PLC Htet Wai

PLC Htet Wai PLC Services & Training Center

🚀 PLC Batch (17) – New Class Opening📅 Start Date – 23.5.2026(Saturday)"စက်ရုံက စက်တစ်လုံး ပျက်သွားတာနဲ့တင် အလုပ်ရှင်ရော ...
16/05/2026

🚀 PLC Batch (17) – New Class Opening
📅 Start Date – 23.5.2026(Saturday)

"စက်ရုံက စက်တစ်လုံး ပျက်သွားတာနဲ့တင် အလုပ်ရှင်ရော ဝန်ထမ်းတွေပါ ဘာလုပ်ရမှန်းမသိဘဲ ငေးကြည့်နေခဲ့ရဖူးပါသလား?"
တကယ်တော့ Automation စက်တွေဆိုတာ လုပ်ငန်းရဲ့ နှလုံးသွေးကြောပါ။ စက်ရပ်သွားတဲ့ မိနစ်တိုင်းမှာ သွင်းကုန်၊ ထုတ်ကုန်တွေ ကြန့်ကြာရုံတင်မကဘဲ အဖိုးတန်တဲ့ အချိန်နဲ့ ငွေကြေးတွေပါ ဆုံးရှုံးနေရတာပါ။ ပိုဆိုးတာက... ပြင်နိုင်တဲ့သူရှာမရလို့ နိုင်ငံခြားက ပညာရှင်ကို ရက်ချိန်းစောင့်နေရတဲ့အခါ ဒါမှမဟုတ် ပစ္စည်းမှာရမယ်ဆိုပြီး အချိန်ဆွဲခံရတဲ့အခါမျိုးတွေက လုပ်ငန်းရှင်တိုင်းအတွက် တကယ့် အိပ်မက်ဆိုးပါပဲ။
ဒီလို စိုးရိမ်ပူပန်မှုတွေကနေ ကင်းဝေးပြီး သင့်လုပ်ငန်းကို စိတ်ချလက်ချ လည်ပတ်နိုင်ဖို့ဆိုရင် သင့်ကိုယ်တိုင် (ဒါမှမဟုတ်) သင့်ယုံကြည်ရတဲ့ ဝန်ထမ်းတွေကပဲ အဲဒီစက်တွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့်မို့လို့ သင်တန်းတက်ဖူးရုံတင်မဟုတ်ဘဲ လက်တွေ့နယ်ပယ်မှာ တကယ်ပြင်တတ်၊ တကယ်နားလည်သွားစေမယ့် သင်တန်း (၃) မျိုးကို ကျွန်တော်တို့ ဖွင့်လှစ်ပေးလိုက်ပါပြီ။

၁။ **လျှပ်စစ်အခြေခံသင်တန်း** (အခြေခံမှ စတင်လိုသူများအတွက်)
၂။ **PLC & HMI Only သင်တန်း** (Programming ပိုင်းကို သီးသန့်ကျွမ်းကျင်လိုသူများအတွက်)
၃။ **Combined Course (နှစ်မျိုးလုံး)** (အခြေခံရော၊ အဆင့်မြင့်ပိုင်းပါ အပြီးအစီး တတ်မြောက်လိုသူများအတွက်)

"ငွေကုန်ပြီး မပြင်နိုင်မှာကို" လုံးဝစိုးရိမ်စရာမလိုဘဲ အချိန်တိုအတွင်း ထိထိရောက်ရောက် တတ်မြောက်စေမှာပါ။ ဒီသင်တန်းပြီးတာနဲ့ သင့်စက်ရုံမှာ ဘာပြဿနာပဲတက်တက် ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘဲ ယုံကြည်မှုရှိရှိ ဖြေရှင်းနိုင်တဲ့ "Hero" တစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။

လုပ်ငန်းရှင်တိုင်းအတွက် အမြဲလက်တွဲရမယ့် ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုနဲ့ သင်တန်းကို အခုပဲ စုံစမ်းလိုက်ပါ။ သင်တန်းသားဦးရေ ကန့်သတ်ထားတာမို့ လက်မနှေးဖို့တော့ လိုမယ်နော်။

