Mahar Engineering Service

Mahar Engineering Service မှန်ကန်သော ဈေးနှုန်း
စစ်မှန်သော စေတနာ
ခိုင်မာသော အာမခံ

Air Con အသစ်တပ်ဆင်လျင် Gas ထပ်ဖြည့်ဖို့လိုသလားAir Con တပ်ဆင်လျင် Gas ထပ်ဖြည့်ဖို့လိုသလားဆိုတော့ ။လိုရင်တော့ဖြည့်ရမှာပေါ့...
23/08/2026

Air Con အသစ်တပ်ဆင်လျင် Gas ထပ်ဖြည့်ဖို့လိုသလား

Air Con တပ်ဆင်လျင် Gas ထပ်ဖြည့်ဖို့လိုသလားဆိုတော့ ။လိုရင်တော့ဖြည့်ရမှာပေါ့။မလိုလျင်တော့မဖြည့်ဘူးပေါ့နော်။

Air con တွေမှာ သူတို့သတ်မှတ်ထားတဲ့ Pipe Length အတွင်းဆိုရင် Gas ထပ်ဖြည့်ဖို့မလိုပါဘူး။ သတ်မှတ်ထားတဲ့ Length ထက်ကျော်လျင်တော့ ၁ meter ကို ဘယ်လောက် g ဆိုပြီးတော့ သတ်မှတ်ထားတဲ့အတိုင်းဖြည့်ရပါတယ်။

သတ်မှတ်ထားတဲ့ Standard Pipe Length အတိုင်းဖြည့်ပေးထားတဲ့ gas ကို Outdoor Name Plate မှာ kg နဲ့ဖော်ပြပေးထားပါလိမ့် မယ် ။kg ဆိုတာက အလေးချိန်ကိုပြတဲ့ Unit ဆိုတော့ ချိန်ခွင်လေးနဲ့ချိန်ထည့်ပေးထားတဲ့သဘော။

အဲဒီလိုသတ်မှတ်ထားတဲ့နေရာမှာလည်း Janpan Brand နှင့် China Brand တွေက နည်းနည်းလေးမတူသေးဘူးရယ်။

Japan Brand က 7.5 meter အတွင်း ဆိုရင် Gas ထပ်ဖြည့်စရာမလိုပါဘူး။China Brand ဆိုရင်တော့ 5 meter အတွင်း ဆိုရင်တော့ Gas ထပ်ဖြည့်စရာ မလိုပါဘူး။အကြမ်းအားဖြင့်အဲလိုမှတ်လို့ရပါတယ်။ ကိုယ်တပ်ဆင်တဲ့ Brand ရဲ့ Installation Manual ထဲမှာလည်းလေ့လာလို့ရပါတယ်။

သတ်မှတ်ထားတဲ့ Standard Pipe Length ထက်ကျော်လျင် ဘယ်လောက်ဖြည့်ရမယ်ဆိုတာကို Liquid Pipe Size အပေါ်မူတည် ၍ဖော်ပြပေးထားပါလိမ့်မယ်။ (မသိသေးတဲ့သူတွေမှားရှိလျင်အောက်မှာလေ့လာလို့ရအောင်ဖော်ပြပေးထားပါတယ်ခင်ဗျာ)

တစ်ခုပြောချင်တာကတော့ ၁ meter အပေါ်မှာ ဖြည့်ရမှာ ပမာဏ g သည် Brand တစ်ခုနှင့်တစ်ခု Model တစ်ခုနှင့်တစ်ခု မှာ အနည်း ငယ်ကွဲလွှဲနိုင်ပါတယ်ခင်ဗျာ ။

Theory အရပြောရရင်တော့ gas ကို psi (pressure) နဲ့ဖြည့်တာကို recommend မပေးထားပါဘူ။ဒါပေမဲ့ လက်တွေ့လုပ်ငန်းခွင်မှာ တော့ အတွေ့အကြုံအရ psi နဲ့ချိန်ထည့်လည်းအလုပ်ဖြစ်ပါသေးတယ်။ စက်အကြီးပိုင်းမှာတော့ အလေးချိန်နဲ့ထည့်တာပိုပြီးတော့ သင့်တော်ပါတယ်။

