Myintmo Phyo Co.,Ltd

Myintmo Phyo Co.,Ltd We Build For U!

When we talk about Architecture... ,
27/01/2026

When we talk about Architecture... ,

A modern Architecture of Singapore...The Star Vista
26/01/2026

A modern Architecture of Singapore...
The Star Vista

👏👏🙏နိုင်ငံတကာက ဆောက်ထားတဲ့ အိမ်လှလှလေးတွေကို ကြည့်ပြီး ဒို့စီမှာရော ဒါမျိုးဖြစ်နိုင်မလားလို့ တွေးနေပါသလား ???🙏🙏👏👏ဆောက်နေ...
03/02/2022

👏👏🙏နိုင်ငံတကာက ဆောက်ထားတဲ့ အိမ်လှလှလေးတွေကို ကြည့်ပြီး ဒို့စီမှာရော ဒါမျိုးဖြစ်နိုင်မလားလို့ တွေးနေပါသလား ???🙏🙏

👏👏ဆောက်နေရင်းတန်းလန်း လုပ်ငန်းကိုလက်စမသတ်နိုင်တဲ့ ကန်ထရိုက်တာမျိုးနဲ့တွေ့ရမှာ ကြောက်နေပါသလား??👏👏

👏💪စျေးသက်သာတာကို ရွေးမိလို့ စိတ်တိုင်းမကျတဲ့ လက်ရာတွေကိုကြည့်ပြီး နေ့စဉ် စိတ်ညစ်နေရပါသလား👏👏👏

လူကြီးမင်းတို့ရဲ့ စိတ်ကူးထဲက အိမ်လေးကို ကူညီ အကောင်အထည်ဖော် တည်ဆောက်ပေးဖို့ Myintmo Phyo Co., Ltd. ကိုသာ ဆက်သွယ်လိုက်ပါ….

အဆောက်အဦတစ်ခု ခိုင်ခန့်သေသပ်လှပဖို့ဆိုရင်
၁) ကျွမ်းကျင်တဲ့ Designer
၂) အတွေ့အကြုံရင့်ကျက်တဲ့ လုပ်ငန်းကြီးကြပ်သူ တွေ လိုအပ်ပါတယ် ….

👍✨👏 Myintmo Phyo ဟာ နိုင်ငံတကာ အတွေ့အကြုံရင့်တဲ့ Designer/ Engineer များနဲ့ ဖွဲ့စည်းထားတာမို့ သင့်အိမ်လေးကို သင့်စိတ်ကူးထဲကအတိုင်းဖြစ်စေဖို့ တာဝန် ကောင်းကောင်းယူနိုင်ပါတယ် ….

သင့်ဘက်ကသာ ထိုက်သင့်တဲ့ကုန်ကျစရိတ်ကို တာဝန်ယူဖို့ ကတိပြုပါ….🙏👏

🙏👏စိတ်ဝင်စားမှုရှိရင် ရုံးခန်းကိုလာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ခဗျာ..🙏👏

Contact…Hp…09769039208

Office…No 56(4-A) Za Lun Street , Sanchaung,Yangon,Myanmar…


03/02/2022
မြေကို ဘယ်လိုဝယ်မလည်း===================မြေဝယ်ယူတော့မယ်ဆိုရင် အဓိက အရေးကြီးဆုံးအချက်က ရောင်းမှား၊ ဝယ်မှားမဖြစ်ကြဖို့ပါ။ဒ...
25/01/2022

