Blood Diamond Construction & Decoration Group

Blood Diamond Construction & Decoration Group Customer Right

🔹🔹🔹ဒါလေးကတော့ ၁၉ရက်နေ့မှာ ပန္နက်စရိုက်မဲ့ နှစ်သစ်ရဲ့ Next Project တစ်ခုဖြစ်တဲ့အမှတ်(၃၇၂)၊ပြည်သာယာ(၂)လမ်း၊(၃၂)ရပ်ကွက်၊ဒဂု...
15/04/2024

🔹🔹🔹ဒါလေးကတော့ ၁၉ရက်နေ့မှာ ပန္နက်စရိုက်မဲ့ နှစ်သစ်ရဲ့ Next Project တစ်ခုဖြစ်တဲ့အမှတ်(၃၇၂)၊ပြည်သာယာ(၂)လမ်း၊(၃၂)ရပ်ကွက်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်က One&Half Storeyed R.C.C Building ရဲ့ Design လေးပါ။🔹🔹🔹

🔹🔹🔹နှစ်သစ်မှာ သက်ရှိသတ္တ၀ါများအားလုံး
ဘေးဒုက္ခအန္တရာယ်များကင်းဝေးပြီး စီးပွားလာဘ်လာဘများတိုးပွားပြီး လုပ်ငန်းကိုင်ငန်းများအဆင်ပြေကြပါစေလို့ ကျွန်တော်တို့ Blood Diamond Construction & Decoration Group နှင့် Phoenix Interior Studio မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ🔹🔹🔹






( Partner Design Co.,Ltd )

Contact No:
-------------------
Director - 09987557885
Project Engineer - 09794479844

ဒါလေးကတော့ သင်္ကြန်ကာလ အပြီးမှာ နှစ်သစ်ရဲ့ First Project တစ်ခုဖြစ်တဲ့အမှတ်(၃၇၂)၊မင်္ဂလာလမ်း၊(၄၃)ရပ်ကွက်၊ဒဂုံမြို့သစ်(မြေ...
15/04/2024

ဒါလေးကတော့ သင်္ကြန်ကာလ အပြီးမှာ နှစ်သစ်ရဲ့ First Project တစ်ခုဖြစ်တဲ့အမှတ်(၃၇၂)၊မင်္ဂလာလမ်း၊(၄၃)ရပ်ကွက်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှာ တည်ဆောက်မဲ့ Four & Half Storeyed R.C.C Building ရဲ့ site တဲ ဆောက်လုပ်နေမှု အနေအထားလေးပါ။





( Partner Design Co.,Ltd )

Contact No:
-------------------
Director - 09987557885
Project Engineer - 09794479844

သင်္ကြန်ရောက်ပြီဆိုတော့ လှည်းကူးက လုပ်လက်စအလုပ်လေးကို အကြမ်းထည်လေးဖြတ်ပြီး သင်္ကြန်ပြီးခါကျမှ အချောထည် ၀င်မဲ့ အိမ်ကလေး။M...
15/04/2024

သင်္ကြန်ရောက်ပြီဆိုတော့ လှည်းကူးက လုပ်လက်စအလုပ်လေးကို အကြမ်းထည်လေးဖြတ်ပြီး သင်္ကြန်ပြီးခါကျမှ အချောထည် ၀င်မဲ့ အိမ်ကလေး။

Main Building Area = 15'×25'
Mezzanine Floor Area = 8'×15'
ရေ၊မီး၊ဆေး
မျက်နှာကျက် ( Plain )
ရေချိုးခန်း၊အိမ်သာ၊မီးဖိုခန်း ကြွေပြား
ကုန်ကျငွေ = 250သိန်း

သင်္ကြန်ပြီးကျ ဆောက်လုပ်မဲ့ လက်ခံထားတဲ့ အလုံးလေးများ လာမည် မကြာမီမျှော်😁🤍🤍





( Partner Design Co.,Ltd )

အမှတ်(၉၄၂)၊ပင်းယ(၁)လမ်း၊(၆)ရပ်ကွက်၊ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် တည်ဆောက်လျက်ရှိသောTwo&Half Storeyed R.C အဆောက်အဦ...
14/01/2024