လေးစားခြင်းဖြင့်

Chan Nyein Zaw
ACST

23/08/2026

သုံးစွဲသူများအကြိုက်တွေ့နေကြတဲ့ GREE Pular Inverter Series မှာ ထူးခြားတဲ့ Feature အများကြီး ပါဝင်ပါတယ်။ Pular Inverter ကို အသုံးပြုနေကြတဲ့ မိတ်ဆွေတို့ကော ဘယ် Feature ကို အကြိုက်ဆုံးလဲဆိုတာ Comment မှာ ရွေးချယ်ပေးခဲ့ပါဦးနော်။

(A) မီးခြွေတာမှု: 1Hz Inverter Technology ကြောင့် မီးဘီလ်ကုန်ကျစရိတ်ကို အသိသာဆုံး လျှော့ချပေးနိုင်ခြင်း။

(B) အသံတိတ်မှု: အသံဆူညံမှု အနည်းဆုံး 19dB အထိ လျှော့ချပေးထားသဖြင့် ညဘက် အိပ်စက်ရာတွင် အထူး ငြိမ်သက်ခြင်း။

(C) လေထုသန့်စင်မှု: Cold Plasma & Auto Clean စနစ်ပါဝင်၍ အခန်းတွင်း ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကို သန့်စင်ပေးနိုင်ခြင်း။

အသုံးအဝင်ဆုံးဖြစ်မယ့် Feature လေးကို Comment မှာ A, B သို့မဟုတ် C ဆိုပြီး ရေးသားခဲ့ပေးပါဦး!

—————————————————

GREE နှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက အမြို့မြို့ အနယ်နယ်ရှိ GREE Authorized Dealer ဆိုင်များတွင် စုံစမ်းဝယ်ယူနိုင်ပါသည်



လျှပ်စစ်ဓါတ်အားသုံးစွဲသူများသို့အသိပေးတင်ပြချက်
19/08/2026

လျှပ်စစ်ဓါတ်အားသုံးစွဲသူများသို့အသိပေးတင်ပြချက်

18/08/2026

အဝတ်လျှော်စက်ကို ပျက်စီးစေနိုင်သော
အဝတ်လျှော်နည်းအမှား (၇)ခု

အဝတ်လျှော်စက်တွေ ပေါ်လာတာဟာ လူတွေကို အားအင်ကုန်ခမ်းခြင်းကို လျော့ချပေးနိုင်ခဲ့ပါတယ်။ အချိန်ကုန်၊ လူပင်ပန်းသက်သာတာကြောင့် အိမ်တိုင်းနီးပါးမှာ အသုံးပြုနေကြတာကို တွေ့ရမှာပါ။

ဒါကြောင့် အဝတ်လျှော်စက် နဲ့ အဝတ်လျှော်သူတွေ ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာ မသုံးခြင်း သင့်မိသားစုဝင်တွေ တခါတလေမှာ ဖျားနာတာတွေ ရှိနိုင်ပါတယ်။ ဖျားနာပြီး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ...
ပြီးတော့ အဖျားပိုး ကူးစက်ခံထားရတဲ့အဝတ်အစားတွေဟာ သာမန်အဝတ်လျှော်ဆပ်ပြာနဲ့ ပိုးမွှားတွေ မသေနိုင်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာကို သုံးရင်း ရောဂါပိုးကို ကာကွယ်ဖို့ တိုက် တွန်းချင်ပါတယ်။

(၂) အဝတ်လျှော်စက်ကို သန့်ရှင်းရေး မလုပ်ခြင်း အဝတ်လျှော်စက်က ရေထည့်လိုက် ဆပ်ပြာထည့်လိုက် လုပ်နေတာ မှန်ပါတယ်။ ဒါပေမဲ့ ၁ လ တခါတော့ သန့်ရှင်းရေး လုပ်ပေးစေချင်ပါတယ်။
လည်ပတ်တဲ့နေရာနဲ့ အဝတ်ကို သန့်စင်ပေးတဲ့ နေရာတွေမှာ ကြေး (ဂျီး) တွေ ပိတ်နေတတ်လို့ သွားတိုက်တံနဲ့ ဖြစ်ဖြစ်၊ ရေနွေးနဲ့ ဖြစ်ဖြစ် သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်

