တောင်တန်းလက်ရာ - Taungdan Latt Yar

တောင်တန်းလက်ရာ - Taungdan Latt Yar Taungdan Lattyar is a Kachin State-based construction and design company, founded in 2021.

06/05/2026

စိတ်ချမ်းမြေ့စရာလေးတစ်ခုပြမယ်

29/04/2026

တချို့မြေက သဲဆန်တယ်၊ တချို့က ရွှံ့စေးဆန်တယ်။ အဲဒါကို မသိဘဲ ဖောင်ဒေးရှင်းချတာဟာ မျက်စိမှိတ် လမ်းလျှောက်တာနဲ့ တူတူပဲ။
#တောင်တန်းလက်ရာ #အိမ်ဆောက် #ကချင်ပြည်နယ် #မိုးညှင်း #ဆောက်လုပ်ရေး #အိမ် အိမ်ဆောက်

🚫 သင့်ရဲ့ တန်ဖိုးရှိလှတဲ့အဆောက်အဦ စီမံကိန်းကို မျက်စိမှိတ်ပြီး ကားမောင်းသလိုမျိုး စိတ်မှန်းနဲ့ မလုပ်ဆောင်ပါနဲ့။ 🚫မြန်မာန...
28/04/2026

🚫 သင့်ရဲ့ တန်ဖိုးရှိလှတဲ့အဆောက်အဦ စီမံကိန်းကို မျက်စိမှိတ်ပြီး ကားမောင်းသလိုမျိုး စိတ်မှန်းနဲ့ မလုပ်ဆောင်ပါနဲ့။ 🚫
မြန်မာနိုင်ငံမှာတော့ ၃ထပ်နဲ့အထက်ဆိုရင် soil test လုပ်ဖို့ စည်ပင်က ညွှန်ကြားပါပြီ။ မကြာသေးတဲ့ကာလမှာ ဖြစ်ခဲ့တဲ့ ငလျင်ကြီးမှာ
လိုမျိုး ​ကြီးမားတဲ့ဆုံးရှုံးမှုတွေ မကြုံရအောင် ဒီ အဆင့်က အရေးတကြီး ပါဝင်နေတဲ့ အဆင့်ဖြစ်ပါတယ်။

🔰 ဘာကြောင့် Soil Test လုပ်ဖို့ လိုအပ်တာလဲ?🔰
၁။ စိတ်ချရမှု - နောင်တစ်ချိန်တွင် အဆောက်အဦး အက်ကွဲခြင်း၊ တစ်ဖက်စောင်းခြင်း သို့မဟုတ် မြေကျွံခြင်း စသည့် အန္တရာယ်များမှ ကာကွယ်ပေးနိုင်ပါတယ်။
၂။ ကုန်ကျစရိတ် သက်သာခြင်း - ကနဦးမှာ မြေဖောက်စမ်းရတဲ့အတွက် ငွေအပိုကုန်ရတယ်လို့ ထင်ရပေမဲ့ မြေသားအခြေအနေကို အတိအကျ သိရှိခြင်းဖြင့် Foundation အတွက် မလိုအပ်တာအပိုမကုန်စေဘဲ အလေအလွင့်မရှိ စနစ်တကျ ဆောက်လုပ်နိုင်ပါတယ်။
၃။ ရေရှည်ခိုင်ခံ့မှု - စနစ်တကျ စစ်ဆေးထားတဲ့ မြေသားပေါ်မှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦဟာ ရေရှည်အတွက် ပိုမို ခိုင်ခံ့စိတ်ချရပါတယ်။

ဒီနေ့ မိုးညှင်းမြို့ပေါ်မှာ တည်ဆောက်မယ့် project အတွက် soil test မြေဖောက်စစ်ဆေးခြင်း လုပ်ငန်းခွင်အတွင်း ပုံရိပ်တွေကို မျှဝေလိုက်ပါတယ်။ သိသင့်တဲ့ အချက်တချို့ကိုလည်း ဗဟုသုတအတွက် မျှဝေလိုက်ပါတယ်။