အမှတ်(၉၄၂)၊ပင်းယ(၁)လမ်း၊(၆)ရပ်ကွက်၊ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် တည်ဆောက်လျက်ရှိသော
Two&Half Storeyed R.C အဆောက်အဦး၏ ရေ၊မီးနှင့် မှန်လုပ်ငန်း ပြီးစီးမှု အနေအထား။

Ph & Viber - 09987557885 , 09794479844






ဆောက်လုပ်ရေးလောက နှင့် ကွမ်းတံတွေးပြဿနာ ==================================🧑🏻‍💻ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အထူးသဖြင့်ကွမ...
11/09/2023

ဆောက်လုပ်ရေးလောက နှင့် ကွမ်းတံတွေးပြဿနာ
==================================

🧑🏻‍💻ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အထူးသဖြင့်
ကွမ်းစားကြတဲ့သူများတယ်။ အင်ဂျင်နီယာရော ကာယလုပ်သားတွေပါ ကွမ်းစားကြပါတယ်။

🧑🏻‍💻ဒီနေရာမှာ ကွမ်းစားတာက ပြဿနာ မဟုတ်ဘူး။ ကွမ်းတံတွေးကို ကြုံရာထွေးတာကပြဿနာပါ။

🧑🏻‍💻အဲဒီမှာ ကွန်ကရစ်ကို လက်နဲ့ဖျော်ရင် ဖျော်တဲ့ အထဲ ထွေးပါတယ်။ အဲတော့ ဘာဖြစ်လဲ?
ဘယ်သူမှ ဓာတ်မခွဲထားလို့ ဘာဖြစ်လဲ ပြောဖို့ခက်ပါတယ်။ ဒီတော့ ဒီနေရာမှာ ပြောစရာရှိတာက concrete ရဲ့ ရောစာတွေ သန့်ဖို့ အပြင် ရေပါသန့်မှ concrete ရဲ့ strength က ကောင်းတာပါလို့ ပြောရမှာကနေ ပြန်စရပါတယ်။

🧑🏻‍💻ဒီတော့ ကွမ်းတံတွေးက ဒီ concrete ကို Strength ထိစေတာတော့ အမှန်ပဲ ။ ဒါပေမဲ့ ပြောပ လောက်အောင် ဝိုင်းမထွေးကြလို့သာ ယနေ့ အထိ ဘာမှ မဖြစ်တာ…

🧑🏻‍💻ထွေးတဲ့ သူက ပတ် ခ နဲ ထွေးပြီး မွှေပစ်လိုက်တာဆိုတော့ concrete နဲ့ ရောသွားပြီး ဘာမှ မတွေ့ရတော့ဘူး။

🧑🏻‍💻တစ်ခါ ထွေးရင် တစ်ဂါလံ လောက်မှ
မထွက်တာ ကံကောင်းတယ် ပြောရမှာ 😁

🧑🏻‍💻မဆလာမှာတော့ သူက ပြဿနာရှိတယ်။ အဲဒါက ဘယ်လိုနေရာမှာလဲဆိုတော့ မဆလာကို အပုံလိုက်ကြီးဖျော်တဲ့ နေရာမှာတော့ သိပ်မသိသာပေမဲ့ plaster ချောဖို့ ဗန်းထဲထည့်ထားတဲ့ အနေအထားမှာ ပန်းရံဆရာက ပတ် ခ နဲ ‌ထွေးလိုက်တယ်။ ပြီးရင် ဟိုမွှေ ဒီမွှေနဲ့ မွှေပြီး အဲဒီ မဆလာကို plaster ချောလိုက်တယ် ရသေးတယ်။ ဘာမှ မဖြစ်ဘူး။ အိမ်မပြိုဘူး။ တိုက်မပြိုဘူး။

🧑🏻‍💻ကွမ်းတံတွေး သူရောသွားတာမှာ ကွမ်းဖတ် တွေပါသွားတယ်ဆိုရင်တော့....