(၃) အဝတ်ကို ပြောင်းပြန် လှန်လျှော်ပါ သင့်ရဲ့ ဂျင်းဘောင်းဘီ၊ ဆွယ်တာ၊ အနွေး ထည် စတာတွေကို လျှော်တဲ့အခါ ပြောင်းပြန်လှန်ပြီး လျှော်သင့်ပါတယ်။ အဝတ်အစားတွေဟာ အသားနဲ့ ထိပြီး
အရေပြားပေါ်က ကြေး(ဂျီး)တွေ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် အဝတ်လျှော်တဲ့အခါ ပြောင်းပြန်လှန်ဖို့ မမေ့ပါနဲ့။

(၄) အဝတ်အများကြီး ထည့်လျှော်တာကို ရှောင်ပါ အဝတ်လျှော်စက်တွေဟာ ကြီးမားပြီး အဝတ်ထည့်စရာ နေရာ အကျယ်ကြီးပါတယ် ဆိုပေမယ့် ကျွမ်းကျင်သူတွေရဲ့ ပြောစကားအရ
သင့်အဝတ်ကိုလည်း နေရာလွတ်ပေးဖို့ လိုပါတယ်။ ဒီလို နေရာလွတ်ပေးမှသာ သင့်အဝတ်တွေကို ကျယ်ကျယ်ဝန်းဝန်းနဲ့ လျှော်ဖွတ်နိုင်လို့ ပြောင်မှာ ဖြစ်ပါတယ်။

(၅)။ အဝတ်လျှော်အိတ်မပါဘဲ အတွင်းခံ နှင့် ခြေအိတ်တွေကို ထည့်လျှော်ခြင်း ကိန်းဂဏန်းများ အရ အဝတ်လျှော်စက်နှင့် ပတ်သက်တဲ့ ပြဿနာအများစုဟာ drum နဲ့ သက်ဆိုင်ပါတယ်။
အဝတ်လျှော်အိတ်နဲ့ လျှော်တဲ့ အခါ သေးငယ်တဲ့ အရာဝတ္တုတွေ filter ထဲရောက်သွားတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သင့်ရဲ့ အတွင်းခံတွေကိုလည်း လျော့တွဲသွားတာမျိူး မဖြစ်တော့ပါဘူး။

(၆)။ ဆပ်ပြာအများကြီး သုံးခြင်း ဆပ်ပြာများများသုံးလေ အဝတ်တွေပိုသန့်လေလို့ လူတွေကအထင်မှားနေတက်ကြပါတယ်။ ဒါကမမှန်ကန်ပါဘူး။ ဆပ်ပြာအလွန်အကျွံ သုံးတဲ့ အခါ ကြီးမားတဲ့ ပြဿနာတွေကိုသာ ဖြစ်ပေါ်စေပါတယ်။
ဉပမာ- ဆပ်ပြာအမြှပ်တွေကနေ ရေထွက်ပေါက်ကို ပိတ်ဆို့စေပါတယ်။ ဆပ်ပြာများတဲ့ အခါ အဝတ်မှာ ဆပ်ပြာတွေမပြောင်တာမျိူးလည်းဖြစ်တက်ပါတယ်။

(၇)။ စည်းကမ်းတွေကို လိုက်နာပါ သင့်အဝတ်လျှော်စက်ကို ကြာရှည်ခံစေချင်တယ် ဆိုရင်တော့ အဝတ်လျှော်စက် တစ်ခုအတွက် လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ အဝတ်အခြောက်ခံတဲ့ အခါမှာလည်း စက်က သတ်မှတ်ထားတဲ့ အချိန်အတိုင်း အခြောက်ခံဖို့ လိုအပ်ပါတယ်။

ကလေးအရုပ်၊ တဘက် စတာတွေကို လျှော်ဖွတ်တဲ့အခါ စက်က ခံနိုင်ရည် ရှိသလောက်ကိုသာ ထည့်ပြီး လျှော်ဖွတ်သင့်ပါတယ်။ သင့်မှာ အဝတ်လျှော်စက် ရှိနေရက်နဲ့ ခေါင်းအုံးစွပ်၊ အိပ်ယာခင်း စတာတွေကို သေချာလျှော်ဖွတ်ဖို့ မမေ့ပါနဲ့လို့ သတိပေးချင်ပါတယ်။

