KABAR SOE

KABAR SOE We build your dream.

 # RC (၁) ထပ်/SS (၁)ထပ်မှ RC (၄)ထပ်/SS (၄)ထပ်ဆောက်လုပ်ခွင့်ပြုမိန့်လျှောက်ထားခြင်း၁။ လျှောက်ထားခွင့်ရှိသူ- မြေပိုင်ဆိုင်...
06/08/2025

# RC (၁) ထပ်/SS (၁)ထပ်မှ RC (၄)ထပ်/SS (၄)ထပ်ဆောက်လုပ်ခွင့်ပြုမိန့်လျှောက်ထားခြင်း

၁။ လျှောက်ထားခွင့်ရှိသူ
- မြေပိုင်ဆိုင်မှု အထောက်အထားခိုင်လုံမှုရှိသူ
- ဉပဒေနှင့်အညီ မြေအသုံးချခွင့်ခိုင်မာစွာရရှိထားသူ

၂။ လျှောက်ထားရမည့်ဌာန - အဆောက်အအုံနှင့်ကုန်ရုံဌာန

၃။ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံချက်များ

# (က) မြေယာပုံစံ (၁၀၅)မူရင်း (အဆောက်အအုံဆောက်လုပ်မိန့်လျှောက်ထားရန် အတွက် ထုတ်ပေးသည့် တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

(ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ(G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ

(ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

(င) အိမ်ရှင်နှင့်တာဝန်ခံအင်/ယာတို့၏ထွက်ဆိုချက်(၁ စုံ)

(စ) ဘေးပတ်ဝန်းကျင်၏သဘောတူညီချက်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ထောက်ခံချက်

(ဆ) အဆောက်အဦပုံစံA1ဆိုဒ်(၃) စုံနှင့် (Autocad Drawing(၁)စုံ၊ PDF Soft Copy (၁)စုံ)
- Location Plan
- Building Layout Plan
- Floor Plan
- Cross-section (လှေကားအားဖြတ်ဆွဲထားသောပုံ)
- Beam, Column and Foundation Plan
- Elevation (Front, Back, side)
- Structure Design Detail

(ဇ) မြေအောက်ထပ်ပါဝင်ပါက မြေတူးခြင်းအစီအစဉ် (Method of Statement Plan နှင့် Section ပုံ

(ဈ) တင်ပြသည့်အဆောက်အဦးပုံစံ(၃)စုံတွင်အိမ်ရှင်၊ လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့် တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ည) Septic Tank Design (၃)စုံ (A-3)size
- Plan
- Section
- Design Calculation
- လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ဋ) သတင်းစာကြော်ငြာ - (အဆောက်အအုံအမျိုးအစားနှင့်အသုံးပြုရန် ရည်ရွယ်ချက် ပြည့်စုံစွာ ပါဝင်သော သတင်းစာကြော်ငြာ)

(ဌ) အိမ်ခွန်၊ မြေခွန် ကြွေးကျန်ကင်းရှင်းကြောင်းအခွန်ဌာန၏ထောက်ခံစာ

(ဍ) ကျူးမြေရှိပါက ကျူးမြေပေါ်တွင် မဆောက်လုပ်ကြောင်းဝန်ခံကတိ

(ဎ) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်မူရင်း
# အဆောက်အအုံဆောက်လုပ်ခွင့်ကို အောက်ပါ အတိုင်းစိစစ်ပါတယ်

၄။ စစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်

- အိမ်ဆောက်မိန့်လျှောက်လွှာတွင်ပါရှိသည့် အချက်အလက်များပြည့်စုံပါက အမှုတွဲအားလက်ခံ၍ လိုအပ်သည့်စာရွက်စာတမ်းများပူးတွဲခြင်း