⏰ Class Schedule
Sat / Sun မိမိနှစ်သက်ရာ
🕙 10:00 AM – 12:00 PM
🕐 1:00 PM – 3:00 PM

📞 ဖုန်း: 09-883444335
📍 လိပ်စာ: အနောက်ပေ ၅၀ နှင့် မာလာမြိုင် ၇ လမ်းထောင့် (AZ ဖုန်းအပိုပစ္စည်းဆိုင်အပေါ်၊ တတိယထပ်)။

⚠️ မသုံးတာကြာပြီဖြစ်တဲ့ ဒီသွပ်ဖြတ်စက်လေးကPanel က ညစ်‌ ပေနေပြီး  Wiring ရှုပ်၊ Control မတိကျတဲ့အခြေအနေကနေ…🔧 Panel Full Cl...
04/05/2026

⚠️ မသုံးတာကြာပြီဖြစ်တဲ့ ဒီသွပ်ဖြတ်စက်လေးက

Panel က ညစ်‌ ပေနေပြီး Wiring ရှုပ်၊ Control မတိကျတဲ့အခြေအနေကနေ…

🔧 Panel Full Cleaning & Rewiring

🧠 PLC Programming (Siemens S7-200 SMART) အသစ်ပြန်ရေး

📱 HMI Design & Control System ပြန်ဆွဲ

🔄 Auto / Manual Operation

ပြီးတော့… 👇

⚡️ Machine ပြန် RUN နိုင်သွားပါပြီ

💬 အဟောင်းစက်တွေကို ပြန်အသုံးချချင်ရင်

အသစ်ဝယ်မယ့်အစား Upgrade လုပ်တာ ပိုတန်ပါတယ်။

⚙️ Old Machine Upgrade Service

မသုံးတော့တဲ့ စက်တွေကို

ပြန်အသုံးပြုနိုင်အောင် Upgrade လုပ်ပေးနေပါတယ်။

💡 ဘာကြောင့် Upgrade လုပ်သင့်လဲဆို တော့

✔️ New machine ဝယ်တာထက် ကုန်ကျစရိတ်သက်သာ စေပါတယ်။

✔️ Production ပြန်လည်အသုံးပြုနိုင်ပါတယ်။

✔️ Control ပိုတိကျပြီး Error လျော့နည်းပါတယ်။

📍 Industrial Machine, Factory Line, Motor Control

အားလုံးအတွက် Customize လုပ်ပေးနိုင်ပါတယ်။

📞 ဆက်သွယ်ရန် — 09883444335

01/05/2026

⚡️ PLC / HMI ကို လက်တွေ့ကျကျ သင်ယူချင်လား?
Engineer ဘွဲ့ရပြီးလည်း လက်တွေ့မလုပ်ဖူးလို့ အခက်အခဲတွေကြုံနေလား?

👉 အဲ့ဒီ gap ကိုဖြည့်ပေးဖို့ PLC HTET WAI Training Center မှ
Electrical Basic + PLC/HMI Advanced Training ကို သီးသန့်စနစ်ဖြင့် ဖွင့်လှစ်လိုက်ပါပြီ။

🚀 PLC Batch (17) – New Class Opening
📅 Start Date – 23.5.2026(Saturday)

💡 ဒီသင်တန်းမှာဘာထူးခြားလဲ?

👉 လက်တွေ့ Wiring လုပ်နိုင်ချင်သူ
👉 Control Logic ကို တိတိကျကျ နားလည်ချင်သူ
👉 PLC Program ကို ကိုယ်တိုင် ရေးနိုင်ချင်သူ

ဆိုရင်

🔥 Training Structure (အတန်း ၃ မျိုး)

1️⃣ Electrical Control Basic အတန်း
2️⃣ PLC / HMI Programming အတန်း
3️⃣ Basic + Advanced Combo အတန်း
အတန်း 3မျိုးကို သင်ကြားပေးပါတယ်။