ဒီနေ့ Sharing လုပ်ပေးခဲ့တာကတော့ အဝတ်လျှော်စက်ကို ပျက်စီးစေနိုင်သော အဝတ်လျှော်နည်း အမှား (၇) ခုပဲ ဖြစ်ပါတယ်။

Crd_ M S H electronics

18/08/2026

လုပ်ငန်းသုံး ရေခဲသေတ္တာ များအတွက် 𝗙𝗿𝗲𝗲𝘇𝗲𝗿/𝗖𝗵𝗶𝗹𝗹𝗲𝗿 𝗥𝗲𝗽𝗮𝗶𝗿 သီးသန့်
𝗠𝗮𝗵𝗮𝗿 𝗥𝗲𝗳𝗿𝗶𝗴𝗲𝗿𝗮𝘁𝗼𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲 ရှိပါတယ်ခင်ဗျာ

ဈေး လဲ သင့်💯💯
စိတ် လဲ ချ ရမယ့် 💯💯 ကိုသာသတိရလိုက်ပါခင်ဗျာ......

𝗦𝗲𝗿𝘃𝗶𝗰𝗲 ခေါ်ယူလိုပါက အချိန် ၂ နာရီခန့်
ကြိုတင် စာရင်းသွင်း ဆက်သွယ်ပေးရပါမယ်

Chat box သို့ Massage box ကနေ စာရင်းသွင်းနိုင်သလိုအောက်ဖော်ပြပါ ဖုန်းတွေကလည်း👇👇👇

09-444201592,09-424948453 ဆက်သွယ်စာရင်းသွင်းနိုင်ပါတယ်ရှင်☎️☎️☎️



#လုပ်ငန်းရေခဲသေတ္တာပြုပြင်ရေး
#အိမ်သုံးရေခဲသေတ္တာပြုပြင်ရေး

28/07/2026

အဝတ်လျှော်စက် ပျက် နေပြီဆိုရင်
𝐌𝐚𝐡𝐚𝐫 𝐖𝐚𝐬𝐡𝐢𝐧𝐠 𝐦𝐚𝐜𝐡𝐢𝐧𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 ရှိတယ်နော်

ဈေး လဲ သင့်💯💯
စိတ် လဲ ချ ရမယ့် 💯💯 𝐌𝐚𝐡𝐚𝐫 ကိုသာသတိရလိုက်ပါခင်ဗျာ......

𝐌𝐚𝐡𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞ခေါ်ယူလိုပါက အချိန် ၂ နာရီခန့်
ကြိုတင် စာရင်းသွင်း ဆက်သွယ်ပေးရပါမယ်

Chat box သို့ Massage box ကနေ စာရင်းသွင်းနိုင်သလို👉👉👉👉အောက်ဖော်ပြပါ ဖုန်းတွေကလည်း ဆက်သွယ်စာရင်းသွင်းနိုင်ပါတယ်ခင်ဗျာ

09-444201592,09-424948453



#လုပ်ငန်းရေခဲသေတ္တာပြုပြင်ရေး
#အိမ်သုံးရေခဲသေတ္တာပြုပြင်ရေး

ရေခဲသေတ္တာ ဝယ်တော့မယ်ဆိုရင် "လီတာ ဘယ်လောက်ဆံ့မလဲ" ဆိုတဲ့ တစ်ချက်တည်းနဲ့ ဆုံးဖြတ်နေတုန်းပဲလား?🤔အများစုက ရေခဲသေတ္တာဝယ်ရင် ...
28/07/2026

ရေခဲသေတ္တာ ဝယ်တော့မယ်ဆိုရင် "လီတာ ဘယ်လောက်ဆံ့မလဲ" ဆိုတဲ့ တစ်ချက်တည်းနဲ့ ဆုံးဖြတ်နေတုန်းပဲလား?🤔

အများစုက ရေခဲသေတ္တာဝယ်ရင် "ပစ္စည်းများများ ဆံ့ရဲ့လား၊ အပြင်ဒီဇိုင်း လှရဲ့လား" ဆိုတာလောက်နဲ့ပဲ ဆုံးဖြတ်တတ်ကြပါတယ်။

