Dream Project Burma အိမ်ဆောက်ကြမယ်

Dream Project Burma အိမ်ဆောက်ကြမယ် � Construction and Home Decoration

16/08/2024

Hi

01/12/2022

မေ့ခဲ့တာပါဘုရား😁

ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ မင်းသမီးကို ကားတိုက်ပြီး သေရမယ့်ဇာတ်ဝင်ခန်းရိုက်ဖို့အတွက် ရှူတင်မန်နေဂျာက အငှားကား လိုက်ရှာရသ...
20/11/2022

ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ
မင်းသမီးကို ကားတိုက်ပြီး သေရမယ့်
ဇာတ်ဝင်ခန်းရိုက်ဖို့အတွက် ရှူတင်မန်နေဂျာက
အငှားကား လိုက်ရှာရသတဲ့ ..

ရုပ်ရှင်ရိုက်တာဆိုတော့ ဒါရိုက်တာက
စိတ်တိုင်းမကျမချင်း အထပ်ထပ်ပြန်ရိုက်ရမှာမို့
အချိန်လည်းကုန်၊ ရမယ့်ငွေက မစို့မပို့ဆိုတော့
taxi သမားတွေက သိပ်မလိုက်ချင်ကြဘူး။

ရှူတင်မန်နေဂျာလည်း မင်းသမီးကို
တိုက်မယ့်ကားရဖို့ အချိန်အတော်ကြာအောင်ရှာရင်း တိုင်ပတ်နေတာပေါ့

အဲဒီထဲမှာ ရုပ်ရှင်ပိုးရှိတဲ့ ကားသမားတစ်ယောက်က ကျေကျေနပ်နပ်လက်ခံပြီး လိုက်လာသတဲ့။
သူပါရမယ့် ဇာတ်ဝင်ခန်းက ဘယ်လိုပုံစံလဲ မေးတော့
မင်းသမီးကို ကားနဲ့တိုက်မိတဲ့အခန်းဖြစ်ကြောင်း
ရှူတင်မန်နေဂျာက ပြောပြတယ်။

ကားသမားက အဲဒါဆို သူလည်း ပါရမှာပေါ့ .
သူ အကောင်းဆုံး သရုပ်ဆောင်
ပေးပါ့မယ် ဘာညာပြောလာတော့ ရှူတင်မန်နေဂျာ စိတ်ညစ်ရပါရော။
ဟုတ်တယ်လေ ကားနဲ့ မင်းသမီးကိုတိုက်၊
မင်းသမီးက သွေးအိုင်ထဲလဲ၊
မင်းသားရောက်လာပြီး ပွေ့ထူ၊ စကားတွေပြော၊
ဘေးက လူတွေဝိုင်းအုံကြည့်ကြတဲ့ ဇာတ်ဝင်ခန်း
တစ်ခုမှာ ကားသမားရဲ့မျက်နှာ ဘယ်ပါပါ့မလဲ ???

ဘယ်လိုလုပ်ပြီး သရုပ်ဆောင်ဖို့ အခွင့်အရေးရပါ့မလဲ?
တကယ်လိုအပ်တာက ကားပဲလေ ..

ရှူတင်မန်နေဂျာကလည်း
သရုပ်ဆောင်ဖို့ တက်ကြွနေရှာတဲ့
ကားဆရာကို အားနာတာတစ်ကြောင်း၊
အငှါးကားနောက်ထပ် ထပ်ရှာဖို့
မလွယ်တာကတစ်ကြောင်းမို့
ကားဆရာကို .
ခင်ဗျား သရုပ်ဆောင်ရမှာပါလို့ လိမ်ပြောလိုက်တယ်။

ဘယ်လိုလိမ်ပြောသလဲဆိုတော့
မင်းသမီးကို ခင်ဗျားကားနဲ့ တိုက်ပြီးရင်
ကားတံခါးကိုဖွင့်ပြီး
နောက်ကိုမကြည့်စတမ်း ပြေးပေတော့

