Myint Mol Shwe Design & Construction Co.,ltd

Myint Mol Shwe Design & Construction Co.,ltd “ဆေးရုံ၊အိမ်၊ စီးပွါးရေးအဆောက်အဦးများကို ယုံကြည်စိတ်ချစွာ တည်ဆောက်ပေးနေသည့် လူကြီးမင်းတို့ရဲ့ Construction Partner”🅜🅨🅘🅝🅣 🅜🅞🅛 🅢🅗🅦🅔

👷‍♂️ အလုပ်သမားနေ့အား ဂုဏ်ပြုအပ်ပါသည် 👷‍♀️𝐇𝐚𝐩𝐩𝐲 𝐋𝐚𝐛𝐨𝐮𝐫 𝐃𝐚𝐲- 𝐌𝐚𝐲 𝖣𝖺🌈👷👷👷👷👷👷👷🌈𝐌𝐲𝐢𝐧𝐭 𝐌𝐨𝐥 𝐒𝐡𝐰𝐞 𝐃𝐞𝐬𝐢𝐠𝐧 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐂𝐨,.𝐋𝐭𝐝 မှက...
01/05/2026

👷‍♂️ အလုပ်သမားနေ့အား ဂုဏ်ပြုအပ်ပါသည် 👷‍♀️

𝐇𝐚𝐩𝐩𝐲 𝐋𝐚𝐛𝐨𝐮𝐫 𝐃𝐚𝐲- 𝐌𝐚𝐲 𝖣𝖺
🌈👷👷👷👷👷👷👷🌈

𝐌𝐲𝐢𝐧𝐭 𝐌𝐨𝐥 𝐒𝐡𝐰𝐞 𝐃𝐞𝐬𝐢𝐠𝐧 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐂𝐨,.𝐋𝐭𝐝 မှကုမ္ပဏီ၏တိုးတက်မှုနှင့် အောင်မြင်မှုများအတွက်
အဓိကအင်အားဖြစ်သော အလုပ်သမားများနှင့်
ဝန်ထမ်းများအားလုံးကို အထူးလေးစားဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ🌼

လုပ်ငန်းတိုးတက်ရေး၏ နောက်ခံအင်အားမှာ
သင်တို့၏ ကြိုးစားအားထုတ်မှုများကြောင့်ဖြစ်ပါတယ်📌

ရှေ့ဆက်၍လည်း
အရည်အသွေးမြင့် လုပ်ငန်းများကို
ယုံကြည်စိတ်ချစွာ ဆက်လက်ဖန်တီးနိုင်ရန်
အတူတကွ လက်တွဲလုပ်ဆောင်သွားကြပါစို့။👍✨

#𝐇𝐚𝐩𝐩𝐲 𝐋𝐚𝐛𝐨𝐮𝐫 𝐃𝐚𝐲- 𝐌𝐚𝐲 𝐃𝐚y
#𝗆𝗒𝗂𝗇𝗍𝗆𝗈𝗅𝗌𝗁𝗐𝖾

💦ကဆုန်လပြည့်နေ့သည်      ဗုဒ္ဓဘုရားရှင်၏ ဗောဓိပင်ကို 🌳🍃     အမှတ်တရအဖြစ် ညောင်ရေသွန်းလောင်းကာ 💦     ကုသိုလ်ကောင်းမှုများ ...
29/04/2026

💦ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘုရားရှင်၏ ဗောဓိပင်ကို 🌳🍃
အမှတ်တရအဖြစ် ညောင်ရေသွန်းလောင်းကာ 💦
ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည့် မြတ်
မင်္ဂလာနေ့ထူးနေ့မြတ် တစ်နေ့ဖြစ်ပါသည်🙏🏻🙏🏻

🙏🏻ဤနေ့မြတ်တွင် ✨✨
စိတ်နှလုံးအေးချမ်းခြင်း ၊ကောင်းမှုကုသိုလ်တိုးပွါး
ခြင်း၊ အခက်အခဲအတားအဆီးများကင်းဝေးခြင်း
နှင့်ဘဝတစ်လျှောက်လုံး ကောင်းကျိုးသုခများ
ပြည့်ဝနိုင်ကြပါစေကြောင်း ကျွန်တော်တို့
𝐌𝐘𝐈𝐍𝐓 𝐌𝐎𝐋 𝐒𝐇𝐖𝐄 မိသားစုမှ ဆုမွန်ကောင်း
တောင်းပေးလိုက်ရပါတယ်ခင်မျာ🙏🏻🙏🏻
#ကဆုန်လပြည့်နေ့
#နေ့ထူးနေ့မြတ်