တကယ်တော့ ဒါတွေနဲ့ မလုံလောက်သေးဘဲ ရေရှည်မှာ သင်တို့ရဲ့ အချိန်၊ ငွေကြေးနဲ့ ကျန်းမာရေးကို save လုပ်ပေးနိုင်တဲ့ ရေခဲသေတ္တာမျိုးကို ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါတယ်...🙂‍↕️

✅Hitachi Grand Carbon Line refrigerator က ခေတ်မှီသေသပ်လှပတဲ့ Premium ဒီဇိုင်းနဲ့ Capacity အတွက် စိတ်ပူစရာ မလိုတဲ့အပြင်…

အစားအစာအလိုက် စိတ်ကြိုက် ပြောင်းလဲလို့ရတဲ့ "Selectable Zone" ပါဝင်လို့ သင့်အိမ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိမယ့် ရွေးချယ်မှုမျိုး ဖြစ်လာစေမှာပါ။

“Selectable Zone" မှာ ပါဝင်တဲ့

🥦3°C (Vegetables & Drinks) mode : သစ်သီးဝလံတွေကို မနွမ်းသွားစေဘဲ လတ်ဆတ်မှုကို ထိန်းထားလို့ အစားအစာ အလေအလွင့်ဖြစ်တာတွေကို လျှော့ချပေးတယ်။

🧀0°C (Chill/Dairy) mode : နို့နဲ့ နို့ထွက်ပစ္စည်းများရဲ့ အရသာနှင့် လတ်ဆတ်မှုကို ထိန်းသိမ်းပေးတယ်

🥩-3°C (Soft Freeze) mode : အသားငါးတွေကို ရေခဲဖျော်(defrost)စရာ မလိုဘဲ တန်းလှီးပြီး လျင်မြန်လွယ်ကူစွာ ချက်ပြုတ်နိုင်လို့ အချိန်ကုန်သက်သာစေတယ်။

💡ဒါ့ကြောင့် အစားအစာတွေရဲ့ လတ်ဆတ်မှုကို အပြည့်အဝ ထိန်းသိမ်းပြီး အချိန်နဲ့ ငွေကြေးကို အထိရောက်ဆုံး save လုပ်ပေးနိုင်မယ့် Hitachi Grand Carbon Line refrigerator က သင့်အတွက် စမတ်ကျတဲ့ ရွေးချယ်မှု ဖြစ်လာစေမှာပါ ✨

📍Hitachi Grand Carbon Series Refrigerator တွေကို အခုပဲ နီးစပ်ရာ Hitachi Showroom များတွင် ကိုယ်တိုင်လာရောက် ကြည့်ရှုပြီး ဝယ်ယူနိုင်
ပါပြီ။

✅ Available models:

🩶 HRTN6379SXKH (344L, Inox color),

🖤 HRTN6379SBKKH (344L,Black),

🖤HRTN6443SGBKKH (409L, Glass Black color ),
HRTN6379SGBKKH (344L, Glass Black color )

✔️Hitachi Showrooms Hotline Numbers :
Yangon : 01 - 230 1267(အလုံ showroom), 09 - 730 188 00(ဘားလမ်း showroom), 09 790 988 892 (Inno City Showroom)
Mandalay : 09-772001321 / Naypyidaw : 09-403 908 819

📌Hitachi Showroom လိပ်စာများကြည့်ရန်
https://www.facebook.com/687549791363137/posts/3430505217067567/?d=n

📌Hitachi Products များကို ဝင်ရောက်ကြည့်ရှုရန်
https://www.hitachi-homeappliances.com/mm-en/products


🌧️အပြင်မှာ မိုးတွေတရစပ် ရွာသွန်းနေတဲ့ မိုးရာသီမှာ အိမ်ထဲက Aircon ကို ဖွင့်လိုက်တဲ့အခါ မှိုနံ့လိုလို၊ မြေနံ့လိုလို အနံ့ ထ...
28/07/2026

🌧️အပြင်မှာ မိုးတွေတရစပ် ရွာသွန်းနေတဲ့ မိုးရာသီမှာ အိမ်ထဲက Aircon ကို ဖွင့်လိုက်တဲ့အခါ မှိုနံ့လိုလို၊ မြေနံ့လိုလို အနံ့ ထွက်လာတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ် ။ 🤔

