𝐊𝐏𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧

  • Home
  • Myanmar
  • Yangon
  • 𝐊𝐏𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧

𝐊𝐏𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 PAI

 #အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင် အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက အိမ်ရှင်  စိတ်ကြိုက်ထည့်လိုထားလိုတဲ့   ပုံစံ...
21/10/2025

#အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင်
အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက
အိမ်ရှင် စိတ်ကြိုက်ထည့်လိုထားလိုတဲ့ ပုံစံဆွဲရတာပါ

အခန်းတွေ ဘယ်လိုဖွဲ့မလဲ ?
အခန်းတွေရဲ့ အကျယ်တွေအဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ?
ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ?

အဲဒီလိုအခြေနေ မျိုးမှာ
ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ သိထားဖို့လိုပါမယ်



#ဧည့်ခန်း
#ဟောခန်း
#ပုံဆွဲ_စာရေးစာဖတ်ခန်း တွေရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×12'~ပေ
ပုံမှန်ဆိုက် 12'×14' ~ပေ
ဆိုက်ကြီး 16'×20' ~ပေ ဖြစ်ပါတယ်

#အိပ်ခန်း
်း
်း တွေရဲ့ အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 11'×12' ~ပေ
ဆိုက်ကြီး 12'×14' ~ပေ ဖြစ်ပါတယ်

#အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ

အနည်းဆုံး 10'×7' ~ပေ
ပုံမှန်ဆိုက် 10'×10' ~ပေ
ဆိုက်ကြီး 10'×12' ~ပေ ဖြစ်ပါတယ်

#ရေချိုုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'6"×4' ~ပေ
ပုံမှန်ဆိုက် 4'×5' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#အိမ်သာခန်းတခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'3"×3' ~ပေ
ပုံမှန်ဆိုက် 4'×4' ~ပေ ဖြစ်ပါတယ်

#ရေချိုးခန်း_အိမ်သာတွဲရက် အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 10'×12' ~ပေ ဖြစ်ပါတယ်

#ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ ဖြစ်ပါတယ်

#ဝရန်တာဆိုက် ရဲ့အကျယ်ကတော့

အနည်းဆုံး 3' ~ပေဖြစ်ပါတယ် {လူနှစ်ယောက်ရှောင်ကွင်းသာ}

#တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 11'×15' ~ပေ
ပုံမှန်ဆိုက် 12'×16' ~ပေ ဖြစ်ပါတယ်

#အိမ်မိန်းတခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3'~ပေ '6" ~လက်မ ဖြစ်ပါတယ်

#ရေချိုးခန်း
#အိမ်သာ
#မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 2'~ပေ ,6"~လက်မ ဖြစ်ပါတယ်

#အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3' ~ပေ ဖြစ်ပါတယ်

#ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့

အကျယ်ဟာ 3'~ပေ
အကျော် ဟာ 7"~ လက်မခွဲ
အနင်းဟာ 10"~လက်မ ဖြစ်ပါတယ် တဲ့ဗျား။

Floor Plan ကိုကိုယ်တိုင်ရေးဆွဲချင်တဲ့ မိတ်ဆွေများအတွက်လည်း Free အသုံးပြုလို့ရမယ့်ဆော့ဝဲကိုမျှဝေပေးလိုက်ပါတယ်။

ဆော့ဝဲဒေါင်းရန် - https://clk.bz/xoHoz

#အိမ်လှလှလေးဆောက်ကြမယ်


 #နံရံဟောင်းကိုဆေးသစ်ပြန်သုတ်နည်း▪️အရင်ဆုံး နံရံအဟောင်းမှာ ကပ်နေတဲ့ ဆေးသားအဟောင်းတွေကို ကုန်စင်သွားအောင် ကျကျနန ခြစ်ထုတ်...
16/06/2025

#နံရံဟောင်းကိုဆေးသစ်ပြန်သုတ်နည်း

▪️အရင်ဆုံး နံရံအဟောင်းမှာ ကပ်နေတဲ့ ဆေးသားအဟောင်းတွေကို ကုန်စင်သွားအောင် ကျကျနန ခြစ်ထုတ်ပစ်ရပါမယ်။

▪️ပြီးရင်တော့ နံရံကို သန့်ရှင်းရေး သေချာပြန်လုပ်ပေးရပါမယ်။

▪️ဆေးမသုတ်ခင် နံရံဆားပေါက်မှု ရှိ/မရှိ စစ်ဆေးပါ။ နံရံ အစိုပျံနိုင်မှု ရှိ/ မရှိ စစ်ဆေးပါ။