🌼💦 𝐇𝐚𝐩𝐩𝐲 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝟐𝟎𝟐𝟔 💦🌼👷 𝐌𝐲𝐢𝐧𝐭 𝐌𝐨𝐥 𝐒𝐡𝐰𝐞 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှမြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင်မိတ်ဆွေများ၊ လုပ်ငန်းရှင်များနှင့...
13/04/2026

🌼💦 𝐇𝐚𝐩𝐩𝐲 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝟐𝟎𝟐𝟔 💦🌼

👷 𝐌𝐲𝐢𝐧𝐭 𝐌𝐨𝐥 𝐒𝐡𝐰𝐞 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ
မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင်
မိတ်ဆွေများ၊ လုပ်ငန်းရှင်များနှင့် Customer များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ
ခြင်းများနှင့်ပြည့်စုံကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်မျာ 🙏🏻💦

🌈နှစ်ဟောင်းက အပင်ပန်းများ၊ စိုးရိမ်မှုများအားလုံး
ရေစင်ကြယ်ကဲ့သို့ ဆေးကြောပယ်ဖျက်ပြီးနှစ်သစ်မှာ
ကံကောင်းခြင်းများ၊ အောင်မြင်မှုများအဆက်မပြတ်
ရရှိပါစေ လို့ ကျွန်တော်တို့ 𝐌𝐲𝐢𝐧𝐭 𝐌𝐨𝐥 𝐒𝐡𝐰𝐞 မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်မျာ🙏

#သင်္ကြန်ဆုတောင်း
#𝐡𝐚𝐩𝐩𝐲𝐭𝐡𝐢𝐧𝐠𝐲𝐚𝐧𝐟𝐞𝐬𝐭𝐢𝐯𝐚𝐥
#𝐦𝐲𝐢𝐧𝐭𝐦𝐨𝐥𝐬𝐡𝐰𝐞

✨🙏𝐌𝐘𝐈𝐍𝐓 𝐌𝐎𝐋 𝐒𝐇𝐖𝐄 မိသားစု မှပြုလုပ်💦💦💦💦💦💦💦💦💦💦💦💦💦💦💦ကျင်းပပေးခဲ့ဖြစ်သောမှ သကြန်အခါသမယ ကုသိုလ်💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦အလှူတော် အစီအစ...
12/04/2026

✨🙏𝐌𝐘𝐈𝐍𝐓 𝐌𝐎𝐋 𝐒𝐇𝐖𝐄 မိသားစု မှပြုလုပ်
💦💦💦💦💦💦💦💦💦💦💦💦💦💦💦
ကျင်းပပေးခဲ့ဖြစ်သောမှ သကြန်အခါသမယ ကုသိုလ်
💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦
အလှူတော် အစီအစဉ် 🙏✨
💦💦💦💦💦💦💦

💦မြန်မာ့နှစ်သစ် သကြန်အခါသမယ၏ အချိန်အခါကောင်းမြတ်သောနေ့ရက်တွင် 𝐌𝐲𝐢𝐧𝐭 𝐌𝐨𝐥 𝐒𝐡𝐰𝐞 မှ ဝန်ထမ်းများအား သာသနာ့ဘောင်သို့ ဝင်ရောက်နိုင်ရန် ရည်ရွယ်၍ ရဟန်းခံရှင်ပြု ကုသိုလ်အလှူတော်ကို ကျင်းပစီစဉ်ပြုလုပ်ပေးခဲ့ပါတယ်ခင်မျာ🌼

🙏🏻ဤကဲ့သို့သော သာသနာပြု ကုသိုလ်အလှူတော်
သည်လူ့ဘဝတွင် အလွန်ထူးမြတ်သော အလှူတစ်ခု
ဖြစ်ပြီး မိမိတို့၏ စိတ်နှလုံးကို အေးချမ်းစေကာ သာ
သနာတော်၏ အလင်းရောင်အောက်တွင် ကောင်းကျိုး
အကျိုးမြတ်များ ရရှိစေသော အကြောင်းအရာတစ်ခုလည်း ဖြစ်ပါတယ်ခင်မျာ 🌿🙏