💯ဒီအနံ့ဆိုးတွေက မိုးရာသီကြောင့် ဖြစ်တာလို့ အများစုကထင်တတ်ကြပေမယ့် ၊ တကယ်တော့ စက်အတွင်းပိုင်းမှာ ဖုန်မှုန့်များ ၊ ဘက်တီရီးယားတွေက မိုးမရွာခင်တည်းက ကြိုတင်ပိတ်ဆို့ စုဆောင်းနေလို့ အနံထွက်လာတာ ဖြစ်ပါတယ် ။

1️⃣စိုထိုင်းဆမြင့်မားမှုနှင့် မှို ပေါက်ဖွားခြင်း
Aircon အတွင်းထဲက Filter နဲ့Cooling Coils တွေကပုံမှန်အတိုင်းဆိုရင်တောင် ဖုန်မှုန့်များ ကပ်ငြိနေတတ်ပါတယ် ။ ဒီအချိန်မှာ မိုးရွာချလိုက်တဲ့အခါ လေထုထဲက စိုထိုင်းဆ (Humidity) မြင့်မားလာပြီး ကပ်ညှီနေတဲ့ ဖုန်မှုန့်များ ၊ အစိုဓာတ်တို့ ပေါင်းစပ်ကာ ဘက်တီးရီးယားနှင့် မှိုများကို ပေါက်ဖွားစေပြီး ပြင်းထန်သော အနံ့ဆိုးကို ထွက်စေတတ်ပါတယ် ။

2️⃣Drain Pipe များပိတ်ဆို့ခြင်း
နွေရာသီတစ်လျှောက်လုံး သုံးနေတဲ့ Aircon ရဲ့ Drain Pipe အတွင်းမှာ ဖုန်မှုန့်နှင့် အညစ်အကြေးများ ပိတ်ဆို့နေတတ်တယ် ။ မိုးရာသီမှာက စိုထိုင်းဆမြင့်မားတာကြောင့် စက်မှရေထွက်ရှိမှု ပိုမိုများပြားလာတဲ့အခါ ရေစီးဆင်းမှု မကောင်းတော့ဘဲ Aircon အတွင်းထဲမှာ ရေတွေစုလာကာ ရေဆိုးနံထွက်ခြင်း ၊ စက်မှ ရေယိုခြင်းများကို ဖြစ်ပေါ်စေပါတယ်။

💨Aircon ကရေယိုနေတာ ၊ အနံဆိုးထွက်နေတာကို သန့်ရှင်းရေးမလုပ်ဘဲ ဆက်သုံးနေဦးမယ်ဆိုရင် စက်အတွင်းရှိ မှိုပိုးမွှားများနှင့် ဖုန်မှုန့်များက Aircon လေနဲ့အတူ အခန်းတွင်းသို့ ပျံနှံ့လာတတ်ပြီး…

🧑‍🧑‍🧒‍🧒မိသားစုဝင်များကို အလွယ်တကူ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်းနှင့် အရေပြားယားယံခြင်း စသည့် ရောဂါဝေဒနာများကို ခံစားရစေနိုင်ပါတယ် ။

💯✨ဒါကြောင့် ကိုယ့်အိမ်က Aircon ကိုအသုံးပြုတဲ့အခါ အနံ့ဆိုးတွေမထွက်စေဖို့ရော ၊ ကိုယ့်အိမ်က မိသားစုကျန်းမာရေး မထိခိုက်စေဖို့အတွက် မိုးမရွာခင် Aircon ကို သန့်ရှင်းရေး လုပ်ထားကြဖို့ 𝐂𝐇𝐈𝐆𝐎 𝐀𝐢𝐫𝐜𝐨𝐧 မှတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ ။

𝐂𝐡𝐢𝐠𝐨 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦

https://t.me/chigoairconmyanmar

𝐂𝐡𝐢𝐠𝐨 𝐕𝐢𝐛𝐞𝐫

https://invite.viber.com/?g2=AQAqthe0SQsJplMEIuMk3yLfHR%2FEcDnXzs0OOliJ1LM3wEy2OgGveGfCoWWdcKcv