အစိုပျံနိုင်မှုက
~~~~~~~~~~
(၁) ရေချိုးခန်း/ရေသိုလှောင်ခန်းနဲ့ ကပ်လျက်နေရာတွေ

(၂) တိုက်နံရံကိုတွယ်ပြီး အပင်(ညောင်ပင်) ပေါက်နေတာတွေ

(၃) အတွင်း၊ အပြင် ရေပိုက်လိုင်းတွေ ပေါက်နေတာ/ ရေယိုနေတာတွေ

(၄) အပြင်နံရံ မဆလာကိုင်ထားခြင်း မရှိတာတွေ

(၅) နံရံအက်ကြောင်းလိုက်နေတာတွေ ကြောင့် ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဆေးမသုတ်ခင် ဒါတွေကို အရင်ဆုံး စစ်ဆေးဖို့ လိုပါတယ်။ နံရံအစိုပျံနေမယ်ဆိုရင် ဆေးသုတ်ရတာ မကောင်းပါဘူး။

လိုရင်းကိုဆက်ရအောင်…

▪️ဆေးသုတ်ခါနီးမှာ ဆီလာ(ခံဆေး) အရင်သုတ်ရပါမယ်။ ဆေးသား ပိုစွဲအောင်ပါ။

▪️ဆီလာခြောက်သွားရင် (အစိုပျံနိုင်တဲ့ နေရာတွေမှာဆိုရင်) ရေတားဆေး သုတ်ပေးပါ။ ကိုယ့်တိုက်က အရမ်းကြာနေပြီဆိုရင်တော့ ရေငွေ့ရိုက်တဲ့ဒဏ်ကို ပိုခံနိုင်အောင် ရေတားဆေး နှစ်ထပ်လောက်ကို (၃ နာရီ) လောက်ခြားပြီး သုတ်ပေးလိုက်ပါ။

▪️ရေတားဆေး ခြောက်သွားရင်တော့ ပတ်တီးရိုက်ပါ။ ပြီးရင် ပတ်တီးကို ကော်ပတ်စားပြီး၊ ဆီလာတစ်ခေါက်ပြန်သုတ်ပြီး ဆေးသုတ်လို့ရပါပြီ။

▪️ဆေးကတော့ ကိုယ်ကြိုက်သလောက် ဘယ်နှထပ်ဖြစ်ဖြစ် သုတ်နိုင်ပါတယ်။

ဆီတွေစင်တတ်တဲ့ မီးဖိုချောင် (ဟင်းချက်တဲ့နေရာ) တွေကိုတော့ ဆေးသုတ်ဖို့ထက် ကြွေပြားကပ်လိုက်ဖို့ပဲ အကြံပြုချင်ပါတယ်။

“ဆေးသုတ်နည်းအကြောင်း” ကိုတော့ ဝေမျှခဲ့ပြီး ဖြစ်ပါတယ်။

ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကိုလည်း အမြဲဝေမျှပေးနေတာမို့ page ကို like and follow လုပ်ပေးထားပါဦးနော်။


#ဗဟုသုတအနေဖြင့်ပြန်လည်မျှဝေသည်

21/02/2025

💥 သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ💥
================================

👷🏻‍♀️ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလောကမှာ “ကျင်း” ဖြင့် တိုင်းတာသတ်မှတ်ပြီး ပြောဆိုကြပါတယ်။ “ဘယ်နှကျင်းရှိသလဲ” ဆိုပြီး ကျင်းကို တွက်ချက်လိုက်ပြီး တစ်ကျင်းကို ဘယ်လောက် ကုန်ကျမလဲဆိုတာ ပြောဆိုကြပါတယ်။

အခုလို ကျင်းကို သုံးစွဲကြတာမှာ “ကုဗကျင်း” နှင့် “စကွဲယားကျင်း” ဆိုပြီးနှစ်မျိုး ရှိပါတယ်။ ပြောဆိုကြတာမှာတော့ “ကျင်း” လို့ ပဲ ပြောဆိုသုံးနှုန်းကြပါတယ်။ အဲဒီလို “ကျင်း” လို့ ပြောဆိုလိုက်တာမှာ

ထုထည်တစ်ခုကို တိုင်းတာပြီး ကျင်းတွက်ချက် ပြောဆိုရင် “ကုဗကျင်း” အနေဖြင့် ပြောဆိုတာ ဖြစ်ပါတယ်။

ဧရိယာတစ်ခုကို တိုင်းတာပြီး ကျင်းတွက်ချက် ပြောဆိုရင် “စကွဲယားကျင်း” အနေဖြင့် ပြောဆိုတာ ဖြစ်ပါတယ်။

“ကုဗကျင်း”

ကုဗကျင်းက ထုထည်တစ်ခုကို တိုင်းတာပြောဆိုတာ ဖြစ်လို့

အလျား x အနံ x အမြင့် = ကျင်း

အတိုင်းအတာ (၃) ခု မြှောက်လိုက်ရင် ရရှိလာတဲ့ ရလဒ် ဖြစ်ပါတယ်။

ရလာတဲ့ ရလဒ်မှာ ၁၀၀ ရရင် ၁ ကျင်း၊ ၂၀၀ ရရင် ၂ ကျင်း၊ ၃၀၀ ရရင် ၃ ကျင်း စသဖြင့် ပြောဆိုကြပါတယ်။ ကုဗကျင်း ဖြစ်ပေမဲ့ ၁ ကုဗကျင်း၊ ၂ ကုဗကျင်း စသဖြင့် မပြောဆိုဘဲ ၁ ကျင်း၊ ၂ ကျင်း စသဖြင့်သာ ပြောဆိုကြပါတယ်။

၁၀၀၊ ၂၀၀၊ ၃၀၀ စသဖြင့် ရာပြည့်ကိန်း မရရင် ကျင်းဝက်၊ ကျင်းတမတ် နီးစပ်ရာကို ယူလိုက်ပါတယ်။

ကျင်းဝက်က မြှောက်လဒ် ၅၀ ရရင် ကျင်းဝက်လို့ သတ်မှတ်တာ ဖြစ်ပါတယ်။

ကျင်းတမတ်က မြှောက်လဒ် ၂၅ ရရင် ကျင်းတမတ်လို့ သတ်မှတ်တာ ဖြစ်ပါတယ်။

မြှောက်လဒ်က ၁၂၀ ဆိုရင် နီးစပ်ရာကို ယူတာကြောင့် ၁ ကျင်း ၁ မတ် ဖြစ်ပါတယ်။ ကုန်ကျစရိတ်က ၁ ကျင်းကို ၁,၀၀၀ ကျပ် ဆိုရင် ၁ ကျင်းတမတ် (ငါးမတ်လို့လည်း ပြောကြပါတယ်) အတွက် ၁,၂၅၀ ကျပ် ကုန်ကျမှာ ဖြစ်ပါတယ်။

မြှောက်လဒ်က ၁၄၂ ဆိုရင် ၁ ကျင်းခွဲ ဖြစ်ပါတယ်။ ခုနက ဥပမာအတိုင်း ကုန်ကျစရိတ်က ၁ ကျင်းကို ၁,၀၀၀ ကျပ် ဆိုရင် ၁ ကျင်းခွဲ အတွက် ၁,၅၀၀ ကျပ် ကုန်ကျမှာ ဖြစ်ပါတယ်။

ကုဗကျင်းကို ၉ လက်မနှင့်အထက် အုတ်စီခြင်း၊ ကွန်ကရစ်လောင်းခြင်း၊ မြေကြီးမှာ ကျင်းတူးခြင်းတို့မှာ တွက်ချက်တဲ့အခါ သုံးစွဲကြပါတယ်။

ကွန်ကရစ် အသေးစား ဖျော်တာကို တွက်ချက်တဲ့အခါ သဲ၊ အုတ်ခဲကျိုး သို့မဟုတ် ကျောက်စရစ်၊ ဘိလပ်မြေ၊ တို့ကို ရေသုံးပြီး ရောစပ်တဲ့အခါ သဲနဲ့ အုတ်ခဲကျိုး သို့မဟုတ် ကျောက်စရစ်တို့ကို ကျင်းနဲ့ တွက်ချက် ပြောဆိုပြီး ဘိလပ်မြေနဲ့ ထုံးတို့ကိုတော့ အိတ် နဲ့ တွက်ချက်ပြောဆိုပါတယ်။

