Max Myanmar Construction

  • Home
  • Max Myanmar Construction

Max Myanmar Construction Max Myanmar Construction

Max Myanmar Construction ကုမ္ပဏီ၏ Internship Program (3/2026) ပြီးစီးအောင်မြင်ခြင်း အခမ်းအနားကို  (17.6.2026) ဗုဒ္ဓဟူးနေ...
19/06/2026

Max Myanmar Construction ကုမ္ပဏီ၏ Internship Program (3/2026) ပြီးစီးအောင်မြင်ခြင်း အခမ်းအနားကို (17.6.2026) ဗုဒ္ဓဟူးနေ့၊ နံနက် (၉:၀၀)နာရီတွင် Max Residence Development Project ၏ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Yangon Technological University တွင် ပညာသင်ကြားနေကြသော စတုတ္ထနှစ် ကျောင်းသား/ကျောင်းသူ (၃)ဦး၊ Technological University (Hmawbi) တွင် ပညာသင်ကြားနေကြသော (Final year) ကျောင်းသား/ကျောင်းသူ (7)ဦး နှင့် Dagon University of Geology တွင် ပညာသင်ကြားနေကြသော စတုတ္ထနှစ် ကျောင်းသား (2)ဦး အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ Internship ကာလကို ကုမ္ပဏီ၏ ရုံးချုပ်နှင့် စီမံကိန်းများတွင် လက်တွေ့လေ့လာခဲ့ကြပါသည်။

Internship ကာလအတွင်း Day to day site operation ပိုင်း ၊ QA/QC ပိုင်း၊ Project Management Office၊ အဆောက်အဦးတည့်မတ်မှုရှိစေရန် နှင့် floor levelညီညာမှုရှိစေရန်အတွက်လက်တွေ့တိုင်းတာခြင်း၊ ပတ်ဝန်းကျင်အဆောက်အဦးများနိမ့်ကျမှုရှိမရှိ အပတ်စဥ်တိုင်းတာမှတ်တမ်းတင်ခြင်း စသည့်ဖြင့် သက်ဆိုင်ရာလုပ်ငန်းပိုင်းအလိုက် လေ့လာခဲ့ကြပြီး လေ့လာခဲ့ကြသည့် ပညာရပ်များနဲ့ ပတ်သက်၍ Presentation များပြုလုပ်ခဲ့ကြပါသည်။

ယနေ့ အခမ်းအနားတွင် Max Myanmar Construction ၏ Management နှင့် ဌာနမှူးများမှ Presentation ပြုလုပ်ကြသော Intern ကျောင်းသား/ကျောင်းသူများကို အမှတ်တရလက်ဆောင်များပေးခြင်း၊ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးသုံးသပ် မှတ်ချက်ပြုပေးခြင်း တို့ကိုပြုလုပ်၍ နံနက် (၁၁:၃၀) နာရီခန့်တွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

Max Myanmar Construction Co., Ltd. တွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း/အမှုထမ်းများ၏ သား/သမီး များအား 2026 - 2027 ပညာသင်န...
06/06/2026

Max Myanmar Construction Co., Ltd. တွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း/အမှုထမ်းများ၏ သား/သမီး များအား 2026 - 2027 ပညာသင်နှစ် အတွက် အခြေခံပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ (6.6.2026) စနေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အရာထမ်း/အမှုထမ်းများ၏ သား/သမီးများအား အခြေခံပညာသင်ထောက်ပံ့ကြေး နှင့် ပညာရေးအထောက်အကူပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Max Myanmar Construction ကုမ္ပဏီ၏ Internship Program (2/2026) ပြီးစီးအောင်မြင်ခြင်း အခမ်းအနားကို (4.6.2026) ကြာသပတေး နေ့...
04/06/2026

Max Myanmar Construction ကုမ္ပဏီ၏ Internship Program (2/2026) ပြီးစီးအောင်မြင်ခြင်း အခမ်းအနားကို (4.6.2026) ကြာသပတေး နေ့၊ နံနက် (၉:၃၀) နာရီတွင် Max Residence Development Project ၏ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပုသိမ် နည်းပညာတက္ကသိုလ် တွင် ပညာသင်ကြားနေကြသော နောက်ဆုံးနှစ် ကျောင်းသား (၂) ဦးအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ Internship ကာလကို ကုမ္ပဏီ၏ ရုံးချုပ်နှင့် စီမံကိန်းများတွင် လက်တွေ့လေ့လာခဲ့ကြပါသည်။
Internship ကာလအတွင်း Day to Day Site Operation အပိုင်း၊ MEP System အပိုင်းများ ဖြစ်သော (Electrical System, ELV System, ACMV System နှင့် Fire Fighting and Alarm System) စသည်တို့ကို လေ့လာခဲ့ကြပြီး အဆိုပါ ပညာရပ်များနဲ့ ပတ်သက်၍ Presentation များပြုလုပ်ခဲ့ကြပါသည်။

ယနေ့ အခမ်းအနားတွင် Max Myanmar Construction ၏ Management နှင့် ဌာနမှူးများမှ Presentation ပြုလုပ်ကြသော Intern ကျောင်းသားများကို အမှတ်တရလက်ဆောင်များပေးခြင်း၊ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးသုံးသပ် မှတ်ချက်ပြုပေးခြင်း တို့ကိုပြုလုပ်၍ မွန်းတည့် (၁၂:၀၀) နာရီခန့်တွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။



