်ခြင်း
(စ)Building Codes များကို အသုံးမပြုခြင်း
တို့ကြောင့်လဲ Cracking တွေ ဖြစ်တက်ပါတယ်။

Cracking (အက်ကြောင်းများ) ကို ပြုပြင်ဖို့အတွက်
ဖော်ပြပါနည်းလမ်းတွေကိုသုံးပြီးလုပ်လို့ရပါတယ်

(က) အသေးစားအက်ကြောင်းများ (5mm)..........................................................
**Columns နဲ့ Beams အတွက် အရေးကြီးပါတယ်။**
5mm ထက် ပိုကြီးတဲ့ Cracking တွေကို ပြုပြင်တဲ့နေရာမှာတော့ အသုံးပြုတဲ့ Materialsတွေ ရှေရှည်အသုံးခံမယ့် Quality Productတွေကို ပိုပြီး ရွေးချယ်သင့်ပါတယ်။

လုပ်ဆောင်ရမယ့်နည်းလမ်းတွေက Steel Jacket System SJS (Retro Fitting) စနစ်ဆိုပိုကောင်းပါတယ်။
ဒီနည်းလမ်း ပျက်စီးသွားတဲ့ Columns, Beams နဲ့ load-bearing elements ကို အားပြန်ဖြည့် ခိုင်ခံ စေပြီး ရေရှည်အသုံးပြုလို့ ရနိုင်မယ့် နည်းပညာ တစ်ခုဖြစ်ပါတယ်။

အဆောက်အဦး သက်တမ်းကြာလာခြင်း၊ Structure ထဲမှာ အသုံးပြုထားတဲ့ သံချောင်းတွေ သံချေးတက်လာခြင်း၊ Quality မမှန်ခြင်း နဲ့ အခြားသော အကြောင်းအရာများကြောင့်လဲဲ Beams, Columns နဲ့ load-bearing Structural elements တွေ ဟာ အားနည်းလာတက်ပါတယ်။

Columns နဲ့ Beams တွေဟာလဲ Foundation ရဲ့ တစ်စိတ်တပိုင်းဖြစ်ပါတယ်။ SJS ကို ပြုလုပ်ထားခြင်းဖြင့် မူလ ရှိပြီးသား Structure ကို ပျက်စီးခြင်းမှ ပိုမို၍ကာကွယ်ပေးနိုင်ပါတယ်။

ပြုလုပ်ရမယ့်နည်းလမ်းဖြစ်ပါတယ်။

၁။ အဆောက်အဦ စစ်ဆေးခြင်း ( Site Inspection and Preparation )

ပထမအဆင့် အနေဖြင့် ပျက်စီးနေသော (သို့မဟုတ်) အားနည်းသောယိုယွင်းသွားတဲ့ Structural Members အကုန်လုံး၏ ပျက်စီးမှုအတိုင်းအတာကို အကဲဖြတ် အသေးစိတ် စစ်ဆေးရန်လိုအပ်ပါတယ်။

ဒုတိယအဆင်အနေဖြင့် အပျက်အစီးများ၊ သံချေးများ နဲ့ ကွန်ကရစ်ဟောင်းများကို ဖယ်ရှားရန် လိုအပ်ပါတယ်။မူလရှိပြီးသား Beams Columns နဲ့ load-bearing elements များ SJS စနစ်နဲ့ ခိုင်မြဲစွာ တွယ်အားကောင်းစေရန်အတွက် သန့်ရှင်းရေး သေသေချာချာ လုပ်ရပါမယ်။

၂။ SJS Installation and Concrete injection

Structural Elements များ ပျက်းစီးယိုယွင်းမှုအခြေအနေရ ပုံစံမျိုးစုံ တပ်ဆင်အသုံးပြုတပ်ဆင်နိုင်ပါတယ်။

အပျက်အစီးအရမ်းများသော Columns များအတွက် SJS အပြင် steel shell တပ်ဆင်ခြင်း၊Reinforcing bars (Rebar) ထည့်ခြင်းလုပ်သင့်ပါတယ်။ကြားနေရာများကိုConcrete or Grouting Cement (အဂ်တေ မဆလာ) တို့ လောင်းထည့်ပေးရပါမယ်။

၃။Structure ​ကြံ့ခိုင်မှုကို ပြန်လည်ရရှိခြင်း

SJS စနစ် ကို အသုံးပြုခြင်းဖြင့် ပျက်စီးယိုယွင်းသွားသော အားနည်းသွားသော အဆောက်အဦ ကို အလုံးစုံဖျက်စရာမလိုအပ်ပဲ မူလ Strength နီးပါး ပြန်လည်ရရှိစေနိုင်ပါတယ်.