🙏🏻အလှူဖြစ်မြောက်ရေးအတွက် အဓိက မတည်လှူဒါန်းပေးခဲ့တဲ့ ကျွန်တော်တို့ 𝐌𝐲𝐢𝐧𝐭 𝐌𝐨𝐥 𝐒𝐡𝐰𝐞 𝐂𝐨𝐦𝐩𝐚𝐧𝐲 ရဲ့ 𝐌𝐃 𝐔 𝐓𝐡𝐮𝐫𝐚 အား ကျွန်တော်တို့
𝐌𝐲𝐢𝐧𝐭 𝐌𝐨𝐥 𝐒𝐡𝐰𝐞 ဝန်ထမ်းများကိုယ်စား ကျေးဇူးအထူးတင်ပါတယ်ခင်မျာ🙏🏻😍

🙏🏻အလှူအတန်းအတွက် ပါဝင်ကုသိုလ်ယူခဲ့ကြသော ဝန်ထမ်းတစ်ဦးချင်းစီ၏ သာဓုစိတ်ထားများ၊ ကျွန်တော်တို့ 𝐌𝐲𝐢𝐧𝐭 𝐌𝐨𝐥 𝐒𝐡𝐰𝐞 𝐜𝐨𝐦𝐩𝐚𝐧𝐲 အား ယုံကြည်စွာအပ်နှံပေးလာတဲ့ မိတ်ဟောင်းမိတ်ဆွေများ၊ပံ့ပိုးကူညီခဲ့ကြသော မိသားစုများ၏ မေတ္တာ
စိတ်ထားများနှင့်စီစဉ်ဆောင်ရွက်ပေးခဲ့ကြသော ဝန်ထမ်းများကြောင့် ဤအလှူတော်သည် အောင်မြင်
စွာ ပြီးမြောက်ခဲ့ခြင်းဖြစ်ပါတယ်ခင်မျာ🙏🏻

🙏🏻ဤကောင်းမှုကုသိုလ်အစုစု၏ အကျိုးအမြတ်များကိုမိဘနှစ်ပါး၊ ဆရာသမားများနှင့် ကျေးဇူးရှင်
အပေါင်းတို့အား အထူးအမျှအတမ်းပေးဝေပါတယ်ခင်မျာ🙏

🌈ထို့အပြင် သတ္တဝါအပေါင်းအားလုံးလည်း
ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး
ဘဝတစ်လျှောက် ကောင်းကျိုးလိုရာများ ပြည့်စုံနိုင်ကြပါစေကြောင်းမေတ္တာစိတ်ဖြင့် ဆုတောင်း
အပ်ပါတယ်ခင်မျာ🌸✨

သာဓု… သာဓု… သာဓု… 🙏🙏🙏
#သင်္ကြန်အချိန်အခါအလှူတော်မင်္ဂလာ
#ရဟန်းခံရှင်ပြု

🌼𝐄𝐚𝐬𝐭 𝐃𝐚𝐠𝐨𝐧 𝟒.𝟓 𝐑𝐂𝐂 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐏𝐫𝐨𝐣𝐞𝐜𝐭🌼📌📌📌📌📌📌📌📌📌📌📌📌📌📌👷ကျွန်တော်တို့၏ 𝐏𝐫𝐨𝐣𝐞𝐜𝐭 အတွက် အရေးကြီးဆုံးအဆင့်တစ်ခုဖြစ်သော 𝐌𝐚𝐭 𝐅𝐨𝐮𝐧𝐝...
04/04/2026

🌼𝐄𝐚𝐬𝐭 𝐃𝐚𝐠𝐨𝐧 𝟒.𝟓 𝐑𝐂𝐂 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐏𝐫𝐨𝐣𝐞𝐜𝐭🌼
📌📌📌📌📌📌📌📌📌📌📌📌📌📌

👷ကျွန်တော်တို့၏ 𝐏𝐫𝐨𝐣𝐞𝐜𝐭 အတွက် အရေးကြီးဆုံးအဆင့်တစ်ခုဖြစ်သော 𝐌𝐚𝐭 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 လုပ်ငန်းကို စနစ်တကျနှင့် အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်
ပြီး အောင်မြင်စွာ ပြီးစီးခဲ့ပါတယ်😍

⚒️𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 သည် အဆောက်အဦးတစ်ခုလုံး၏
ခိုင်မာမှုနှင့် တည်ငြိမ်မှုကို တိုက်ရိုက်သက်ရောက်စေ
သော အခြေခံအဆင့်ဖြစ်သဖြင့်၊ 𝐒𝐨𝐢𝐥 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧 စစ်ဆေးခြင်းမှ စတင်ကာ 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐢𝐨𝐧 , 𝐑𝐞𝐢𝐧𝐟𝐨𝐫𝐜𝐞𝐦𝐞𝐧𝐭, 𝐅𝐨𝐫𝐦𝐰𝐨𝐫𝐤 နှင့် 𝐂𝐨𝐧𝐜𝐫𝐞𝐭𝐞 𝐂𝐚𝐬𝐭𝐢𝐧𝐠 အဆင့်တိုင်းကို အင်ဂျင်နီယာစံချိန်စံညွှန်းများနှင့်အညီ သေချာစွာ စီမံဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါတယ်ခင်မျာ👍

