KHIT THIT ALINN Engineering & Construction

KHIT THIT ALINN Engineering & Construction We build. We design. We transform spaces into places you love.

✨ မယုံနိုင်လောက်အောင် ပြောင်းလဲသွားမယ့် ဒီအိမ်အဟောင်းရဲ့ journey စတင်ပါပြီ… ✨အချိန်အတော်ကြာ အသုံးမပြုဘဲ ရှိနေခဲ့တဲ့ အိမ်...
29/06/2026

✨ မယုံနိုင်လောက်အောင် ပြောင်းလဲသွားမယ့် ဒီအိမ်အဟောင်းရဲ့ journey စတင်ပါပြီ… ✨

အချိန်အတော်ကြာ အသုံးမပြုဘဲ ရှိနေခဲ့တဲ့ အိမ်အဟောင်းတစ်လုံး…
ဖုန်မှုန့်တွေ၊ အဟောင်းအနွမ်းတွေကြားမှာပဲ ရပ်တန့်နေခဲ့ပေမယ့်
ဒီနေ့ကစပြီး အသက်ဝင်တဲ့နေရာတစ်ခုအဖြစ် ပြန်လည်ဖန်တီးသွားမှာပါ။ 🏡

ပြင်ဆင်မှုတိုင်း၊ ပြောင်းလဲမှုတိုင်းမှာ
အိမ်တစ်လုံးရဲ့ အလှတင်မကဘဲ
နွေးထွေးမှု၊ အသက်ရှင်မှု နဲ့ ပုံပြင်အသစ်တစ်ခုကိုပါ ထည့်သွင်းသွားမယ်။

Before & After ကို မြင်ရတဲ့အချိန်
“ဒီအိမ်လေးက တကယ်အရင်က ဒီလိုလား?” လို့ အံ့ဩသွားစေမယ်ဆိုတာ သေချာပါတယ် ✨

ဒီ transformation journey လေးကို အစမှအဆုံးအထိ
အတူစောင့်ကြည့်ပေးကြပါဦးနော် 💛

゚ ゚viralシfypシ゚ ゚viralシfypシ゚viralシalシhighlightmore

🏠 အိမ်ဆောက်ကြမယ်…အိမ်တစ်လုံးဆောက်တာကအလှအပတင်မဟုတ်ဘဲQuality + Safety + Long-term durability ကို အရေးကြီးဆုံးထားရပါတယ်✔️ P...
09/05/2026

🏠 အိမ်ဆောက်ကြမယ်…

အိမ်တစ်လုံးဆောက်တာက
အလှအပတင်မဟုတ်ဘဲ
Quality + Safety + Long-term durability ကို အရေးကြီးဆုံးထားရပါတယ်

✔️ Proper Design & Planning
✔️ Strong Foundation & Structure
✔️ Systematic Cost Control
✔️ Experienced Supervision

ဒီအချက်တွေမရှိရင်
နောက်ပိုင်းမှာ ပြုပြင်စရိတ်တွေတက်လာနိုင်ပါတယ် ⚠️

🏗️ Khit Thit Alinn မှ
Design မှ Construction အထိ One-stop service ဖြင့် ဆောင်ရွက်ပေးနေပါသည်

📩 Page Messenger မှာ “CONSULT” လို့ပို့ပြီး
Free consultation ရယူနိုင်ပါတယ်

Bending Moment (BM) ကို Civil Engineers တွေ မဖြစ်မနေ နားလည်ထားသင့်တဲ့အချက်တွေကိုပြောချင်ပါတယ်… Structural Engineering မှ...
03/03/2026

Bending Moment (BM) ကို Civil Engineers တွေ မဖြစ်မနေ နားလည်ထားသင့်တဲ့အချက်တွေကိုပြောချင်ပါတယ်…

Structural Engineering မှာ Bending Moment (BM) ဆိုတာ beam design အတွက် အခြေခံအကျဆုံး concept တစ်ခုပါ။

Beam တစ်ခုကို external load တွေ (Point Load, UDL, etc.) တင်လိုက်တဲ့အခါ internal forces တွေ develop ဖြစ်လာပါတယ်။
အဲဒီ internal effect ထဲက beam ကို ကွေးသွားစေတဲ့ rotational effect ကိုပဲ Bending Moment လို့ခေါ်ပါတယ်။

Why is Bending Moment Important?