မေလရဲ့ နွေအပူထဲကနေ မိုးဦးလေး စတင်သန်းလာသလို၊ မေလတွင် မွေးဖွားသူတွေလည်း အခက်အခဲတွေ ကျော်လွန်ပြီး အေးချမ်းမှုအသစ်တွေ၊ အခွင...
29/05/2026

မေလရဲ့ နွေအပူထဲကနေ မိုးဦးလေး စတင်သန်းလာသလို၊ မေလတွင် မွေးဖွားသူတွေလည်း အခက်အခဲတွေ ကျော်လွန်ပြီး အေးချမ်းမှုအသစ်တွေ၊ အခွင့်အလမ်းအသစ်တွေ ပွင့်လန်းလာပါစေ။ ကဆုန်လရဲ့ စိမ်းလန်းတောက်ပတဲ့ အချိန်အခါလို စိတ်ဓာတ်လန်းဆန်းတက်ကြွပြီး၊ လုပ်ငန်းခွင်မှာ အောင်မြင်မှုတွေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ရရှိပါစေ။ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ပညာ၊ စိတ်ခွန်အားတွေ ပိုမိုပြည့်ဝလာပြီး မေလရဲ့အလင်းရောင်လို သင့်ရဲ့အနာဂတ်လမ်းကြောင်းလည်း ထွန်းလင်းတောက်ပနေပါစေ။

"မွေးနေ့မှစ၍ ကျန်းမာပျော်ရွှင်ပြီး အောင်မြင်မှု၊ တိုးတက်မှု၊ လန်းဆန်းတက်ကြွမှုများနဲ့ ပြည့်စုံသော နှစ်သစ်တစ်နှစ် ဖြစ်ပါစေ။" လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

အစ္စလာမ်ဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ်  အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်) နေ့မှာ ပွဲတော်ရဲ့ အနှစ်သာရဖြစ်တဲ့ စွန့်လွှတ်အနစ်နာခံခြင...
28/05/2026

အစ္စလာမ်ဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်) နေ့မှာ ပွဲတော်ရဲ့ အနှစ်သာရဖြစ်တဲ့ စွန့်လွှတ်အနစ်နာခံခြင်း၊ မျှဝေခြင်း၊ သစ္စာစောင့်သိခြင်း တရားတွေနဲ့အတူ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာကြပါစေ။ အလုပ်အကိုင်များ အဆင်ပြေချောမွေ့ပြီး၊ စိတ်ကူးအကြံအစည်မှန်သမျှ အောင်မြင်ပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။



မက်စ်မြန်မာကုမ္ပဏီအုပ်စု ဝန်ထမ်းများအား အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Uni...
19/05/2026

မက်စ်မြန်မာကုမ္ပဏီအုပ်စု ဝန်ထမ်းများအား အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Units) ဖြင့် လာရောက် စစ်ဆေးကုသပေးခဲ့

10/05/2026

💝 Happy Mother's Day 💖

💞💝လောကမှာ အနွေးထွေးဆုံး မေတ္တာက အမေ့ရဲ့ မေတ္တာပါ။ အမေရဲ့ အပြုံးက သားသမီးတွေအတွက် အင်အားတစ်ခုပါ။ အမေများနေ့မှာ ကမ္ဘာပေါ်က အမေများအားလုံး အေးချမ်းပျော်ရွှင်ပြီး ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေ.........🙏🙏🙏




မေလ (၁) ရက် ၊  (၁၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မေလ ၁ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့တွင် ကျရာတာဝန်များ...
01/05/2026

မေလ (၁) ရက် ၊ (၁၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့

မေလ ၁ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့တွင် ကျရာတာဝန်များကို စေတနာဖြင့်၊ ကြိုးစားအားထုတ်ပြီး လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်မှုရရှိစေရန် ကြိုးစားထမ်းဆောင်နေကြသည့် အလုပ်သမားများ အမြဲတမ်းကျန်းမာခြင်းနှင့် စီးပွားဉစ္စာများ တိုးတက်အောင်မြင်ကြပါစေကြောင်း Max Construction Co., Ltd. ၏ မိသားစုမှ ဆုတောင်းမေတ္တာများ ပိုသအပ်ပါသည်။




#အလုပ်သမားနေ့

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)မြတ်ဗုဒ္ဓ၏ အဖြစ်တော်လေးမျိုးစလုံး တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို၏ တန...
30/04/2026

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)

မြတ်ဗုဒ္ဓ၏ အဖြစ်တော်လေးမျိုးစလုံး တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို၏ တန်ဖိုးထားရာ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲနေ့တွင် လူသားအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး မြန်မာပြည်သူတို့ ငြိမ်းချမ်းသာယာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ကြပါစေကြောင်း Max Construction Co.,Ltd.မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။



Address

Alanpya Pagoda Road

Telephone

+95-1-255819

Website

Alerts

Be the first to know and let us send you an email when Max Myanmar Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Engineering Company?

Share