MMCG

MMCG Construction and interior design

အိမ်တစ်အိမ်ရဲ့သေသပ်၊လှပ၊ခန့်ငြားမှုထဲမှာအိမ်သာ၊ရေချိုးခန်းရဲ့အခန်းကဏ္ဍကလည်းမေ့ထားလို့မရတဲ့အထဲမှာပါဝင်နေပါတယ်။Images:crd
23/04/2022

အိမ်တစ်အိမ်ရဲ့
သေသပ်၊လှပ၊ခန့်ငြားမှုထဲမှာ
အိမ်သာ၊ရေချိုးခန်းရဲ့

အခန်းကဏ္ဍကလည်း
မေ့ထားလို့မရတဲ့
အထဲမှာပါဝင်နေပါတယ်။

Images:crd

ကျွန်တော်တို့ရဲ့ သွေးချင်းသားချင်းတွေ ဆုံးရှုံးရတယ်ကျွန်တော်တို့ရဲ့မိသားစုဝင်တွေ ဆုံးရှုံးရတယ်ကျွန်တော်တို့ရဲ့စည်းစိမ်ဥစ...
15/01/2022

ကျွန်တော်တို့ရဲ့ သွေးချင်းသားချင်းတွေ ဆုံးရှုံးရတယ်
ကျွန်တော်တို့ရဲ့မိသားစုဝင်တွေ ဆုံးရှုံးရတယ်
ကျွန်တော်တို့ရဲ့စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးရတယ်
ကျွန်တော်တို့ရဲ့ အိုးအိမ်တွေ ဆုံးရှုံးရတယ်
ကျွန်တော်တို့ရဲ့ ရပ်ရွာတွေ ဆုံးရှုံးရတယ်
ကျွန်တော်တို့ရဲ့ ပြည်နယ်၊မြို့ ဆုံးရှုံးရတယ်

စစ်ခေါ်လို့ဆိုတဲ့ ခပ်ပိန်းပိန်းစကားနဲ့ မချေပနဲ့
တစ်ခြားနိုင်ငံတွေမှာ
ဓါးစာခံ တစ်ယောက်၊နှစ်ယောက် ရှိရင်တောင်
ဘယ်လိုကယ်တင်ကြသလဲဆိုတာတွေကို
ခင်ဗျားတို့အသိ
အုပ်ချုပ်ခံ လူတန်းစားကို ရင်ဝယ်သားကဲ့သို့
အုပ်ချုပ်မှ အစိုးရကောင်းတစ်ရပ်ဖြစ်မယ်။

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို
မကာကွယ်ဘဲ ဖျက်ဆီးနေသမျှကတော့
ခင်ဗျားတို့တစ်သက်၊ကျုပ်တို့တစ်သက်မှာ
ခင်ဗျားတို့ကို လေးစားဖို့၊ယုံကြည်ဖို့
အားကိုးဖို့ဆိုတာ တွေ
ခင်ဗျားတို့ လုံးဝ ဆုံးရှုံးနေစေရမယ်

ဝမ်းနည်း​ကြေကွဲစရာကောင်းတဲ့ကယားပြည်နယ်နေ့ (၂၀၂၂)

❗❗လွိုင်ကော်မြို့သူ မြို့သားများ ခင်ဗျာ။လွိုင်ကော်မြို့ထဲကနေ ပြောင်းရွေ့ စစ်ရှောင်ကြမယ့် ပြည်သူများနဲ့မြို့ထဲမှာနေပြီး က...
09/01/2022

❗❗
လွိုင်ကော်မြို့သူ မြို့သားများ ခင်ဗျာ။

လွိုင်ကော်မြို့ထဲကနေ ပြောင်းရွေ့ စစ်ရှောင်ကြမယ့် ပြည်သူများနဲ့
မြို့ထဲမှာနေပြီး ကျန်ခဲ့မယ့် ပြည်သူများ သတိထား လိုက်နာ
နိုင်ဖို့ ကျွန်တော် အကြံပြုချင်တာပါခင်ဗျာ။

