Close Friend Engineering Service

Close Friend Engineering Service Construction, Decoration, Renovation & All Engineering Work

28/02/2024

"မြန်မာ့ရိုးရာ အိမ်ဆောက်လ နှင့် အိမ်ဆောက်ရက်
၊ကြိုးကိုင်ပန္နက်ချနေ့သား ရွေးနည်း"

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"အိမ်ဆောက် လ ရွေးနည်း"
*************************
"လင်္ကာ"
~~~~~
လတန်ခူးမှာ၊အိမ်ဆောက်ခါ၊ချမ်းသာပြည့်ကြွယ်ဝ။
လကဆုန်ကား၊ဆန်စပါး၊ပေါများကြွယ်တက်လှ။
ဝါခေါင်လမှာ၊အိမ်ဆောက်ခါ၊ဥစ္စာတိုးပွားရ။
နတ်တော်လတွင်၊အိမ်ဆောက်လျှင်၊ပေါ်ထင်ကျော်စောစွ။
ပြာသိုလမှာ၊လူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလဝယ်၊ချမ်းသာကြွယ်၊ဆောင်ဖွယ်ဤခြောက်လ။ လို့ဆိုပါတယ်။

တန်ခူး လ မှာအိမ်ဆောက်လျှင်ချမ်းသာကြွယ်ဝမည်။

ကဆုန် လ မှာအိမ်ဆောက်လျှင်ဆန်ရေစပါးပေါကြွယ်ဝမည်။

ဝါခေါင် လ မှာအိမ်ဆောက်လျှင်ပစ္စည်းဥစ္စာပေါကြွယ်ဝမည်။

နတ်တော် လ မှာအိမ်ဆောက်လျှင်ပေါ်လွင်ထင်ရှားကျော်ကြားမည်။

ပြာသို လ မှာအိမ်ဆောက်လျှင်လူအများ၏ချီးမွမ်းခြင်းခံရမည်။

တပေါင်း လ မှာအိမ်ဆောက်လျှင်ကြွယ်ဝချမ်းသာမည်။

တချို့ကျမ်းတွေမှာ"ကဆုန်၊ဝါဆို၊ပြာသို၊တပေါင်း၊လေးလကောင်း၊အိမ်ကျောင်းဆောက်ကုန်ကြ၊ကြွင်းရှစ်လတွင်၊ဆောက်ခဲ့လျှင်၊မရွှင်စိတ်သောက"။လို့ဆိုပါတယ်။
~~
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"အိမ်ဆောက် ရက် ရွေးနည်း"
***************************

တနင်္ဂနွေ နေ့မှာအိမ်ဆောက်လျှင် ဆင်းရဲဒုက္ခကြုံရတက်သည်၊စိတ်သောကရောက်တက်သည်။

တနင်္လာ နေ့မှာအိမ်ဆောက်လျှင် ( ၂ )လကျော်ရင်ချမ်းသာသုခရရှိမည်။

အင်္ဂါ နေ့မှာအိမ်ဆောက်လျှင်ပျက်စီးတက်သည်။

ဗုဒ္ဓဟူး နေ့မှာအိမ်ဆောက်လျှင်ရတနာတိုးပွားမည်။

ကြာသပတေး နေ့မှာအိမ်ဆောက်လျှင်အနာရောဂါကင်းပြီးစီးပွားရေးတိုးတက်မည်။

သောကြာ နေ့မှာအိမ်ဆောက်လျှင်ချမ်းသာသုခပြည့်စုံမည်။

စနေ နေ့မှာအိမ်ဆောက်လျှင်အနာရောဂါများ၍စီးပွားရေးအဆင်မပြေဖြစ်တက်သည်။

ရက်၏စင်ကြယ်မှုကိုအိမ်ဆောက်မည့် လ တွင် သေချာရွေးချယ်ရန်လိုပေမည်။
~
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"ကြိုးကိုင်ပန္နက်ချနေ့သားရွေးနည်း"
