Burmese Structuralism

Burmese Structuralism Structural service

0.86 degree လေးက အုန်းလက်ရှည်သလောက် Deviations များလာပါတယ်။
02/09/2026

0.86 degree လေးက အုန်းလက်ရှည်သလောက် Deviations များလာပါတယ်။

အမိုးကို 3D မထောင်ဖြစ်ခဲ့ရင် ဒီ Equation လေးနဲ့ Purlin တို့ သွပ်ပြားတို့ လျာရပါမယ်။ မေ့ပြီး 45 degree ဖြင့်လျာခဲ့ရင် အုန်းလက်နေရာတွင် အုန်းလက် ရှည်ရင်ရှည်သလောက် တိုနေပါလိမ့်မည်။

တရုတ်ပြည်ကတင်သွင်းတဲ့ မယ်လမင်းဓာတ်နဲ့ဖွံ့ဖြိုးလာတဲ့အူးနှောက်ပိုင်ရှင်တွေရဲ့အတွေးအခေါ်နဲ့... Thomas Paulay တို့လို ဆီဦးထ...
30/08/2026

တရုတ်ပြည်ကတင်သွင်းတဲ့ မယ်လမင်းဓာတ်နဲ့ဖွံ့ဖြိုးလာတဲ့အူးနှောက်ပိုင်ရှင်တွေရဲ့အတွေးအခေါ်နဲ့... Thomas Paulay တို့လို ဆီဦးထောပတ်စားပြီးဖွံ့ဖြိုးလာတဲ့အူးနှောက်ပိုင်ရှင်တွေရဲ့အတွေးအခေါ်က ဆီနဲ့ရေ... နံ့သာဖြူနဲ့အီအီးလိုကွာခြားလှပါတယ်။

Structural Frame ကိုသာ သိန်း ၁၀၀၀ လောက်ပဲသုံးပြီး Interior Decoration မိတ်ကပ်လူးတာကိုကျတော့ သိန်း ၃၀၀၀ ထောင်လောက်သုံးနေတဲ့တိုင်းပြည်ကို ဆင်းရဲတယ်လို့ဘယ်သူပြောတာလဲ?

တိုင်းပြည်ဆင်းရဲလို့ဆိုတဲ့အကြောင်းပြချက်နဲ့ခြွေတာလာလိုက်တာ...
မန်းလေးငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ အမေရိန်ကန်ဒေါ်လာ ဘယ်နှဘီလျံလောက်သွားသလဲ?
ငလျင်ပြီးပြန်လည်ထူထောင်ရေးမှာသုံးလိုက်ရတဲ့ကုန်ကျစရိတ်တွေကရော ဒေါ်လာ ဘယ်နှဘီလျံလောက်ရှိပြီလဲ?

တိုင်းပြည်ကဆင်းရဲလို့ Structure ဘေးအန္တရာယ်ကင်းရှင်းမှုကိုအပြည့်အ၀မလိုက်နာနိူင်ပါဘူးဆိုတော့... မတ်လ ၂၈ ရက်နေ့က သေသွားတဲ့ ထောင်ပေါင်းများစွာသောလူတွေသာ သေရွာကနေပြန်လာနိူင်ရင်ဘာပြောမယ်ထင်သလဲ?

Site Engineer များ သွပ်ပြား လျာကြည့်ရအောင်....
26/08/2026

Site Engineer များ သွပ်ပြား လျာကြည့်ရအောင်....

သွပ်ပြားလျာတဲ့အခါ ဒလွယ်ခုတ် အရပ်လို့ ခေါ်ပါတယ်။

ငလျင်လှုပ်တာဟာ .......     " မင်းဟာ ကားကို ၁၀ နှစ်ဆက်တိုက် မောင်းမယ်ဆိုရင် လမ်းမှာ မတော်တဆမှု အကြီးစား တစ်ကြိမ်ကြုံရနိုင...
25/08/2026

ငလျင်လှုပ်တာဟာ .......