𝐂𝐡𝐢𝐠𝐨 𝐓𝐢𝐤𝐭𝐨𝐤

https://www.tiktok.com/.aircon.myan?_t=8n9oIUGtGJl&_r=1





25/07/2026

လူတော်တော်များက ကိုယ့်အိမ်မှာတပ်ထားတဲ့ Aircon တွေရဲ့ Indoor ကို ဂရုစိုက်တတ်ကြပေမယ့်…

အပြင်မှာအထီးကျန်စွာရှိနေတဲ့ Aircon ရဲ့ Outdoor လေးတွေကိုတော့မေ့နေတတ်ကြပါတယ် ။🥺

ဒီလိုမိုးရွာမရှောင်နေပူမရှောင် ကိုယ့်ရဲ့အခန်းလေးကို အေးအောင်ကူညီပေးနေကြတဲ့ Aircon ရဲ့ Outdoor လေးတွေသာစကားပြောနိုင်မယ်ဆိုရင် ကိုယ့်ကိုဘာပြောကြမယ်ထင်လဲ…?🤔❓

၁။ လေထွက်ပေါက်နားမှာအမှိုက်တွေပိတ်မနေအောင်သန့်ရှင်းပေးပါ ။

Aircon ရဲ့ Outdoor Unit ရဲ့ လေဝင်လေထွက်ပေါက်တွေမှာ ဖုန်တွေ၊ သစ်ရွက်ခြောက်တွေ ၊ အမှိုက်တွေ ပိတ်ဆို့နေရင် အပြင်ကိုအပူမစွန့်ထုတ်နိုင်တော့ဘဲ Outdoor ထဲမှာတင် အပူတွေလုံနေကာ အိမ်ထဲမှာ အအေးထုတ်ပေးနိုင်စွမ်းလျော့ကျသွားတာကြောင့် လေထွက်ပေါက်နားမှာအမှိုက်တွေ ပိတ်မနေအောင်သန့်ရှင်းပေးပါ ။

၂။ နေရာကျယ်ကျယ်ဝန်းဝန်းရှိနေရာမှာထားပေးပါ ။

Aircon ရဲ့ Outdoor Unit ကို လေဝင်လေထွက်မကောင်းတဲ့နေရာ ကျဉ်းမြှောင်းတဲ့နေရာတွေမှာ တပ်ထားတဲ့အခါ အိမ်ထဲကအပူတွေကို အပြင်ကို ကောင်းကောင်းမမှုတ်ထုတ်နိုင်တော့ပါဘူး ။ ဒါကြောင့် အိမ်ထဲမှာအအေးဓာတ်ရရှိအောင် Aircon ရဲ့ Compressor ကပိုရုန်းရပါတယ် ။ Compressor ရုန်းရတာ အချိန်ကြာလာတာနဲ့အမျှ Aircon သက်တမ်းတိုလာပြီး မီးအားစားနှုန်းတွေပါပိုမြှင့်တက်လာနိုင်ကြောင့် Aircon ရဲ့ Outdoor Unit ကိုနေရာကျယ်ကျယ်ဝန်းဝန်းရှိနေရာမှာထားပေးပါ ။

၃။ ၆ လတစ်ကြိမ် (သို့မဟုတ်) ၁ နှစ် တစ်ကြိမ် ဆေးကြောပေးပါ ။

တစ်နှစ်ပတ်လုံးအလုပ်လုပ်နေရတဲ့ Aircon လေးတွေက Indoor Unit မှာသိပ်မသိသာပေမယ့် မိုးဒဏ် ၊လေဒဏ် ၊ ရာသီဥတုဒဏ် ၊ ဖုန်မှုန့် ၊ သဲမှုန့်တွေဒဏ် တိုက်ရိုက်ခံနေရတဲ့ Aircon Outdoor တွေက အညစ်အကြေးတွေပိတ်ပြီး ညစ်ပတ်နေတတ်ပါတယ် ။

ဒီလိုနဲ့အချိန်ကြာလာတဲ့အခါ အညစ်အကြေးတွေက အပူစွန့်ထုတ်ပေးနေတဲ့ Outdoor ကိုပိတ်ဆို့သွားရင် အပူလွန်ကဲလာပြီး Aircon ရဲ့ အသက်ဖြစ်တဲ့ ကွန်ပရက်ဆာ (Compressor) လောင်သွားတတ်တတ်ပါတယ် ။ ဒါကြောင့် Aircon ရဲ့ Outdoor Unit တွေကို အနည်းဆုံး ၆ လတစ်ကြိမ် (သို့မဟုတ်) ၁ နှစ် တစ်ကြိမ် ကျွမ်းကျင်တဲ့ အဲကွန်းဆားဗစ်သမားများနှင့် စနစ်တကျ ရေဆေးသန့်စင်ပေးပါ။