**********************************
တနင်္ဂနွေသားသမီးတို့အိမ်ဆောက်မည်ဆိုပါက ကြာသပတေးသားနှင့်သောကြာသားကို ကြိုးကိုင်စေပါ၊စနေသားကိုပန္နက်နှက်စေပါ။

တနင်္လာသားသမီးတို့အိမ်ဆောက်မည်ဆိုပါက သောကြာသားနှင့်စနေသားကို ကြိုးကိုင်စေပါ၊တနင်္ဂနွေသားကိုပန္နက်နှက်စေပါ။

အင်္ဂါသားသမီးတို့အိမ်ဆောက်မည်ဆိုပါက စနေသားနှင့်တနင်္ဂနွေသားကို ကြိုးကိုင်စေပါ၊တနင်္လာသားကိုပန္နက်နှက်စေပါ။

ဗုဒ္ဓဟူးသားသမီးတို့အိမ်ဆောက်မည်ဆိုပါက တနင်္ဂနွေသားနှင့်တနင်္လာသားကို ကြိုးကိုင်စေပါ၊အင်္ဂါသားကိုပန္နက်နှက်စေပါ။

ကြာသပတေးသားသမီးတို့အိမ်ဆောက်မည်ဆိုပါက တနင်္လာသားနှင့်အင်္ဂါသားကို ကြိုးကိုင်စေပါ၊ဗုဒ္ဓဟူးသားကိုပန္နက်နှက်စေပါ။

သောကြာသားသမီးတို့အိမ်ဆောက်မည်ဆိုပါက အင်္ဂါသားနှင့်ဗုဒ္ဓဟူးသားကို ကြိုးကိုင်စေပါ၊ကြာသပတေးသားကိုပန္နက်နှက်စေပါ။

စနေသားသမီးတို့အိမ်ဆောက်မည်ဆိုပါက ဗုဒ္ဓဟူးသားနှင့်ကြာသပတေးသားကို ကြိုးကိုင်စေပါ၊သောကြာသားကိုပန္နက်နှက်စေပါ။

အထက်ပါနေ့သားသမီးအလိုက် ကြိုးကိုင်ပန္နက် နှက်ပါက စည်းစိမ်ချမ်းသာရခြင်း၊အနာရောဂါကင်းခြင်း၊အသက်ရှည်ခြင်း၊မျက်နှာပွင့်လန်းခြင်းစသည့်ကောင်းကျိုးချမ်းသာများရရှိပါမည်။
~~

မိမိတို့အိုးအိမ်တိုက်တာများဆောက်လုပ်ရာတွင် လ နှင့်ရက်များ သေချာစီစစ်ရွေးချယ်၍ဆောက်လုပ်နေထိုင်ခြင်းဖြင့် စီးပွားဥစ္စာများဖြစ်ထွန်းပြီး အနာရောဂါကင်း၍သက်ရှည်ကျမ်းမာစွာမိသားစုများအေးချမ်းစွာနေထိုင်ရမည်ဖြစ်ပေသည်။
မူလပိုင်ရှင်ကို Credit: ပေးပါတယ်

▶ မြောက်ဒဂုံက ရှယ်အိမ်လေးကို ယုံကြည်စိတ်ချစွာ အပ်နှံတဲ့ ပိုင်ရှင်ကိုအထူးကျေးဇူးတင်ပါတယ်🏘 ပစ္စည်းကောင်းကြိုက်တဲ့ အိမ်ရှင်...
18/02/2024

▶ မြောက်ဒဂုံက ရှယ်အိမ်လေးကို ယုံကြည်စိတ်ချစွာ အပ်နှံတဲ့ ပိုင်ရှင်ကိုအထူးကျေးဇူးတင်ပါတယ်

🏘 ပစ္စည်းကောင်းကြိုက်တဲ့ အိမ်ရှင်က မီးပစ္စည်းတွေနိုင်ငံခြားက မှာပေးတာကို ရေ၊မီး၊မျက်နှာကျက်၊ furniture တပ်ဆင်ပေးထားပါတယ် မီးတပ်ဆင်ရာမှာလည်း ကျနော်တို့ ကန်ထရိုက်တာဘက်က Single Line drawing ပါပေးတာမို့ နောက်ထပ်ပြုပြင်ထိန်းသိမ်းရာမှာပိုလွယ်ကူစေပါတယ်

🏘 ဒီအိမ်​လေးမှာ နောက်ထပ် အပ်ထားတာတွေလည်းမကြာခင် ထပ်တင်ပေးသွားမှာပါ..