- မြို့နယ်အင်ဂျင်နီယာမှ သက်ဆိုင်ရာအကွက်တာဝန်ခံအင်ဂျင်နီယာများသို့ ကွင်းဆင်း စစ်ဆေးရန် အမှုတွဲများအား ချထားပေးပြီး ပြည့်စုံပါကစစ်ဆေးတွက်ချက်ပြီး အဆင့်ဆင့်တင်ပြခြင်း (သို့မဟုတ်) အကွက်တာဝန်ခံအင်ဂျင်နီယာမှ ကွင်းဆင်းစစ်ဆေး၍ ကြိုတင်ဆောက်လုပ်ထားပါက ဒဏ်ကြေးငွေအားတွက်ချက်၍ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုပါက အိမ်ရှင်ထံသို့ ဒဏ်ကြေး ငွေပေး ဆောင်ရန် အကြောင်းကြားစာပေးပို့ပြီး အိမ်ရှင်မှ ဒဏ်ကြေးငွေ ပေးဆောင်ပြီးပါက အဆင့်ဆင့် တင်ပြခြင်း

- ဌာနမှူးမှ ကော်မတီသို့ အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူခြင်း

- ကော်မတီမှခွင့်ပြုသည့်အမှုတွဲများအား ငွေသွင်းရန် လျှောက်ထားသူထံသို့ အကြောင်းကြားခြင်း၊ ငွေသွင်းလက်ခံဆောင်ရွက်ခြင်း၊ ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ခြင်းနှင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း

၅။ အတည်ပြုချက်၊ ခွင့်ပြုချက်ရယူခြင်း
• RC(၁)ထပ်/ SS(၁) ထပ်မှ RC(၃)ထပ်/SS (၃)ထပ်ထိ အဆောက်အဦခွင့်ပြုမိန့်များအား ကော်မတီ ဝင်ထိ အတည်ပြုခွင့်ပြုချက်ရယူခြင်း

၆။ ခွင့်ပြုချက်ထုတ်ပေးသည့်အထိ ကြာမြင့်နိုင်သည့်အချိန်ကာလသတ်မှတ်ချက်
• သတ်မှတ်စာရွက်စာတမ်းများပြည့်စုံပြီးအချိန်နှင့် တစ်ပြေးညီကွင်းဆင်းစစ်ဆေးခ ပေးသွင်းပြီးသည် အထိ(၃၀ ရက်)၊ အများဆုံးကြာမြင့်နိုင်သည့်ရက်(၆၀ရက်)

၇။ သတ်မှတ်ကာလထက်ကျော်လွန်နိုင်သည့် အကြောင်းအရာများ
• အိမ်ရှင်မှ ကွင်းဆင်းစစ်ဆေးခနှင့် စုပုံခွန်ပေးသွင်းရန် နောက်ကျခြင်း
• ဘေးပတ်ဝန်းကျင်အိမ်များမှ ကန့်ကွက်ခြင်း
• မြေပြင်နှင့်မြေပုံကိုက်ညီမှုမရှိခြင်းအား ပြန်လည်စိစစ်ရခြင်း
• မြေပိုင်ဆိုင်မှု အငြင်းပွား၍ ကန့်ကွက်ခြင်း
• မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးတွင် အမှုမပြီးပြတ်ခြင်း
• သက်ဆိုင်ရာမီးသတ်ဦးစီးဌာန၏ စစ်ဆေးပြန်ကြားချက် အချိန်မီမရရှိခြင်း ကြိုဆောက်ထားပါက ကြိုဆောက်ဒဏ်ကြေးမပေးဆောင်ခြင်း
ကိုးကား -
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နည်းဥပဒေများ
မှတ်ချက်၊ နေပြည်တော် ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့သည်လည်း အဓိက အချက်များမှာ တူညီပါသည်။

ရေးသားသူ
ဆရာကြီးမိုးထက်

၁ ဧက မှာ ပေဘယ်လောက်ရှိလဲဆိုတာရှင်းလင်ပြထားတာဖြစ်ပါတယ်။ဗဟုသုတ အနေဖြင့်သာတင်ပြခြင်းဖြစ်ပါတယ်။KABAR SOE
06/08/2025