✔ Beam size ရွေးချယ်ရာမှာ အခြေခံဖြစ်တယ်
✔ Bending stress တွက်ဖို့လိုအပ်တယ်
✔ RCC design မှာ reinforcement arrangement ဆုံးဖြတ်ဖို့ အရေးကြီးတယ်
✔ Structural safety & serviceability ကို ensure လုပ်ပေးတယ်

BM analysis မမှန်ရင် design error ဖြစ်နိုင်ပြီး structural failure အထိ ဖြစ်နိုင်ပါတယ်။

Sagging Moment vs Hogging Moment

🩵Sagging Moment (Positive BM)
Beam က အောက်ဘက်ကို ကွေးသွားတဲ့ပုံစံ
• Top fiber → Compression
• Bottom fiber → Tension
Mid-span မှာ အများဆုံးတွေ့ရတတ်တယ် (Simply Supported Beam)

🤍Hogging Moment (Negative BM)
Beam က အပေါ်ဘက်ကို ကွေးသွားတဲ့ပုံစံ
• Top fiber → Tension
• Bottom fiber → Compression
Continuous beam support နားမှာ ဖြစ်တတ်တယ်

Correct reinforcement placement အတွက် ဒီ concept ကို သေချာနားလည်ဖို့ လိုပါတယ်။

📐 Simple Example

Simply Supported Beam
Span = L
Center မှာ Point Load = W

Maximum Bending Moment

BMmax = WL/4

Location → Mid-span

Reminder…

Load → Shear Force → Bending Moment → Bending Stress

Shear Force Diagram (SFD) နဲ့ Bending Moment Diagram (BMD) တို့ရဲ့ relationship ကို မကျွမ်းကျင်ရင် structural analysis မှာ အားနည်းချက်ရှိနိုင်ပါတယ်။

Site မှာ ဖြစ်တတ်တဲ့ BM related mistakes တွေရှိရင် comment မှာ share လုပ်ပေးပါ 👇
Knowledge sharing လုပ်ကြရအောင်။

🏡 အိမ်တစ်လုံးအတွက် plan ချဖို့စဉ်းစားတော့မယ်ဆိုရင်ဘာတွေ အရေးကြီးလဲ?အိမ်ဆောက်တာဆိုရင် Design လှပတာကိုရွေးချယ်ရုံသာမက… နေထ...
28/02/2026

🏡 အိမ်တစ်လုံးအတွက် plan ချဖို့စဉ်းစားတော့မယ်ဆိုရင်ဘာတွေ အရေးကြီးလဲ?

အိမ်ဆောက်တာဆိုရင် Design လှပတာကိုရွေးချယ်ရုံသာမက… နေထိုင်ရတာအဆင်ပြေဖို့လည်း အရေးကြီးပါတယ်💛

💡 အခန်း Plan စဉ်းစားစဉ် မှတ်ထားသင့်တဲ့ အချက်တွေ
🩵လူဦးရေ & အသုံးပြုမည့်ပုံစံ – Bedroom, Bathroom အရေအတွက်ကို သေချာစီစဉ်ပါ
💜Space Flow & Connectivity – Living room → Kitchen → Bedroom လမ်းကြောင်း အဆင်ပြေစေပါ
🩶Lighting & Ventilation – နေရောင်ဝင်လေဝင်လုံလောက်စေဖို့ Window တွေကို ဦးစားပေးပါ
🤍Storage Space – Wardrobe, Kitchen Cabinet, Storage Room လုံလောက်မှ အိမ်ကြီးလို့ ခံစားရမယ်
🤎Future-Proof Design – အနာဂတ်အတွက် Expansion / Family Growth တွေကို စဉ်းစားထားပါ

အိမ်အသစ်ဆောက်မယ်ဆိုရင် “လှပခြင်း” အပြင် “နေထိုင်ရတာအဆင်ပြေမှု” နှစ်ခုလုံးကို တူတူ ရနိုင်အောင် စဉ်းစားရပါမယ် 🏡🤍

Shear Strength ဆိုတာဘာလဲ?Shear Strength ဆိုတာ Material တစ်ခုသည် Shear Stress ကြောင့် Failure မဖြစ်မီှ ခံနိုင်သော အများဆု...
26/02/2026

Shear Strength ဆိုတာဘာလဲ?

Shear Strength ဆိုတာ Material တစ်ခုသည် Shear Stress ကြောင့် Failure မဖြစ်မီှ ခံနိုင်သော အများဆုံးအား ကိုပြောတာ ပါ

Civil Engineering တွင် Structural Design နှင့် Geotechnical Design နှစ်မျိုးစလုံးအတွက် အလွန်အရေးကြီးသော Parameter တစ်ခု ဖြစ်တယ်

Structural Engineering အမြင်နဲ့ဆိုရငါ

Beam တစ်ခုအား Load တင်သောအခါ
• Midspan တွင် Bending Moment အများဆုံး ဖြစ်ပြီး
• Support အနီးမှာ Shear Force အများဆုံး ပေါ်တယ်

Reinforced Concrete Beam များတွင် Shear Failure သည် Support အနီးတွင် Diagonal Crack ပုံစံဖြင့် ဖြစ်ပေါ်တတ်သည်။

ထို့ကြောင့် Shear Capacity ကို မြှင့်တင်ရန် Stirrups (Shear Reinforcement) ထည့်သွင်းပေးရသည်။

Nominal Shear Strength ကို ခုလိုလဲတွက်ကြည့်လို့ရတယ်..