" မင်းဟာ ကားကို ၁၀ နှစ်ဆက်တိုက် မောင်းမယ်ဆိုရင် လမ်းမှာ မတော်တဆမှု အကြီးစား တစ်ကြိမ်ကြုံရနိုင်ခြေ ဘယ်လောက်ရှိလဲ" ဆိုပြီး စဉ်းစားတာနဲ့ တူပါတယ်။

10နှစ်လုံး အကြီးစားအန္တရာယ်နဲ့ မကြုံရတာလည်း ဖြစ်နိုင်တာပါပဲ။ အမှန်တကယ်လည်း အများစုက အဲဒီလိုပဲ ကုန်ဆုံးသွားကြပါတယ်။ ကျွန်တော်တို့ အဖေတွေလက်ထက်မှာ ငလျင်ကြီး‌တွေကို မကြုံရသလိုမျိုးပါပဲ။

တကယ်တမ်း စဉ်းစားကြည့်ရင် -
ကားမတော်တဆမှု ဆိုတာ တစ်ဦးနဲ့တစ်ဦး သီးခြားစီ၊ မတူညီတဲ့ အချိန်တွေမှာ၊ မတူညီတဲ့ နေရာတွေမှာ တစ်ယောက်ချင်းစီ ကြုံရတာဖြစ်လို့ (Independent Events) လူ ၁၀၀ မှာ ၂ ယောက်ဆိုတာ သီးခြားစီ ဖြစ်ပျက်တာပါ။

ဒါပေမဲ့ ငလျင် ဆိုတာကတော့ ကားတွေလို တစ်ယောက်ချင်းစီ တစ်စီးချင်းစီ ခွဲပြီး ဖြစ်တာမဟုတ်ဘဲ၊ မြို့တစ်မြို့လုံး၊ ဒေသတစ်ခုလုံးကို "တစ်ပြိုင်နက်တည်း" (Simultaneously) ရိုက်ခတ်သွားတာ ဖြစ်ပါတယ်။

ဥပမာ- "နှစ် ၅၀ အတွင်း 2%" လို့ ပြောတဲ့အခါ အဲဒီငလျင်ကြီး လှုပ်လာပြီဆိုရင် မြို့ထဲမှာရှိတဲ့ အဆောက်အဦးတစ်ခုချင်းစီက သီးခြားစီ စမ်းသပ်ခံရတာ မဟုတ်ဘဲ၊ အားလုံးဟာ အဲဒီ ငလျင်လှိုင်းကြီးရဲ့ ရိုက်ခတ်မှုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ကြရတာပါ။

နောက်တစ်ခုက .....

လူရှုပ်ပြီး အမြဲမပြတ် အန္တရာယ်ခြိမ်းခြောက်နေတဲ့ လမ်းပေါ်မှာ ကားမောင်းနေရတဲ့အခြေအနေမျိုးဟာ ......

"အချိန်မရွေး ငလျင်ဒဏ်ကို တိုက်ရိုက်ခံရနိုင်တဲ့
ပြတ်ရွေ့ကြောဘေးမှာ မြို့ပြတည်ဆောက်ထားတာနဲ့တူပါတယ်"

ထပ်ပြီးပြောရရင် ..... လူရှင်းပေမယ့် မကောင်းတဲ့လမ်းဆိုးမှာ မောင်းရတာကျ ဘာနဲ့တူသလဲဆိုရင် ...

ဘန်ကောက်မြို့ (သို့မဟုတ်) ရန်ကုန်မြို့တို့လို အဓိကပြတ်ရွေ့ကြီးတွေနဲ့ တိုက်ရိုက်မကပ်ပေမဲ့၊ မြေသားအနေအထားက နုံးမြေ သို့မဟုတ် ရွှံ့စေးထူထပ်တဲ့ မြေပျော့ (Soft Soil) ဖြစ်နေမယ်ဆိုရင်၊ အဝေးကလာတဲ့ ငလျင်လှိုင်းတွေကို ပြန်လည်ချဲ့ထွင်အားကောင်းစေတာ (Amplification) နဲ့တူပြန်ရော။