မြေကို ဘယ်လိုဝယ်မလည်း
===================
မြေဝယ်ယူတော့မယ်ဆိုရင် အဓိက အရေးကြီးဆုံးအချက်က ရောင်းမှား၊ ဝယ်မှားမဖြစ်ကြဖို့ပါ။ဒါကြောင့် မြေ ဝယ်ယူတော့မယ့် ပိုင်ရှင်တွေအနေနဲ့ အဘက်ဘက်ကနေ စုံစမ်းစစ်ဆေးပြီးမှ ဝယ်ကြဖို့ အလွန်အရေးကြီးပါတယ်။ ��ယေဘူယျအားဖြင့် အောက်မှာ ဖော်ပြပေးထားတဲ့ အချက်အလက်တွေကို လိုက်နာကြမယ်ဆိုရင်တော့ ရောင်းမှား၊ဝယ်မှားမဖြစ်ပဲ သောက ကင်းကင်းနဲ့ မြေယာတွေကို ပိုင်ဆိုင်နိုင်ကြမယ်လို့ ယုံကြည်မိပါတယ် ��၁။ မြေပိုင်ဆိုင်မှု အမျိုးအစားခွဲခြားခြင်း��မြေပိုင်ဆိုင်မှုကို အမျိုးအစားခွဲပြရရင်တော့ လယ်မြေ၊ ဥယျာဉ်ခြံမြေ၊ ဂရန်မြေ၊ ရွာမြေ၊ ဘိုးဘွားပိုင်မြေ ဆိုပြီး အမျိုးအစားများစွာရှိတာကို တွေ့ရပါတယ်။ ဒီလိုမြေပိုင်ဆိုင်မှုအမျိုးအစားကို ခွဲခြားပြီး ကိုယ်ဝယ်ယူမယ့် မြေရဲ့ ဂရန် စစ်၊ မစစ်ကိုလည်း သေချာစွာ စူးစမ်းလေ့လာဖို့လိုအပ်ပါတယ်။မြေအမျိုးအစားနဲ့ နေရာဒေသပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားချက် တွေရှိနေတာကြောင့် မိမိကိုယ်တိုင်သေချာ စုံစမ်းပြီးမှ ဝယ်သင့်ပါတယ်။
၂။ ကိုယ်ဝယ်ယူမယ့် မြေပေါက်ဈေးကို သိရန်လိုအပ်ခြင်း။ �မြေဈေးကို တစ်ခါတည်း စုံစမ်းပြီး တစ်ခါတည်း တန်းဝယ်တာမျိုးမဟုတ်ပဲ နေရာပေါင်းစုံ၊ ထောင့်ပေါင်းစုံကနေ စုံစမ်းစစ်ဆေးသင့်ပါတယ်။ �၃။ အထောက်အထား မှန်ကန်မှုရှိမရှိ မှန်ကန်စွာ စစ်ဆေးခြင်း�မြေယာဝယ်ယူတယ်ဆိုတာ ငွေကြေး သိန်းဂဏန်းနဲ့အထက်သုံးရတာကြောင့် အလွန်သတိထားပြီး ဝယ်ယူနိုင်မှ တော်နိုင်မှာပါ။ ဒါကြောင့် မြေပိုင်ဆိုင်မှု အထောက်အထားအမှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးတတ်ဖို့ လိုအပ်ပါတယ်။တကယ်လို့သာ အထောက်အထားမမှန်တာမျိုးဆိုရင် သုံးလိုက်တဲ့ ငွေကြေးဆုံးရှူံးနစ်နာမှုအပြင် တရားရုံးမှာ အမှုဖွင့်ပြီး အမှုရင်ဆိုင်ရနိုင်တာကြောင့် ဒီအချက်က အရေးကြီးပါတယ်။�၄။ ပိုင်ဆိုင်မှုခိုင်မာစွာ စာချုပ် ချုပ်ဆိုခြင်း�မြေပိုင်ဆိုင်မှုလည်း ခွဲခြားသိပြီ၊ အထောက်အထားမှန် မမှန်လည်း စစ်ဆေးပြီးတဲ့နောက်မှာ မြေယာပိုင်ဆိုင်ကြောင်းစာချုပ်ကို ခိုင်မာစွာ စာချုပ်ဆိုနိုင်ဖို့ အရေးကြီးပြန်ပါတယ်။ ငွေချေပြီးမှ စာချုပ်ခိုင်မာစွာမချုပ်နိုင်လို့ အမှုအခင်းဖြစ်တာမျိုးကိုလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကြာခဏကြားသိနေရပါတယ်။�ဒါကြောင့် စာချုပ်ချုပ်ဆိုတဲ့ နေရာမှာ တတ်ကျွမ်းနားလည်သူများဆီ မေးမြန်း၍ သော်လည်းကောင်း၊ ရှေ့နေ့ ရှေ့မှောက်မှာ စာချုပ်ချုပ်ဆို၍ သော်လည်းကောင်းချုပ်ဆိုသင့်တဲ့အပြင် စာချုပ်အရေးအသားကို လည်း ဂျက်ကျလက်ကျ ပိုင်ပိုင်နိုင်နိုင် ချုပ်ဆိုတတ်ဖို့ အလွန်အရေးကြီးပါတယ်။�
ဒီနေရာမှာ အချက်အလက်နဲ့ ငွေပေးချေမှုအဆင့်ဆင့် ရက်စွဲတွေကို တိတိကျကျ ထည့်သွင်းရေးသွင်းရပါမယ်။ ငွေပေးချေမှု အဆင့်တိုင်းမှာလဲ မည်မျှရာခိုင်နှုန်း ပေးပြီးပါက ဝယ်ယူတဲ့ပိုင်ဆိုင်မှု ပစ္စည်းရဲ့ မူရင်းအချို့လက်ဝယ်ကိုရရှိနိုင်ဖို့ ထည့်သွင်းချုပ်ဆိုနိုင်ရန် ရေးဖို့ အရေးကြီးပါတယ်။�၅။ ဝယ်ယူထားသော မြေနဲ့ပတ်သက်ပြီး သတင်းစာမှာ ကန့်ကွက်နိုင်ကြောင်းထည့်သွင်းရေးသားခြင်း�ဒီအဆင့်ကိုတော့ အလုပ်ရှုပ်တယ်လို့ မမြင်စေပဲ မိမိ ဝယ်ယူထားတဲ့ မြေနဲ့ ပတ်သက်ပြီး သတင်းစာမှာ ကန့်ကွက်နိုင်ကြောင်း ထည့်သွင်းရေးသား သင့်ကြောင်း အကြံပြုလိုပါတယ်။ ဒါမှသာ "အခုရှုပ်မှ နောင်ရှင်း" ဆိုတဲ့အတိုင်း စိတ်သောကကင်းကင်းနဲ့ အရှုပ်အရှင်းကင်းတဲ့ မြေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