၁ ဧက မှာ ပေဘယ်လောက်ရှိလဲဆိုတာ

ရှင်းလင်ပြထားတာဖြစ်ပါတယ်။

ဗဟုသုတ အနေဖြင့်သာတင်ပြခြင်းဖြစ်ပါတယ်။

KABAR SOE

ကြွက်တွေ အိမ်ထဲကနေ အပြီးတိုင်ထွက်သွားစေမယ့်နည်းလမ်း ____________________________________________            ဒီသုံးမျိုးပ...
09/03/2025

ကြွက်တွေ အိမ်ထဲကနေ
အပြီးတိုင်ထွက်သွားစေမယ့်နည်းလမ်း
____________________________________________
ဒီသုံးမျိုးပဲလိုပါတယ် 🐀🐁
အိမ်သားတွေအတွက်လဲ လုံခြုံစိတ်ချရတယ် ရလဒ်လဲအရမ်းကောင်းတယ် 👍👍👍

လိုအပ်တဲ့ပစ္စည်းတွေကတော့......
1. ဆေးရွက်ကြီး လက် 1 ဆုပ်စာ
2. ရှာလကာရည် 1 ခွက်
3. အရက် 1 ခွက် (ထိုင်းအ၊ရ၊က်၊ဖြူမရှိရင် ရက်ပျံသုံးပါ)

ပါဝင်ပစ္စည်းများအားလုံးကိုရောမွှေပြီး ခွက်တွေထဲ ခွဲထည့်ပြီး ကြွက်တွေများတဲ့နေရာ၊ ကြွက်တွေဖြတ်သွားလေ့ရှိတဲ့နေရာ၊ အိမ်ထောင့်တွေ၊ အမှိုက်ပုံးထဲ၊ မီးဖိုချောင်ထဲ၊ မျက်နှာကျက်ပေါ်မှာပါလိုက်ထားပါ။ ဒီနည်းလမ်းကအနံ့ပြင်းတာကြောင့် ကြွက်တွေမကြိုက်ဘူး။ ကြွက်တွေအနံရပြီး ထွက်သွားစေပါတယ်။

ဒီလိုနည်းလမ်းနဲ့တပတ်လောက်ဆို ကြွက်တွေထွက်ပြေးသွားကုန်မှာဖြစ်ပါတယ်


လုပ်ငန်းခွင်မှ ပုံရိပ်များKABAR SOE
29/12/2022

လုပ်ငန်းခွင်မှ ပုံရိပ်များ

KABAR SOE


ဆန်းသစ်လှပ Kitchen အလှလိုအပ်ပါက အိမ်အရောက်၊ siteထဲအရောက် လာရောက်တွက်ချက်ပေးပါတယ်ခင်ဗျာ။စျေးနှုန်း နဲ့ Design များသိရှိလိ...
29/12/2022

ဆန်းသစ်လှပ Kitchen အလှ

လိုအပ်ပါက အိမ်အရောက်၊ siteထဲအရောက် လာရောက်တွက်ချက်ပေးပါတယ်ခင်ဗျာ။

စျေးနှုန်း နဲ့ Design များသိရှိလိုပါက

09401391818 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။


လှပသော ဒီဇိုင်းလေးများ
28/12/2022

လှပသော ဒီဇိုင်းလေးများ

27/12/2022
👨‍🔧 ကျည်းးဘောင် ဘယ်လိုထောင်မလဲ  ။*************************- ကျည်းဘောင် မထောင်ခင် ကျည်းဘောင်ကို ထောင့်ဖြတ်ကျင်တွယ် ပြန်စစ...
27/11/2022

