Rehoboth Steel Weld Engineering

Rehoboth Steel Weld Engineering "Engineering Solutions You Can Trust"

Rehoboth Steel Weld Engineering is a leading engineering service company specializing in welding, steel fabrication, piping inspection, pressure vessel inspection, and industrial integrity services in Myanmar.

Pipeline တစ်ခုမှာ Corrosion ဖြစ်တာက “သံချေးတက်တာ” လောက်ပဲ မဟုတ်ပါဘူး။Pitting Corrosion ကနေ CUI, MIC, Galvanic Corrosion ...
19/08/2026

Pipeline တစ်ခုမှာ Corrosion ဖြစ်တာက “သံချေးတက်တာ” လောက်ပဲ မဟုတ်ပါဘူး။

Pitting Corrosion ကနေ CUI, MIC, Galvanic Corrosion အထိ…
⚠️ Pipe Wall Thickness လျော့စေနိုင်ပါတယ်။
⚠️ Leakage ဖြစ်စေနိုင်ပါတယ်။
⚠️ အဆိုးဆုံးအခြေအနေမှာ Pipeline Failure အထိ ဖြစ်နိုင်ပါတယ်။

👉 Corrosion ကို သိမှ Inspection ကို မှန်ကန်စွာလုပ်နိုင်မယ်။

ဒီ Post မှာ Industrial Piping တွေမှာ တွေ့ရနိုင်တဲ့ Corrosion Mechanisms တွေကို လေ့လာကြည့်ပါ။
📖 Know the Mechanism → Find the Vulnerable Location → Inspect → Prevent Failure

ကျေးဇူးတင်ပါတယ်

“3G အောင်ရင် All Position Qualified ဖြစ်ပြီလား? 🤔6G လက်မှတ်ရှိရင် Plate တွေကိုပါ ဂဟေဆော်နိုင်ပြီလား?”Welder တော်တော်များ...
06/08/2026

“3G အောင်ရင် All Position Qualified ဖြစ်ပြီလား? 🤔
6G လက်မှတ်ရှိရင် Plate တွေကိုပါ ဂဟေဆော်နိုင်ပြီလား?”

Welder တော်တော်များများ မှားယွင်းနားလည်နေတဲ့ Qualification Test Position အကြောင်းကို သိထားဖို့လိုပါတယ်။



👨‍🏭 Welder Qualification Test Position (Plate & Pipe)

Welder Qualification (WPQ) မှာ Position တစ်ခုအောင်တာနဲ့ Position အားလုံးကို အလိုအလျောက် Qualified မဖြစ်ပါဘူး။
Qualification Range က ASME Section IX (QW-461 Series) အရ သတ်မှတ်ထားပါတယ်။

🔹 Plate Groove Welding Qualification

Test Position Qualified Positions
1G 1G only
2G 1G + 2G
3G 1G + 2G + 3G
4G 1G + 4G

✅ Plate All Positions Qualification

3G + 4G Qualification Test

➡️ Qualified for

* ✅ 1G
* ✅ 2G
* ✅ 3G
* ✅ 4G

3G + 4G က Plate Groove Welding အတွက် All Position Qualification ဖြစ်ပါတယ်။



🔹 Pipe Groove Welding Qualification

Test Position Qualified Positions
1G (Rolled) 1G only
2G (Vertical Fixed) 2G only
5G (Horizontal Fixed) 1G + 5G
6G (45° Fixed) 1G + 2G + 5G + 6

✅ Pipe All Positions Qualification

6G Qualification Test

➡️ Qualified for

* ✅ 1G
* ✅ 2G
* ✅ 5G
* ✅ 6G

6G ကို Pipe Welding ရဲ့ All Position Qualification လို့ သတ်မှတ်ကြပါတယ်။



⚠️ အရေးကြီးတဲ့အချက်

📌 Plate All Position = 3G + 4G

📌 Pipe All Position = 6G

⚠️ သို့သော် Qualification က Position တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါဘူး။ အောက်ပါအချက်တွေကလည်း Qualification Range ကို သက်ရောက်ပါတယ်။

* Welding Process (SMAW, GTAW, FCAW, GMAW)
* Base Material (P-Number)
* Filler Metal (F-Number)
* Thickness Range
* Diameter Range (Pipe)
* Backing / No Backing