🔰 Basic Electrical Training (အခြေခံလျပ်စစ်)
လက်တွေ့ပစ္စည်းနဲ့ မတွေ့ဖူးသူများအတွက် အခြေခံမှ စတင်သင်ကြားပေးပါတယ်။

✔ MCCB / MCB Breaker
✔ Contactor / Overload
✔ Timer / Relay Control
✔ Push Button / Selector Switch
✔ Motor Control (DOL, Star-Delta, Forward-Reverse)
✔ Wiring Practical 100%

👉 “ဘာမှမသိသူ → လက်တွေ့ Wiring လုပ်နိုင်သူ” အထိ

📆 Duration – 1 Month
💰 Fees – 300,000 Ks

👉 Basic ရှိပြီးသူ / PLC လေ့လာဖူးသူများအတွက်
🚀 PLC / HMI Advanced Training (အဆင့်မြင့်)
Industry မှာ တကယ်အသုံးချနိုင်မယ့် skill တွေ

✔ PLC Programming (Sequence Control)
✔ HMI Design + Communication
✔ VFD (Inverter) Control
✔ Auto Water Level System
✔ Servo / Stepper Motor Control
✔ Encoder control (speed , position)
✔ Real Project Simulation

👉 Delta / Mitsubishi / Siemens PLC ပါဝင်သင်ကြား

🎯 “PLC သင်တန်းသား → Automation Engineer Level” အထိ
📆 Duration – 2 Months
💰 Fees – 400,000 Ks

🔥 (Basic + Advanced)
👉 အခြေခံကနေ Automation Engineer Level အထိ

📆 Duration – 2.5 Months
💰 Fees – 500,000 Ks

🎯 သင်တန်းပြီးရင်

✅ PLC Program ကို ကိုယ်တိုင်ရေးနိုင်မယ်။
✅ Control System ကို နားလည်လာမယ်။
✅ Site / Factory မှာ အသုံးချနိုင်မယ်။

⏰ Class Schedule
Sat / Sun မိမိနှစ်သက်ရာ
🕙 10:00 AM – 12:00 PM
🕐 1:00 PM – 3:00 PM

📍 Location
လှိုင်မြို့နယ်၊ ပါရမီစိန်ဂေဟာအနီး
မာလာမြိုင် ၇ လမ်း × အနောက် ပေ ၅၀ လမ်းထောင့်
(AZ ဖုန်းဆိုင်အပေါ် တတိယထပ် 4လွှာ )

📞 09883444335
📧 [email protected]

💬 Chat Box မှာဖြစ်ဖြစ် ဖုန်းဆက်ပြီးဖြစ်ဖြစ် အသေးစိတ်မေးနိုင်ပါတယ်။

🔥 Limited Seats – စာတွေ့ လက်တွေ့သင်ကြားမည်ဖြစ်လို့ လူဦးရေကန့်သတ်ထားပါတယ်။

ဒဂုံဆိပ်ကမ်း က Beauty စက်ရုံမှာ printing machine စက်အတွက်  GEN နဲ့ EPC နဲ့ ချိန်းချိန် Backup Battery အဖြစ်အသုံးပြုဖို့ ...
23/02/2026

ဒဂုံဆိပ်ကမ်း က Beauty စက်ရုံမှာ printing machine စက်အတွက် GEN နဲ့ EPC နဲ့ ချိန်းချိန် Backup Battery အဖြစ်အသုံးပြုဖို့ Solar Inverter များ ဆင်ပေးဖြစ်ခဲ့ပါတယ်။
100AH 9လုံး တစ်တွဲ ကို 50KW Inverter နဲ့ ချိတ်ပါတယ်။
50KW Inverter 3လုံးကို Parallel တွဲပြီး Load ထဲကို ထည့်သုံးပါတယ်။
အားလုံးအဆင် ပြေ ချောမွေ့စွာ ပြီးဆုံးခဲ့ပါတယ်။
ဘာပဲပြော ပြော အမှတ်တရလေး တစ်ခုပါပဲ။