ပြောင်းရွေ့ ကြမယ်သူများ။
♦️ကိုယ်သွားမယ့် လမ်းကြောင်း အခြေအနေကို အရင် စုံစမ်းပြီး သွားကြပါ။ အန္တရာယ်အကင်းဆုံး ဖြစ်နိုင်မယ့် လမ်းကို ရွေးပါ။ တားဆီး ကားမီးရှို့တဲ့ ဖြစ်စဉ်ရှိပါတယ်။

♦️မိုးဗြဲ ၊ ဖယ်ခုံဖက်ကနေ သွားရင် ပိုအဆင်ပြေမယ် ထင်ပါတယ်။ ဖယ်ခုံဖက်မှာ မနေ့ည လက်နက်ကြီး ပစ်ခတ်တာရှိပေမဲ့ ထွက်လို့ ရှောင်လို့လွတ်နိုင်ပါတယ်။

♦️မိသားစု ၊ကားပေါ်ပါတဲ့ လူဦးရေ မမေ့ပါနဲ့ ၊
♦️ကား၊ယာဉ် ကြံ့ခိုင်မှု အရင်စစ်ပါ။
♦️လွိုင်ကော် ကနေ ဖယ်ခုံအထွက်ထိ လမ်းမှာ မရပ်နားပါနဲ့။
♦️လမ်းမှာ တိုက်ပွဲနဲ့ ကြုံတွေ့ရင်ဆိုင်ရရင် ကားပေါ်မှာမနေကြပါနဲ့။
ပြန်ဆုတ်ရရင် ပြန်ဆုတ်ပြီး ၊ဆုတ်ဖို့ အချိန်မရရင် အကာအကွယ် ရှိနိုင်မယ့်နေရာ မှာ ပုန်းခိုပါ။
♦️ပြာပြာသလဲ ၊စိတ်အရမ်းမလှုပ်ရှားကြပါနဲ့၊စိတ်ကို တည်ငြိမ်အောင်ထိန်းပြီး ယာဉ်မောင်းကြပါ၊သွားလာကြပါ။
♦️ကလေးငယ်တွေကို အဓိက ကာကွယ်ကြပါ။
♦️နောက်ဆံ့ မတင်းပါကြပါနဲ့ ၊အရေးကြီးဆုံးက ကိုယ့်အသက်အန္တရာယ်ကင်းရှင်း‌ေရး ကို ဦးစားပေးပါ။

ပြန်ဆုံကြမယ်နော်❤️အန္တရာယ်ကင်းကြပါစေ.

*မြို့ထဲနေခဲ့မယ် ပြည်သူများ။
♦️အားမငယ်ပါနဲ့။ ကျန်ခဲ့မယ် မြို့သူ မြို့သား အများကြီးရှိပါတယ်ခင်ဗျာ။
♦️ကူညီရေးဆိုင်ရာ အဖွဲ့အားလုံးရှိပါတယ်။
♦️မိမိနေအိမ်မှာ အကာအကွယ် အကောင်းဆုံး၊ အလုံခြုံဆုံး နေရာကို အရင်ရှာဖွေ ပြုလုပ်ထားပါ။နေပါ။
♦️တကယ်လို့ ဖြစ်နိုင်ရင် ရပ်ကွက်အလိုက်၊ (၁၀)အိမ်စုအလိုက် ၊စုပေါင်းနေထိုင်ကြပါ။
♦️အကူအညီရနိုင်တဲ့ အဖွဲ့ တို့ရဲ့ ဖုန်းနံပါတ်များ မှတ်ထားကြပါ။
♦️မိမိပတ်ဝန်းကျင်ကို သူခိုးရန်က စုပေါင်း ကာကွယ်ကြပါ။
♦️အစာရေစာ ရိက္ခာ စုဆောင်းသင့်သလောက် စုဆောင်းပါ၊ ပြတ်လပ်ရင် ၊ထွက်မရရင် ၊ကူညီရေးအဖွဲ့ကို ဆက်သွယ်ပါ။
♦️ရပ်ကွက် တိုင်း ကျန်ခဲ့မယ်သူတွေ အများကြီး ရှိတယ်ဆိုတာ မမေ့ပါနဲ့။