ဒါကြောင့် 6G Pipe Qualified ဖြစ်တာနဲ့ Plate All Position Qualified ဖြစ်တယ်လို့ မဆိုလိုပါဘူး။ Plate အတွက် သီးခြား 3G + 4G Qualification လိုအပ်နိုင်ပါတယ်။



💡 Takeaway

✅Plate All Position → 3G + 4G

✅Pipe All Position → 6G

အလုပ်အကိုင်လျှောက်ထားခြင်း၊ Project ဝင်ရောက်ခြင်း၊ Welder Qualification Record (WPQ) စစ်ဆေးခြင်းတို့မှာ ဒီအချက်တွေကို သိထားရင် အလွန်အသုံးဝင်ပါ။

ကျေးဇူးပါ
———————⸻


⚠️ သင့် Welding မှာ ဒီ Defects တွေထဲက တစ်ခုရှိနေရင် Project တစ်ခုလုံး အန္တရာယ်ရှိနိုင်ပါတယ်!Welding Quality က လှပတဲ့ Wel...
04/08/2026

⚠️ သင့် Welding မှာ ဒီ Defects တွေထဲက တစ်ခုရှိနေရင် Project တစ်ခုလုံး အန္တရာယ်ရှိနိုင်ပါတယ်!

Welding Quality က လှပတဲ့ Weld Bead တစ်ကြောင်းနဲ့ပဲ မဆုံးဖြတ်နိုင်ပါဘူး။

အောက်ပါ Welding Defects (၅) မျိုးက Structure Strength ကို လျော့ကျစေပြီး Leak, Crack နဲ့ Failure တွေ ဖြစ်စေနိုင်ပါတယ်။

🔹 Crack – Weld ထဲမှာ အက်ကွဲမှု ဖြစ်ခြင်း။
🔹 Porosity – Gas ပိတ်မိလို့ အပေါက်ငယ်များ ဖြစ်ခြင်း။
🔹 Undercut – Base Metal အစွန်းပိုင်း ပျက်စီးသွားခြင်း။
🔹 Lack of Fusion – Weld Metal နဲ့ Base Metal မပေါင်းစည်းနိုင်ခြင်း
🔹 Spatter – Molten Metal အစက်များ ပြန့်ကျဲခြင်း။

✅ Welding Defects တွေကို စောစီးစွာ သိရှိပြီး ကာကွယ်နိုင်မှ Quality, Safety နဲ့ Reliability ကို အာမခံနိုင်မှာ ဖြစ်ပါတယ်။

💬 သင့်အတွေ့အကြုံအရ အများဆုံးတွေ့ရတဲ့ Welding Defect က ဘယ်ဟာများဖြစ်မလဲ? Comment မှာ မျှဝေပေးပါ။

ကျေးဇူးတင်ပါတယ်။




03/08/2026

“Professional welding starts with preparation”



Welding ဆိုတာ သတ္တုနှစ်ခုကို ပေါင်းစပ်လိုက်တာထက် ပိုမိုနက်ရှိုင်းတဲ့ Engineering Art & Science တစ်ခုပါ။ Quality မမှီတဲ့ ...
02/08/2026

Welding ဆိုတာ သတ္တုနှစ်ခုကို ပေါင်းစပ်လိုက်တာထက် ပိုမိုနက်ရှိုင်းတဲ့ Engineering Art & Science တစ်ခုပါ။ Quality မမှီတဲ့ Weld (ဂဟေသား)တွေဟာ နောင်တစ်ချိန်မှာ 🛑 Crack (အက်ကွဲခြင်း)၊ 🛑 Leakage (ယိုစိမ့်ခြင်း) နဲ့ 🛑 Structural Failure (ကျိုးပဲ့ပျက်စီးခြင်း) တွေကို မလွဲမသွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