ဆက်သွယ်ရန်
09883444335

သန်လျင် သီလဝါ စက်မှုဇုံ မှာ ရှိတဲ့THE TASTE ORIGINS LIMITED မှာဂျပန် က ထုတ်တဲ့ IHI 4 Stage Boiler အသစ်လဲလှယ်ခြင်းအတွက် C...
21/02/2026

သန်လျင် သီလဝါ စက်မှုဇုံ မှာ ရှိတဲ့
THE TASTE ORIGINS LIMITED မှာ
ဂျပန် က ထုတ်တဲ့ IHI 4 Stage Boiler အသစ်လဲလှယ်ခြင်းအတွက် Control ပိုင်း တာဝန်ယူ ဖြေရှင်းခဲ့တဲ့ ပုံရိပ်များပါ။

Myanmar Yijin Steel Structure Co.,Ltd ရဲ့ သွပ် ဖြ တ် စက် သွားကြည့်ပေးခဲ့တာလေးပါ။Automation အတွက် အခက်အခဲရှိရင်လည်း ကူညီဖ...
19/01/2026

Myanmar Yijin Steel Structure Co.,Ltd ရဲ့
သွပ် ဖြ တ် စက် သွားကြည့်ပေးခဲ့တာလေးပါ။

Automation အတွက် အခက်အခဲရှိရင်လည်း ကူညီဖြေရှင်းပေးဖို့ အသင့်ပါခင်ဗျ။

25.1.2026တနဂ်နွေနေ့တွင်
PLC အပါတ်စဉ် (16) ကို စတင်သင်ကြားပါမည်။

သင်ကြားမည့် သင်ခန်းစာများကတော့
လျှပ်စစ်အ ခြေခံ ဖြစ်သော
1.MCB Breaker
2.Magnetic Connector
3.Over-Load
4.Relay
5.Timer
6.Switch အမျိုးမျိုး စသည့် အခြေ ခံ အကြောင်းအရာများရဲ့ သဘော သဘာဝ များကို အရင်နားလည်အောင် သင်ကြားရပါမည်။
အထက်ဖေါ်ပြပါ ပစ္စည်းတို့နဲ့ အကျွမ်းဝင်ပြီးသူ အလုပ်ထဲလက်ရှိ လုပ်ကိုင်နေသူတို့ အတွက်လည်း
Direct Online
Star-Delta အစရှိတဲ့ Control တွေကို ထပ်ကာ လေ့လာရပါမည်။
အထက်ပါ လျှပ်စစ်အခြေ ခံများ နားလည်ပြီးပါက PLC နဲ့ ဆက်စပ်ကာ
Auto Water System
Elevator Lift system
Traffic Light system စတဲ့ အခြေခံ များ ထပ်ကာ သင်ကြားပေးပါမည်။

Advance အနေနဲ့ကတော့
1.Encoder
2.Stepper
3.Servo
4.VFD
5.HMI
စတဲ့ သင်ခန်းစာများ သင်ကြားပေးပါမည်။

သင်တန်းတက်မယ်ဆိုရင် တော့ အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

သင်တန်းချိန်ကတော့
စနေ (သို့မဟုတ် ) တနဂ်နွေ
မနက် ၁၀နာရီမှ ၁၂ထိ
နေ့လည် ၁နာရီ မှ ၃ နာရီထိ

သင်တန်းကာလ ကတော့
( ၂ ) လခွဲ ကြာပါမယ်။

သင်တန်းကြေးကတော့ (400,000)
လေးသိန်းကျပ် ပါ။
ဆက်သွယ်ရန် 09883444335
လိပ်စာ ....လှိုင်မြို့နယ် ၊ ပါရမီစိန် ဂေဟာ အနီး၊ မာလာမြိုင် ၇ လမ်းနှင့် အနောက် ပေ၅၀ လမ်း ထောင့်၊ AZ ဖုန်းအပိုပစ္စည်းဆိုင် အပေါ် တတိယထပ် ၄ လွှာ။