ဥပမာ 1:3:6 အချိုး ကွန်ကရစ် ဖျော်မယ်ဆိုရင် ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်၊ သဲကျင်းဝက် ၊ ကျောက် ၁ ကျင်း လိုအပ်တယ်လို့ ပြောဆိုပါတယ်။

” စကွဲယားကျင်း”

စကွဲယားကျင်းက ဧရိယာတစ်ခုကို တိုင်းတာပြောဆိုတာ ဖြစ်လို့

အလျား x အနံ = စကွဲယားကျင်း

စကွဲယားကျင်းကို ပြောဆိုကြတဲ့အခါမှာလည်း စကွဲယားကျင်း လို့ မပြောကြဘဲ “ကျင်း” လို့ပဲ ပြောဆိုကြပါတယ်။ ၄ စကွဲယားကျင်း လို့ မပြောဘဲ ၄ ကျင်းလို့ပဲ ပြောဆိုကြပါတယ်။

အလျားနဲ့အနံ မြှောက်တာလို့ ဆိုပေမဲ့ နံရံ ဆေးသုတ်တာမျိုးလို ဧရိယာကို တွက်ချက်ရင်တော့ အနံနဲ့ အမြင့်ကို မြှောက်ရမယ်ဆိုတာကိုတော့ ပြောပြဖို့ လိုမယ် မထင်ဘာဘူး။

မြှောက်လဒ်က ၁၀၀ ရရင် ၁ ကျင်းလို့ ပြောပါတယ်။

၄လက်မခွဲ အုတ်စီခြင်း၊ ဆေးသုတ်ခြင်း၊အမိုးမိုးခြင်း၊ ကြွေပြားခင်းခြင်း၊ မျက်နှာကြက်အပြားချပ် ရိုက်ခြင်းတို့မှာ သုံးပါတယ်။

ကုဗကျင်းမှာ နီးစပ်ရာ ကျင်းကို ယူတဲ့အတိုင်း စကွဲယားကျင်းမှာလည်း နီးစပ်ရာကို ယူပါတယ်။ ၁ ကျင်း၊ ကျင်းဝက် သို့မဟုတ် ကျင်းခွဲ၊ ကျင်းတမတ် စသဖြင့် နီးစပ်ရာကို ယူလိုက်ကြပါတယ်။

မူရင်းရေးသားသူအား Crd ပေးပါသည်။

#ရွှေပိုးအိမ်_ဆေးသုတ်လုပ်ငန်း

 #အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင် အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက အိမ်ရှင်  စိတ်ကြိုက်ထည့်လိုထားလိုတဲ့   ပုံစံ...
29/12/2024

#အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင်
အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက
အိမ်ရှင် စိတ်ကြိုက်ထည့်လိုထားလိုတဲ့ ပုံစံဆွဲရတာပါ

အခန်းတွေ ဘယ်လိုဖွဲ့မလဲ ?
အခန်းတွေရဲ့ အကျယ်တွေအဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ?
ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ?

အဲဒီလိုအခြေနေ မျိုးမှာ
ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ သိထားဖို့လိုပါမယ်



#ဧည့်ခန်း
#ဟောခန်း
#ပုံဆွဲ_စာရေးစာဖတ်ခန်း တွေရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×12'~ပေ
ပုံမှန်ဆိုက် 12'×14' ~ပေ
ဆိုက်ကြီး 16'×20' ~ပေ ဖြစ်ပါတယ်

#အိပ်ခန်း
်း
်း တွေရဲ့ အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 11'×12' ~ပေ
ဆိုက်ကြီး 12'×14' ~ပေ ဖြစ်ပါတယ်

#အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ

အနည်းဆုံး 10'×7' ~ပေ
ပုံမှန်ဆိုက် 10'×10' ~ပေ
ဆိုက်ကြီး 10'×12' ~ပေ ဖြစ်ပါတယ်

#ရေချိုုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'6"×4' ~ပေ
ပုံမှန်ဆိုက် 4'×5' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#အိမ်သာခန်းတခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'3"×3' ~ပေ
ပုံမှန်ဆိုက် 4'×4' ~ပေ ဖြစ်ပါတယ်

#ရေချိုးခန်း_အိမ်သာတွဲရက် အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 10'×12' ~ပေ ဖြစ်ပါတယ်

#ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ ဖြစ်ပါတယ်

#ဝရန်တာဆိုက် ရဲ့အကျယ်ကတော့

အနည်းဆုံး 3' ~ပေဖြစ်ပါတယ် {လူနှစ်ယောက်ရှောင်ကွင်းသာ}

#တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 11'×15' ~ပေ
ပုံမှန်ဆိုက် 12'×16' ~ပေ ဖြစ်ပါတယ်

#အိမ်မိန်းတခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3'~ပေ '6" ~လက်မ ဖြစ်ပါတယ်

#ရေချိုးခန်း
#အိမ်သာ
#မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 2'~ပေ ,6"~လက်မ ဖြစ်ပါတယ်

#အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3' ~ပေ ဖြစ်ပါတယ်

#ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့

အကျယ်ဟာ 3'~ပေ
အကျော် ဟာ 7"~ လက်မခွဲ
အနင်းဟာ 10"~လက်မ ဖြစ်ပါတယ် တဲ့ဗျား။

#အိမ်လှလှလေးဆောက်ကြမယ်

05/09/2024

🟦🟩"ဘိလပ်မြေ + ပတ်တီးရဲ့ ကောင်းကျိုးဆိုးကျိုးတွေကဘာတွေဖြစ်မလဲ"🟦🟪

အိမ်ကိုဆေးသုတ်ကြတဲ့အခါ ဘိလပ်မြေ ၁ဆ ပတ်တီး ၅ဆ ရောစပ်ပြီးအသုံးပြုကြသလို၊ အသင့်‌ရောစပ်ပြီးသား ဘိလပ်မြေ ပတ်တီးအိတ်တွေလည်း ရှိပါတယ်ရှင့်။

ဘိလပ်မြေပတ်တီးကို နံရံမှာ ပထမ တစ်ကုတ်အဖြစ် သို့မဟုတ် နှစ်ကုတ်အဖြစ် အသုံးပြုကြတာတွေလည်းရှိပါတယ်။

🟦ဘိလပ်မြေ + ပတ်တီး ၏ကောင်းကျိုးများ
~~~~~~~~~~~~~~~~~~~~~~~~