✅လုပ်ငန်းတစ်ဆင့်ချင်းစီတွင် 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐨𝐧𝐭𝐫𝐨𝐥 နှင့် 𝐒𝐚𝐟𝐞𝐭𝐲 ကို ဦးစားပေးထားပြီး၊ အသုံးပြုသော ပစ္စည်းများနှင့် လုပ်ဆောင်မှုများအားလုံးကို စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်မှုများပြုလုပ်ပေးခဲ့ပါတယ်👍

✅ယခုအခါ 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အဆင့်ကို ခိုင်မာစွာ ပြီးစီးထားပြီးဖြစ်သောကြောင့် နောက်တစ်ဆင့်ဖြစ်သော 𝐂𝐨𝐥𝐮𝐦𝐧 𝐁𝐞𝐚𝐦 နှင့် 𝐒𝐮𝐩𝐞𝐫𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ပါတယ် ခင်မျာ😍

✅ကျွန်ုပ်တို့အနေဖြင့် အရည်အသွေးမြင့်ဆောက်
လုပ်ရေးလုပ်ငန်းများကို ယုံကြည်စိတ်ချစွာ ဆောင်
ရွက်ပေးလျက်ရှိပြီး 𝐂𝐥𝐢𝐞𝐧𝐭 များ၏ ယုံကြည်မှုကို အဓိကထားကာ အကောင်းဆုံးရလဒ်များရရှိစေရန် ကြိုးပမ်းလျက်ရှိသော 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 တစ်ခုဖြစ်သော ကြောင့် လူကြီးမင်းတို့အနေဖြင့် ယုံကြည်စိတ်ချစွာ အပ်နှံဆောင်ရွက်နိုင်ပါတယ်ခငိမျာ😍

☎️အသးစိတ်ဆက်သွယ်စုံစမ်းလိုပါက-

📱. ဖုန်းနံပါတ်-𝟎𝟗-𝟒𝟐𝟎𝟏𝟕𝟗𝟓𝟕𝟖,𝟎𝟗𝟕𝟓𝟐𝟒𝟒𝟎𝟎𝟒𝟕,
𝟎𝟗-𝟕𝟓𝟐𝟒𝟒𝟎𝟎𝟕𝟔
တို့ကို ဖုန်းဖြင့်သော်လည်းကောင်း

🖨️ Viber နံပါတ် - 𝟎𝟗𝟕𝟓𝟐𝟒𝟒𝟎𝟎𝟒𝟕,𝟎𝟗𝟒𝟐𝟎𝟏𝟕𝟗𝟓𝟕𝟖


💻။ Fb page မှ လာရောက်ဆက်သွယ်၍လည်း
စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ🥰🥰



#𝘚𝘪𝘵𝘦𝘴
#𝘩𝘰𝘴𝘱𝘪𝘵𝘢𝘭

#𝗺𝗮𝘁𝗳𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻
#𝗰𝗼𝗻𝗰𝗿𝗲𝘁𝗲


03/04/2026

👷ကျွန်တော်တို့ Myint Mol Shwe Company မှ

တာဝန်ယူဆောက်လုပ်ပေးလျက်ရှိသည့်

အကြောင်းလေးကို ရှင်းပြ

ပေးသွားခြင်းဖြစ်ပါတယ်ခင်ဗျာ👍👷

📌မကြာမီ ထပ်မံပေါ်ထွက်လာမည့် အရှေ့ဒဂုံရှိ

4.5 RCC building လေးအား structure drawing

အရ Mat foundation တည်ဆောက်ထားပေးမှုအား

ပြသပေးသွားမည်ဖြစ်ပါတယ်ခင်ဗျာ🌼


#4.5RCC building

foundation concrete

👷Second floor Slab Casting👷    📌📌📌📌📌📌📌📌📌✅သုဓမ္မာလမ်းမ၊မြောက်ဥက္ကလာပမြို့နယ်ရှိ     3.5 project လေး၏ လုပ်ငန်းဆောင်ရွက်မှု...
10/03/2026