Vn = Vc + Vs

Where:
• Vc= Concrete မှ ပံ့ပိုးသော Shear Resistance
• Vs= Shear Reinforcement မှ ပံ့ပိုးသော Resistance

Steel Design တွင်လည်း Shear Capacity ကို စစ်ဆေးသုံးသပ်ရန် လိုအပ်ပြီး၊ ယေဘုယျအားဖြင့်
tau (max) ~ 0.6 fy
ဟု ခန့်မှန်းအသုံးပြုကြသည်။

Geotechnical Engineer အနေနဲ့ဆိုရင်

Soil Shear Strength သည်
• Foundation Bearing Capacity
• Slope Stability
• Retaining Wall Stability

တို့ကို သတ်မှတ်တဲ့နေရာမှာ အခြေခံအချက်ဖြစ်တယ်

Mohr–Coulomb Failure Theory အရ

tau = c + sigma.tan.phi

Where:
• c = Cohesion
• sigma = Normal Stress
• phi = Angle of Internal Friction

Soil Shear Strength ကို မှန်ကန်စွာ မသုံးသပ်ပါက Slope Failure, Foundation Failure စသည့် ပြဿနာများ ဖြစ်ပေါ်နိုင်သည်။

သတ်မှတ်ချက်

Shear Strength သည် Structural နှင့် Geotechnical Engineering နှစ်ရပ်စလုံးတွင် Safety နှင့် Serviceability ကို အာမခံပေးသည့် အခြေခံအင်အားသဘောတရား တစ်ခု ဖြစ်ပါတယ်

မှန်ကန်သော Analysis နှင့် Design ဆိုတာက Long-term Structural Performance အတွက် အရေးပါပါတယ်….

သိသလောက်ပါ ကျန်ခဲ့တာတို့ လိုနေတာတို့ဆိုရင် ဖြည့်လိုက်ပါ 🤍🤍🤍🤍

🏗 Concrete အုတ် နှင့် ရိုးရိုးအုတ် (Clay Brick) ကွာခြားချက်များအဆောက်အဦဆောက်လုပ်ရာတွင် အုတ်ရွေးချယ်မှုသည် အရေးပါသော ဆုံး...
24/02/2026

🏗 Concrete အုတ် နှင့် ရိုးရိုးအုတ် (Clay Brick) ကွာခြားချက်များ

အဆောက်အဦဆောက်လုပ်ရာတွင် အုတ်ရွေးချယ်မှုသည် အရေးပါသော ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါသည်။ Concrete အုတ်နှင့် ရိုးရိုးအုတ်တို့၏ အဓိက ကွာခြားချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

1. ဖွဲ့စည်းပုံ
▪️ Concrete အုတ် – Cement၊ သဲနှင့် Aggregate များကို ရောစပ်၍ ထုတ်လုပ်ထားပါသည်။
▪️ ရိုးရိုးအုတ် (Clay Brick) – သဘာဝမြေမှုန့်ကို ပုံသွင်း၍ အပူလှော်ထုတ်လုပ်ထားပါသည်။

2. ခိုင်ခံ့မှု
▪️ Concrete အုတ်သည် အထပ်မြင့်နှင့် အလေးချိန်ပိုမိုခံယူရသော အဆောက်အဦများတွင် အသုံးများပါသည်။
▪️ ရိုးရိုးအုတ်သည် လူနေအိမ်များတွင် သုံးစွဲမှုများပြီး ခိုင်ခံ့မှုလည်း သင့်တင့်ပါသည်။

3. အပူထိန်းနိုင်မှု
▪️ ရိုးရိုးအုတ်သည် အပူထိန်းနိုင်မှုကောင်းမွန်ပြီး အိမ်အတွင်းအပူချိန်ကို သဘာဝအတိုင်း ထိန်းညှိပေးနိုင်ပါသည်။
▪️ Concrete အုတ်သည် အပူစုပ်ယူမှု မြန်ဆန်သည့် လက္ခဏာရှိပါသည်။