ဒါကြောင့် လူရှုပ်ပြီးမောင်းရတဲ့လမ်း ဒါမှမဟုတ် လူရှင်းပြီး ဆိုးရွားတဲ့လမ်းမှာ မောင်းရတဲ့အခါ ကားမတော်တဆ ဖြစ်ခဲ့ရင် ကားရှေ့ပိုင်း ပိန်သွားပေမဲ့ လူလွတ်မြောက်သွားတဲ့ Design မျိုးဖြစ်အောင် Design လုပ်ပေးရတာသည်သာ လက်တွေ့အကျဆုံးကိစ္စ ဖြစ်ပါတယ်။

တင့်ကား Tank လိုမျိုး ဘယ်လိုပဲ တိုက်တိုက် လုံးဝ ပိန်စရာမလိုတဲ့ကားမျိုးနဲ့ မြို့ထဲက ယာဉ်ကြောစနစ်မှာ သုံးလို့မရသလို လိုရာလည်း ရောက်မှာ မဟုတ်ပါဘူး။အလုပ်လည်း မဖြစ်တဲ့စနစ်ပါ။

Beam တွေ၊ column အဆစ်တွေ (Plastic Hinge / Ductile Zones) ကနေ စွမ်းအင်ကို ထိန်းချုပ်စုပ်ယူပေးခြင်း သို့မဟုတ် ကိုယ်လိုချင်တဲ့ပုံပျက်ခြင်းကို စဉ်းစားထားခြင်းသည်သာ အဆောက်အဦး တစ်လုံးလုံး ဒေါင့်လိုက်ပြိုကျခြင်း (Global Collapse) မဖြစ်အောင် ကာကွယ်ပေးပြီး အတွင်းမှာရှိတဲ့ လူတွေရဲ့ Life Safety ကို အပြည့်အဝ အာမခံချက် ပေးပါတယ် ။

20/08/2026

သင်တန်း ကိစ္စ ၊ အလုပ်ကိစ္စ အတွက် သီးသန့်ထားတဲ့ Page ပါ ခဗျ။ Follow ပေးစေချင်ပါတယ်။

BurmeseStructuralism page ကိုတော့ သီးသန့် Structure နဲ့ပတ်သက်တဲ့ Technical Terms သီးသန့်ပဲ ထားချင်လို့ပါ။

Please follow Burmese Structuralism : Business & Courses

04/08/2026

Designer ရဲ့ specific yield strength ကို အသိမပေးပဲ Yield Strength ပိုမြင့်သော သံချောင်း ကို ပြောင်းသုံးလျှင် ဘာဖြစ်မာလဲ?

- ပိုကောင်းသွားမာလား?
- ပိုဆိုးသွားနိုင်ခြေ ရှိသလား ?

နောက်တစ်ခုက GB 1499.2 Code အရ Seismic Zone များရှိ အဆောက်အအုံများတွင် "E" Grade (Seismic Rebar) ကို အသုံးပြုရန် လိုအပ်ကြောင်းပါရင် မြန်မာပြည်က HRB တွေကရော လိုက်နာဖို့ မလိုအပ်ဘူးလား?

Ordinary Grade နဲ့ "E " Grade က Yield Strength တူတူပဲဆိုပြီး သုံးလို့ ရသလား?

ETABS is like a Ferrari, anyone can drive it; but it takes practice and skill to master it. I think it is quite possibly...
25/07/2026

ETABS is like a Ferrari, anyone can drive it; but it takes practice and skill to master it. I think it is quite possibly the best "building" design software out there- precisely what a Ferrari driver would say about substituting a Lamborghini for his favorite car :D ) for words

Etabs က user friendly ဖြစ်လွန်းတဲ့ software ဖြစ်ပါတယ်။ သင်မှားနေသလားဆိုတာကို သင့်ဘာသာ judgement လုပ်နိုင်ဖို့ အရေးတကြီး လိုအပ်တဲ့ Software ဖြစ်ပါတယ်။

- ကနဦး တောင့်တင်းမှုအပေါ် အယောင်ယောင်မှားခြင်း- အလေးချိန်ထောင်ချောက်- ရိုးရာဆောက်လုပ်ရေး အလေ့အထများ- ကုန်ကျစရိတ် - -----...
21/07/2026

- ကနဦး တောင့်တင်းမှုအပေါ် အယောင်ယောင်မှားခြင်း
- အလေးချိန်ထောင်ချောက်
- ရိုးရာဆောက်လုပ်ရေး အလေ့အထများ
- ကုန်ကျစရိတ်
-
-
-
-
-
- ...........