🟦ဘိလပ်မြေပတ်တီးကို ပထမတကုတ် နံရံမှာရိုက်မည်ဆိုပါက

🔷အသားအခြောက်မြန်တယ်
🔷အသားကျစ်လစ်တယ်
🔷မဆလာသား ရေကျန်မှုကို စုတ်ယူတယ်
🔷ပတ်တီးသားတတ်တယ်
🔷နံရံသားနှင့် ပတ်တီးသားကုတ်အားကောင်းစေပါတယ်ရှင့်။

အစိုးရအဆောက်ဦးတွေ၊ကန်ထရိုက်တိုက်တွေဆိုရင် အသုံးပြုရတာများပါတယ်။

🟦ဘိလပ်မြေ + ပတ်တီးက အကြမ်းထည်အဆောက်ဦးမှာ ပထမ တစ်ကုတ်အဖြစ် အသုံးပြုတာ အဆင်ပြေပါတယ် ဘာကြောင့်လဲဆိုတော့

နံရံအကြမ်းမှာ သစ်စတွေဝင်နေတာ၊အမှိုက်တွေဝင်နေတာ ဒုနှင့်ဒေးပါပဲ ရှိတတ်ကြတာ။ပတ်တီးရိုက်ဖို့ ပြင်ဆင်တဲ့အခါ နံရံက သစ်စတွေ၊အမှိုက်စတွေကို ဖယ်ထုတ်ပြစ်ရပါတယ်။ ထုတ်လိုက်တဲ့နေရာမှာ အပေါက်လေးတွေဒဏ်ရာလေးတွေကျန်ခဲ့ပါတယ်။ အဲ့လိုနံရံတွေကို ဘိလပ်မြေ + ပတ်တီးရိုက်ခြင်းက ပိုမိုသင့်လျော်ပါတယ်ရှင့်။

🟦အဆောက်ဦးအကြမ်းထည်တွေအများစုက နံရံ beamတွေ၊ slab beamတွေ မဆလာမချောထားတာတွေပါများတယ် အဲ့လိုနေရာတွေ ဘိလပ်မြေ+ပတ်တီးရိုက်ရတာ ပိုကောင်းပါတယ်