👨‍🔧 ကျည်းးဘောင် ဘယ်လိုထောင်မလဲ ။
*************************
- ကျည်းဘောင် မထောင်ခင် ကျည်းဘောင်ကို ထောင့်ဖြတ်ကျင်တွယ် ပြန်စစ်ရပါ့မယ် ။ ထောင့်ဖြတ် အကွာအဝေး တူညီနေရင် ကျင်တွယ်ရပါတယ် ။
- ဆေးကတ္တာရာ သုတ် ၊ ဂျာလီရိုက်ရပါ့မယ် ၊ ဒါက လူတိုင်း သိပါတယ် ။
- ကျည်းဘောင် ထုတ်တန်းတွေ အုတ်စီမယ့်ဘက်ကို အစွန်းထွက်နေတက်ပါတယ် ။ အဲ့ဒါကို စရွေးဦးနှောက် လုံယုံလေး ထားပြီးး ဖြတ်ပေးရပါ့မယ် ။ ထားခဲ့လို့ ဘာအကျိုးမှ မရှိပါ ။ မဖြတ်ပဲ ထားရင် အဲ့နေရာက plaster crack ပေါ်တက်ပါတယ် ။ ကျည်းဘောင်ထောင့်တွေက မဆလာ အက်ကြောင်းတွေဟာ အဲ့က စတာပါ ။
- ကျည်းဘောင် တိုင်ခြေနေရာတွေကို ကွန်ကရစ်ကို ငါးမူးလောက် ခွဲပြီးး မြုတ်ပေးရပါ့ ။ မမြုတ်ပဲထားရင် သစ်ရဲ့ ရုန်းအားကြောင့် အုတ်နံရံနဲ့ ကျည်ဘောင် အသားကွာလာတက်ပါတယ်။ ချောသား နှုတ်ခမ်းတွေလဲ ကြွေလာတက်ပါတယ် ။
- ထောင်ပြီဆို အခြေမှာ ချောသားကြိုး ဆွဲပေးထားရပါ့မယ် ။ ချောသားကြိုးနဲ့ အညီ ကျည်းဘောင်အခြေကို အရင်ချုပ်ရပါ့မယ် ။ ချုပ်ရင် ကျည်းဘောင်ကို အနီးစပ်ဆုံးး ချိန်ရအောင် မက်ပေးထားရပါ့မယ် ။
- အခြေချုပ်ပြီးရင် ရေချိန်ပိုက်နဲ့ Level ရ မရစစ်ရပါ့မယ် ။ အာ့ဒါ အရင်လုပ်ရမှာပါ ။ Level မရရင် ရအောင် ညှိပေးပါ ။ လယ်ဗယ်ရရင် ချောသားကြိုး တစ်ချက် ပြန်ကြည့်ပေးပါ ။
- ပြီးရင် ဒေါင်ချိန် ချပေးပါ ။ ဘယ်ညာ နှစ်ဖက်ချပေးပါ ။
- ကျည်းဘောင်က ကျင်တွယ်ကော Level ကော ရနေပြီ ဆိုပေမယ့် အတွင်းဘားချိန်ကို မလွတ်ထားခဲ့ရပါဘူးး ။ ချပေးရမှာပါ ။ မရရင် ရအောင် လုပ်ပေးရပါ့မယ် ။
အားလုံးရပြီ ဆိုရင် အစအဆုံး တစ်ချက် ပြန်စစ်ကာ အုတ်စီလို့ ရပါပြီ ။
အုတ်စီပြီဆိုရင် ပန်းရံဆရာက ချိန် မျှဉ်းး တစ်ချက်ပြန်စစ်သင့်ပါတယ် ။ 👨‍🔧

လိုအပ်တာများ ဖြည့်စွက်ပေးကြပါ✍

Credit_to_writer
KABAR SOE

 #မီးဖိုပေါင်းချုပ်🔥ပုံလေးတွေ Save ထားတာမမှားဘူးနော် 🔥တချိန်ချိန်အသုံးဝင်လာပါလိမ့်မယ်ရှင့်🔥မိုးကုန်ပြီဆိုတော့ မီးက မမှန်...
19/11/2022