🧑🏻‍💻ဘယ်လိုပြဿနာလဲဆိုတာ ကြာမှ ပေါ်ပါတယ် ။ အိမ်တော့ မပြိုပါဘူး‼️

🧑🏻‍💻ဆေးသုတ်ထားတဲ့ နံရံတွေမှာ ဆေးတွေ အကွက်လိုက် မှိုတက်ပြီး ဆေးတွေ ကာလာပြောင်းသွားတာ မြင်ဖူးကြမှာပါ။

🧑🏻‍💻အဲလို ဖြစ်လာရင် ဆေးတွေအထပ်ထပ် သုတ်လည်းမရဘူး။ ဆေးတွေ ပြန်ခွါပြီး ပတ်တီးရိုက်လည်း ခဏပဲ၊ ပြီး ပြန်ပေါ်တယ်။

🧑🏻‍💻ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့ ⁉️

🧑🏻‍💻သဲမှာ အမှိုက်လေးတွေ၊ ဒုတ်စ၊သစ်ဆွေးစ လေးတွေ ပါသွားရင် အဲဒါလေးတွေက ကြာလာရင် နံရံထဲကိုသူတို့ရဲ့ အရောင်တွေကာလာ‌တွေစိမ့်၀င်ပြီး နံရံမှာ ဆေးတွေကာလာ‌ပြောင်း ပြီး ကွက်လာပါတယ်။

🧑🏻‍💻အဲဒီလိုပဲ အဲဒီ ကွမ်းတံတွေးထဲက ကွမ်းဖတ်တွေကလည်း ကြာလာရင်ဆွေးပြီး သူ့ ကာလာလေးတွေက plaster ထဲ စိမ့်ပြီး ဆေးတွေ အရောင်ပြောင်းလာပါတယ်။

🧑🏻‍💻အဲဒီအခါ ဆေးတွေ နောက်ထပ် အကွက် အကွက်တွေ မဖြစ်အောင် plaster ချောသားကို ခွါပစ်ရပါတယ်။

🧑🏻‍💻ပြီးရင် အသစ်ပြန်ချောပေးရပါတယ်။

🧑🏻‍💻နောက် တစ်ချက်က ရေ မသန့်ရင်၊ သဲ မသန့်ရင် မဆလာဆွေးတက်ပါတယ်။

🧑🏻‍💻အဲဒီတော့ ကွမ်းတံတွေးကြောင့်လည်း ရောစာ မသန့်ဖြစ်ပြီး မဆလာဆွေးနိုင်သလားလို့မေးရင်တော့ ...

🧑🏻‍💻မည်သူမှ နှစ်ရှည်လများ စောင့်ကြည့်တဲ့ အလုပ် မဟုတ်လို့ ဒါကိုတော့ သတိမထားမိပါဘူး။

🧑🏻‍💻နောက်ထပ်ပြောချင်တာက လူ့ကျင့်၀တ်ပေါ့။ ကွမ်းတံထွေးက ဘာဖြစ်လဲဆို ဘာမှတော့ ဖြစ်မသွားဘူး။ ဒါပေမဲ့ ဒီလောက်ရွံစရာကောင်းတဲ့ တံတွေးကို သူများ တစ်သက်လုံးနေဖို့ ဆောက်တဲ့ အဆောက်အဦးမှာတော့ အမှတ်တရ မထားခဲ့သင့်ဘူးလို့ မြင်ပါတယ်။

🧑🏻‍💻အိမ်ရှင်တွေ ဘယ်လိုစိတ်နဲ့ နေမလဲ မေးကြည့်ပါ။ မိမိ နေအိမ်ဆိုရင်…⁉️

🧑🏻‍💻အဲလို လုပ်တဲ့သူက ကိုယ့်အိမ်ဆိုလည်းလုပ်မှာပါပဲ။

🧑🏻‍💻နှမ်းတစ်စေ့နဲ့တော့ ဆီ မဖြစ်ပါဘူး။ အဲဒီလိုတွေ ဟိုဟာနည်းနည်း ဒီဟာ နည်းနည်းနဲ့ အမှားတွေများလာရင်တော့ အရည် အသွေးကောင်းတဲ့ အဆောက်အဦးကို မရနိုင်ပါဘူး။