မြေအမျိုးအစားကို အလွယ်တကူ သိစေရန် ===============================    မြေနဲ့ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ (၁...
05/01/2022

မြေအမျိုးအစားကို အလွယ်တကူ သိစေရန်
===============================
မြေနဲ့ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ (၁၀၅)မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်
၁။ ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်
၂။ ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်
၃။ အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်
၄။ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပြီးတော့
၅။ သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။
အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း
ဘာမြေအမျိုးအစားဖြစ်နိူင်တယ်
၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား
၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်
ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊
ကျနော်လည်း စုပီးသားဖြစ်သွားအောင်
သိထားသလောက်လေး ပြောရရင်..
မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....
၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပြီး
ပထမတန်းစားဆိုရင် R1
ဒုတိယတန်းစားဆိုရင် R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3
တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။
၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG
၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP
၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM
၅။ မူရင်းလယ်မြေဆိုရင် M/MY
၆။ ချောင်းရေဝင် မြေဆိုရင် C
၇။ ယာမြေ ဆိုရင် Y
၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR
၉။ တောင်ယာ မြေဆိုရင် TY/YY
၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY
၁၁။ ကိုင်းမြေရင့်ဆိုရင် KY
၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U
၁၃။ ဓနိမြေဆိုရင် D
၁၄။ အပိုင်ရမြေ O
၁၅။ အပိုင် ဂရန်မြေ G
၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။

ပါမစ်မြေ နှင့် အမည်ပေါက်=====================ပါမစ်မြေကွက်ကိုဝယ်ယူထားပါကတရားဝင်အမည်ပေါက်ရနိုင်ပါသလား?အခုလတ်တလော အ‌ရောင်းအ...
04/01/2022

ပါမစ်မြေ နှင့် အမည်ပေါက်
=====================

ပါမစ်မြေကွက်ကိုဝယ်ယူထားပါကတရားဝင်အမည်ပေါက်ရနိုင်ပါသလား?