🟦ဘိလပ်မြေပတ်တီးရဲ့ ဆိုးကျိုးတွကတော့
~~~~~~~~~~~~~~~~~~~~~~~

🔷ဘိလပ်မြေ + ပတ်တီးကို ရောစပ်တဲ့နေရာမှာဘိလပ်မြေကိုအချိုးလိုတာထပ်များလို့မရပါဘူး။
🔷ရောစပ်တဲ့ အခါမှာလည်း နှံ့အောင်မွှေရပါတယ်။
🔷ဘိလပ်မြေများသွားရင် ပတ်တီးရိုက်ရတာ အဆင်မပြေပါဘူး။
🔷ပတ်တီးသားတွေ လိမ့်တတ်မယ်၊ ခြောက်လို့ ကော်ပတ်တိုက်တဲ့အခါ မာကျောနေပြီးကော်ပတ်စားရတာအဆင်မပြေပါဘူး။ကော်ပတ်စားတဲ့သူကသေချာမလုပ်ပါကပတ်တီးလှိုင်းတွေထမယ်၊ ဆေးသုတ်တဲ့အခါရုပ်ထွက်ဆိုးတာတွေဖြစ်တက်ပါတယ်ရှင့်။
🔷ဘိလပ်မြေများသွားတဲ့အတွက်​ကြောင့် ကြာရင် ပတ်တီးတွေ အက်ကွဲကြောင်းတွေထမယ်၊
🔷ဘိလပ်မြေ + ပတ်တီး + ရေ ရယ်ဖျော်စပ်တဲ့အခါမှာကိုယ်အသုံးပြုမယ့် ဧရိယာကိုမှန်းပြီး ဖျော်စပ်သင့်ပါတယ်။ သူကရိုးရိုးပတ်တီးလိုမာသွားလို့ ရေပြန်တောက်ပြီး ပြန်မွှေလိုမကောင်းပါဘူး ၊မာသွားလို့ ပြန်မွှေရင် ပတ်တီးသားတွေ ဖွာကုန်တယ် ရိုက်နေရင်းနဲ့ စေးစေးကြီးဖြစ်တတ်ပါတယ်ရှင့်။

🔷ဆေးသုတ်ပြီးလို့ ဒဏ်ရာပြန်စစ်( touching)ပြန်လိုက်တဲ့အခါ ဘိလပ်မြေ + ပတ်တီးနှင့် မလုပ်သင့်ပါဘူးရှင့်။ ဘာကြောင့်လဲဆိုတော့ဘိလပ်မြေ + ပတ်တီးက အဖြူမဟုတ်တဲ့အတွက် ဆေးဖာတဲ့အခါ ကွက်နေပါလိမ့်မယ်။ ဆီလာသုတ်ထားလည်းမရပါဘူး၊
အရောင်နုရင် ပိုသိသာပါတယ်ရှင့်။ ပတ်တီး၂ကုတ်လောက်သုတ်ရမယ့်နေရာမှာ ၃ကုတ်/၄ကုတ်သုတ်နေရပါလိမ့်မယ်

💁မိတ်ဆွေတို့အိမ်ဆောက်ချင်တာဘဲဖြစ်ဖြစ်၊ renovation ပြင်ချင်တာဘဲဖြစ်ဖြစ် ဆက်သွယ်မေးမြန်းလိုပါက
📱09421179962

18/08/2024

အိမ်သုတ်ဆေးဘယ်လောက်ဝယ်ရမလဲ? (တွက်နည်း)

အခန်းတစ်ခန်း၏နံရံများကို ဆေးသုတ်ရန် လိုအပ်သောဆေးပမာဏကိုတွက်ဆမည်ဆိုလျှင် နံရံများ၏အလျားအရှည်‌ပေများအားလုံးကိုပေါင်းပါ။ ထို့နောက်ရလာသောအဖြေကို အခန်း၏အမြင့်ပေ(ကြမ်းခင်းမှမျက်နှာကြတ်ထိ)ဖြင့်မြှောက်ပါ။ ရလာသေဖြေသည်ယင်းအခန်း၏ square footage ဖြစ်ပါသည်။

-ထို့နောက် ဆေးသုတ်ရမည့် square footage မည်မျှရှိသည်ကိုတွက်ဆကြည့်ကြပါစို့။ တံခါးရွက်နှင့်ပြူတင်းပေါက်များကို မတူညီသောဆေးအမျိုးအစားသုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကိုနုတ်ပေးရပါမည်။ ယေဘူယျအားဖြင့် တံခါးတချပ်ချင်းစီအတွက် 20 square feet ပြူတင်းပေါက်တခုချင်းစီအတွက် 15 square feet နုတ်လိုက်ရုံပါဘဲ။ ရလာသောအဖြေသည်‌ ဆေးဖုံးအုပ်ရန်သုတ်ရမည့် အနီးစပ်ဆုံးနံရံဧရိယာဖြစ်ပါလိမ့်မည်။

-ယင်းဧရိယာကို 350 ဖြင့်စားလိုက်ပါက နံရံအတွက်လိုအပ်သောဆေးပမာဏ(ဂါလံ)ကိုရပါမည်။ အဖြေတွင် စားကြွင်းက .5 ထက်နည်းပါက ကွာတား2ဗူးဖြင့်လုံလောက်နိုင်သော်လည်း .5 ထက်များပါက 1ဂါလံဝယ်သင့်ပါသည်။
Example
-14x20 ပေအခန်း အမြင့် 8ပေ တံခါး2ပေါက်၊ ပြူတင်းပေါက်2ခုရှိသောအခန်းကိုတွက်ကြည့်ကြပါစို့။

Ceilingဆေးတွက်ဆမှု

1. Ceiling ၏အလျား‌ပေxအနံပေ= Ceiling area
14x20=280 square feet
2. 350ဖြင့်စားပြီးဘယ်နှစ်ဂါလံလိုမလဲတွက်ကြည့်ကြပါစို့။
280á350=0.8
ထို့ကြောင့် ceiling ဆေးတထပ်သုတ်ရန်1ဂါလံလိုအပ်ပါမည်။2ထပ်သုတ်လျင်2ဂါလံလိုအပ်ပါမည်။

နံရံဆေးတွက်ဆမှု