*** ပျက်စီးမှု ရာခိုင်နူန်းအရ လုံးဝ ဖြိုချရနိုင်သော အဆောက်အဦ များလည်းရှိနိုင်ပါတယ်***
အဆောက်အဦ တခုလုံး ဖြိုချ ခြင်းထက်ကုန်ကျစရိတ် များစွာသက်သာပါတယ်။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင်SJS သည် ပျက်စီးသွားသော အဆောက်အဦများနှင့် တံတားများ ကို ခိုင်ခံ့စေရန် နှင့် ပြန်လည်ထူထောင်ရေးအတွက် အလွန်ထိရောက်သော နည်းလမ်းတခုဖြစ်ပါတယ်။

***ပြုပြင်မှုများကိုတော့ အင်ဂျင်နီယာအဖွဲ့များနဲ့ တိုင်ပင်ပြီး လုပ်ဆောင်တာ အကောင်းဆုံးဖြစ်ပါတယ်။***

ဆရာမဆု (BE (Civil))

မိသားစုများအားလုံး ဘေးအန္တာရယ်အပေါင်းမှ အမြန်ဆုံး ကင်းဝေးကြပါစေ 🙏
Crd

#အိမ်လှလှလေးဆောက်ကြမယ်

မြန်မာပြည်မှအိမ်ဆောက်မယ်ဆိုအများစုကဒါတွေမလုပ်ချင်ဘူး၊ ဒါလုပ်မယ့်အစား ကံပဲစမ်းချင်ကြတယ်လို့ယူဆတယ်။ အဲဒါကြောင့်ကံကိုအံမတုပ...
13/04/2025

မြန်မာပြည်မှအိမ်ဆောက်မယ်ဆိုအများစုကဒါတွေမလုပ်ချင်ဘူး၊ ဒါလုပ်မယ့်အစား ကံပဲစမ်းချင်ကြတယ်လို့ယူဆတယ်။ အဲဒါကြောင့်ကံကိုအံမတုပဲအိမ်မဆောက်ခင်ဒါတွေလုပ်ပါ🧑🏻‍💻🧑🏻‍💻🧑🏻‍💻

၁။ မြေကြီးစစ်ပါ soil test
တစ်ချို့တွေကပြောတယ် တစ်ထပ်ပဲဆောက်မှာတို့ ၂ ထပ်ပဲတို့ အဲဒါကြောင့်မလိုဘူးလို့၊ ဘေးအိမ်ဆောက်တုန်းကမြေကြီးကောင်းတယ် အဲတော့ ကိုယ့်အိမ်လုပ်စရာမလိုဘူးလို့၊ ဒါပေမယ် ကိုယ်အမြဲနေသွားမယ့်အိမ် မဆောက်ခင်သေချာသိပြီးမှ အဲဒီအပေါ်အခြေခံပြီးလုပ်တာမကောင်းဘူးလား မြေကြီးစစ်ခဆိုတာလည်း အိမ်ဆောက်စရိတ်နဲ့ယှဉ်ရင် အရမ်းစျေးကြီးတာမဟုတ်ပါဘူး ။

၂။ မြေမညီတာတို့ ညှိဖို့မလွယ်တဲ့နေရာတွေဆိုရင် surveying လုပ်ပါ၊ ဒါမှ အခြေခံအနေနဲ့အဆောက်အဦးညီညာဖို့အတွက် အနိမ့်အမြင့်တွေသေချာသိရမှနောက်အဆင့်တွေအတွက် ထိရောက်သေချာမှာပါ၊