🔰 Standard Pe*******on Test (SPT) လုပ်ဆောင်ခြင်း - ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကျွမ်းကျင်လုပ်သားတွေက ၆၃.၅ ကီလိုဂရမ် ရှိတဲ့ တူနဲ့ ရိုက်သွင်းပြီး မြေသားရဲ့ ခိုင်ခံ့မှုကို တိုင်းတာတဲ့ SPT (Standard Pe*******on Test) ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုဟာ ကမ္ဘာတစ်ဝှမ်းမှာ အသုံးအများဆုံး မြေအောက်စူးစမ်းလေ့လာရေး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
🔰 မြေသား၏ သိပ်သည်းဆ (N-value) ကို တိုင်းတာခြင်း -ဒီစစ်ဆေးမှုကနေ ရရှိလာတဲ့ "N-value" ရလဒ်ဟာ မြေသား၏ သိပ်သည်းဆနဲ့ ခိုင်ခံ့မှုကို ဖော်ပြပေးပါတယ်။ ဒီတန်ဖိုးအပေါ် မူတည်ပြီးမှသာ အင်ဂျင်နီယာများက သင့်အဆောက်အဦးအတွက် အသင့်တော်ဆုံးနဲ့ အစိတ်ချရဆုံး Foundation (အုတ်မြစ်) ပုံစံကို တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။
🔰 မြေသားနမူနာ ထုတ်ယူစစ်ဆေးခြင်း - ပုံမှာ မြင်တွေ့ရသည့်အတိုင်း မြေသားနမူနာ (Soil Core) များကို စနစ်တကျ ထုတ်ယူပြီး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပါတယ်။ ဒီလို စစ်ဆေးခြင်းဖြင့် မြေသားအမျိုးအစား၊ ရေပါဝင်မှုနှင့် အခြားသော အင်ဂျင်နီယာဆိုင်ရာ ဂုဏ်သတ္တိများကို အသေးစိတ် သိရှိနိုင်မှာ ဖြစ်ပါတယ်။
အရည်အသွေးနဲ့ဒီဇိုင်းကို အဓိကဦးစားပေးလိုတဲ့အိမ်ရှင်တွေအတွက် တောင်တန်းလက်ရာရှိပါတယ်။ 😊

Contact us 👇
📞09447518053(viber)
📞09421179682
📞09349044415
📩[email protected]
#တောင်တန်းလက်ရာ
#ဆောက်လုပ်ရေး

#မိုးညှင်း
#ကချင်ပြည်နယ်
#အိမ် #အိမ်ဆောက်

နှစ်သစ်ကူးသင်္ကြန်အခါသမယမှာ လူကြီးမင်းတို့ရဲ့ အိမ်ဂေဟာအိမ်မက်တွေကို "တောင်တန်းလက်ရာ" နဲ့အတူ စိတ်တိုင်းကျပုံဖော်ထုဆစ်နိုင...
13/04/2026

နှစ်သစ်ကူးသင်္ကြန်အခါသမယမှာ လူကြီးမင်းတို့ရဲ့ အိမ်ဂေဟာအိမ်မက်တွေကို "တောင်တန်းလက်ရာ" နဲ့အတူ စိတ်တိုင်းကျပုံဖော်ထုဆစ်နိုင်ပြီး ပျော်ရွှင်အေးချမ်းတဲ့ ဘဝခရီးကို အတူတကွ လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ခိုင်ခန့်လှပတဲ့ လက်ရာမွန်တွေနဲ့အတူ လူကြီးမင်းတို့ရဲ့ စိတ်ကူးအိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးနေတဲ့ ကျွန်တော်တို့ တောင်တန်းလက်ရာမိသားစုမှ နှစ်သစ်မှာ လုပ်ငန်းကိုင်ငန်းများ အောင်မြင်ဖြစ်ထွန်းကာ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

မြန်မာပြည်သူပြည်သားအပေါင်းနှင့် ကျွန်တော်တို့ရဲ့ Client များအားလုံး ရင်ထဲက အပူအပင်တွေ သင်္ကြန်ရေနဲ့အတူ ဆေးကြောသန့်စင်သွားပြီး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကင်းကွာကာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ။

#တောင်တန်းလက်ရာ
#နှစ်သစ်ကူးဆုတောင်း

#သင်္ကြန်

26/03/2026

ကိုယ်ပိုင်ခြံဝင်းကျယ်ကြီးထဲမှာ စိတ်အေးချမ်းသာစွာနဲ့ အဆင့်အတန်းမြင့်မြင့် နေထိုင်နိုင်ခြင်းက Luxury အစစ်အမှန်ပါ။

လူကြီးမင်းတို့အနေနဲ့ အိမ်ဆောက်မယ်ဆိုရင် အချိန်ပေးရမှာ၊ ပန်းရံ /လက်သမားနဲ့ စကားများရမှာ၊ စိတ်ကူးထဲကအတိုင်း ဖြစ်မလာမှာတွေကို စိုးရိမ်နေတတ်ပါတယ်။