❗မြို့ထဲမှာ အဆိုးဆုံး အခြေအနေ မဖြစ်ဘူးလို့ ကျွန်တော်မျှော်လင့်ထားပါတယ်။❗
အားလုံး ဘေးကင်းကြပါစေ။
အမျိုးတို့နဲ့အတူတူ ကျွန်တော်တို့ရှိနေပါတယ်။
အားတင်းထားကြပါ။
Crd to
Page 2

ပန်းရောင် crazy များအတွက်  || 44 ရဲ့လက်ရာလေးပါ၂၀၂၂ မှာ ကိုယ်ပိုင် တိုက်ခန်းကိုယ်ပိုင် အိမ်များပိုင်ဆိုင်နိုင်ကြပြီးရန်သူ...
04/01/2022

ပန်းရောင် crazy များအတွက်
|| 44 ရဲ့လက်ရာလေးပါ
၂၀၂၂ မှာ ကိုယ်ပိုင် တိုက်ခန်း
ကိုယ်ပိုင် အိမ်များ
ပိုင်ဆိုင်နိုင်ကြပြီး
ရန်သူမျိုးငါးပါးရန်မှ
ကင်းဝေးကြပါစေ

02/12/2021
18/11/2021

Water tightness test စစ် နေတာလေးပါ။

၁၇ ပေ အမြင့် မြေညီထပ် ပိုင်ရှင်များအတွက်ပါ။Photos crd😘
11/11/2021

၁၇ ပေ အမြင့် မြေညီထပ် ပိုင်ရှင်များအတွက်ပါ။

Photos crd😘

Happy Deepavali to all my Hindu friends & families.
04/11/2021

Happy Deepavali to all my Hindu friends & families.

အိမ်တစ်အိမ်ဆိုတာလေဝင်လေထွက်ကောင်းဖို့ထက်အပြင်က သဲတွေ၊ဖုန်တွေ၊အညစ်အကြေးတွေအိမ်ထဲ ဝင်မလာဖို့က ပိုအရေးကြီးတယ်။အိမ်တစ်အိမ်ဆိ...
02/11/2021

အိမ်တစ်အိမ်ဆိုတာ
လေဝင်လေထွက်ကောင်းဖို့ထက်
အပြင်က သဲတွေ၊ဖုန်တွေ၊အညစ်အကြေးတွေ
အိမ်ထဲ ဝင်မလာဖို့က ပိုအရေးကြီးတယ်။
အိမ်တစ်အိမ်ဆိုတာ
Store ခန်းကြီးတစ်ခုလို
ဖတ်ပြီးသား သတင်းစာ၊ဂျာနယ်လ် တွေ
ဘယ်အချိန်မှာမှ လိုမယ်မသိတဲ့
ဗူးခွံ၊ပုလင်းခွံ တွေ
ပျံ့ကျဲနေတဲ့ ဝတ်ပြီးသား အဝတ်တွေ
တိုလီမုတ်စ၊စုံစီနဖာ တွေနဲ့ ပြည့်နေရင်
နေချင်စရာ ဘယ်ကောင်းမလဲ။
သူငယ်ချင်းတို့ရေ
အတတ်နိုင်ဆုံး အိမ်ကလေးကို
သန့်ရှင်းအောင်ထားကြပါ။
အဲ့ဒါမှ နေချင့်စဖွယ်
အိမ်လေး ဖြစ်နေမှာပေါ့။
အရမ်းချစ်ပါတယ်လို့
ထင်ခဲ့တဲ့ EX တွေတောင်
ပစ်ထားခဲ့သေးတာပဲ😜😜😜
မလိုတဲ့အရာတွေ
အိမ်ထဲမှာ မသိမ်းထားကြပါနဲ့ဗျ