💡 Quality Weld (အရည်အသွေးကောင်းတဲ့ဂဟေသား)တစ်ခု ရရှိဖို့အတွက် ဘာတွေလိုအပ်သလဲ?
1. Proper Joint Preparation (အဆက်တွေကိုကောင်းစွာပြင်ဆင်မှု)
သတ္တုမျက်နှာပြင်ကို စနစ်တကျ သန့်ရှင်းရေးလုပ်ခြင်း၊ Bevel ဒီဇိုင်းမှန်ကန်ခြင်း။
2. Correct Welding Parameters (စက်ချိန်ညှိမှု မှန်ကန်ခြင်း)
Ampere, Voltage, Travel Speed နဲ့ Shielding Gas တွေကို တိကျစွာ သုံးစွဲခြင်း။
3. Skilled Welder (ကျွမ်းကျင် Welder)
နည်းစနစ်မှန် မှန်ကန်စွာ လက်တွေ့ဆွဲနိုင်သည့် ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံ။
4. Proper Inspection (စနစ်တကျ စစ်ဆေးခြင်း)
NDT / Visual Inspection များဖြင့် စနစ်တကျ စစ်ဆေးအတည်ပြုခြင်း။

"Quality starts before welding begins."✅

❇️Welder တိုင်းရဲ့ သေချာဂရုစိုက်မှုနဲ့ စနစ်ကျမှုကသာ စက်ရုံ/လုပ်ငန်းခွင်တွေရဲ့ ရေရှည်ခိုင်ခံ့မှုနဲ့ ဘေးကင်းလုံခြုံမှုကို ဖန်တီးပေးနိုင်တာပါ။

01/08/2026

Engineering Solutions You Can Trust




🚨 Welder တစ်ယောက်အနေဖြစ် ဂဟေဆက်တတ်ရုံနဲ့ မလုံလောက်ဘူး… Welding Symbol ကို မဖတ်တတ်ရင် အမှားတစ်ခုက Project တစ်ခုလုံးကို ထိ...
30/07/2026

🚨 Welder တစ်ယောက်အနေဖြစ် ဂဟေဆက်တတ်ရုံနဲ့ မလုံလောက်ဘူး… Welding Symbol ကို မဖတ်တတ်ရင် အမှားတစ်ခုက Project တစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်!

📐 Welding Symbol ဆိုတာ Drawing ပေါ်မှာ Welder နဲ့ Inspector ကို လမ်းညွှန်ပေးတဲ့ “ဘာသာစကား” ပါ။

Welding Symbol တစ်ခုတည်းထဲမှာ…
✅ ဘယ်နေရာကို ဂဟေဆက်ရမလဲ
✅ ဘယ် Welding Process ကိုသုံးရမလဲ
✅ Weld Size ဘယ်လောက်ဖြစ်ရမလဲ
✅ Weld Length၊ Pitch နဲ့ Finish Requirement တွေကို ဖော်ပြထားပါတယ်။

👨‍🏭 Professional Welder၊ QA/QC Inspector၊ Piping Engineer တစ်ယောက်ဖြစ်ချင်ရင် Welding Symbol ကို နားလည်ဖတ်ရှုနိုင်ခြင်းက မရှိမဖြစ်လိုအပ်တဲ့ Skill တစ်ခုပါ။

💡 “A good welder makes a strong weld, but a great welder understands the welding symbol before striking the arc.”

📖 Welding Symbol ကို နားလည်လာတာနဲ့
✅Rework လျော့နည်းမယ်။
✅Quality ပိုကောင်းလာမယ်။
✅Drawing ကို ယုံကြည်စိတ်ချစွာ ဖတ်နိုင်မယ်။
✅Career အခွင့်အလမ်းတွေလည်း ပိုကျယ်လာမယ်။

ကျေးဇူးတင်ပါတယ်

🔧 Pipe Welding မှာ Joint Preparation က ဘာကြောင့် အရေးကြီးတာလဲ?⚙️လူအများက Welding Skill ကိုပဲ အရေးကြီးတယ်လို့ ထင်ကြပေမယ့်...
23/07/2026

🔧 Pipe Welding မှာ Joint Preparation က ဘာကြောင့် အရေးကြီးတာလဲ?⚙️

လူအများက Welding Skill ကိုပဲ အရေးကြီးတယ်လို့ ထင်ကြပေမယ့်…
အရည်အသွေးမြင့် Weld တစ်ခုရဲ့ အောင်မြင်မှုက Joint Preparation မှာ စတင်ပါတယ်။