👷Second floor Slab Casting👷
📌📌📌📌📌📌📌📌📌

✅သုဓမ္မာလမ်းမ၊မြောက်ဥက္ကလာပမြို့နယ်ရှိ

3.5 project လေး၏ လုပ်ငန်းဆောင်ရွက်မှုပုံ
ရိပ်လေးဖြစ်ပါတယ်ခင်ဗျာ✅✅

✅ကျွန်တော်တို့ရဲ့ 3.5 Storyed RCC Building
Project ကြီးကတော့ အခုဆိုရင် အရေးကြီးတဲ့
အဆင့်တစ်ခုကို ရောက်ရှိလာပြီဖြစ်ပါတယ်
ခင်ဗျာ။

​✅အဆောက်အဦးရဲ့ ကြံ့ခိုင်မှုအတွက် အဓိကကျတဲ့
Second Slab ကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါ
တယ်။ 👷‍♂️🚧

​✅ကျွန်တော်တို့ အဖွဲ့သားတွေအနေနဲ့ သံချောင်း
ဆင်တာကစလို့ ကွန်ကရစ်အရည်အသွေးအထိ
စံချိန်စံညွှန်းပြည့်မီအောင် အသေးစိတ် စစ်ဆေး
ပြင်ဆင်ထားပါတယ်။

အချိန်မီပြီးစီးဖို့တင်မကဘဲ ရေရှည်ခိုင်ခံ့မှုအတွက်
အင်ဂျင်နီယာကိုယ်တိုင် ကြပ်မတ်ဆောင်ရွက်နေပါ
တယ်။

​👷ဒီ Project လေးကို ယုံကြည်စွာ အပ်နှံထားတဲ့
Client ရဲ့ စိတ်တိုင်းကျဖြစ်စေဖို့ အကောင်းဆုံး
ကြိုးစားတည်ဆောက်ပေးနေသလို၊အဆောက်အဦး
ရဲ့ တိုးတက်မှုအဆင့်ဆင့်ကိုလည်း အမြဲမပြတ်
တင်ပေးသွားပါဦးမယ်ခင်ဗျာ

👷လူကြီးမင်းတို့ရဲ့ နေအိမ်၊ ဆေးရုံ ၊ ရုံးခန်း ၊ကျောင်း
ဆိုင်ခန်းများကို ခေတ်မီခန့် ညားလှပတဲ့ အဆောက်
အဦးလေးဖြစ်ဖိူ့အတွက် တာဝန်ယူဆောင်ရွက်ပေး
ပါတယ်ခင်ဗျာ ❤️❤️

☎️အသးစိတ်ဆက်သွယ်စုံစမ်းလိုပါက-

📱. ဖုန်းနံပါတ် - 09420179578, 09-752440047
တို့ကို ဖုန်းဖြင့်သော်လည်းကောင်း

🖨️ Viber နံပါတ် - 09-752440047 ,
09-420179578

💻။ Fb page မှ လာရောက်ဆက်သွယ်၍လည်း
စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ🥰🥰



#𝘚𝘪𝘵𝘦𝘴
#𝘩𝘰𝘴𝘱𝘪𝘵𝘢𝘭





မြေကွက်ကျဉ်းပေမယ့် အိမ်ထဲမှာ ကျယ်ကျယ်ဝန်းဝန်းနဲ့ အဆင်ပြေဆုံးဖြစ်အောင် ဘယ်လိုဒီဇိုင်းဆွဲမလဲ?​မြေကွက်ကျဉ်းတာဟာ ပြဿနာမဟုတ်ပ...
09/03/2026

မြေကွက်ကျဉ်းပေမယ့် အိမ်ထဲမှာ ကျယ်ကျယ်ဝန်းဝန်းနဲ့ အဆင်ပြေဆုံးဖြစ်အောင် ဘယ်လိုဒီဇိုင်းဆွဲမလဲ?

​မြေကွက်ကျဉ်းတာဟာ ပြဿနာမဟုတ်ပါဘူး။ Space ကို ဘယ်လိုစီမံမလဲဆိုတာကသာ အဓိကပါ။

​✅️ နံရံအကန့်များကို လျှော့ချပါ

​အိမ်ထဲမှာ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ မီးဖိုချောင်ကို နံရံတွေနဲ့ အထပ်ထပ် မကန့်ပစ်ပါနဲ့။ အခန်းတွေကို တစ်ဆက်တည်းဖြစ်နေအောင် (Open Concept) ထားခြင်းက အိမ်ကို ပိုကျယ်သွားသလို ခံစားရစေပါတယ်။ လိုအပ်ရင် နံရံအစား မှန်အကန့် ဒါမှမဟုတ် ပရိဘောဂတွေနဲ့ပဲ အပိုင်းအခြား လုပ်သင့်ပါတယ်။