၃။ ဗိသုကာပညာရှင်ကောင်းကောင်းရှာပါ ၊ 3D design လှတာတွေကိုပဲ မမက်ပါနဲ့ computer နဲ့ကလှအောင်ဆွဲရတာ လွယ်လွယ်လေးပါ အဲလိုဆွဲဖို့လည်း ဒီခေတ်ကြီးထဲမှာ architect ဖြစ်စရာလည်းမလိုသလို ဒီနယ်ပယ်ဘွဲ့ရစရာလည်းမလိုဘူး အဲဒီ software သုံးတတ်ဖို့ပဲလိုတာ ။ အဲတော့ architect ကောင်းကောင်းကိုဘာနဲ့တိုင်းတာမလဲ? မြန်မာပြည်မှာနံမည်ကြီးရင် ကြိတ်ကြိတ်တိုးချင်တာကဓလေ့လိုဖြစ်နေပြီ ၊နံမည်ကြီးတိုင်းကိုယ်လိုချင်တာပေးနိုင်ရဲ့လားစဉ်းစားချင့်ချိန်ဖို့လိုပါတယ် နောက်ပြီး ဘာနဲ့နံမည်ကြီးတာလဲသိဖို့လိုတယ် နံမည်ကြီးတိုင်းမကောင်းဘူးပြောတာမဟုတ်ပါဘူး blind faith မဖြစ်ဖို့ကိုသတိပေးတာပါ၊ ပညာရည်ပြည့်ဝတဲ့ architect ဆိုတာ ထောင့်စေ့ရမယ်၊ ရာသီဥတု ၊ တည်နေရာ နေဝင်နေထွက် လေကြော မိုးကြော ဒါတွေကအခြေခံအနေနဲ့သုံးသပ်ရတဲ့အထဲပါကိုပါရမယ် ငလျင်ကြောကတော့ ကြောရှိတဲ့နေရာဆို ဒါပါထည့်တွက်ရမယ် ဒီအဆင့်မှာဘာ design မှမဆွဲသေးဘူး၊ အဲဒါကြောင့် ပညာရှင်ရှာတတ်ရမယ် ရှာတွေ့ရင်လည်း ပညာကြေးမနှမြောပါနဲ့ ကိုယ်အိမ်တန်ဖိုးနဲ့ယှဉ်ရင် အများဆုံးမှ ၁၀ ပုံ ၁ ပုံပါ၊ မကောင်းရင် ၁၀ ပုံလုံးဆုံးရှံးမှာပါ အိမ်ရှင်တွေကပညာကြေးတောင်းသလောက်ပေးရဲ့နဲ့သေချာမလုပ်ပေးသူတွေနဲ့ကြုံတွေ့ရင်တော့ ကျနော်စိတ်မကောင်းပါဘူး ဒါမျိုးလည်းမဖြစ်သင့်ပါဘူး

၄။ နောက်ဆုံးမဆောက်ခင် structural engineer ကောင်းကောင်းအပ်ရပါမယိ၊ ဒါ architect လည်းမတွက်တတ်ပါဘူး အကြမ်းမျဉ်းပဲသိပါတယ်၊ ကန်ထရိုက်ကိုမှန်းဆမလုပ်ခိုင်းပါနဲ့ ၊ ဒီ ပညာရှင်ကမှာ ခိုင်ခံအောင်စဉ်းစားတွက်ချက်ပေးနိုင်တာပါ ၊ ပြီးရင် architect နဲ့ပြန်ညှိခိုင်းပါ structural engineer အလုပ်က ပုံတစ်ခါထုတ်ပြီးပြီးသွားတာမဟုတ်ပါဘူး၊ architect ပုံထုတ်နေချိန်မှာအပြောင်းအလဲတွေကိုသူနဲ့အမြဲချိတိဆက်ရှိနေရမှာပါ

အချုပ်မှာ
အိမ်ဆိုတာ ဆောက်မယ်ဆိုတာဲ့ ဒီနေ့ဆုံးဖြတ်နောက်နေ့ ဘိလပ်မြေ အုတ်သဲလာချပြီးဆောက်ရတဲ့အရာမဟုတ်ပါဘူး သူ့ အဆင့်နဲ့သူရှိပါတယ်
နောက်ပြီး လူတိုင်းနံမည်ကြီးချင်ကြတာမလို့ အတုအယောင်သတိထားပါ
နံမည်ဆိုတာကြီးရင် service ပေးတဲ့ဘယ်နယ်ပယ်အတွက်မဆို စေတနာကြောင့်နံမည်ကြီးတာ နဲ့ စေ့စပ်သေချာမှုကြောင့်နံမည်ကြီးတာပဲ ယုံကြည်လို့ရမယ်လို့ပဲကျနော်ယုံကြည်ပါတယိ