#မီးဖိုပေါင်းချုပ်

🔥ပုံလေးတွေ Save ထားတာမမှားဘူးနော်

🔥တချိန်ချိန်အသုံးဝင်လာပါလိမ့်မယ်ရှင့်

🔥မိုးကုန်ပြီဆိုတော့ မီးက မမှန်တော့ဘူး

🔥အိမ်မှာကိုယ်တိုင်ပြုလုပ်လို့ရမယ့်ထင်းမီးဖိုဒီဇိုင်းလေးတွေ 😍
လေ့လာပြီး လုပ်ထားသင့်တယ်နော်

Credit to respect orignal photos
KABAR SOE

👨‍🔧 ကျည်းးဘောင် ဘယ်လိုထောင်မလဲ  ။- ကျည်းဘောင် မထောင်ခင် ကျည်းဘောင်ကို ထောင့်ဖြတ်ကျင်တွယ် ပြန်စစ်ရပါ့မယ် ။ ထောင့်ဖြတ် အကွ...
16/08/2022

👨‍🔧 ကျည်းးဘောင် ဘယ်လိုထောင်မလဲ ။

- ကျည်းဘောင် မထောင်ခင် ကျည်းဘောင်ကို ထောင့်ဖြတ်ကျင်တွယ် ပြန်စစ်ရပါ့မယ် ။ ထောင့်ဖြတ် အကွာအဝေး တူညီနေရင် ကျင်တွယ်ရပါတယ် ။
- ဆေးကတ္တာရာ သုတ် ၊ ဂျာလီရိုက်ရပါ့မယ် ၊ ဒါက လူတိုင်း သိပါတယ် ။
- ကျည်းဘောင် ထုတ်တန်းတွေ အုတ်စီမယ့်ဘက်ကို အစွန်းထွက်နေတက်ပါတယ် ။ အဲ့ဒါကို စရွေးဦးနှောက် လုံယုံလေး ထားပြီးး ဖြတ်ပေးရပါ့မယ် ။ ထားခဲ့လို့ ဘာအကျိုးမှ မရှိပါ ။ မဖြတ်ပဲ ထားရင် အဲ့နေရာက plaster crack ပေါ်တက်ပါတယ် ။ ကျည်းဘောင်ထောင့်တွေက မဆလာ အက်ကြောင်းတွေဟာ အဲ့က စတာပါ ။
- ကျည်းဘောင် တိုင်ခြေနေရာတွေကို ကွန်ကရစ်ကို ငါးမူးလောက် ခွဲပြီးး မြုတ်ပေးရပါ့ ။ မမြုတ်ပဲထားရင် သစ်ရဲ့ ရုန်းအားကြောင့် အုတ်နံရံနဲ့ ကျည်ဘောင် အသားကွာလာတက်ပါတယ်။ ချောသား နှုတ်ခမ်းတွေလဲ ကြွေလာတက်ပါတယ် ။
- ထောင်ပြီဆို အခြေမှာ ချောသားကြိုး ဆွဲပေးထားရပါ့မယ် ။ ချောသားကြိုးနဲ့ အညီ ကျည်းဘောင်အခြေကို အရင်ချုပ်ရပါ့မယ် ။ ချုပ်ရင် ကျည်းဘောင်ကို အနီးစပ်ဆုံးး ချိန်ရအောင် မက်ပေးထားရပါ့မယ် ။
- အခြေချုပ်ပြီးရင် ရေချိန်ပိုက်နဲ့ Level ရ မရစစ်ရပါ့မယ် ။ အာ့ဒါ အရင်လုပ်ရမှာပါ ။ Level မရရင် ရအောင် ညှိပေးပါ ။ လယ်ဗယ်ရရင် ချောသားကြိုး တစ်ချက် ပြန်ကြည့်ပေးပါ ။
- ပြီးရင် ဒေါင်ချိန် ချပေးပါ ။ ဘယ်ညာ နှစ်ဖက်ချပေးပါ ။
- ကျည်းဘောင်က ကျင်တွယ်ကော Level ကော ရနေပြီ ဆိုပေမယ့် အတွင်းဘားချိန်ကို မလွတ်ထားခဲ့ရပါဘူးး ။ ချပေးရမှာပါ ။ မရရင် ရအောင် လုပ်ပေးရပါ့မယ် ။
အားလုံးရပြီ ဆိုရင် အစအဆုံး တစ်ချက် ပြန်စစ်ကာ အုတ်စီလို့ ရပါပြီ ။
အုတ်စီပြီဆိုရင် ပန်းရံဆရာက ချိန် မျှဉ်းး တစ်ချက်ပြန်စစ်သင့်ပါတယ် ။ 👨‍🔧