🏘 ဒီအိမ်လေးလို မိမိအိမ်ဂေဟာကို လှပခန့်ထည်ချစ်စဖွယ် လိုသလိုအလှဆင်ချင်ပါတယ်ဆိုရင် Close Friend Myanmar ကိုဆက်သွယ်နိုင်ပါတယ်

🏆 Interior and Exterior Decoration လိုအပ်လာရင် Close Friend Myanmar ကိုသတိရလိုက်နော်.

📲09782229078.09799295001

39 ရပ်ကွက် မြောက်ဒဂုံ site လေးပါ.. ပိုင်ရှင်က အကြမ်းထည်မပြီးခင်လေးမှာ ဖြတ်ပြီးဝယ်ယူလိုက်ပြီး ကျနော်တို့ Close Friend Mya...
26/07/2023

39 ရပ်ကွက် မြောက်ဒဂုံ site လေးပါ..

ပိုင်ရှင်က အကြမ်းထည်မပြီးခင်လေးမှာ ဖြတ်ပြီးဝယ်ယူလိုက်ပြီး ကျနော်တို့ Close Friend Myanmar Real Estate and Engineering services ကို အလုံးစုံ Design ပိုင်းကအစ လက်ကျန် အကြမ်းထည်ကို လက်စသပ်စရာတွေ Partitioning, Painting, Plumbing, ရေမီးဆေး Decoration အပြီးအစီးတာဝန်ယူလုပ်ဆောင်ပေးခဲ့တာပါ..

အာမခံမှုတစ်ခုနဲ့ Contract အချိန်မှီပြီးစီးဖို့ သေခြာကြိုးစားဆောင်ရွက်ပြီးစီးခဲ့ပါပြီ.. အခုဆို အရောင်းလေးတောင်ထွက်သွားပါပြီခင်ဗျာ..

လူကြီးမင်းတို့ အိမ်ခြံမြေဆောက်လုပ်ရေး Decoration အပိုင်း အစအဆုံး အာမခံချက်ရှိရှိနဲ့ ယုံကြည်စိတ်ချရအောင် ဆောင်ရွက်ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်

အစအဆုံးသော်လည်းကောင်း ရေအပိုင်း မီးအပိုင်း ဆေး ကြမ်းခင်း DESIGN ကအစ အပိုင်းလိုက်လည်းလက်ခံဆောင်ရွက်ပေးနိုင်ပါကြောင်း....

ဆက်သွယ်စုံစမ်းချင်ပါတယ်ဆိုရင်

09782229078. 09799295001

သုံးရက်လောက်ဆိုရင်ပြီးပါပြီ..အရောင်းလေးတင်ပါမယ်လို့ အိမ်ရှင်ကပြောထားပါတယ်.Close Friend Myanmar Engineering service မှ တလ...
19/12/2022

သုံးရက်လောက်ဆိုရင်ပြီးပါပြီ..

အရောင်းလေးတင်ပါမယ်လို့ အိမ်ရှင်ကပြောထားပါတယ်.

Close Friend Myanmar Engineering service မှ တလုံးလုံး အစအဆုံးကိုင်ခွင့်ရတဲ့ အလုံးလေးမို့ ဂုဏ်ယူမိပါတယ်..

အကောင်းဆုံးတွေပဲပေးချင်နေတာ Close Friend ပါ..

39 A ward. North Dagon တလုံးလုံး ပြန်လည်ပြင်ဆင်တည်​ဆောက် မွမ်းမံအလှဆင်ရမယ့် အလုပ်လက်ခံထားပါတယ်.. မကြာမီ ဘယ်လိုလေးဖြစ်လာမ...
11/12/2022

39 A ward. North Dagon တလုံးလုံး ပြန်လည်ပြင်ဆင်တည်​ဆောက် မွမ်းမံအလှဆင်ရမယ့် အလုပ်လက်ခံထားပါတယ်.. မကြာမီ ဘယ်လိုလေးဖြစ်လာမလဲ ကြည့်လိုက်ကြရအောင်ပါ..