အခုငလျင်မှာပြိုလဲသွားတဲ့အဆောက်အဦးအတားလုံးdesign quality , build quality ညံ့လို့ ပြိုလဲသွားတယ်လို့ပြောတာမဟုတ်ပါ ၊ ဒါတွေညံရင်တော့ ပြိုလဲတတ်ကြောင်းသာပြောခြင်းဖြစ်ပါတယ်။

Photo - Mingalardon Project

#အိမ်လှလှလေးဆောက်ကြမယ်





#

With အိမ်လှလှလေးဆောက်ကြမယ်-Dream Home – I just got recognized as one of their top fans! 🎉
24/03/2025

With အိမ်လှလှလေးဆောက်ကြမယ်-Dream Home – I just got recognized as one of their top fans! 🎉

🙏ဗုဒ္ဓံ           🙏ဓမ္မံ           🙏သံဃံ #သိန်း(1800 )ဝန်းကျင်နဲ့ဆောက်လို့ရမည်2ထပ်အိမ်လေးပါခင်ဗျာကိုပိုင်ရေးဆွဲထားတဲဒဇို...
12/03/2025

🙏ဗုဒ္ဓံ 🙏ဓမ္မံ 🙏သံဃံ
#သိန်း(1800 )ဝန်းကျင်နဲ့ဆောက်လို့ရမည်2ထပ်အိမ်လေးပါခင်ဗျာ
ကိုပိုင်ရေးဆွဲထားတဲဒဇိုင်လေပါခင်ဗျာ
🏡လူကြီးမင်းတို့၏ ပင်ပန်းမူ့တို့ဖြေဖျောက်ရာ၊ နားခိုရာ ၊ ချစ်ရသော မိသားစု တို့ ဆုံစည်းရာ ၊ တစ်နေ့တာရဲ့ အစပြုရာ၊ စသည်တို့၏ ဘုံဗိမ္မာန်လေးဖြစ်သော နေအိမ်လေးအား ကျွန်တော်တို့များ Sum41 Engineering & Construction Co.,Ltd. မှ ကောင်းမွန်သောအရည်အသွေးနှင့် ဆန်းသစ်သော ဒီဇိုင်းတို့ဖြင့် စိတ်ကူးထဲက နိဗ္ဗာန်ဘုံလေးအား တည်ဆောက်ပေးပါရစေ👷

ကျေးလက်ဒေသဖြစ်စေ တောင်ပေါ်ဒေသလေးဖြစ်စေ

👨‍👨‍👧‍👧လူကြီးမင်း၏20'×60'/ 40’x60’မြေပေါ်မှာဆောက်လို့ရမယ့် 2 Story အိမ်လေးပါခင်ဗျာ💁‍♂️💁‍♂️

🏠အိမ်အကျယ်ဝန်း18×40ပေအကျယ်ဝန်းလေးပါဗျ

🏡​အိပ်ခန်း{4}ခန်း ပါဝင်ပြီး

✍️မှတ်ချက်။ ။အိပ်ခန်းများအား တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ
👷Design and Planများကိုလည်း အင်ဂျင်နီယာနှင့် အိမ်ရှင်သဘောကျ ညှိနိူင်းဆွဲပေးပါတယ်ခင်ဗျာ****Engineering Teamရှိပါတယ်ဗျ****👷👷👷

🏡 လူကြီးမင်းတို့ အဆင်သင့် အပြီးအစီး စိတ်ချမ်းသာစွာ နေထိုင်ရုံလေး ကိုမှ

*RC.သိန်း1800
*Ss:သိန်း1650
🏗️မှတ်ချက်။ ။အဆောက်ဦးများကို လူကြီးမင်းများရဲ့ခြံကွက်ပေါ်မူတည်ပြီး ချုံ့နိုင် ချဲ့နိုင်ပါတယ်ခင်ဗျ🏗️🏠

👉ပါဝင်မှု

🛌အိပ်ခန်း အခန်းဖွဲ့များ တိုင်ပင်ဆွေးနွေးနိုင်)