Credit

✍ ဘာကြောင့် ဟက်ခိုး (Hardcore) ရိုက်တာလဲတဲ့ ၊🤔           ဒါက အိမ်ရှင်တွေ တော်တော်များ မေးခံရတဲ့ မေးခွန်းပါ။ မျက်စိထဲ ရို...
16/08/2022

✍ ဘာကြောင့် ဟက်ခိုး (Hardcore) ရိုက်တာလဲတဲ့ ၊🤔

ဒါက အိမ်ရှင်တွေ တော်တော်များ မေးခံရတဲ့ မေးခွန်းပါ။ မျက်စိထဲ ရိုးရိုးလေး မြင်ကြည့်ရအောင်။
သင့်ရှေ့မှာ ကားတစ်စီး ဗွက်နစ်နေတယ် ဆိုပါစို့ ၊ ကားဒရိုက်ဘာ ဆင်းလာမယ် ၊ ဗွက်လည်နေတဲ့ ချိုင့်ထဲ အုတ်ခဲကျိုး ၊ ခဲကျိုး ၊ ကျောက်တုံးတွေ ရိုက်ထည့်ပြီး ပြန်ရုန်းထွက်မယ် ။ ဒါဆိုရင် ကားက ရုန်းထွက်နိုင်ပါပြီ။ သင့်မျက်လုံး မြင်မိရင် ဟက်ခိုးဘာကြောင့် ရိုက်ရလဲ ဆိုတာ နည်းနည်းသဘောပေါက်လောက်ပါပြီ ။
ဟက်ခိုးကို မြေသားမမှန်သော နေရာရာများ ၊ ဗွက်လည်သော မြေသားများတွင် အသုံးပြုရန်၊ အုတ်မြစ်ရဲ့ အမာခံ အလွှာဖြစ် ထည့်သွင်းပေးတာပါတဲ့ ။
ပြီးတော့ ဟက်ခိုးက ကျလာသော ဝန်များကိုလည်း တူညီစွာ ဖြန့်ကျတ်ပေးသေးပါတယ်။
ဟက်ခိုးကို လမ်းခင်းခြင်း ၊ ကားလမ်းများ၊အဆောက်အဦး အုတ်မြစ်များ၊မြေညီထပ် floor concrete များ တွင် အောက်ခံ အမာခံ လွှာဖြစ် အသုံးပြုရပါတယ်တဲ့။
ဟက်ခိုးကို ရေ၌ မပျော်ဝင်သော ကျောက်တုံးကျောက်ခဲ များဖြစ်သာ အသုံးပြုရမည် ဖြစ်ပြီး ကျစ်လစ်သိပ်သည်း အောင် ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ ( ဆိုလိုတာက ကျောက်တွေကို သေချာ စီစီရီရီ ရိုက်ရမှာ ဖြစ်ပြီး သဲဖြည့် ရေလောင်း ဒင် ဆောင့် ခိုင်းတာပါ)
ကန့်သက်ထားတာ တစ်ခု ဟက်ခိုးကို အဆောက်အဦး စွန့်ပစ်ပစ္စည်း အုတ်ခဲကျိုး၊ ခဲကျိုး ၊ ကွန်ကရစ် အကျိုး အကြေများဖြင့် မပြုလုပ်ရပါဘူးတဲ့ ။
သူတို့ဟာ ဆွေးမြေ့ပျက်စီးနှိုင်ပြီး ဆာလဖိတ် ပါဝင်ကာ ရေနဲ့ဓာတ်ပြုပြီး ကွန်ကရစ် ကို ပျက်စီးစေလို့ပါတဲ့။
မလျှော်မမှန်သော ဟက်ခိုးရိုက်ခြင်းဟာလည်း Hardcore အလွှာ၏ ပံပိုးမှု့ဆိုင်ရာ ဂုဏ်သတ္တိကို ခြိမ်းခြောက်စေပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းများ၏ မျှော်လင့်ထားသောဝန်နှင့်ဖြစ်နှိုင်ခြေ ရှိသော ဖိအားများ၏ Hardcore အလွှာ၏ သင့်တော်သော အထူသည် ပုံမှန်အားဖြင့် 100-150 mm ကောင်းစွာ ကျစ်လစ်စွာ ထားရှိရမည် ဟု ဆိုထားပါသည်။
ဟက်ခိုး၏ အဓိက လုပ်ဆောင်ချက်ကတော့ အောက်ခံမြေသား အဆင့်မြင့်တင်မှု့ အတွက် လိုအပ်သော အမာခံ အလွှာပါလို့ ပြောချင်ပါတယ်။