12/01/2026

အလုပ်သင်ဝန်ထမ်းရသွားပါပြီ‌ခင်ဗျ။22.1.2026

ကျနော်တို့ရဲ့ PLC , HMI Programming Service Center အတွက် အလုပ်သင် ဝန်ထမ်းတစ်ဦး ခေါ်ယူပါမယ်။

ဝန်ထမ်းလုပ်ကိုင်လိုသူအတွက် အခွင့်အရေးကတော့ PLC ,HMI နဲ့ပါတ်သက်ပြီး လေ့လာခွင့်ရမယ်။

Automation နဲ့ပါတ်သက်ပြီး Services အတွေ့အကြုံ များစွာရပါမယ်။

ကျနော် သင်ကြားပို့ချ နေသော PLC သင်တန်းကို Free တက်ခွင့်ရပါမယ်။

ဝန်ထမ်းလျောက်ထားလိုသူများအတွက် လိုအပ်ချက်ကတော့

1.လျှပ်စစ်အခြေခံများ နားလည်တတ်ကျွမ်းရပါမယ်။

2.Automation အတွ့အကြုံများ လေ့လာ ဆည်းပူးလိုသူ ဖြစ်ရပါမယ်။

ဝန်ထမ်းအဖြစ် လျောက်ထားလိုသူများအနေနဲ့

09883444335 သို့ ဖုန်းဖြင့်ဖြစ်စေ
Viber ဖြင့်ဖြစ်စေ
[email protected] သို့ဖြစ်စေ ဆက်သွယ်
‌ေလျာက်ထားနိုင်ပါသည်ခင်ဗျား။

25.1.2026တနဂ်နွေနေ့တွင် PLC အပါတ်စဉ်  (16) ကို စတင်သင်ကြားပါမည်။သင်ကြားမည့် သင်ခန်းစာများကတော့ လျှပ်စစ်အ ခြေခံ ဖြစ်သော1....
26/12/2025

25.1.2026တနဂ်နွေနေ့တွင်
PLC အပါတ်စဉ် (16) ကို စတင်သင်ကြားပါမည်။

သင်ကြားမည့် သင်ခန်းစာများကတော့
လျှပ်စစ်အ ခြေခံ ဖြစ်သော
1.MCB Breaker
2.Magnetic Connector
3.Over-Load
4.Relay
5.Timer
6.Switch အမျိုးမျိုး စသည့် အခြေ ခံ အကြောင်းအရာများရဲ့ သဘော သဘာဝ များကို အရင်နားလည်အောင် သင်ကြားရပါမည်။
အထက်ဖေါ်ပြပါ ပစ္စည်းတို့နဲ့ အကျွမ်းဝင်ပြီးသူ အလုပ်ထဲလက်ရှိ လုပ်ကိုင်နေသူတို့ အတွက်လည်း
Direct Online
Star-Delta အစရှိတဲ့ Control တွေကို ထပ်ကာ လေ့လာရပါမည်။
အထက်ပါ လျှပ်စစ်အခြေ ခံများ နားလည်ပြီးပါက PLC နဲ့ ဆက်စပ်ကာ
Auto Water System
Elevator Lift system
Traffic Light system စတဲ့ အခြေခံ များ ထပ်ကာ သင်ကြားပေးပါမည်။

Advance အနေနဲ့ကတော့
1.Encoder
2.Stepper
3.Servo
4.VFD
5.HMI
စတဲ့ သင်ခန်းစာများ သင်ကြားပေးပါမည်။

သင်တန်းတက်မယ်ဆိုရင် တော့ အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

သင်တန်းချိန်ကတော့
စနေ (သို့မဟုတ် ) တနဂ်နွေ
မနက် ၁၀နာရီမှ ၁၂ထိ
နေ့လည် ၁နာရီ မှ ၃ နာရီထိ

သင်တန်းကာလ ကတော့
( ၂ ) လခွဲ ကြာပါမယ်။

သင်တန်းကြေးကတော့ (400,000)
လေးသိန်းကျပ် ပါ။
ဆက်သွယ်ရန် 09883444335
လိပ်စာ ....လှိုင်မြို့နယ် ၊ ပါရမီစိန် ဂေဟာ အနီး၊ မာလာမြိုင် ၇ လမ်းနှင့် အနောက် ပေ၅၀ လမ်း ထောင့်၊ AZ ဖုန်းအပိုပစ္စည်းဆိုင် အပေါ် တတိယထပ် ၄ လွှာ။