အခုလတ်တလော အ‌ရောင်းအဝယ်ပြုလုပ်ကြသည်မှာ
များသောအားဖြင့် ပါမစ်မြေကို ဝယ်ယူထားတဲ့အခါ
မိမိနာမည်နှင့် ဂရန်အမည်ပေါက်
ပြုလုပ်လို့ရနိုင်ပါသလားဆိုတဲ့ အကြောင်းလေးကို
ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ပါမစ်မြေဆိုတာ စည်ပင်ပြန့်ပြောမှုမရှိသေးသည့်
နေရာများတွင် စည်းကမ်းချက်ဖြင့်
သုံးစွဲခွင့်ပြုထားသည့် ''အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်''
ချပေးထားသော မြေအမျိုးအစားဖြစ်သည်ဟု
အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

ထို့ကြောင့် ဘိုးဘွားပိုင်မြေ၊ မြေငှားဂရန်မြေများကဲ့သို့
မြေပိုင်ဆိုင်မှုကို အခြေမတည်ဘဲ အိမ်ရာဆောက်လုပ်
နေထိုင်ခွင့်အတွက် ချပေးထားသော
မြေအမျိုးအစား ဖြစ်သည်။

"လွှဲပြောင်း ရောင်းချခြင်း"
===========
❖ မြေချပါမစ် (အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)
တွင် အိမ်ရာမြေကွက်ရသူသည် မြေကွက်ကို ခွဲစိတ်ခြင်း၊
တစ်ဆင့် လွှဲပြောင်း ရောင်း ချ၊ ပေါင်နှံ၊ ပေး ကမ်းခြင်း
လုံးဝမပြုရဟု ဖော်ပြ ထားပါသည်။

❖ သို့ရာတွင် ငွေအရင်းအနှီး မြှုပ်နှံလိုသူများအနေဖြင့်
ဂရန် မြေအဖြစ် အမည်ပေါက်သွားပါက
မြေတန်ဖိုးအဆမတန် ကွာခြားသွားသဖြင့်
ပါမစ်မြေများကိုသာ သင့်တင့်ဈေးပေး၍
အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုကာ
လွှဲပြောင်း ရယူထားကြပေသည်။

❖ ထို့ နောက် မှ မြေငှားဂရန်ကိုလျှောက်
ထားရယူ‌လေ့ရှိကြသည်။

"မြေငှားဂရန် အသစ်ထုတ်ပေးခြင်း"
================
ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက မြေငှား စာချုပ်အသစ် (မြေငှားဂရန်)
ထုတ်ပေးရန်နှင့် ပတ်သက်၍ အောက်ပါအတိုင်း
သတ်မှတ်ထား ပေသည်။

#မြေငှားဂရန်ထုတ်ပေ သောမြေအမျိုးအစားများမှာ
လိုင်စင်မြေ၊ စကွာတာမြေနှင့် ပါမစ်မြေတို့ဖြစ်ကြောင်း
သတ်မှတ်ထား ပေသည်။
ဂရန်မြေထုတ်ပေးရန်အတွက် အောက်ပါအချက်များကို
ပူးတွဲတင်ပြလျှောက်ထားရပေသည်။

၁။ လျှောက်ထားသူသည် နိုင်ငံသားဖြစ်ရပါမည်။
(နိုင်ငံသား ကတ်ပြားမိတ္တူတင်ပြရပါသည်)

၂။ ပါမစ်မြေ (အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)

၃။ ပါမစ်မြေအမည်ပေါက် သို့မဟုတ် ဥပဒေနှင့်အညီ
ဆက်ခံသူမှ တရားရုံးတွင်ပြုလုပ်ခဲ့သော ကျမ်းကျိန်လွှာ

၄။ လွှဲပြောင်းထားခြင်းဖြစ်ပါက ကတိစာချုပ်များ
(ဥပမာ-အ ရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်၊
လှူဒါန်းစသော လွှဲပြောင်းခြင်း များ)

၅။ အမှုအခင်းဖြစ်ခဲ့ပါက ပိုင် ဆိုင်ခွင့်နှင့်
ပတ်သက်သည့် တရား ရုံး၏ အမိန့်ဒီကရီ။

၆။ အဆောက်အအုံရှိကြောင်း အထောက်အထားများ
ပါရှိရပေသည်။
ထိုကြောင့် ဤနေရာတွင် ပါမစ်မြေများကို
ကတိစာချုပ်များဖြင့် အရောင်းအဝယ်
လွှဲပြောင်းခြင်းပြုနိုင်ကြောင်းကို တွေ့ရှိရမည်ဖြစ်ပေသည်။

#ပြန်လည်ကိုးကားတင်ပြအပ်ပါသည်။



Address

Ahlone
Yangon
11121

Telephone

+959769039208

Website

Alerts

Be the first to know and let us send you an email when Myintmo Phyo Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myintmo Phyo Co.,Ltd:

Share