ခိုင်ခံ့လှပ ပြီး လုံခြုံစိတ်ချ ရတဲ့ အိမ်လေး ပိုင်ဆိုင်နိုင်ကြပါစေ…





&Structure

11/09/2023

နတ်သုဒ္ဓါထဲက ချီးတုံးလေးတွေ💩 (သို့မဟုတ်) footing ထဲကအုတ်ခဲများ

‌Footing အောက်မှာ အုတ်ခဲခုတဲ့ ပြဿနာကို လူတော်တော်များများမြင်ဖူး ကြုံဖူးကြမှာပါ။
💢ဆိုက်ထဲမှာ ကွန်ကရစ်ဘလောက်တုံးမရှိတော့လို့ ရှိတဲ့အုတ်ခဲလေးခုလိုက်တာမျိုး
💢 အုတ်ခဲကမှ ဗြက်ပိုကြီးတာ ဘလောက်တုံးနဲ့ဆိုသေးသေးလေး footing သံဇကာချော်ကျသွားလိမ့်မယ်ဆိုပြီး အုတ်ခဲမှအသည်းစွဲကြိုက်ကြတာမျိုး
စတာတွေကြောင့်အရေးကြီးတဲ့ footing ထဲမှာ အုတ်ခဲတုံးတွေဟာ မပါသင့်ပဲပါကုန်ကြပါတယ်။

📌အုတ်ခဲဟာ compressive strength မှာကွန်ကရစ်ထက်အများကြီးပိုအားနည်းပြီး ရေစိမ့်၀င်နိုင်စွမ်းလဲရှိပါတယ်။ လက်အုတ်ဖြစ်ဖြစ် အပေါက်ပါတဲ့စက်အုတ်ဖြစ်ဖြစ် ကွန်ကရစ်အညံ့စားနဲ့လုပ်တဲ့ ကွန်ကရစ်ဗြုန်းအုတ်ဖြစ်ဖြစ် footing ထဲမပါသင့်ပါဘူး။

✅ Footing လောင်းခါနီးမှာကွန်ကရစ်ဘလောက်တုံးမရှိခဲ့ရင် ရှိတဲ့ site ကပြေးယူပါ နာရီ၀က်ထက်ပိုမကြာပါဘူး။ လိုအပ်ရင်၀ယ်လိုက်ပါ ကွန်ကရစ်ဘလောက်တုံး၀ယ်လို့ရတဲ့‌နေရာတွေရှိပါတယ်။
✅ Footing အတွက် ဘလောက်တုံးကို 3" ထုခုတာအကောင်းဆုံးပါ။
✅ Strip Footing အရှည်ကြီးတွေ၊ mat footing တွေအတွက်ဆို site စထဲက ကာဗာဘလောက်တုံးအတွက်ကို 6" ဗြက် 4" ထုလောက်အတုံးတွေကြိုပြီးလုပ်ထားသင့်ပါတယ်။

Archi design ကြီးကလဲအလန်းစား structural design ကလဲ လုံး၀ရှယ်ဆွဲထားရပြီးမှ footing ထဲအုတ်ခဲပါသွားတယ်ဆိုရင်တော့ သိမ်းငှက်သူရဲကောင်းဇာတ်လမ်းထဲက ရင်နာစရာဇာတ်ဝင်ခန်းလေးလိုပါပဲနော်🥲။





&Structure

ဘိလပ်မြေ (၉)မျိုးနဲ့ အသုံးပြုပုံများဘိလပ်မြေ (၉)မျိုးနဲ့ အသုံးပြုပုံတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။Type I. ကို ရ...
11/09/2023

ဘိလပ်မြေ (၉)မျိုးနဲ့ အသုံးပြုပုံများ

ဘိလပ်မြေ (၉)မျိုးနဲ့ အသုံးပြုပုံတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

Type I. ကို ရေလုံဖို့၊ အမြန်မာဖို့စတဲ့ လိုအပ်ချက်တွေ မရှိဘူးဆိုရင် အသုံးပြုပါ။

Type IA. ကို လေရောကွန်ကရစ်ဖျော်ရင် အသုံးပြုပါ။

Type II. ကို Sulfate ပါတဲ့မြေမှာ Foundation ချရင် အသုံးပြုပါ။

Type IIA. ကို ဆာလဖိတ်နဲ့ ဆက်စပ်တဲ့နေရာမှာ လေရောကွန်ကရစ်ဖျော်ရင် အသုံးပြုပါ။

Type IIMH ကို ထုကြီးထည်ကြီး ကွန်ကရစ်လောင်းတဲ့အခါနဲ့ ဆာလဖိတ်နဲ့ မကင်းတဲ့နေရာမှာ ကွန်ကရစ်လောင်းရင် အသုံးပြုပါ။