🛏(Living Room- Kitchen+ Dinning Room)

🛀ရေ

💡မီး

👉ဆေး ( ပတ်တီး 2 ကုပ် ရှီလာ 1 ကုပ်ဆေး2ကုပ်)( ဆေးရောင်များကို အိမ်ရှင်စိတ်တိုင်းကျ ထည့်သွင်းပေးပါ့မည်)

🔶 မျက်နှာကြက် ( ဒီဇိုင်းဆန်းလေးများ)

🔲 အောက်ကြမ်းခင်း ( ကြွေပြား)

🚪Maindoor (ကျွန်းသစ်)

🚪အိပ်ခန်းတံခါး (ကျွန်းတံခါး)

🖼️ပြတင်းပေါက် (pvc)

🛁🛀အိမ်သာရေချိုးခန်း (ဘိုထိုင်၊ရေဗန်း ၊ နံရံ5 ပေကြွေပြားကပ်ပေးခြင်း🛀🛁)

👉မှတ်ချက် ။ ။ ထည့်ဝင်ပစ္စည်းများ စာချုပ်တွင်ထည့်သွင်းချုပ်ဆိုပြီး တိုင်ပင်ဆွေးနွေးနိုင် ပါသည်)

👉ငွေပေးချေမှု👈

👨‍👨‍👧‍👧မိတ်ဆွေအနေနဲ့လုပ်ငန်းအပ်နှံရာတွင်လဲ ငွေပေးချေမှုကို အဆင်ပြေစေနိုင်ရန် ကျွန်တော်တို့ဘက်အား (9️⃣) ရစ်ခွဲပီးပေးဆောင်နိုင်ပါတယ်ဗျ

ငွေပေးချေမှု (9️⃣) ရစ်

စာချုပ်သည့်နေ့ 5️⃣%
လူရောက် ပစ္စည်း ချမည့်နေ့ 2️⃣5️⃣% ဖောင်ဒေးရှင်း ပြီးသည့်နေ့ 1️⃣0️⃣% တိုင်ထောင်ပြီးစီး ​သည့်နေ့ 1️⃣0️⃣% အုတ်စီ၊အချော စသည့်နေ့ 1️⃣0️⃣% အမိုးဒိုင်းစဝင်သည့်နေ့ 1️⃣0️⃣% မျက်နှာကျက် စသည့်နေ့ 1️⃣0️⃣% ရေမီးဆေး စဝင်သည့်နေ့ 1️⃣5️⃣% အိမ်ရှင် ကိုအိမ်အပ့်သည်နေ့ 5️⃣%

✍️စာချုပ်ချုပ်ဆိုမှုမှာလဲ ပါဝင်ပစ္စည်းများ ၊ ဆောက်လုပ်ချိန် များကိုလဲ ထည့်သွင်းချုပ်ဆိုသွားမှာဖြစ်ပြီး စာချုပ်ပါအတိုင်းအတိအကျအသုံးပြုပေးသွားမှာပါဗျ💁‍♂️💁‍♂️

🔜အသေးစိတ်အချက်အလက်တွေကိုဆွေးနွေးတိုင်ပင်အကြံပေးချင်ပါက page messenger မှ ဆက်သွယ်နိုင်သလိုအောက်ပါဖုန်းနံပါတ်ကိုလဲစုံစမ်းမေးမြန်းနိုင်ပါတယ်. အမှတ်(၆၈၁)ဇောတရုံလမ်းကျယ်၊VIP(2)သာကေတမြို့ ရှိရုံးသို့လဲလူကိုယ်တိုင်လာရောက်၍စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👉ဆက်သွယ်ရန်👈
Hot line☎️09 254116652
📲09 420034138

သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ
လူကြီးမင်း၏ စိတ်ကူးအိမ်မက်များကို ဖန်တီးပေးနိုင်ရန် အမြဲကြိုးစားလျက်ပါ👩‍🔧👨‍🔧🏠🏤🏤💯💯💯💯