ဗီဒီယိုထဲက မြင်ကွင်းလေးကတော့ အင်းတော်ကြီး၊ မိုင်းနောင်ရွာမှာ "တောင်တန်းလက်ရာ" ကနေ မြေကွက်လွတ်ဘဝကနေ အသေးစိတ် Interior Design အထိ (Ground to Interior Finish)
အပြီးအစီး တာဝန်ယူ တည်ဆောက်ပေးခဲ့တဲ့ Modern Luxury အိမ်ကြီးပဲ ဖြစ်ပါတယ်။

အုတ်တစ်ချပ် သဲတစ်ပွင့်ကစလို့ နောက်ဆုံး ပရိဘောဂ နေရာချတဲ့အထိ... လူကြီးမင်းတို့ဘက်က အိတ်ဆွဲပြီး ဝင်နေရုံပဲ ဖြစ်အောင် ကျွန်တော်တို့ရဲ့ One-Stop Service က ဖန်တီးပေးထားတာပါ။ အလုပ်များတဲ့ လုပ်ငန်းရှင်တွေအတွက် အချိန်ကုန်သက်သာပြီး စိတ်အချရဆုံး ရွေးချယ်မှုပါပဲ။

သင့်ရဲ့ အောင်မြင်မှု၊ သင့်ရဲ့ ဂုဏ်ဒြပ်နဲ့ ထိုက်တန်တဲ့ အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ "တောင်တန်းလက်ရာ" ကို ယုံကြည်စွာ အပ်နှံလိုက်ပါ။
အခုပဲ Page Messenger ကနေဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ် ဆွေးနွေးနိုင်ပါပြီ။
📞 09-349044415, 09447518053 (Viber)

#တောင်တန်းလက်ရာ
#တောင်တန်းလက်ရာ #ကချင်ပြည်နယ် #မိုးညှင်း #၃ထပ်

“ဒီ Living Room ကို ပထမဆုံးမြင်ရင် ဘာကိုအရင်ကြည့်မလဲ?”နှစ်ထပ်မြင့် Double Height Ceiling ကြီးလား…Luxury vibe ပေးတဲ့ wall...
10/03/2026

“ဒီ Living Room ကို ပထမဆုံးမြင်ရင် ဘာကိုအရင်ကြည့်မလဲ?”
နှစ်ထပ်မြင့် Double Height Ceiling ကြီးလား…
Luxury vibe ပေးတဲ့ wallpaper feature wall လား…
သားနားတဲ့ marble floor pattern လား…
ဒါမှမဟုတ် မာဘယ်ကျောက်ပြား dining table လား…

အသေးစိတ်တိုင်းကို ဂရုစိုက်ဖန်တီးထားတဲ့
အင်းတော်ကြီးက ၃ ထပ် RC အိမ် Interior Decoration Project ကို
အိမ်ရှင်ထံ အောင်မြင်စွာ အပ်နှံပြီးစီးခဲ့ပါပြီ။
👉 “ဒီ design ထဲမှာ သင်အကြိုက်ဆုံး နေရာဆို ဘယ်နေရာဖြစ်မလဲ”

Contact us 👇
📞09447518053(viber)
📞09421179682
📞09349044415
📩[email protected]

#တောင်တန်းလက်ရာ #ကချင်ပြည်နယ် #မိုးညှင်း #အင်းတော်ကြီး #အိမ် #အိမ်သစ် #၃ထပ်

08/03/2026

ဆိုဒ်စစ်ဆေးခြင်း
#တောင်တန်းလက်ရာ #ကချင်ပြည်နယ် #အိမ်သစ် #မိုးညှင်း #အင်းတော်ကြီး

03/03/2026

အင်းတော်ကြီးက အပ်ခါနီး အိမ်လေး 🥰

#အိမ်သစ် #ဆောက်လုပ်ရေး
#တောင်တန်းလက်ရာ #အင်းတော်ကြီး #ကချင်ပြည်နယ် #မိုးညှင်း #၂ထပ် #၃ထပ် #အိမ်

"ဒီဇိုင်းထဲကအတိုင်း တကယ်ရော လှပါ့မလား?" ဆိုတဲ့ စိုးရိမ်စိတ် ...အိမ်တစ်လုံးဆောက်တော့မယ်ဆိုရင် အိမ်ရှင်တိုင်းရဲ့ ရင်ထဲမှာ ...
20/01/2026

"ဒီဇိုင်းထဲကအတိုင်း တကယ်ရော လှပါ့မလား?" ဆိုတဲ့ စိုးရိမ်စိတ် ...