​✅️ မျက်နှာကျက်ကို မြှင့်ထားပါ

​မျက်နှာကျက်ကို ပုံမှန်ထက် ပိုမြှင့်ထားခြင်း ဒါမှမဟုတ် ထပ်ခိုးပုံစံ ထည့်သွင်းခြင်းက လေဝင်လေထွက်ကို ကောင်းမွန်စေပြီး မွန်းကြပ်မှုကို ကာကွယ်ပေးပါတယ်။

​✅️ အလင်းရောင်နှင့် ပြတင်းပေါက်

​မှောင်နေတဲ့ အခန်းဟာ ပိုကျဉ်းတယ်လို့ ထင်ရတတ်ပါတယ်။ ဒါကြောင့် ပြတင်းပေါက်ကြီးကြီးတွေ ထည့်တာ၊ မှန်တံခါးတွေ သုံးတာမျိုး လုပ်သင့်ပါတယ်။ သဘာဝအလင်းရောင် အိမ်ထဲကို များများဝင်လေ၊ အိမ်က ပိုကျယ်တယ်ထင်ရပြီး လန်းဆန်းလေပါပဲ။

​✅️ နေရာလွတ်တွေကို သေချာသုံးပါ

​လှေကားအောက်က နေရာလွတ်ကို ဗီဒို သို့မဟုတ် စာကြည့်စင် လုပ်တာမျိုး၊ နံရံကပ်ဗီဒိုတွေကို အမြင့်ဆုံးအထိ ဆွဲတင်တာမျိုးတွေ လုပ်သင့်ပါတယ်။ Floor Space ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ပရိဘောဂတွေကို အနည်းဆုံးနဲ့ အထိရောက်ဆုံး ထားရှိရပါမယ်။

​✅️ အရောင်ဖျော့ဖျော့တွေကို ရွေးချယ်ပါ

​နံရံတွေကို အဖြူရောင်၊ ခရင်မ်ရောင် ဒါမှမဟုတ် အရောင်ဖျော့ဖျော့တွေ သုတ်တာက အလင်းကို ပြန်ကန်စေပြီး အခန်းကို ပိုကျယ်သွားသလိုထင်ရပါတယ်။

လူကြီးမင်းတို့ရဲ့ စိတ်ကူးထဲက အိမ်တွေကို အစကနေ အဆုံးထိ စနစ်တကျ တာဝန်ယူ ပုံဖော်ပေးဖို့ Myint Mol Shwe Design & Construction က အမြဲအသင့် ရှိနေပါတယ်ခင်ဗျာ။

🏠 အိမ်တစ်လုံးမဆောက်ခင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက် (၅) ချက်​အိမ်မက်ထဲက အိမ်လေးကို လက်တွေ့အကောင်အထည်ဖော်တော့မယ်ဆိုရင် ...
07/03/2026

🏠 အိမ်တစ်လုံးမဆောက်ခင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက် (၅) ချက်

​အိမ်မက်ထဲက အိမ်လေးကို လက်တွေ့အကောင်အထည်ဖော်တော့မယ်ဆိုရင် စိတ်လှုပ်ရှားဖို့ကောင်းသလို အသေးစိတ် ပြင်ဆင်မှုတွေလည်း လိုအပ်ပါတယ်။ အမှားအယွင်းမရှိဘဲ စိတ်တိုင်းကျဖြစ်စေဖို့ ဒီအချက် (၅) ချက်ကို အရင်ဆုံး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

​၁။ Budget ကို တိတိကျကျ သတ်မှတ်ပါ

​အိမ်ဆောက်တဲ့အခါ အရေးကြီးဆုံးက ငွေကြေးစီမံခန့်ခွဲမှုပါ။ အခြေခံဆောက်လုပ်ရေးစရိတ်အပြင် အချောထည်လုပ်ငန်းတွေ၊ မထင်မှတ်ထားတဲ့ အထွေထွေကုန်ကျစရိတ်တွေ (ဥပမာ - လျှပ်စစ်၊ ရေပိုက်၊ မီးဖိုချောင်အလှဆင်ခြင်း) အတွက်ပါ budget ကို ပိုလျှံအောင် တွက်ချက်ထားသင့်ပါတယ်။