ခင်ဗျားနောက်က လူအုပ်ကြီးက
ဝိုင်းရိုက်ဖို့ လိုက်လာမှာလို့ဖြီးလိုက်တယ်။
ကားသမားကတော့ ''စိတ်ချ ဆရာ၊
သဘာဝကျအောင် ပြေးပြမယ်'' ဆိုပြီး တက်ကြွနေတယ်။

ရိုက်ကွင်းရောက်တော့
ရီဟာဇယ်ခဏလုပ်ပြီး ရုပ်ရှင်ရိုက်ပါလေရော။
ကားသမားက သင်ထားတဲ့အတိုင်း
သူ့ကားကိုမှန်မှန်လေးမောင်းလာ၊
ပြေးထွက်လာတဲ့ မင်းသမီးကို တိုက်၊
မင်းသမီးလဲကျသွားတာနဲ့
ကားဆရာက တံခါးကို ဝုန်းကနဲဖွင့်ဆင်းပြီး
ဖိနပ်ပါကျွတ်ကျန်အောင်
သုတ်ခြေတင်ပြေးတော့တာပဲ .

အကြောင်းအရင်းမသိတဲ့ ရုပ်ရှင်အဖွဲ့သားတွေက
အားလုံးကြောင်ကြည့်နေကြတယ် ..
ကားဆရာက အိုက်တင်မပီပြင်မှာစိုးလို့
နောက်ကို လှည့်မကြည့်ဘဲ
တန်းနေအောင် ပြေးချသွားလိုက်တာ
သူတို့အားလုံးနဲ့အဝေး တစ်ဆုံးထိပါပဲ ..

သူ့စိတ်ထဲမှာတော့ နောက်က ကင်မရာနဲ့
လိုက်ရိုက်နေတယ် ထင်ရှာမှာပေါ့။

ရှူတင်မန်နေဂျာက
အကျိုးအကြောင်း ပြောပြလိုက်တော့မှ
ဒါရိုက်တာအပါအဝင် အဖွဲ့သားအားလုံး
တဝါးဝါး ပွဲကျအောင် ရယ်ကြသတဲ့။
အတော်လေးကြာမှ ချွေးသံရွှဲရွှဲနဲ့ ကားသမား
ပြန်ရောက်လာပြီး၊
(ဘယ့်နှယ်လဲ ဆရာတို့၊ ကျွန်တော် ပြေးတဲ့
အိုက်တင် ပီပြင်လား၊ အဆင်ပြေလား)မေးသတဲ့။

ကားဆရာကို သနားလည်းသနား၊
အားလည်းနာသွားတဲ့ ဒါရိုက်တာက
(ခင်ဗျား အိုက်တင် အရမ်းကောင်းတယ်)
ဘာညာနဲ့ နှစ်သိမ့် အားပေးလိုက်ရသတဲ့။
ဇာတ်လမ်းက ဒီအထိတော့ ပြုံးစရာပါပဲ။

နောက်ဆုံးပိတ်စာကြောင်းလေးကိုဖတ်ရမှ
စာဖတ်သူကျွန်တော်လည်း ပြုံးရာကနေ
ငိုင်တွေသွားမိတော့တယ်။

(ကျွန်တော်တို့ရော ဘဝမှာ
ကိုယ်မပါတဲ့အခန်းအတွက်
ဘယ်လောက်များ ပြေးခဲ့ကြပြီးပြီလဲ).....တဲ့။

ကိုယ့်ကို ''အပျော်ပေးဆော့တဲ့'' လူတွေအတွက်၊
'' ထမင်းသိုး ဟင်းသိုး'' လို့ သဘောထားကြတဲ့
ပတ်ဝန်းကျင်အတွက် ..
ကိုယ့်ရဲ့ ပါဝင်ကြိုးပမ်းမှုကို အသိအမှတ်
မပြုကြတဲ့ အသိုင်းအဝိုင်းအတွက်
ကျွန်တော်တို့ ဘယ်နှကြိမ်ကစားပေးခဲ့ရပြီလဲ ???