✅ Bevel Angle မှန်ကန်ခြင်း
✅ Root Face နှင့် Root Gap ကို Specification အတိုင်းပြင်ဆင်ခြင်း
✅ Rust, Oil, Paint နှင့် Contamination မရှိအောင် သန့်ရှင်းစေခြင်း
✅ Pipe Alignment ကို တိကျစွာ Fit-up ပြုလုပ်ခြင်း

Joint Preparation ကောင်းမွန်ရင်…

📍Full Pe*******on ရရှိနိုင်သည်။
📍Welding Defects (Lack of Fusion, Incomplete Pe*******on, Porosity) ကို လျော့နည်းစေသည်။
📍Rework နှင့် Repair Cost ကို လျှော့ချပေးသည်။
📍Weld Quality နှင့် Structural Integrity ကို မြှင့်တင်ပေးသည်။
📍RT, UT နှင့် အခြား NDT Inspection များကို အောင်မြင်စွာ ဖြတ်သန်းနိုင်ရန် အထောက်အကူပြုသည်။

💡 “A great weld doesn’t begin with striking an arc—it begins with proper joint preparation.”

ကျေးဇူးတင်ပါတယ်

🔥 GTAW (TIG) Welding ဆိုတာ ဘာလဲ? ဘာကြောင့် အရည်အသွေးအမြင့်ဆုံး Welding Process လို့ ခေါ်ကြတာလဲ? 🔥တိကျမှု၊ လှပမှု၊ အရည်အသ...
21/07/2026

🔥 GTAW (TIG) Welding ဆိုတာ ဘာလဲ? ဘာကြောင့် အရည်အသွေးအမြင့်ဆုံး Welding Process လို့ ခေါ်ကြတာလဲ? 🔥

တိကျမှု၊ လှပမှု၊ အရည်အသွေးမြင့်မားမှုကို လိုအပ်တဲ့ လုပ်ငန်းတွေမှာ GTAW (Gas Tungsten Arc Welding) ဟာ အကောင်းဆုံး Welding Process တွေထဲက တစ်ခုဖြစ်ပါတယ်။

✅ Stainless Steel
✅ Aluminium
✅ Titanium
✅ Thin Plate & Pipe Welding
စတဲ့ Material မျိုးတွေကို Spatter နည်းနည်း၊ Weld Bead လှပပြီး အရည်အသွေးမြင့်စွာ ဆက်နိုင်ပါတယ်။

💡 GTAW Welding ရဲ့ အားသာချက်များ
✅Weld Quality အလွန်ကောင်းမွန်ခြင်း
✅Clean & Beautiful Weld Appearance
✅Precise Heat Control
✅High Integrity Welds
✅Critical Industries (Oil & Gas, Pressure Vessel, Food Industry, Aerospace) များတွင် အသုံးများခြင်း။

⚠️ သို့သော်…
GTAW Welding က Operator Skill မြင့်မားဖို့လိုပြီး လေ့ကျင့်မှု၊ စိတ်ရှည်မှုနဲ့ အတွေ့အကြုံတွေ အရေးကြီးပါတယ်။

🎯 “A Great Welder is not only about striking an arc, but about controlling every movement with precision.”

အကယ်၍ Professional Welder တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် GTAW Welding ကို ကျွမ်းကျင်အောင် သင်ယူထားတာက သင့်ရဲ့ Career အတွက် အလွန်တန်ဖိုးရှိတဲ့ Skill တစ်ခုဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။



10 နှစ်အသည်းအသန်ကြိုးစားမလားဒါမှမဟုတ်နှစ် 60 လုံးလုံးပင်းပန်းဆင်းရဲစွာဖြတ်သန်းမလားရွေးချယ်ရမှာက ကျွန်တော်တို့ကိုယ်တိုင်ပ...
21/07/2026

10 နှစ်အသည်းအသန်ကြိုးစားမလား

ဒါမှမဟုတ်

နှစ် 60 လုံးလုံးပင်းပန်းဆင်းရဲစွာဖြတ်သန်းမလား

ရွေးချယ်ရမှာက ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်ပါတယ်

…….