Crd:
#ဆောက်လုပ်ရေးဝန်ဆောင်မှု့

✍ Short column အကြောင်းး     short column ဆိုတာကတော့ footing နဲ့ PB ကြားး အားကူးဖို့ ထည့်ပေးရတာပါ ။      footing လောင်းပ...
15/08/2022

✍ Short column အကြောင်းး

short column ဆိုတာကတော့ footing နဲ့ PB ကြားး အားကူးဖို့ ထည့်ပေးရတာပါ ။
footing လောင်းပါ့မယ် ။ ပုံစံမှာ GB ပါရင် footing ပေါ်က GB ထပ်တင်ပါ့မယ်။ short col: က GB က စ ဆင်ရပါ့မယ် ၊ GB မပါရင် footing က စဆင်ရပါ့မယ် ။ ပြီးမှာ PB ဆင်ရပါ့မယ် ။
short col: က အရေးကြီးပါတယ် ။ တစ်ကမ္ဘာလုံး ရဲ့ column failure တွေဟာ short col:တွေကြီးး အဖြစ်များတာပါ ။ သူက structure အပေါ်က လာတဲ့ weight အဆင့်ဆင့်ကို ကူးယူပြီး footing စီ ပို့ပေးတာပါ။ R/W က ထမ်းတယ်လို့ မယူဆရပါဘူး ။ ဒါကြောင့် R/W ကို အနက်ကြီးး တူးစရာ မလိုပါ။ မြေထဲကို တစ်ပေခွဲလောက် ဝင်ရင် ရပါပြီ။
သံတိုင် ထောင်ရာမှာ ဖူတင်သံဇကာပေါ်မှာ tieကွင်း တစ်ကွင်း ချည်ပေးရပါ့မယ်။ ကွင်းကို center လေးဖတ်ခွဲ၍ အပေါ်က ပန္နက် မျှဉ်း လေးမျှဉ်းနဲ့ ချိန်ချပြီး ချည်ပေးထားရပါမှာပါ ။ အဲ့ကွင်းပေါ်မှ သံတိုင် ချည်ပေးရပါ့မယ် ၊ ဒါမှ center အမှန်ရမှာပါ။
ဘဲခြေတွေ ပုံစံပါ သက်မှတ်ပေ ပြည့်အောင် လုပ်ပေးရပါ့မယ်( structure drawing မရှိပါက တစ်ပေဆို ရပါတယ်) ၊ စတားကွင်းတွေ အကွာအဝေး မှန်ရပါ့မယ် ။ binding wire တွေ အပြည့် တင်းတင်းရင်းရင်း ချည်ထားရပါ့မယ်။ ကာဗာဘလောက်တုန်းတွေ ချည်ပြီးမှာ formwork ရိုက်ရပါ့မယ်။
ဒီနေရာမှာ R/W စီပြီးမှ formwork ရိုက်မှာလားးး၊ R/W မစီခင် formwork ရိုက်မှာလားး ❓မေးစရာ ရှိပါတယ် ။ (သူ့ရဲ့ အကျိုးအပြစ်တွေ တော့ ကျွန်တော် မသိလို့ ပညာရှင်များ ဝင်ဆွေးနွေးပေးပါ ခင်ဗျ)