Photos crd # # # #

ထန်တလန်မြို့မှအိုးအိမ်များဖျက်စီး ခံလိုက်ရသူ အားလုံးနှင့်ထပ်တူMMCG မှ ဝမ်းနည်းကြေကွဲရပါတယ်💔💔💔အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ဆ...
30/10/2021

ထန်တလန်မြို့မှ
အိုးအိမ်များဖျက်စီး ခံလိုက်ရသူ
အားလုံးနှင့်ထပ်တူ

MMCG မှ ဝမ်းနည်းကြေကွဲရပါတယ်
💔💔💔

အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ဆိုတာ
တကယ်ကို မလွယ်ကူပါဘူး

စာနာစိတ်ထားနိုင်ကြပါစေ🙏🙏🙏

ခင်ဗျားအိမ်မှာ ဘယ်လို လှေခါးမျိုး တပ်ချင်လဲလို့မေးရင် ကြောင်လိမ်လှေခါးပါလို့ ကျွန်တော်ဖြေပါ့မယ်။ လှေခါးဟာ အိမ်ပေါ်ထပ်နဲ့...
29/10/2021

ခင်ဗျားအိမ်မှာ ဘယ်လို လှေခါးမျိုး တပ်ချင်လဲလို့မေးရင် ကြောင်လိမ်လှေခါးပါလို့ ကျွန်တော်ဖြေပါ့မယ်။ လှေခါးဟာ အိမ်ပေါ်ထပ်နဲ့ အောက်ထက်ကို အတက်အဆင်းလုပ်ဖို့ အသုံးပြုရတဲ့ အရာတစ်ခုဖြစ်သလို အိမ်တစ်အိမ်ရဲ့ အလှတန်ဆာတစ်ခုလည်းဖြစ်ပါတယ်။ အခု Share လုပ်ပေးမယ့် ကြောင်လိမ်လှေခါးပုံတွေကို မတွေ့ဖူးခင်အထိ ကြောင်လိမ်လှေခါးတစ်ခုကို Diameter ကျဉ်းကျဉ်း၊ ကြမ်းခင်းနိမ့်နိမ့်မှာ လှလှပပ၊ခန့်ခန့်ညားညား ဆောက်လို့ရမယ်လို့ မထင်ခဲ့မိဖူးပါဘူး။ လှပသေသပ်တဲ့၊Safety လည်းဖြစ်မယ့်၊ တပ်ဆင်ရ လွယ်ကူမယ့် ကြောင်လိမ်လှေခါးပုံလေးတွေကို ကျွန်တော့် သူငယ်ချင်းတွေအတွက် Sharing လုပ်ပေးပါရစေ။

မြန်မာပြည်သူများအားလုံး နေချင့်စဖွယ် အိမ်တစ်လုံးစီ
ပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏

Images crd.

နန်တော်လိုမျိုးအိမ်မှာ နေချင်သလား?Modern ဆန်ဆန် အိမ်မှာနေချင်သလား?(ကျွန်းပါကေးတွေခင်းကျွန်းတံခါးကြီးတွေတပ်ရွှေရောင်ဆေးတွ...
24/10/2021

နန်တော်လိုမျိုးအိမ်မှာ နေချင်သလား?

Modern ဆန်ဆန် အိမ်မှာနေချင်သလား?

(ကျွန်းပါကေးတွေခင်း
ကျွန်းတံခါးကြီးတွေတပ်
ရွှေရောင်ဆေးတွေသုတ်)
ဘုန်းကြီးကျောင်းနဲ့ မှားမယ်နော်

တစ်ခါတစ်ရံ Luxury House တွေမှာ
နေဖို့စိတ်ကူးလေးယဉ်ကြည့်လိုက်ပါ။


Images crd.

Address

အရိယမဂ္ဂင်လမ်း
Yangon

Telephone

+6581187754

Website

Alerts

Be the first to know and let us send you an email when MMCG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MMCG:

Share