PBD အကြောင်း မပြောခင် Axial load ratio နဲ့ Confinement အကြောင်းအရင်ပြောရအောင်.....        ကွန်ကရစ်သည် Brittle ဖြစ်ချင်တဲ...
04/07/2026

PBD အကြောင်း မပြောခင် Axial load ratio နဲ့ Confinement အကြောင်းအရင်ပြောရအောင်.....

ကွန်ကရစ်သည် Brittle ဖြစ်ချင်တဲ့ဗီဇရှိတဲ့ သတ္တဝါဖြစ်ပါတယ်။သူ့ဗီဇက "အမာခံ အပိခံ" ဇာတ်ရုပ်ပါ။ အပေါ်ကနေ ဖိချရင် ကျောက်တုံးလို မာမာခဲခဲနဲ့ ခံနိုင်ရည် အလွန်ကောင်းပါတယ်။ဒါပေမယ့်သူ့ရဲ့ အကန့်အသတ် (Ultimate Strain 0.003) ကို ကျော်သွားတာနဲ့ ဘာအချက်ပြချက်မှ မပေးဘဲ ဝုန်းကနဲ ဖြုန်းကနဲ ကွဲအက် ကြေမွပြပစ်လိုက်တာ သူ့ဗီဇပါပဲ။

Steel သည် Ductile ဖြစ်ချင်တဲ့ ဗီဇ ရှိတဲ့ သတ္တဝါ ဖြစ်ပါတယ်။သူ့ဗီဇက အဆွဲခံ အဆန့်ခံ ဇာတ်ရုပ်ပါ။"ငါ့ကို ထပ်ဆွဲဦးမလား၊ ငါ အရှည်ကြီး အလိုက်သင့် ဆန့်ပေးဦးမယ်" ဆိုပြီး ပုံပျက်သွားပေမဲ့ မပြတ်ထွက်ဘဲ တောင့်ခံပေးထားတတ်ပါတယ်။

သဘာဝတရားအရ အရာဝတ္ထုတိုင်းမှာ Axial Direction (ဝင်ရိုးတည့်တည့်) ကနေ ဖိချလိုက်ရင် Longitudinal အလျားတိုသွားပြီး၊ အဲဒီလိုတိုသွားတဲ့အတွက် ဘေးဘက်ကို ကားထွက်လာတတ်တဲ့ ဗီဇရှိပါတယ်။ ဒါကို Poisson’s Ratio ခေါ်ပါတယ်။

ကွန်ကရစ်က "အပိ" ပဲခံနိုင်တာ၊ "အဆွဲ" မခံနိုင်ပါဘူး။ ဘေးကိုကားထွက်လာတဲ့ Tensile Strain က သူ့ရဲ့ Limit ကို ရောက်တာနဲ့ (သူက Brittle လည်း ဖြစ်တဲ့အတွက်) ဘာအချက်ပြချက်မှမပေးဘဲ ဒေါင်လိုက်အက်ကြောင်းတွေကွဲပြီး ဝုန်းကနဲ ကြေမွ (Splitting/Crushing) သွားဖို့ လမ်းစပျိုးပါတော့တယ်။

ဒီနေရာမှာ ကွန်ကရစ်တိုင်ထဲက Stirrups / Ties (ကွင်းသံ) တွေက ဇာတ်လိုက် ဖြစ်လာပါတယ်။

ကွန်ကရစ်က Poisson's Ratio ကြောင့် ဘေးကို ကားထွက်ဖို့ ကန်ထွက်လာတဲ့အခါ...