အိမ်တစ်လုံးဆောက်တော့မယ်ဆိုရင် အိမ်ရှင်တိုင်းရဲ့ ရင်ထဲမှာ အမြဲရှိနေတတ်တဲ့ မေးခွန်းတစ်ခုရှိပါတယ်။ "3D Design ထဲမှာတော့ လှနေတာပဲ၊ တကယ်တမ်း အပြင်မှာရော ဒီအတိုင်း ထွက်လာပါ့မလား?"

ဒီစိုးရိမ်စိတ်ကို ကျွန်တော်တို့ ကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့် ပုံလေးတွေကို ဘေးချင်းယှဉ်ကြည့်လိုက်ပါ။

Design ပုံနဲ့ အပြင်အဆောက်အဦး တစ်ထပ်တည်းကျအောင်လုပ်နိုင်ဖို့ ဒီအချက်လေးတွေလိုပါတယ်။

☑ Design ကို နားလည်အောင် ရှင်းပြနိုင်ရမယ်။
☑ Material ကို Design အတိုင်း ရွေးချယ်နိုင်မယ်။
☑ Site မှာ decision တွေကို စနစ်တကျ ချနိုင်ရမယ်။
Design ကို ပုံတစ်ပုံအနေနဲ့ မကြည့်ဘဲ
အလုပ်လုပ်ဖို့အတွက် guideline တစ်ခုအနေနဲ့ကြည့်နိုင်ရင် Reality က Design နဲ့ ပိုနီးလာပါတယ်။
အိမ်လှမလှဆိုတာက အရောင်တစ်ခု၊ ပုံစံတစ်ခုကြောင့် မဆုံးဖြတ်ပါဘူး။
Design ကို နားလည်ပြီး site မှာ တစ်ဆင့်ချင်း စဉ်းစားလုပ်နိုင်မလားဆိုတာအပေါ်လည်း မူတည်ပါတယ်။

Contact us 👇
📞09447518053(viber)
📞09421179682
📞09349044415
📩[email protected]
နန့်မွန်းမြို့၊ အင်းတော်ကြီး၊ မိုးညှင်းမြို့နယ်၊ ကချင်ပြည်နယ်။

#တောင်တန်းလက်ရာ
#အိမ်ပုံစံ #ဆောက်လုပ်ရေး #မိုးညှင်း #အင်းတော်ကြီး #အိမ် #အိမ်ဒီဇိုင်း #အိမ်ဆောက် #၃ထပ် #မြေအောက်ခန်း

10/01/2026

Dining Area လေး ဘယ်လိုလှသွားလဲ မေး 😍


#ဆောက်လုပ်ရေး #အိမ်အလှဆင် #ထမင်းစားခန်း #အိမ် #အိမ်ပုံစံ #တောင်တန်းလက်ရာ #မိုးညှင်း #အင်းတော်ကြီး #

✅  သက်တောင့်သက်သာရှိပြီး ခေတ်မီတဲ့ Master Bedroom တစ်ခု ဘယ်လိုဖန်တီးမလဲ✅ဒီနေ့တော့ Admin တို့ အခုလက်ရှိ အပြီးသတ်ပြင်ဆင်နေ...
12/12/2025

✅ သက်တောင့်သက်သာရှိပြီး ခေတ်မီတဲ့ Master Bedroom တစ်ခု ဘယ်လိုဖန်တီးမလဲ✅

ဒီနေ့တော့ Admin တို့ အခုလက်ရှိ အပြီးသတ်ပြင်ဆင်နေတဲ့ Master Bedroom ပုံလေးတွေကို မျှဝေရင်းနဲ့၊ ခေတ်မီပြီး သက်တောင့်သက်သာရှိတဲ့ အိပ်ခန်းတစ်ခု ဖန်တီးရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

🛋️ နံရံကပ်ဗီရို (Wall-to-Wall Wardrobe) ဒီဇိုင်း

ပထမပုံမှာ တွေ့ရတဲ့အတိုင်းပဲ၊ အခန်းရဲ့ နံရံတစ်ခုလုံးကို နေရာအပြည့်ယူပြီး ဖန်တီးထားတဲ့ ဗီရိုကြီးဟာ ဒီ Master Bedroom ရဲ့ အဓိက Feature တစ်ခုပါ။