ကဲ ဒီလောက်ဆိုရင် ကိုယ့်ရဲ့အခန်းလေးကို အေးအောင်ကူညီပေးနေကြတဲ့ Aircon ရဲ့ Outdoor လေးတွေသာစကားပြောနိုင်မယ်ဆိုရင် ကိုယ့်ကိုဘာပြောကြမယ်ဆိုတာ ခန့်မှန်းမိလောက်မယ်ထင်ပါတယ် ။

မိတ်ဆွေတို့ရော Aircon ရဲ့ Outdoor တွေကို ကိုယ့်ကိုဘာတွေထပ်ပြောနေဦးမယ်လို့ထင်လဲ ၊ Comment မှာအတူတူဆွေးနွေးပေးခဲ့ကြပါဦး…။
နောက်ထပ်တွေမှာလည်း Aircon နဲ့ပတ်သတ်တဲ့ ဗဟုသုတများကိုဝေမျှပေးသွားဦးမှာဖြစ်လို့ Page ကိုဆက်စောင့်ကြည့်ပေးပါကြဦးနော် ။

𝗠𝗖𝗚 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/mcgairconmyanmar

𝗠𝗖𝗚 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBL63rq3x7XGVMEJa7lnf71uaLuP%2F4dbo5YT7O3nWbKvCCaLvJBGZh1wjJp2mGI

𝗠𝗖𝗚 𝗧𝗶𝗸𝗧𝗼𝗸

https://www.tiktok.com/.aircon.myanma?_t=8n9o85BlsuH&_r=1






လုပ်ငန်းသုံး ရေခဲသေတ္တာ များအတွက်  𝗙𝗿𝗲𝗲𝘇𝗲𝗿/𝗖𝗵𝗶𝗹𝗹𝗲𝗿 𝗥𝗲𝗽𝗮𝗶𝗿 သီးသန့်𝗠𝗮𝗵𝗮𝗿 𝗥𝗲𝗳𝗿𝗶𝗴𝗲𝗿𝗮𝘁𝗼𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲 ရှိပါတယ်ခင်ဗျာဈေး လဲ သင့်💯💯စ...
22/07/2026

လုပ်ငန်းသုံး ရေခဲသေတ္တာ များအတွက် 𝗙𝗿𝗲𝗲𝘇𝗲𝗿/𝗖𝗵𝗶𝗹𝗹𝗲𝗿 𝗥𝗲𝗽𝗮𝗶𝗿 သီးသန့်
𝗠𝗮𝗵𝗮𝗿 𝗥𝗲𝗳𝗿𝗶𝗴𝗲𝗿𝗮𝘁𝗼𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲 ရှိပါတယ်ခင်ဗျာ

ဈေး လဲ သင့်💯💯
စိတ် လဲ ချ ရမယ့် 💯💯 ကိုသာသတိရလိုက်ပါခင်ဗျာ......

𝗦𝗲𝗿𝘃𝗶𝗰𝗲 ခေါ်ယူလိုပါက အချိန် ၂ နာရီခန့်
ကြိုတင် စာရင်းသွင်း ဆက်သွယ်ပေးရပါမယ်

Chat box သို့ Massage box ကနေ စာရင်းသွင်းနိုင်သလိုအောက်ဖော်ပြပါ ဖုန်းတွေကလည်း👇👇👇

09-444201592,09-424948453 ဆက်သွယ်စာရင်းသွင်းနိုင်ပါတယ်ရှင်☎️☎️☎️



#လုပ်ငန်းရေခဲသေတ္တာပြုပြင်ရေး
#အိမ်သုံးရေခဲသေတ္တာပြုပြင်ရေး

Address

Yangon

Telephone

+959444201592

Website

Alerts

Be the first to know and let us send you an email when Mahar Engineering Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mahar Engineering Service:

Shortcuts

Share