Summit Parkview Hotel (အလုံ ) မှာ 1994ခုနှစ်ကအသုံးပြုခဲ့တဲ့Cleaver Brooks  Burner Boiler ကို PLC ,HMI တို့ဖြင့်ပြောင်းလဲ...
29/11/2025

Summit Parkview Hotel (အလုံ ) မှာ 1994ခုနှစ်ကအသုံးပြုခဲ့တဲ့Cleaver Brooks Burner Boiler ကို PLC ,HMI တို့ဖြင့်ပြောင်းလဲ Update မြှင့်တင့်ခြင်း Process အောင်မြင်မှုမှတ်တမ်း လေးပါ။
1994ခုနှစ်ကသုံးခဲ့တဲ့ Burner Boiler မှာ Run နေရင်း Original Control Box ပျက်သွားလို့ သုံးမရတဲ့ အခြေနေတစ်ခုက ပိုင်ရှင် တွေအတွက်လည်း များစွာခက်ခဲ စေခဲ့တယ်။
Control Box ကလည်း USA ထုတ်၊ ကာလကလည်း ကြာပြီဆိုတော့ ထပ်မထုတ် တော့ဘူး။ ဝယ်ချင်တာ တောင် ရှာမရ တော့တဲ့ အခြေနေပေါ့။
အဲအချိန်မှာ Thermo Star ရဲ့ CEO ဖြစ်သူ ကိုမျိုးဆွေဦးနဲ့ ချိတ်ဆက်မိပြီး Lin Electrical Power Engineering Services ရဲ့ Director ဦးကျော်စိုး (ကိုငယ် လေး ) ရယ်၊ Lin Electrical Power Engineering services ရဲ့ Assistant Manager လည်းဖြစ် PLC Htet Wai ဆိုပြီး Automation လောကထဲ ရပ်တည် နေတဲ့ ကျနော်ရယ် Team ဖွဲ့ပြီး Burner Boiler ကို Update မြှင့်တင်ဖို့ တိုင်ပင်ခဲ့ကြပါတယ်။
Summit Parkview Hotel ရဲ့ CE ဖြစ်သူ U Lay Lay Zaw တို့အဖွဲ့ကလည်း လိုအပ်တာများ ဝိုင်းဝန်းကူညီ ပေးခဲ့ကြပါတယ်။
ပထမဆုံး ခက်ခဲ စေခဲ့တာက တော့ မူလBurner ရဲ့ Drawing နဲ့ လက်ရှိ Wire တွေနဲ့ ချိတ်ဆက်မှုတွေမှာ ကာလ ကြာခဲ့လေ တော့ နာမည် တွေ နံပါတ် တွေ ကွဲလွဲ နေခဲ့တာပါ။
မတူညီတာ တွေကို ရှာနိုင်ဖို့ Original Control Box အလုပ်လုပ်ပုံကို အသေးစိတ် သိမှရပါမယ်ဆို တော့ လေ့လာကြရပါတယ်။
Burner Boiler စနစ်တစ်ခုလုံး Safe ဖြစ်ဖို့ သူက အဓိက ထိန်းချုပ်ထားတာမို့ Safety ဖြစ်စေတဲ့ အရာအချို့ကို ပြောပြချင်ပါတယ်။
High Pressure
Operated Pressure
Low Water Control
Provide Atomizing Air Control
Provide Combustion Air Control
Modulation Control
Flame Detector
Rotary Air Damper အစ ရှိ သည်ဖြ င့် အများကြီးပါ ပါတယ်။
ဒါတွေ အကုန်လုံးကို Control Box ထဲက ထိန်းပြီး လိုအပ်တဲ့အချိန်မှာ လိုအပ်သလို Voltage ထုတ်ပြီး ခိုင်းတာပါ။
Voltage ကလည်း ကျနော်တို့ အမြဲသုံးနေတဲ့
380V တို့
220V တို့ အပြင်
110V,