4. အသုံးချမှုနှင့် ဘတ်ဂျက်
▪️ စီမံကိန်း၏ အရွယ်အစား၊ ဒီဇိုင်းနှင့် ဘတ်ဂျက်အပေါ် မူတည်၍ သင့်တော်သော အုတ်အမျိုးအစားကို ရွေးချယ်သင့်ပါသည်။

သင့်ဆောက်လုပ်ရေး စီမံကိန်းအတွက် အကြံဉာဏ်လိုအပ်ပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။

24/02/2026

I got over 500 reactions on my posts last week! Thanks everyone for your support! 🎉

😍 1 Way Slab vs 2 Way Slab အကြောင်း သိထားသင့်တာဘာတွေလဲဆိုတော့ RC Slab Design မှာ Slab ကို 1 Way Slab နဲ့ 2 Way Slab ဆိုပ...
22/02/2026

😍 1 Way Slab vs 2 Way Slab အကြောင်း သိထားသင့်တာဘာတွေလဲဆိုတော့

RC Slab Design မှာ Slab ကို 1 Way Slab နဲ့ 2 Way Slab ဆိုပြီး ခွဲခြားအသုံးပြုကြပါတယ်။ 1 way slab နဲ့ 2 way slab ဆိုတာက RC slab (reinforced concrete slab) design မှာ load ဘယ်လိုသွားသလဲ (load distribution) နဲ့ span ratio ပေါ်မူတည်ပြီး ခွဲထားတာပါ။

✅ 1 Way Slab
• Load ကို Direction တစ်ခုထဲ သွားပါတယ်
• Support အများအားဖြင့် 2 sides ရှိပါတယ်
• Main Reinforcement ကို Direction တစ်ခုထဲ ထည့်ပါတယ်
• Span Ratio (Long span / Short span) ≥ 2 ဖြစ်ပါတယ်

📌 Example – Corridor, Balcony, Verandah

✅ 2 Way Slab
• Load ကို Direction ၂ ခု သွားပါတယ်
• Support 4 sides ရှိပါတယ်
• Reinforcement ကို Direction ၂ ခုလုံး ထည့်ရပါတယ်
• Span Ratio (Long span / Short span) < 2 ဖြစ်ပါတယ်

📌 Example – Building Floor Slab, Square Room Slab

အလွယ်မှတ်မယ်ဆိုရင်
➡ Long Rectangle Shape → Mostly 1 Way Slab
➡ Square / Near Square → Mostly 2 Way Slab

💡 Civil Engineer တွေအတွက် Basic Concept ကောင်းကောင်း သိထားရင် Design နဲ့ Site Work မှာ အရမ်း အထောက်အကူ ဖြစ်ပါတယ်။


👍

အိမ်မက်တွေကို အုတ်တစ်ချပ်ချင်းနဲ့ တည်ဆောက်နေတဲ့ အချိန်… 🏗️✨ဒီနေ့ လက်တွေ့ အလုပ်ကြိုးစားမှုတွေဟာ မနက်ဖြန် အောင်မြင်မှုကြီး...
20/02/2026

အိမ်မက်တွေကို အုတ်တစ်ချပ်ချင်းနဲ့ တည်ဆောက်နေတဲ့ အချိန်… 🏗️✨
ဒီနေ့ လက်တွေ့ အလုပ်ကြိုးစားမှုတွေဟာ မနက်ဖြန် အောင်မြင်မှုကြီးတစ်ခုရဲ့ အခြေခံကျောက်ခဲတွေပါ။

လမ်းကြောင်းက ခက်ခဲနိုင်တယ်၊ ပင်ပန်းနိုင်တယ်၊
ဒါပေမယ့် တည်ဆောက်နေတဲ့ အရာတိုင်းဟာ အနာဂတ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။
မြေမှုန်တွေ၊ သဲတွေ၊ အုတ်တွေကြားကနေ
အိမ်မက်တွေ တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေပါတယ်။

သေးသေးလေးက စပြီး ကြီးမားတဲ့ အနာဂတ်ကို ဆောက်လုပ်နေကြတာပါ။ 💪🌱
ယုံကြည်မှု၊ စိတ်အားထက်သန်မှု၊ ကြိုးစားမှု —
ဒီသုံးခုရှိရင် ဘယ်အရာမဆို တည်ဆောက်နိုင်ပါတယ်။

ဒီနေ့ သင်လုပ်နေတဲ့ အလုပ်တွေဟာ
မနက်ဖြန် သင်ဂုဏ်ယူရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမယ်။ 🌅✨

For your Idea
19/02/2026

For your Idea

Address

No. (854), Than Thu Mar Road, (13) Ward, South Oakalarpa Tsp.
Yangon
11091

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when KHIT THIT ALINN Engineering & Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share