အိမ်ရှင် အရမ်းသဘောကောင်းတယ်နော်...

တကယ်ပြောတာပါ..ရွံစရာရှပ်ပွညစ်ပတ်ပျက်စီးနေတဲ့အိမ်လေးဟာ နေချင်စဖွယ် အိမ်လေးတစ်ခုဖြစ်လို့ရပါတယ်..ပုံတပုံချင်းစီလေ့လာကြည့်ပါ...
08/12/2022

တကယ်ပြောတာပါ..

ရွံစရာရှပ်ပွညစ်ပတ်ပျက်စီးနေတဲ့အိမ်လေးဟာ နေချင်စဖွယ် အိမ်လေးတစ်ခုဖြစ်လို့ရပါတယ်..ပုံတပုံချင်းစီလေ့လာကြည့်ပါ..

အရင်က ဂိမ်းဆိုင်ဖွင့်ခဲ့လို့ ကွမ်းတံတွေတွေအမှိုက်တွေနဲ့ညစ်ပတ်စုတ်ပြတ်သပ်နေတဲ့အိမ်ဟောင်းလေးက အခုဆို သန့်ရှင်းလှပတဲ့အိမ်လေးဖြစ်သွားခဲ့တာ ပုံပြင်မဟုတ်ဘူးလေ..

အိပ်မက်မဟုတ်ဘူး ယုံလိုက်..

အိမ်ပိုင်ရှင်က မြို့ထဲက ခနခနမလာနိုင်လို့တဲ့ သော့ပါအပ်ပြီးစိတ်ကြိုက်လုပ်ခိုင်းတာနဲ့ ရှယ်ပလန်နဲ့ကြိုးစားပေးလိုက်တာ..

အိမ်လေးလည်းဒီနေ့ အိမ်သော့ပိုင်ရှင်ဆီပြန်မအပ်ခင်တရက်အလို အငှားက အခုကြည့်အခုငွေအပြည့်ချေလိုက်ရောဗျာ.. အခုတောင်မယုံရင်မေးကြည့်လို့ရတယ်.. ကြိုက်လို့နှစ်ရှည်ငှားထားတယ်.. 😊

ကျနော်တို့ Close Friend Myanmar ကိုယုံကြည်စွာအလုပ်အပ်ပေးပါသော ဆရာဦးကိုကိုဇံတို့မိသားစုလေး စီးပွားဒီရေတိုး ကျန်းမာခြင်းပြည့်ဝကြပါစေ..

သူဌေးကိုယုံယုံကြည်ကြည်အပ်နှံပေးဖို့ချိတ်ဆက်ပေးပါသော ညီမလေးမွန်ကိုလည်းကျေးဇူးပါလို့..

Close Friend ဆိုတာ မိတ်ဆွေရင်းနော်..

👇👇👇👇👇 တပုံချင်းစီထောက်ကြည့်သွား​နော်..

29 ရပ်ကွက် မြောက်ဒဂုံ site လေးပါ.. အရင်အိမ်ငှားဆင်းသွားတော့ အိမ်ကအတော်ပျက်ဆီးကျန်ခဲ့တာမို့ ခြုံတွေလည်းရှင်း တံခါးပျက်တာတ...
08/12/2022

29 ရပ်ကွက် မြောက်ဒဂုံ site လေးပါ..

အရင်အိမ်ငှားဆင်းသွားတော့ အိမ်ကအတော်ပျက်ဆီးကျန်ခဲ့တာမို့ ခြုံတွေလည်းရှင်း တံခါးပျက်တာတွေပြင် ဆေးတအိမ်လုံးသုတ် ဖြိုစရာရှိတာဖြို ဖျက်စရာရှိတာဖျက်ပြီးကြမ်းခင်းတွေရှယ်ပေါလစ်လိုက်ပေးလိုက်တာ..

အိမ်ပြီးတာနဲ့ အငှားတည့်သွားလေသတည်း..