ပတ်ပတ်လည်မှာ ဝိုင်းပတ်ချုပ်နှောင်ထားတဲ့ Tie ကွင်းသံတွေကို သွားတိုးပါတယ်။ Tie သံတွေရဲ့ အတွင်းထဲက ပိတ်မိနေတဲ့ Core Concrete ကတော့ သုံးဖက်သုံးတန် ပိတ်ဆို့ခံထားရတဲ့အတွက် (Triaxial State of Stress) ကြောင့် ခံနိုင်ရည်အား (Peak Strength f'_ccရော၊ ပြီးတော့ ပုံပျက်ခံနိုင်စွမ်း (Ultimate Strain £_cu) ပါ အဆမတန် တက်သွားတာ ဖြစ်ပါတယ်။

Steel က သူ့ဗီဇအတိုင်း "အဆွဲခံ၊ အဆန့်ခံ" ဇာတ်ရုပ်ဆိုတော့ ကွန်ကရစ်က ကန်သမျှ Tensile Force အားလုံးကို မပြတ်ထွက်ဘဲ တောင့်ခံပေးထားလိုက်ပါတယ်။ (ချုပ်တည်းပေးလိုက်တာမို့ ဒါကို Confinement လို့ ခေါ်ပါတယ်)။

ဒါက Confinement ကို မြင်သာအောင် ရှင်းပြတဲ့သဘောပါ။

ALR (Axial load ratio)

ALR = Pu/A_g f'_c


Axial Load Ratio ကြီးလာလေလေ၊ Column Cross Section ထဲမှာ ဖိအားဇုန် (Compression Zone) က ပိုကျယ်လာပြီး Neutral Axis က တိုင်ရဲ့ အလယ်ဗဟိုဘက်ကို ပိုတိုးဝင်လာလေလေ ဖြစ်ပါတယ်။

ဒါဆိုရင် Concrete ရဲ့ တစ်ဖက်စွန်း Strain က 0.003 ရောက်ဖို့ ပိုမြန်သွားပြီး Steel က Yield မဖြစ်ရသေးခင်မှာတင် Concrete က အရင် Crushing ဖြစ်ပြီး Brittle Failure (Compression Failure) ဖြစ်သွားစေပါတယ်။

ALR မြင့်နေတဲ့ တိုင်တစ်တိုင်ဟာ ငလျင်ကြောင့် ဘေးကို တိမ်းစောင်းသွားတဲ့အခါ (Lateral Displacement) နဲ့ အပေါ်က သက်ရောက်နေတဲ့ P_uကြောင့် ထပ်ဆောင်းဖြစ်လာတဲ့ P-Delta Moment က အဆမတန် ကြီးထွားလာပါတယ်။

ALR = 0.3 ဆိုတာ အဆောက်အအုံရဲ့ ဝန်ကြောင့် "ကွန်ကရစ် သီးသန့်သက်သက်ရဲ့ ခံနိုင်ရည်အားထဲက ၃၀ ရာခိုင်နှုန်းကို စပြီး သုံး စွဲနေရပြီ" လို့ အဓိပ္ပာယ်ရတာ ဖြစ်ပါတယ်။

အဲဒီလို ကွန်ကရစ် သီးသန့်အင်အားရဲ့ ၃၀ ရာခိုင်နှုန်းကို သုံးလာရပြီဆိုရင်ပဲ သူ့ရဲ့ Brittle ဖြစ်တဲ့ ဗီဇဆိုးက စပြီး ပြချင်လာပြီမို့လို့ (Confinement) စိတ်စိတ်နဲ့ ထိန်းဖို့ Codeက သတိပေးတာ ဖြစ်ပါတယ်။