Type III High Early Strength မြန်မြန်မာချင်ရင်၊ Formwork မြန်မြန်ခွာချင်ရင်၊ ကားမြန်မြန်မောင်းချင်ရင် အသုံးပြုပါ။

Type IIIA လေရောအမြန်မာကွန်ကရစ် ဖျော်ရင် အသုံးပြုပါ။

Type IV Low Heat Hydration အပူနည်းနည်းပဲ ထွက်ချင်ရင် အသုံးပြုပါ။

Type V ဆာလဖိတ်ကို ရှောင်လို့ မလွတ်ရင် အသုံးပြုပါ။





မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၆)Concrte strength ကို ဘိလပ်မြေ၊ သဲ၊ ကျောက် Mix Ratio တစ်ခုတည်းနှင့်သာ အသေမှ...
10/09/2023

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၆)

Concrte strength ကို ဘိလပ်မြေ၊ သဲ၊ ကျောက် Mix Ratio တစ်ခုတည်းနှင့်သာ အသေမှတ်ယူနေခြင်း

ဒီတခါတော့ မှားတယ်လို့လဲမဟုတ် မှန်တယ်လို့လည်း ပြောမရတဲ့ အယူအဆအလွဲတခုကို ပြောပြချင်ပါတယ်။

ပုံမှာလို Concrete mix ratio နဲ့ ဘယ်လောက်ဂရိတ်ရတယ်ဆိုပြီး Facebook မှာရှယ်နေကြပြီး အပြင်မှာလဲ 1:2:4 ဆို G15, 1:1.5:3 ဆို G20 စတာ ရတယ်လို့ လူတော်တော်များများ မှတ်ယူနေကြတာကို တွေ့နေရပါတယ်။

တကယ်တော့ Concrete ရဲ့ ခံနိုင်ရည် (Grade) က အဓိကအားဖြင့် သူ့ထဲမှာပါဝင်တဲ့ ဘိလပ်မြေ၊ သဲ၊ ကျောက် စတာတွေရဲ့ ပါဝင်တဲ့ အချိုးအစားနဲ့ အရည်အသွေး နောက်ပြီးတော့ အရေးကြီးတဲ့ water:cement ratio (ရေနဲ့ ဘိလပ်မြေပါဝင်မှုအချိုး) စတာတွေပေါ် မူတည်ပါတယ်။

အဲ့တော့ ပုံထဲက ratio တွေက ခုလို ဘိလပ်မြေ၊ သဲ၊ ကျောက် တွေရဲ့ အချိုးအစားပဲဖော်ပြပြီး သူတို့ရဲ့အရည်အသွေး နဲ့ အဓိကကြတဲ့ w:c ratio ကို မဖော်ပြထားတဲ့အတွက် ပြည့်စုံမှန်ကန်တဲ့ reference လိုမပြောနိုင်ပါဘူး။

ဒီ ratio တွေက ဘယ်ဟာကိုမှီငြမ်းပြီး ပေါ်လာသလဲဆိုရင် Indian Standard Code ဖြစ်တဲ့ IS456 ကို ကိုးကားပြီး ပေါ်ပေါက်လာတာပါ။

IS က Concrete ကို Mix Design လုပ်တဲ့ concrete "Design mix concrete" ဆိုတာနဲ့ Design Mix မလုပ်ဘဲ concrete grade အလိုက် စံသတ်မှတ်ထားတဲ့ အချိုးတွေကို သုံးတဲ့ concrete "Nominal mix concrete" ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။
G25 နဲ့အထက် concrete တွေကိုတော့ Design mix concrete တွေပဲ သုံးရမယ်။ G20နဲ့အောက်ဆိုရင်တော့ တာဝန်ခံအင်ဂျင်နီယာရဲ့ ခွင့်ပြုချက်နဲ့ Mix Design မပါဘဲ Nominal mix concrete ကိုသုံးနိုင်တယ်လို့ IS က ဆိုပါတယ်။