RW တွေစီပြီးမှ ဘေးနှစ်ဖက်ဘဲ ကာပြီးလောင်းမယ်ဆိုရင်တော့ ပိုမြန်သလို၊ formwork လည်းသက်သာပါတယ်။ ဒါပေမယ့် RW စီတဲ့ချိန်မှာ column နားတွေမှာတော့ ကျားပါစပ်လို စီခဲ့ရပါ့မယ်။ တိုင်ရဲ့ နယ်နမိတ် အတွင်းထဲ နည်းနည်းလေးမှ ဝင်သွားလို့ မရပါဘူးး။
- လောင်းတဲ့ချိန် မလောင်းခင် ဆင်ထားပြီးသား formwork တွေကို ကွန်ကရစ်ထဲက ရေတွေမစုပ်အောင် ရေလောင်းပေးရပါမယ်။ RW တွေစီထားပြီး ဘေးနှစ်ဘက်ဘဲ ကာလောင်းမယ်ဆိုရင်လည်း အဲ့ဒီ RW တွေကို ရေဝအောင်လောင်းပြီးမှ ကွန်ကရစ်လောင်းပေးရပါ့မယ်။ (RWစီ formwork ကာပြီး လောင်းတာတွေလဲ မြင်ဖူးလို့ ထည့်ရေးတာပါ)
- concret ရောစပ်မှု့ မှန်မမှန် စစ်ပါ။
- water cement ratio (ရေပါ၀င်မှု) နည်းအောင်၊ အလုပ်ဖြစ်အောင်၊ လုပ်ရကိုင်ရကောင်းလောင်လောက်သာ ရေကိုသာသုံးရပါ့မယ်။( ခပ်ထွေးထွေး ဖျော်ရမယ် ပြောတာပါ)
- Vi****or ထိုးခိုင်းပါ။ ကျောက်မပွင့် အောင် (honey comb) မဖြစ်ရလေအောင် formwork ဘေးပတ်ပတ်လည် တူလေးနဲ့ သိပ်မနာတစ်နာလေး လိုက်ခေါက်ပါ ။ ဝုန်းဒိုင်းး မခေါက်ရပါ။
လောင်းပြီးနောက်ရက်ကစ (ဘေးဘက် formowork တွေဖြုတ်ပြီးတာနဲ့) ကွန်ကရစ် strength တက်အောင် curing (ရေလောင်း) ပေးပါ။ (ဒီတစ်ခုအရမ်းအရေးကြီးပါတယ်။ အနည်းဆုံး မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ် နဲ့ ညနေတစ်ကြိမ်လောက် လောင်းပေးပါ။) ခုနှစ်ရက် လောက်ထိ ။
အားလုံး အဆင်ပြေကြပါစေ။

Crd:

Address

Yangon

Telephone

+959266201616

Website

Alerts

Be the first to know and let us send you an email when KABAR SOE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share