ကျွန်တော်တို့လူတိုင်း တဦးနှင့်တဦး

မွေးဖွားလာကြကတည်းကအခြေအနေမတူညီကြဘူး

တချို့တွေက မိစုံဖစုံ၊ ပြည့်ပြည့်စုံစုံ

အရင်းအနှီးအပြည့်အစုံ၊

စီးပွါးရေးအတွေးအခေါ်အပြည့်အစုံနှင့်မွေးဖွားလာကြတယ်

တာစထွက်ကတည်းက သီးခြားစီဖြစ်ကြတယ်။

ဘဝပေးအခြေအနေတွေမတူညီကြဘူး။

ဒီလိုမတူညီတဲ့အနေအထားပေါ်

မကျေမနပ်ဖြစ်နေလဲဘာမှဖြစ်မလာဘူး

ကိုယ့်ရှေ့မှာ ပြေးနေတဲ့လူတွေကိုအမှီလိုက်ဖို့(ဘို့)၊
ကျော်တက်နိုင်ဖို့က

သူ့တို့တွေမောနေချိန်၊နားနေချိန်မှာ

ကိုယ်က အဆက်မပြတ်ပြေးနေဖို့

သူတို့တွေ သောက်စားပျော်ပါးနေတဲ့အချိန်

ကိုယ့်ကိုယ် ရင်းနှီးမြှုပ်နှံနေဖို့ ခိုင်းနေဖို့ပဲ။

………..

10 နှစ်အသည်းအသန်ကြိုးစားမလား၊မိမိကိုယ်ခိုင်းမလား

ဒါမှမဟုတ်

နှစ် 60 လုံးလုံးပင်းပန်းဆင်းရဲစွာဖြတ်သန်းမလား

ရွေးချယ်ရမှာက ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်ပါတယ်။

•ငွေကိုလဲမခိုင်းနိုင်ဘူး

•ကိုယ့်ကိုယ်လဲမခိုင်းဘူး ဆို အောင်မြင်စရာလမ်းစမရှိပါ

•ငွေကိုလဲခိုင်းတယ်
•ကိုယ့်ကိုယ်လဲခိုင်းတယ် ဆိုအောင်မြင်စရာလမ်းကျိန်းသေရှိတယ်။

👉ခိုင်းပါ ကိုယ့်ကိုယ်ကို ခိုင်းပါ။

……………

လူတိုင်းငွေကြေးလွတ်လပ်ချင်ကြတယ်

ဒါပေမမယ့် 99% သောလူတွေက

စကားအားဖြင့်ပြောရုံပဲ

ရင်ထဲကလှိုက်လှိုက်လှဲလှဲမဖြစ်ကြဘူး

မိမိကိုယ်လိမ်နေသူကအများစုဖြစ်ကြတယ်။

ငွေကြေးလွတ်လပ်ဖို့ဆိုတာ မိုတီးဗေးရှင်းဆရာတွေ

ပြောသလောက် လက်တွေ့က မလွယ်ကူဘူး။

တကယ်လွတ်လပ်ချင်ရင် မိုတီဗေးရှင်းဖြစ်ရုံနှင့်

စာတွေ့လေ့လာသင်ယူရုံနှင့် တသက်လုံးမလွတ်လပ်ဘူး။

သင်သမျှကို Output လုပ်ရမှာ၊

ကိုယ့်ကိုယ်ခိုင်းမဲ့အဆင့်တိုင်းကိုရေးမှတ်ပြီး

တိတိကျကျခိုင်းရမှာ၊ ဒါမှသာ အနာဂတ်မှာ ကျိန်းသေ

ငွေကြေးလွတ်လပ်မှာပါ။

“အလုပ်မှာနေ့စဉ် အခိုင်းခံနေရတဲ့ဘဝကိုခံပြင်းပါ

သူများခိုင်းတာထက် ၃-၄ ဆ မိမိကိုယ်ပိုခိုင်းပါ”

ကျေးဇူးတင်ပါတယ်

#ငွေကြေးလွတ်လပ်ဖို့ကိုယ့်ကိုယ်ကိုခိုင်းပါ⁠ ⁠
#ကြိုးစားမှုရဲ့ရလဒ်⁠

Address

Yangon
11121

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959976405188

Alerts

Be the first to know and let us send you an email when Rehoboth Steel Weld Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rehoboth Steel Weld Engineering:

Shortcuts

Share