​၂။ မိသားစု လိုအပ်ချက်နဲ့ ဒီဇိုင်းကို ညှိနှိုင်းပါ

​အိပ်ခန်း ဘယ်နှခန်း လိုမလဲ? ဧည့်ခန်းက ဘယ်လိုပုံစံမျိုး ဖြစ်ချင်တာလဲ? ကလေးတွေ ဒါမှမဟုတ် လူကြီးမိဘတွေအတွက် ဘယ်လိုစီစဥ်မလဲဆိုတာတွေ သေချာစဉ်းစားပါ။ ကိုယ့်ရဲ့ မြေကွက်အကျယ်အဝန်းနဲ့ ကိုက်ညီပြီး လေဝင်လေထွက်ကောင်းမယ့် ဒီဇိုင်းမျိုးကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

​၃။ ယုံကြည်စိတ်ချရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ရွေးချယ်ပါ

​အိမ်တစ်လုံးရဲ့ ကြံ့ခိုင်မှုဟာ ဆောက်လုပ်တဲ့ အဖွဲ့အစည်းအပေါ်မှာ အများကြီး မူတည်ပါတယ်။ အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာတွေ၊ ကျွမ်းကျင်လုပ်သားတွေနဲ့ စနစ်တကျ တာဝန်ယူပေးမယ့် လုပ်ငန်းမျိုးကို ရွေးချယ်တာက သင့်ကို စိတ်အေးရစေမှာပါ။

​၄။ ဥပဒေကြောင်းအရ လိုအပ်ချက်များ ပြင်ဆင်ပါ

အိမ်မဆောက်ခင်မှာ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဆီက ဆောက်လုပ်ခွင့် Permit ကျပြီးပြီလားဆိုတာ သေချာစစ်ဆေးရပါမယ်။ လမ်းနယ်ကျွံမှု ရှိ၊ မရှိနဲ့ အိမ်ကပ်လျက် ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ဥပဒေဘောင်အတွင်းက ပြင်ဆင်ထားဖို့ လိုပါတယ်။

​၅။ အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများကို လေ့လာပါ

​အုတ်၊ သဲ၊ ကျောက်၊ သံချောင်း ကစလို့ ဆေးအရောင်အထိ ဘယ်လိုအမျိုးအစားတွေ သုံးမလဲဆိုတာ ကြိုတင်လေ့လာထားပါ။ ဈေးနှုန်းသက်သာတာထက် အရည်အသွေးနဲ့ ရေရှည်ကြံ့ခိုင်မှုကို ဦးစားပေးရွေးချယ်တာက နောင်တစ်ချိန် ပြုပြင်ထိန်းသိမ်းစရိတ်တွေကို လျှော့ချပေးနိုင်ပါတယ်။

​အိမ်ဆောက်တာကို ပင်ပန်းတဲ့အလုပ်တစ်ခု မဖြစ်စေဘဲ ပျော်ရွှင်စရာ ဖန်တီးမှုတစ်ခု ဖြစ်စေဖို့ဆိုရင် ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံးပါပဲ။

​လူကြီးမင်းတို့ရဲ့ အိမ်မက်တွေကို အစကနေ အဆုံးထိ စနစ်တကျ တာဝန်ယူ ပုံဖော်ပေးဖို့ Myint Mol Shwe Design & Construction က အမြဲအသင့် ရှိနေပါတယ်ခင်ဗျာ။


📝နှစ်တစ်နှစ်၏ ပထမဆုံးလတွင်      📌📌📌📌📌📌📌📌📌     လုပ်ငန်းထပ်မံအပ်နှံ၍ မင်္ဂလာစာချုပ်ချုပ်ဆိုခြင်း🖌️      📌📌📌📌📌📌📌📌📌📌📌📌📌📌🤝ယုံ...
31/01/2026

📝နှစ်တစ်နှစ်၏ ပထမဆုံးလတွင်
📌📌📌📌📌📌📌📌📌
လုပ်ငန်းထပ်မံအပ်နှံ၍ မင်္ဂလာစာချုပ်ချုပ်ဆိုခြင်း🖌️
📌📌📌📌📌📌📌📌📌📌📌📌📌📌

🤝ယုံကြည်မှုတစ်ခုရဖို့ဆိုတာ
တစ်ကြိမ်သာမကဘဲ ထပ်ခါထပ်ခါ
ရွေးချယ်ခံရခြင်းဘဲ ဖြစ်ပါတယ်ခင်ဗျာ🤝