🚘နေရာဒေသအလိုက်စျေးနှုန်းအနည်းငယ်ပြောင်းလဲမှု့ရှိပါမယ်ဗျ💁‍♂️💁‍♂️💁‍♂️
🤝 #ကျွန်တော်များ Sum41 Engineering &Construction ကို နေ့စဥ် တင်သမျှ ဒီဇိုင်းနှင့် စျေးနူန်းလေးများသိရှိဖို့ရာ
Page လေးကို Like & Follow လေးလုပ်ပေးထားပါအုံး ခင်ဗျာ🧑🏻‍💻🧑🏻‍💻🧑🏻‍💻


#အိမ်လှလှလေးဆောက်ကြမယ်


🙏ဗုဒ္ဓံ           🙏ဓမ္မံ           🙏သံဃံ #သိန်း(1150 )ဝန်းကျင်နဲ့ဆောက်လို့ရမည်2ထပ်အိမ်လေးပါခင်ဗျာကိုပိုင်ရေးဆွဲထားတဲဒဇို...
02/02/2025

🙏ဗုဒ္ဓံ 🙏ဓမ္မံ 🙏သံဃံ
#သိန်း(1150 )ဝန်းကျင်နဲ့ဆောက်လို့ရမည်2ထပ်အိမ်လေးပါခင်ဗျာ
ကိုပိုင်ရေးဆွဲထားတဲဒဇိုင်လေပါခင်ဗျာ
🏡လူကြီးမင်းတို့၏ ပင်ပန်းမူ့တို့ဖြေဖျောက်ရာ၊ နားခိုရာ ၊ ချစ်ရသော မိသားစု တို့ ဆုံစည်းရာ ၊ တစ်နေ့တာရဲ့ အစပြုရာ၊ စသည်တို့၏ ဘုံဗိမ္မာန်လေးဖြစ်သော နေအိမ်လေးအား ကျွန်တော်တို့ Sum41 Engineering & Construction Company မှ ကောင်းမွန်သောအရည်အသွေးနှင့် ဆန်းသစ်သော ဒီဇိုင်းတို့ဖြင့် စိတ်ကူးထဲက နိဗ္ဗာန်ဘုံလေးအား တည်ဆောက်ပေးပါရစေ👷

ကျေးလက်ဒေသဖြစ်စေ တောင်ပေါ်ဒေသလေးဖြစ်စေ

👨‍👨‍👧‍👧လူကြီးမင်း၏20''×60'မြေပေါ်မှာဆောက်လို့ရမယ့် 1 Storey Building ပါခင်ဗျာ💁‍♂️💁‍♂️

🏠အိမ်အကျယ်ဝန်း17×40ပေအကျယ်ဝန်းလေးပါဗျ

🏡​အိပ်ခန်း{3}ခန်း ပါဝင်ပြီး

✍️မှတ်ချက်။ ။အိပ်ခန်းများအား တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ
👷Design and Planများကိုလည်း အင်ဂျင်နီယာနှင့် အိမ်ရှင်သဘောကျ ညှိနိူင်းဆွဲပေးပါတယ်ခင်ဗျာ****Engineering Teamရှိပါတယ်ဗျ****👷👷👷

🏡 လူကြီးမင်းတို့ အဆင်သင့် အပြီးအစီး စိတ်ချမ်းသာစွာ နေထိုင်ရုံလေး ကိုမှ

*RC.သိန်း1150
*Ss:သိန်း1050
🏗️မှတ်ချက်။ ။အဆောက်ဦးများကို လူကြီးမင်းများရဲ့ခြံကွက်ပေါ်မူတည်ပြီး ချုံ့နိုင် ချဲ့နိုင်ပါတယ်ခင်ဗျ🏗️🏠

👉ပါဝင်မှု

🛌အိပ်ခန်း အခန်းဖွဲ့များ တိုင်ပင်ဆွေးနွေးနိုင်)

🛏(Living Room- Kitchen+ Dinning Room)

🛀ရေ

💡မီး

👉ဆေး ( ပတ်တီး 2 ကုပ် ရှီလာ 1 ကုပ်ဆေး2ကုပ်)( ဆေးရောင်များကို အိမ်ရှင်စိတ်တိုင်းကျ ထည့်သွင်းပေးပါ့မည်)

🔶 မျက်နှာကြက် ( ဒီဇိုင်းဆန်းလေးများ)

🔲 အောက်ကြမ်းခင်း ( ကြွေပြား)

🚪Maindoor (ကျွန်းသစ်)