ယုံ​ကြည်စွာ အိမ်ကိုသော့တခါတည်းအပ်ပေးထားပြီးစိတ်ကြိုက်ပြင်ခွင့်ပေးတဲ့ မမသင်းလဲတို့မိသားစုကျန်းမာချမ်းသာစီးပွား ဒီရေအလားတိုးတက်ကြပါစေ..

ဒေါပုံက ဂျပန်တံတားဘေးက အိမ်လေစကို မျက်နှာကျက်တပ်ပေးခဲ့ပါတယ်..၂ ပေချပ် ၄ကျင်းခွဲစာတပ်ပေးဖြစ်ပါတယ်အားပေးသူ Customer များအာ...
06/12/2022

ဒေါပုံက ဂျပန်တံတားဘေးက အိမ်လေစကို မျက်နှာကျက်တပ်ပေးခဲ့ပါတယ်..

၂ ပေချပ် ၄ကျင်းခွဲစာတပ်ပေးဖြစ်ပါတယ်

အားပေးသူ Customer များအား အစဥ်လေးစားစွာလုပ်ကိုင်ဆောင်ရွက်ပေးပါတယ်..

တာဝန်ယူမှု တာဝန်ခံမှုရှိရှိဖြင့်လုပ်ကိုင်ဆောင်ရွက်ပါတယ်.

၂၀၁၇ တုန်းက တာဝန်ယူပေးခဲ့ရတဲ့ကမာရွတ်က အခန်းလေးပါ.. ပိုင်ရှင်က မကွေးကမို့ သော့အပ်ထားပြီး တခန်းလုံးကြွေပြားအပြည့်ခင်းဆေးသု...
06/12/2022

၂၀၁၇ တုန်းက တာဝန်ယူပေးခဲ့ရတဲ့ကမာရွတ်က အခန်းလေးပါ.. ပိုင်ရှင်က မကွေးကမို့ သော့အပ်ထားပြီး တခန်းလုံးကြွေပြားအပြည့်ခင်းဆေးသုတ် မီးဖိုခုံအစ နောက်ဖေးသံပန်းတံခါးအဆုံး အဲကွန်းတပ်ပြီးအထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ရတဲ့အမှတ်တရ site လေးပါ..

ပိုင်ရှင်ဆီအပ်နှံပြီး အသုံးပြုပြီးလို့နောက်တစ်ဆင့်ပိုင်ရှင်ဆီအထိပြန်ရောင်းပြီးပါပြီ..

အလုပ်အပ်နှံပေးခဲ့တဲ့ အန်ကယ် ဦးကျော်ဆန်းတို့မိသားစု စီးပွားဒီရေတိုးကြပါစေ..🙏🙏🙏

🏢ကျနော်တို့ရဲ့  လက်ရှိဆောက်လက်စ ၂ထပ်ခွဲ RC လေးရဲ့ လှေခါးခွင််ဒီဇိုင်းလေးပါ💖လူကြီးမင်းတို့ စိတ်ကူးအိမ်မက်အိမ်လေးကို ရုပ်လ...
29/09/2022

🏢ကျနော်တို့ရဲ့ လက်ရှိဆောက်လက်စ ၂ထပ်ခွဲ RC လေးရဲ့ လှေခါးခွင််ဒီဇိုင်းလေးပါ

💖လူကြီးမင်းတို့ စိတ်ကူးအိမ်မက်အိမ်လေးကို ရုပ်လုံးဖော််ဖို့ စုံစမ်းချင်တယ်ဆိုရင်

☎️09782229078 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🤝 Close Friend Engineering Service page ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

📌 ရုံးကို လူကိုယ်တိုင်လာရောက်ပြီး အသေးစိတ် ဆွေးနွေးချင်တယ်ဆိုရင် အမှတ်(၅၈)၊ ရတနာလမ်း၊ ၃၂ (VIP) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်ကို ကြွရောက်ပေးဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။

Address

No(58), Yadanar Street, 32 (VIP) Ward, North Dagon Township
Yangon
11421

Alerts

Be the first to know and let us send you an email when Close Friend Engineering Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Close Friend Engineering Service:

Share