1. နံရံတချပ်ချင်းစီ၏အ‌လျားပေကိုပေါင်းပါ။
14+20+14+20=68 ပေ
2. နရံဧရိယာတွက်ရန်အ‌ဖြေကိုနံရံအမြင့်ပေဖြင့်မြှောက်ပါ။
68x8=544 square feet
3. ဆေးတကယ်သုတ်ရန်လိုသောနံရံဧရိယာကိုရှာရန် တံခါး1ချပ်စီတိုင်းအတွက် 20 square feetနုတ်ပါ(20x2=40)၊ ပြူတင်းပေါက်တခုချင်းစီတိုင်းအတွက် 15 square feet နုတ်ပါ (15x2=30)
544-70=474 square feet
4. ယင်းအ‌ဖြေကို 350ဖြင့်စားပြီးဝယ်ယူရမည့်ဆေးဂါလံကိုတွက်ကြပါစို့။
474á350=1.4
ထို့ကြောင့် ဆေး1ထပ်သုတ်ရန် 1ဂါလံ 2ကွာတားလိုအပ်ပါမည်။ 2ထပ်သုတ်မည်ဆိုပါက ဆေး2ဆဝယ်ရန်လိုအပ်ပါမည်။

တံခါး၊ ပြူတင်းပေါက် ဆေးတွက်ဆမှု
1. 20 square feet= တံခါး1ချပ်
တံခါးအရေအတွက်ကို 20 ဖြင့်မြှောက်ပါ။
2x20=40 square feet
2. ပြုတင်းပေါက်အရေအတွက်ကို 7.5 ဖြင့်မြှောက်ပါ။
2x7.5=15 square feet
3. ယင်းအဖြေများကိုပေါင်းပါ။
40+15=55
4. 350 ဖြင့်စားပါ။
54á350=0.16
ထို့ကြောင့် ဆေး1ကွာတားဝယ်ဖို့လိုအပ်ပါမည်။ တံခါး၊ ပြူတင်းပေါက် တို့အားနှစ်ဖက်စလုံးသုတ်မည်ဆိုလျင် အဖြေကို2ဖြင့်မြှောက်ပါ။

Internetမှဘာသာပြန်ဖော်ပြပါသည်။
-------------------------------------------



06/07/2024

“ပန်းရံတို့၏ အမူအကျင့်ဆိုးများ”
နှင့်
Site engineer မှ ပြုပြင်သွန်သင် လမ်းပြကွပ်ကဲ ကြီးကြပ်အုပ်ချုပ် ပေးရမည့် ဆောက်လုပ်ရေးနည်းပညာ Construction method များ
(အပိုင်း-၁)

(၁) ကြမ်းခင်း topping လောင်းရာ၌ Drawing ဖော်ပြချက် အပါအဝင် အင်ယာနည်းပညာ၌ 1:2:4 ကွန်ကရိ တစ်လက်မခွဲဒု လောင်းရမည် ဖြစ်သော်လည်း (တစ်မတ်ကျောက် Bကျောက်ဖြင့် ဖျော်စပ်ရမည် ဖြစ်သော်လည်း) သဲနှင့် ဘိလပ်သာ ပါဝင်သည့်
ဘိလပ်မြေမဆလာ 1:2 to 1:4 mortar အား ရေပျော့ပြဲနေအောင်ဖျော်၍ topping လောင်းခြင်း

(၂) အတွင်းကြမ်းခင်း Subfloor သို့မဟုတ် အပြင်လမ်းအခင်းများ လောင်းသည့်အခါ Drawing သို့မဟုတ် အင်ယာနည်းပညာအရ 1:3:6 ကွန်ကရိ ၄လက်မခွဲ ဒုခန့် လောင်းပေးရမည် ဖြစ်သော်လည်း ကွန်ကရိအချိုးအား မျက်မှန်းဖြင့် ရမ်းသမ်းဖျော်စပ်ခြင်း၊ အနှစ်တက်ရန် ဆိုပြီး သဲပိုထည့်ခြင်း၊ လယ်ဗယ်မာကာများ စနစ်တကျ မပြုလုပ်ထားဘဲ ရေပျော့ပျော့ဖျော်၍ ရေစပ်စပ်တက်အောင် မျဉ်းတံသေးဖြင့်ရိုက်ကာ လယ်ဗယ်မှန်းဆ လောင်းခြင်း

(၃) နာရီဝက် ၄၅မိနစ် ကျော်လွန်ပြီးသော မဆလာ သို့မဟုတ် ကွန်ကရိအား ရေထပ်မံရောစပ်၍ သုံးစွဲခြင်း၊ ကွန်ကရိလောင်းပြီး နောက် Curing ပေးရန် စီစဉ်မှု မရှိခြင်း

(၄) ဖူတင်ကျင်း နှင့် သံဇကာ ၃” ကွာခြားနေရန် ကျင်းနှုတ်ခမ်းများအား ညှိမပေးဘဲ သံချောင်းနှင့် မြေကြီး ထိတွေ့နေသည်ကို မပြုပြင်ခြင်း၊ ဖူတင်ကျင်းထဲ သန့်ရှင်း နေအောင် ဂရုမစိုက်ဘဲ ကွန်ကရိလောင်းခြင်း

(၅) ကွန်ကရိဖျော်ရာ၌ ချင်တွယ်ပုံးများဖြင့် အချိုးမှန်အောင် ထိန်းချုပ်ရမည့်အစား မျက်မှန်းဖြင့် ထင်သလို ဖျော်စပ်ခြင်း၊ ရေ အပျော့အမာ တည်ငြိမ်အောင် ထိန်းချုပ်မှု လုံးဝ မရှိခြင်း

………

13/04/2024

Pae ကြမ်း R.C၄၄၀၀၀-၄၉၀၀၀
​ချောထည် R.C၆၀၀၀၀-၇၅၀၀၀၀
Note 13.4.2024