Static load (ပုံမှန်အထိုင်ဝန်) မှာ ALR = 0.3 ဆိုတာ ကွန်ကရစ်ရဲ့ အင်အား ၃၀ ရာခိုင်နှုန်းကိုပဲ သုံးရသေးတာ မှန်ပေမဲ့၊ ငလျင်လှုပ်နေချိန်မှာတော့ (Cyclic damage) တွေ ရလာတဲ့အတွက် ကွန်ကရစ်ရဲ့ မူလခံနိုင်ရည် f'_c က တဖြည်းဖြည်း ကျဆင်းလာပါတယ်။

ဒဏ်ရာရနေတဲ့ ကွန်ကရစ်တိုင်အတွက် မူလ f'_c က အပြည့်မရှိတော့ဘဲ လျော့သွားတဲ့အတွက်၊ တကယ်တမ်း P_u ဝန်က အတူတူပဲဆိုရင်တောင် Effective ALR က 0.3 ကနေ 0.5 သို့မဟုတ် 0.6 ကျော်အထိ ရုတ်တရက် ထိုးတက်သွားသလို ဖြစ်သွားပါတယ်။

ငလျင်ကြောင့် ဖြစ်လာတဲ့ Flexural Moment (ကွေးညွတ်မှု) က Beam-Column Joint တွေရဲ့ အနီး (တိုင်ခြေ နဲ့ တိုင်ထိပ်) မှာ အများဆုံး ဖြစ်ပါတယ်။ အဲဒီနေရာတွေကို Plastic Hinge Region လို့ ခေါ်တာ engineerတိုင်းသိပြီးသားပါ။

အဲဒီ Plastic Hinge ဇုန်မှာ Axial Load (အပေါ်ကဖိအား) ရော၊ Earthquake Moment (ဘေးတိုက်တွန်းလို့ ဖြစ်လာတဲ့ ကွေးညွတ်မှု) ရော ပေါင်းဆုံသွားတဲ့အခါ ကွန်ကရစ်ရဲ့ တစ်ဖက်ခြမ်းက Extreme Fiber Strain က ကုဒ်တွေက သတ်မှတ်ထားတဲ့ Ultimate Strain Limit 0.003 ကို မျက်တောင်တစ်ခတ်အတွင်း ကျော်ဖြတ်သွားပါတယ်။

အနီးကပ်ချုပ်နှောင်ခံထားရတဲ့ Core Concrete ရဲ့ Ultimate Strain Limit ဟာ 0.003 မှာ ရပ်မနေတော့ဘဲ Confinement ထိရောက်မှုအပေါ် မူတည်ပြီး 0.01 ကနေ 0.015 ကျော်အထိ (၃ ဆကနေ ၅ ဆမက) ခုန်တက်သွားပါတယ်။

ဒီအချက်ကြောင့် Plastic Hinge ဇုန်ဟာ ခိုင်ခံ့မှု (Strength) အနည်းငယ် ကျဆင်းသွားနိုင်ပေမယ့်၊ ပြိုမကျဘဲ ဆွဲဆန့်နိုင်စွမ်း (Ductility) နဲ့ စွမ်းအင်စုပ်ယူမှု (Energy Dissipation) ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး Moment Redistribution (အားပြန်လည်ခွဲဝေမှု) လုပ်ဖို့ အချိန်ရသွားစေတာ ဖြစ်ပါတယ်။


အနှစ်ချုပ်က ALP 30%case ကို ပြောလိုရင်းမဟုတ်ပဲ Plastic hinge region မှာ Confinement စိတ်ပေးရတာကိုမဖြစ်မနေလုပ်ကြရမယ်ဆိုတဲ့ ဆိုလိုရင်းပါ။

ကိုယ်သင်ပေးချင်တဲ့ ပုံစံအတိုင်း သင်တန်းသားတွေကို သင်ပေးလိုက်နိုင်ပါတယ်။ Keep Going .....
29/06/2026

ကိုယ်သင်ပေးချင်တဲ့ ပုံစံအတိုင်း သင်တန်းသားတွေကို သင်ပေးလိုက်နိုင်ပါတယ်။ Keep Going .....

Address

Yangon
11021

Telephone

+959955952868

Website

Alerts

Be the first to know and let us send you an email when Burmese Structuralism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burmese Structuralism:

Shortcuts

Share