AC 24V,
DC24V,
4-20ma တွေပါ ပါဝင်ပါ သေးတယ်။
အဲVoltage တွေကလည်း လွဲ မှားလို့ မရနိုင်သလို Boiler ကလည်း Burner Boiler မို့ နည်းနည်းမှ အမှားမခံပါဘူး။
လျှပ်စစ်ပိုင်း အရမ်းကျွမ်းကျင်တဲ့ Lin Electrical ကိုငယ် လေးရဲ့ Tracking Scale နဲ့ဆိုတော့ မှန်ကန်တိကျတဲ့ Drawing တစ်ခု ထွက်လာခဲ့ပါတယ်။
ကျနော်တို့က မူလ ပျက်နေတဲ့ Control Box ကို ဖြုတ်ချပြီး Update ဖြစ်တဲ့ PLC, HMI တို့ အစားထိုးဖို့ ပြင်ဆင်ကြတဲ့ အချိန်မှာ Pressure Transmitter တစ်လုံး ထပ်တိုးထည့်ခဲ့ကြပါတယ်။
အပြင်မှာ Pressure Gate က ကြည့်လို့ရတာ မှန်ပေမယ့် HMI ဘက်ကနေလည်း မိမိတို့ လိုအပ်တဲ့ Pressure မှာ ရပ်ဖို့ ၊ ပြန်မောင်းဖို့ လုပ်နိုင်အောင် ထပ်ထည့် ပေးခဲ့တာပါ။
ဖွဲသုံးတဲ့ Boiler တို့၊
ထင်းသုံးတဲ့ Boiler တို့၊
လောင်စာ တောင့်သုံးတဲ့ Boiler တို့ကို PLC , HMI သုံးပြီး ရေးခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိထားလို့ Burner Boiler ကို လွယ်မယ်လို့ တွေးထားခဲ့မိတာ။
တော်တော်မှားသွားတယ်။
တော်တော်မလွယ်ခဲ့တာပါ။
ဒါတောင် Thermo Star ကုမ္ပဏီရဲ့ CEO ဖြစ်သူ ကိုမျိုးဆွေဦးရဲ့ Boiler နဲ့ ပါတ်သက်တဲ့ တိကျတဲ့ လမ်းညွှန်ပြသနိုင်မှု တွေကြောင့် လွယ်ကူစွာ Program ရေးသားနိုင်ခဲ့ပါတယ်။
ဒီနေ့တော့ Boiler လည်း Run နိုင်ခဲ့ပါပြီ။
ကိုယ် ‌‌ေတွလည်း သက်ပြင်းချနိုင်ခဲ့ပါပြီ။
အစစ အရာ အဘက်ဘက်က ကူညီပေးခဲ့ကြ ဝိုင်းဝန်းပေးခဲ့ကြသူ အားလုံးကို ဒီနေရာက နေပဲ ကျေးဇူးတင် ကြောင်း ပြောကြားရင်းပဲ နိဂုံးချုပ်လိုက်ပါရ စေ ခင်ဗျာ။
PLC သင်တန်းလည်း ဖွင့်ထားတာမို့
တက်ရောက်လိုသူများ
09883444335ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဒဂုံဆိပ်ကမ်းက ချည်မျည်ထုတ်တဲ့စက်မှာ ABB VFD တွေ S7200 PLC နဲ့ မချိတ်တော့လို့ သွားလုပ်ပေးခဲ့တာလေးပါ။
13/11/2025

ဒဂုံဆိပ်ကမ်းက ချည်မျည်ထုတ်တဲ့စက်မှာ ABB VFD တွေ S7200 PLC နဲ့ မချိတ်တော့လို့ သွားလုပ်ပေးခဲ့တာလေးပါ။

Address

Kyaungkong 3 Street
Yangon
11041

Telephone

+959883444335

Website

Alerts

Be the first to know and let us send you an email when PLC Htet Wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PLC Htet Wai:

Share