သစ်သားတွေကို ဘယ်လိုဆေးသုတ်ကြမလဲ???သစ်သားဆိုတာ တန်ဖိုးကြီးပါတယ်။ သစ်သားနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းများက ပိုပြီးတန်ဖိုးရှိပါတ...
13/04/2024

သစ်သားတွေကို ဘယ်လိုဆေးသုတ်ကြမလဲ???

သစ်သားဆိုတာ တန်ဖိုးကြီးပါတယ်။ သစ်သားနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းများက ပိုပြီးတန်ဖိုးရှိပါတယ်။ ကျွန်း၊ ပိတောက်၊ သစ်မာ၊ ပျဉ်းကတိုးကနေစလို့ ကု က္ကိုယ်သားထိ အစုံ သုံးကြပါတယ်။ သေသေချာချာ ဆေးမသုတ်ဘဲ မိုးရေလေ ထဲ ဖြစ်သလို ထားမယ်ဆိုရင်တော့ ကြာ လာရင် ဆေးမြေ့ပျက်စီး ခြကိုက်သွားမှာမို့ သစ်သားတွေကို စနစ်တကျဆေးသုတ်ပေး ဖို့ လိုအပ်ပါတယ်။

သစ်သား၊ ပရိဘောဂဆေးအမျိုးအစား ပေါင်းများစွာရှိသလို ဆေးသုတ်နည်းလည်း အမျိုးမျိုးရှိပါတယ်။ သုတ်မဲ့ ဆေးအမျိုး အစား၊ သစ်သားအမျိုးအစား၊ သစ်သား အသုံးပြုမဲ့နေရာပေါ်မူတည်ပြီး ဆေးသုတ် နည်းကွာ သွားနိုင်တာမို့ အတွေ့အကြုံရှိ ဆေးဆရာတွေရဲ့ အကြံပေးမှုအောက်မှာ ပဲ ဆေးသုတ်ပေးပါ။ အခု မြန်မာပြည်မှာ အသုံးများတဲ့ တံဆိပ်တွေပေါ်မူတည်ပြီး ဘယ်လို ဆေးသုတ်ကြမလဲ?
အလွယ်ပြောထားပေးပါတယ်။ အဆင့် လိုက်သုတ်ပေးရပါမယ်။

၁။ ပတ်တီး - သစ်သားအပါက်အနာအဟ တွေကို ပတ်တီးနဲ့ ဖြည့်ပေးပါ။

✔သန့်ရှင်းရေးလုပ်

ကော်ပတ်စား ၆၀ - ၁၅၀

ပတ်တီး + ရေ

ပတ်တီးကတ်နဲ့သုံး

၂။ အရောင်ညှိဆေး (Bleach) - သစ်သား အရောင် ရင့်နေတာမျိုး၊ မညီတာမျိုး ဖြစ် နေရင် ဒါလေး ထည့်သုံးပေးပါ။ သစ်ကြော သစ်ကွက်တွေကို မပျောက်စေဘဲ နဂိုထက်ပို ပြီး သစ်လွင် လှပသွားစေပါတယ်။ မလိုရင် ဒီအဆင့်ကျော်သွားပါ။

✓ Bleach + ထုတ်ဝေမှု

မြင်းမွှေးစုတ်တံ

ကော်ပတ် ၁၅၀

၃။ ဖီလာ (Filler) - သစ်သားပေါ် သနပ်ခါး ပျစ်ပျစ်လိမ်းသလို လိမ်းပေးပါ။ အရောင်အစုံ ရှိတာမို့ စိတ်ကြိုက်ရွေးပြီး သုတ်လို့ရ ပါတယ်။

ဖီလာ + တင်နာ (တံဆိပ်တူရမယ်)

မြင်းမွှေးစုတ်တံ

ကော်ပတ် ၁၅၀

အခြောက်ခံ၊ ကော်ပတ်စား၊ လို သလောက်ထပ်သုတ်

၄။ ဆီလာ (Sealer) - သူက နှစ်ဖက်တိပ်လို မျိုးပဲ။ အထက်ဆေး အောက်ဆေး ဆွဲချုပ် ပေးမှာ။ သူမပါရင် ဆေးသားကြွလာမှာပါ။ အိမ်တွင်းအလှဆင်ဖို့ သုတ်မယ်ဆို NC, PC, AC သုံး။ သူတို့က မိုးရေနေဒဏ် မခံနိုင်ဘူး။ AC က ဆေးသားပိုပြည့်လို့ ပိုသုံးကြတယ်။ ဒါပေမဲ့ အက်စစ်ပါတာမို့ ဆေးသုတ်တဲ့ကိုယ့် ဆရာတွေ Mask တပ်ပေးနော်။ ထမင်းစား စားပွဲ၊ ကလေးသုံးပရိဘောဂတွေမှာ သုံးရင် ရေရှည်ဆို ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အပြင်သုတ်မှာဆို ရှင်းပါတယ်။ PU ပါတာပဲ သုံးပါ။ မိုးရေနေဒဏ်ခံနိုင်တယ်။

ဆီလာ+Hardener+တင်နာ(တံဆိပ်တူရမယ်)

ကော်ပတ် ၃၂ဝ

အခြောက်ခံ၊ ကော်ပတ်စား၊ လို

သလောက်ထပ်သုတ်

၅။ Top Coat - မှိန်ချင်ရင် Matt ပြောင်ချင် ရင် Gloss။

✓ Top Coat + Hardener +တင်နာ

ကော်ပတ် ၃၂ဝ

အခြောက်ခံ၊ ကော်ပတ်စား၊ လို

သလောက်ထပ်သုတ်
Crd

ပေါ်လစ်အကြောင်း တစေ့တစောင်း~~~~~~~~~~~~~ ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူ...
31/03/2024

ပေါ်လစ်အကြောင်း တစေ့တစောင်း
~~~~~~~~~~~~~

ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူမှသာ အသုံးပြုရတာ လွယ်ကူမှာ ဖြစ်ပါတယ်။

နိုင်ငံခြားပေါလစ်ဆေးတွေမှာတော့ လုပ်ငန်း (၃) ရပ်ရှိတယ်လို့ လေ့လာမိပါတယ်။

1 ဖီလာ (Filler)

ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်အတော်များများ ရှိတတ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ (Thinner) နဲ့ ဖျော်ရပါတယ်။

2 ဆီလာ (Sealer)

ဆီလာမှာလည်း အများကြီး သိဖို့တော့ မလိုပါဘူး လေးမျိုးလောက် သိထားရင်ကို အဆင်ပြေနေပါပြီ။

(၁) NC ဆီလာ နဲ့ PC ဆီလာ
=====================

ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွဲလှပါဘူး။

NC/PC ၁ဆ+သင်နာ၂ဆ
ဒီအချိုးအတိုင်း ဖျော်စပ်သုတ်ရပါတယ်။

ဒါမှ သစ်ကြော ပိတ်တာ မပိတ်တာကို သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ။ အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာ ပါပါတယ်။

(၂) AC ဆီလာ
==========

AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတယ်၊ ကြည်လင်တယ်၊ ရှင်းသန့်တယ်၊ အလယ်အလတ် တန်းစား
ဆီလာ လို့သိထားရင်ရပါတယ်။

AC ဆီလာမှာတော့ ဟာဒနာ ပါဝင်လာပါတယ်။ ဟာဒနာဆိုတာကတော့ ခြောက်သွေ့မြန်စေတဲ့ ဆေးဖြစ်ပါတယ်။ ဆီလာတွေက သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီမှာ အချိုးအစား အများကြီး မသုံးထားပါဘူး။ AC ဆီလာ ၁၀ဆ+ ACဟာဒနာ ၁ဆ + AC သင်နာ ၅ ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာတွေပါ။ ပရိဘောဂအတွက် အသုံးပြုတာပိုအဆင်ပြေပါတယ်။

(၃)PU ဆီလာ
==========
PU ဆီလာက သစ်ဆီအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်။ ဆီလာသား နည်းနည်းနောက်တယ်၊ အိတယ်၊ ချောမွေ့တယ်၊ ပြောင်တင်းတယ်။

ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း၊ လှေခါးပိုင်းလို အနင်းပိုင်းတွေအတွက် သင့်တော်ပါတယ်။
ဈေးလည်း မြင့်ပါတယ်။ ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြု့မှုပိုများလာပါတယ်။

PU ဆီလာ ၁၀ဆ+PU ဟာဒနာ၅ဆ+PU သင်နာ ၅ဆ သုံးမျိုးပေါင်းစပ် ဖျော်သုတ်ရပါတယ်။

3 Lacquer နဲ့ Topcoat

တတိယ လုပ်ငန်း ဖြစ်တဲ့ ... Lacquer နဲ့ Topcoat ရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးကို ပြောပြပေးပါမယ်။

Lacquer လိုက်ကာ တွေဟာ NC/PC (ဆီလာ) နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။

သူ့ကို သင်နာ နဲ့ ပေါင်းစပ် ပြီး နှစ်မျိုးထဲ သုံးလာတာ တွေ့ရပါတယ်။ 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UT လို့ရေထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။

ခြောက်ချိန်နှေးတယ်၊ သင်နာ အမျိုးအစားရွေးတယ်၊ ကြည်လင်တယ်၊ အသန့်ကြိုက်တယ်၊ ရုပ်ထွက်ကောင်းတယ်၊ %ရာခိုင်နုန်းနဲ့ပြောရင် 90%လောက် ထိကြည်လင်တယ်၊ ပြောင်တယ်။

T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ သင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိတယ်။ 80% နှုန်း လောက်ထိပြောင်လက်ပါတယ်။

ဒီအမျိုးအစားထဲမှာ အမှိန်တွေ လာတတ်ပါတယ်။
အမှိန်လိုက်ကာတွေက ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရတတ်ပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာ အပိုင်းဖြစ်ပါတယ်။

Topcoat ကိုတော့ ဆီလာတွေနဲ့ သီးသန့် တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ပဲ နားလည်ထားပါတယ်။

NC /PC topcoat
AC / Topcoat
PU / Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုး
အစားအတိုင်း အသုံးပြု့ပေးရမှာဖြစ်ပါတယ်။

နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ် အသုံးပြုလို့ ရပါတယ်။

Address

Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when 𝐊𝐏𝐆 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share