ခုပုံမှာပြထားတာတွေက IS က ပေးထားတဲ့ Mix Design မပါဘဲ Nominal mix concrete အတွက်ပေးထားတဲ့ ratio တွေကနေ ထွက်လာတဲ့ဟာတွေပါ။
ဒါတွေကို သုံးဖို့ဆိုရင်တော့ သူ့ဒေသက ဘိလပ်မြေ၊ သဲ၊ ကျောက် နဲ့ ကိုယ့်ဒေသက သုံးတာတွေနဲ့ ပြန်စမ်းစစ်ဖို့လိုပါလိမ့်မယ်။

နောက်ပြီး အဲ့မှာ 1:2:4 အတွက် G15 ဆိုတာမှာ w/c ratio က 0.64 ဖြစ်ပြီးတော့ G20 မှာ w/c ratio က 0.6 ဖြစ်တယ်ဆိုတာ IS 456 Ch 9 ကို လေ့လာပြီး သိရှိရပါတယ်။ အကြမ်းဖျင်းအားဖြင့် w/c ratio 0.1 လောက်ကွာရင် Compressive strength က 20-30% လောက်ကွာပါတယ်။
ဒါကြောင့် အဲ့ ratio ကိုသာ 0.5 လောက်နဲ့သာ ဖျော်မယ်ဆို 18MPa နဲ့ 25MPa လောက်ရကောင်းရနိုင်ပြီး 0.4 လောက်ဆိုရင် G25 နဲ့ G30 လောက်ရနိုင်ပါလိမ့်မယ်။





🔶🔶🔶အမှတ်(၉၇၂)၊ဗညားဒလလမ်း၊(၇)ရပ်ကွက်၊လှိုင်သာယာအရှေ့ပိုင်းမြို့နယ်တွင် ကျွန်တော်တို့ Paing Soe Htet Construction & Decora...
09/08/2023

🔶🔶🔶အမှတ်(၉၇၂)၊ဗညားဒလလမ်း၊(၇)ရပ်ကွက်၊လှိုင်သာယာအရှေ့ပိုင်းမြို့နယ်တွင် ကျွန်တော်တို့ Paing Soe Htet Construction & Decoration Group မှတာ၀န်ယူဆောင်ရွက်နေသော Three-Storeyed R.C.C Building ၏ M&E and Ceiling Work ပြီးစီးမှု အနေအထားလေးပါခင်ဗျာ။🔶🔶🔶

🔶🔶🔶အိမ်သစ်ဆောက်လိုသော၊အဟောင်းပြင် renovation လုပ်လိုသော၊အတွင်းအပြင်အလှဆင် decoration လုပ်လိုသော customer မိတ်ဟောင်း၊မိတ်သစ်များအားလုံး အောက်ပါ
ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း အသေးစိပ်တိုင်ပင် ဆွေးနွေးလို့ရပါသည်ခင်ဗျာ။🔶🔶🔶

Ph - 09987557885 , 09794479844
Viber - 09987557885 , 09794479844
Email - [email protected]
Address - No(1055,1056),Khattar Street,
Myayadanar Ward,Mingalardon
Township,Yangon.

🔶🔶🔶အောက်က Link ထဲ ၀င်ပြီးတော့ Page ထဲက လုပ်ငန်း လုပ်ကွက်များကိုလဲ ၀င်ရောက်ကြည့်ရှုလေ့လာလို့ရပါတယ်🔶🔶🔶

🔶🔶🔶Page က စလည်ပတ်တာမကြာသေးလို့ လိုအပ်ချက်များပါသွားရင် တောင်းပန်ပါတယ်ခင်ဗျာ။🔶🔶🔶

Page Link
----------------
https://www.facebook.com/profile.php?id=100087204972297&mibextid=ZbWKwL



Address

No(1055, 1056), Khattar Street, Myayadanar Ward
Yangon

Telephone

+959987557885

Website

Alerts

Be the first to know and let us send you an email when Blood Diamond Construction & Decoration Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Blood Diamond Construction & Decoration Group:

Share