👷ဟုတ်ပါတယ်ခင်ဗျာ👷
ကျွန်တော်တို့ Myint Mol Shwe ရဲ့
🌼Client 🌼အဟောင်းတစ်ဦးဖြစ်တဲ့
မပန်းအိခင် နှင့်အန်တီခင်မာကြူတို့ မိသားစုရဲ့
ထပ်မံ၍ ယုံကြည်စွာ အပ်နှံပေးလာခြင်းဖြစ်ပါ
တယ်ခင်ဗျာ🥰

🏘️(17’ x 45’ ) 1 Storeyed အား ရေမီးဆေး
အပြီးအစီးထိ တာဝန်ယူထပ်မံဆောက်လုပ်ခွင့်
ပေးပြီး

🙏🏻ယုံကြည်စွာ အပ်နှံပေးလာတဲ့ အန်တီခင်မာကြူတို့
မိသားစုလည်း စီးပွါးဥစ္စာများ ဒီရေအလား တိုး
တက်ပါစေလို့ ကျွန်တော်တို့ Myint Mol Shwe
အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါ
တယ်ခင်ဗျာ🙏🏻🙏🏻

👷လူကြီးမင်းတို့ရဲ့ နေအိမ်၊ ဆေးရုံ ၊ ရုံးခန်း ၊ကျောင်း
ဆိုင်ခန်းများကို ခေတ်မီခန့် ညားလှပတဲ့ အဆောက်
အဦးလေးဖြစ်ဖိူ့အတွက် တာဝန်ယူဆောင်ရွက်ပေးပါတယ်ခင်ဗျာ ❤️❤️

☎️အသးစိတ်ဆက်သွယ်စုံစမ်းလိုပါက-

📱. ဖုန်းနံပါတ် - 09420179578, 09-752440047
တို့ကို ဖုန်းဖြင့်သော်လည်းကောင်း

🖨️ Viber နံပါတ် - 09-752440047 ,
09-420179578

💻။ Fb page မှ လာရောက်ဆက်သွယ်၍လည်း
စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ🥰🥰



#𝘚𝘪𝘵𝘦𝘴
#𝘩𝘰𝘴𝘱𝘪𝘵𝘢

#မင်္ဂလာစာချုပ်ချုပ်ဆိုခြင်း

🙏မကြာမီ စတင်တော့မည့်  #အရှေ့ဒဂုံဆိုဒ်အတွက်      မြေသန့်တရားနာခြင်း ပုံရိပ်များ 👷အရှေ့ဒဂုံမြို့နယ်တွင် 🍀     အိမ်ရှင်မိသာ...
23/01/2026

🙏မကြာမီ စတင်တော့မည့် #အရှေ့ဒဂုံဆိုဒ်အတွက်
မြေသန့်တရားနာခြင်း ပုံရိပ်များ

👷အရှေ့ဒဂုံမြို့နယ်တွင် 🍀
အိမ်ရှင်မိသားစုများနှင့် ကုမ္ပဏီမှ
ပူးပေါင်း၍မြေသန့်တရားနာ ခြင်းပြုလုပ်၍ နေ့
ဆွမ်းကပ်လှူပူဇော်၍ကုသိုလ်အခမ်းအနား
အားအောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပါတယ်ခင်ဗျာ
😇😇

🙏🏻ဘုရားရှင်၏ တရားတော်နာယူကာ မြေသန့်စင်
မင်္ဂလာရှိစေရန်၊ မိသားစုအားလုံးကျန်းမာချမ်းသာ
စေရန်ကုသိုလ်အားလုံးကို ရည်စူး၍ ပြုလုပ်ခဲ့ပါ
တယ်ခင်ဗျာ🪷

🙏🏻လာရောက်ပါဝင်ကုသိုလ်ပြုသူ အားလုံးကိုအထူး
လေးစားစွာ ကျေးဇူးတင်ရှိပါသည် 🌼

🌱မြေသန့်တရားနာခြင်းအား ပြုလုပ်ခြင်းဖြင့်
• နေထိုင်သူများ စိတ်အေးချမ်းသာစေရန်
• အလုပ်အကိုင်များ အဆင်ပြေချောမွေ့စေရန်
• အန္တရာယ်ကင်းစေရန်
တို့ကို ရည်စူးကာ ကုသိုလ်တရားများ စုပေါင်းပြုလုပ်ခြင်းဖြစ်ပါသည် 🙏


#မြေသန့်မင်္ဂလာ


Address

No. 462, Dhamma Ceti Street, Dhamma Ceti Condo, Kabaraye Road
Yangon

Telephone

+959752440082

Website

Alerts

Be the first to know and let us send you an email when Myint Mol Shwe Design & Construction Co.,ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myint Mol Shwe Design & Construction Co.,ltd:

Share