🚪အိပ်ခန်းတံခါး (ကျွန်းတံခါး)

🖼️ပြတင်းပေါက် (pvc)

🛁🛀အိမ်သာရေချိုးခန်း (ဘိုထိုင်၊ရေဗန်း ၊ နံရံ5 ပေကြွေပြားကပ်ပေးခြင်း🛀🛁)

👉မှတ်ချက် ။ ။ ထည့်ဝင်ပစ္စည်းများ စာချုပ်တွင်ထည့်သွင်းချုပ်ဆိုပြီး တိုင်ပင်ဆွေးနွေးနိုင် ပါသည်)

👉ငွေပေးချေမှု👈

👨‍👨‍👧‍👧မိတ်ဆွေအနေနဲ့လုပ်ငန်းအပ်နှံရာတွင်လဲ ငွေပေးချေမှုကို အဆင်ပြေစေနိုင်ရန် ကျွန်တော်တို့ဘက်အား (9️⃣) ရစ်ခွဲပီးပေးဆောင်နိုင်ပါတယ်ဗျ

ငွေပေးချေမှု (9️⃣) ရစ်

စာချုပ်သည့်နေ့ 5️⃣%
လူရောက် ပစ္စည်း ချမည့်နေ့ 2️⃣5️⃣% ဖောင်ဒေးရှင်း ပြီးသည့်နေ့ 1️⃣0️⃣% တိုင်ထောင်ပြီးစီး ​သည့်နေ့ 1️⃣0️⃣% အုတ်စီ၊အချော စသည့်နေ့ 1️⃣0️⃣% အမိုးဒိုင်းစဝင်သည့်နေ့ 1️⃣0️⃣% မျက်နှာကျက် စသည့်နေ့ 1️⃣0️⃣% ရေမီးဆေး စဝင်သည့်နေ့ 1️⃣5️⃣% အိမ်ရှင် ကိုအိမ်အပ့်သည်နေ့ 5️⃣%

✍️စာချုပ်ချုပ်ဆိုမှုမှာလဲ ပါဝင်ပစ္စည်းများ ၊ ဆောက်လုပ်ချိန် များကိုလဲ ထည့်သွင်းချုပ်ဆိုသွားမှာဖြစ်ပြီး စာချုပ်ပါအတိုင်းအတိအကျအသုံးပြုပေးသွားမှာပါဗျ💁‍♂️💁‍♂️

🔜အသေးစိတ်အချက်အလက်တွေကိုဆွေးနွေးတိုင်ပင်အကြံပေးချင်ပါက page messenger မှ ဆက်သွယ်နိုင်သလိုအောက်ပါဖုန်းနံပါတ်ကိုလဲစုံစမ်းမေးမြန်းနိုင်ပါတယ်💁‍♂️💁‍♂️💁‍♂️💁‍♂️

👉ဆက်သွယ်ရန်👈
Hot line 📲 09 254116652
📲 09 420034138

လူကိုတိုင်ရုံကိုလာရောက်ဆွေးနွေးလိုရပါတယ်
အမှတ်(681) ဇောတရုံလမ်းကျယ်၊VIP(2)၊သာကေတမြို့နယ်၊ရန်ကုန်မြို့ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ
လူကြီးမင်း၏ စိတ်ကူးအိမ်မက်များကို ဖန်တီးပေးနိုင်ရန် အမြဲကြိုးစားလျက်ပါဗျ။

🚘နေရာဒေသအလိုက်စျေးနှုန်းအနည်းငယ်ပြောင်းလဲမှု့ရှိပါမယ်ဗျ💁‍♂️💁‍♂️💁‍♂️
🤝 #ကျွန်တော်များ Sum41 Engineering & Construction Company ကို နေ့စဥ် တင်သမျှ ဒီဇိုင်းနှင့် စျေးနူန်းလေးများသိရှိဖို့ရာ
Page လေးကို Like & Follow လေးလုပ်ပေးထားပါအုံး ခင်ဗျာ. 🙏🏻🙏🏻🙏🏻


#အိမ်လှလှလေးဆောက်ကြမယ်

Address


Telephone

+959254116652

Website

Alerts

Be the first to know and let us send you an email when Sum41 Construction & Building Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sum41 Construction & Building Service:

  • Want your business to be the top-listed Engineering Company?

Share