သိမ်းဆည်းမှုစွမ်းရည် (Storage Capacity)✅ နေရာအပြည့်ယူထားတာမို့ အဝတ်အစား၊ ပစ္စည်းတွေကို စနစ်တကျနဲ့ အများကြီး သိမ်းဆည်းနိုင်ပါတယ်။ အပေါ်ဆုံးအဆင့်မှာဆို အကြာကြီးသိမ်းရမယ့် ခေါင်းအုံးတို့၊ စောင်တို့လိုပစ္စည်းမျိုးတွေ သိမ်းလို့ရပါတယ်။
မှန်တံခါးများ (Glass Doors) ✅
အပေါ်ပိုင်းနဲ့ အလယ်ပိုင်းမှာ ဖန်တံခါးတွေ အသုံးပြုခြင်းအားဖြင့် အခန်းကို ကျယ်ဝန်းတဲ့ခံစားမှုပေးပါတယ်။ အထဲက ပစ္စည်းတွေကိုလည်း လှလှပပ မြင်နေရတာကြောင့် အခန်းကို ပိုပြီး Stylish ဖြစ်စေပါတယ်။ အရောင်ရွေးချယ်မှု(အဖြူရောင်) ကို အဓိကထားတာကြောင့် အခန်းကို ပိုပြီး သန့်ရှင်းသပ်ရပ်စေကာ ခေတ်မီတဲ့ ပုံစံကိုလည်း ပေါ်လွင်စေပါတယ်။

📺 TV Backdrop & Floating Console ဒီဇိုင်း ✅
ဒုတိယပုံမှာ တွေ့ရတဲ့အတိုင်း၊ TV နေရာနဲ့ နံရံဒီဇိုင်းပိုင်းကိုလည်း အထူးဂရုစိုက် ဖန်တီးထားပါတယ်။

ကျောက်ပြားပုံစံနံရံ (Marble-look Backdrop)✅ နံရံတစ်ခုလုံးကို အဖြူရောင် လှိုင်းတွန့်ပါ ကျောက်ပြားပုံစံ (သို့မဟုတ်) Veneer/Laminate တွေနဲ့ ကာရံထားတာဟာ ခေတ်မီဆန်းသစ်တဲ့ရုပ်ထွက်ကို ပေးစွမ်းပါတယ်။
သစ်သား Slats များ (Wood Slats/Fluting): ✅ ဘေးဘက်မှာ ဒေါင်လိုက်တန်းနေတဲ့ သစ်သားပြား ဒီဇိုင်းဟာ အဖြူရောင်နောက်ခံနဲ့ လိုက်ဖက်ညီပြီး Texture (ရုပ်သွင်အသွင်အပြင်) ကို ပိုမို ကြွစေပါတယ်။ ဒီလို Wood Slats တွေဟာ ခေတ်မီဒီဇိုင်းမှာ အသုံးများတဲ့ Trend တစ်ခုလည်း ဖြစ်ပါတယ်။
ဆွဲဗီရို (Floating Console): ✅
ကြမ်းပြင်ပေါ်မတင်ဘဲ နံရံမှာ ကပ်ထားတဲ့ ဆွဲဗီရို (Floating Console) ပုံစံဟာ နေရာယူမှု သက်သာစေပြီး အခန်းအောက်ခြေကို လွတ်လွတ်လပ်လပ် ဖြစ်စေတဲ့အတွက် အခန်းကို ပိုမိုကျယ်ဝန်းတဲ့ ခံစားမှု ပေးပါတယ်။ ရှင်းလင်းသပ်ရပ်စေတဲ့ Minimalist ပုံစံကိုလည်း ရရှိစေပါတယ်။
Master Bedroom ကို ဒီဇိုင်းဆွဲတဲ့အခါ အရေးအကြီးဆုံးကတော့ "Balance" (မျှတမှု) နဲ့ "Harmony" (ပေါင်းစပ်ညီညွတ်မှု) ပါပဲ။

အရောင်များ: ✅
ဒီအိပ်ခန်းမှာလို အဖြူရောင် (White) ကို အခြေခံပြီး သဘာဝသစ်သားရောင်(Wood Tone) နဲ့ ရောစပ်လိုက်တာဟာ အေးချမ်းပြီး နွေးထွေးတဲ့ခံစားမှုကို တစ်ပြိုင်နက်တည်း ပေးနိုင်ပါတယ်။
အိပ်ခန်းပြင်ဆင်မယ့်သူတွေအတွက် ဒီအချက်အလက်လေးတွေက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်ပိုင်အိမ်လေးကို ကိုယ်တိုင်စိတ်ကြိုက်အလှဆင်ဖို့ စိတ်ကူးရှိရင်လည်း Comment မှာ ဝင်ရောက်ဆွေးနွေးလို့ရပါတယ်နော်။

Contact us 👇
📞09447518053(viber)
📞09421179682
📞09769933966
📩[email protected]

Address

Yangon
1114

Telephone

+959952103025

Website

Alerts

Be the first to know and let us send you an email when တောင်တန်းလက်ရာ - Taungdan Latt Yar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to တောင်တန်းလက်ရာ - Taungdan Latt Yar:

Share