ခွန်အားတွေ၊ချွေးစက်တွေ
ဘယ်လောက်တောင်များ ပေးဆပ်ခဲ့ရပြီလဲ????
ပြေးရင်း ကစားရင်း မောလာလို့
ခဏနားချိန်မှာ စဉ်းစားကြည့်ကြပါဦး။

Credit - နီကိုရဲ

📌တစ်ထပ်အိမ်ပုံစံများနှင်ဈေးနှုန်းအပါတင်ပေးလိုက်ပြီးနော်အိမ်ဆောက်ဖို့စုံစမ်းမေးမြန်းချင်တယ်ဆိုရင် Page Messenger မှတစ်ဆင့...
20/11/2022

📌တစ်ထပ်အိမ်ပုံစံများနှင်ဈေးနှုန်းအပါတင်ပေးလိုက်ပြီးနော်
အိမ်ဆောက်ဖို့စုံစမ်းမေးမြန်းချင်တယ်ဆိုရင်
Page Messenger မှတစ်ဆင့်လည်းကောင်း
ဖုန်းဖြင့်လည်းကောင်း စုံစမ်းနိုင်ပါတယ်

ှာလည်းမေးမြန်းနိုင်ပါတယ်။

နှိပ်ပါ👇👇👇

https://m.me/Dreamprojectburma

☎️ 09450095322





#ကန်ထရိုက်

📌ဒီလိုအခြေအနေမျိုးမှာ အိမ်ဆောက်သင့်ပါသလား ⁉️ဆောက်သင့်ပါတယ် ✅သံတစ်တန် 7သိန်း 8 သိန်းကနေ 12 သိန်းလောက် စဖြစ်တဲ့အခြေနေမှာ ဒ...
20/11/2022

📌ဒီလိုအခြေအနေမျိုးမှာ အိမ်ဆောက်သင့်ပါသလား ⁉️

ဆောက်သင့်ပါတယ် ✅

သံတစ်တန် 7သိန်း 8 သိန်းကနေ 12 သိန်းလောက် စဖြစ်တဲ့အခြေနေမှာ
ဒီဇိုင်းကအစ အကုန်ပြင်ဆင်ပြီး location ကြည့်ပီး စျေးစကားပြတ်ပီး စတင်ဖို့ဘဲကျန်တော့တဲ့ နှစ်ထပ်ခွဲတစ်လုံး
စျေးပြန်ကျအောင်ဘဲ စောင့်ပါတော့မယ်ဆိုလို့ မစဖြစ်ခဲ့ဘူး
#4 လလောက်ကြာတော့ ပြန်ဆက်သွယ်လာပါတယ် ,ခုဆောက်ရင် ဘယ်လိုဖြစ်နိုင်ပါသလဲ တဲ့

ခုဆောက်ရင် ရေမီးဆေး အပြီးတွက်ပေးထားတဲ့ အရင် ကုန်ကျစရိတ်ဟာ ရေမီးဆေး အချောထည်မရနိုင်တော့ပါဘူး ,အကြမ်းထည်ဘဲရတော့မှာပါ လို့ စိတ်မကောင်းစွာ ငြင်းပယ်လိုက်ရတယ်

Client တစ်ဦးကတော့ သုံးထပ်ရည်မှန်းထားပေမယ့် တစ်ထပ်တော့ ရအောင်ဆောက်မယ်ဆိုပီး sqft 1800 လောက်ရှိတဲ့ အဆောက်အဦးကို စတင်လိုက်ပါတယ်
ဆောက်သူလက်ရာနည်းစနစ် သဘောကျလို့ အားထည့်ပီး ထပ်တိုးအပ်ဆောက်လိုက်ပါတယ် , နှစ်ထပ်ဆလပ် တစ်လုံး အဆင့်ထိ အောင်မြင်သွားခဲတဲ့အိမ်ရှင် ရဲ့ ရင်ဖွင့်သံကတော့

ကျေးဇူးတင်တယ်ဆရာ ဆရာတို့နဲ့ အရဲစွန့်ဆောက်ဖြစ်သွားလို့ ကျနော် အောင်မြင်သွားပြီ ,ခုချိန်မှ စဆောက်မယ်ဆိုရင် ကျနော် တစ်ထပ်လောက်ဘဲရတော့မှာ ,ခုလိုနှစ်ထပ်မှန်းလို့မရတော့ဘူးဆရာ "တဲ့

ဆိုလိုတာက မဖြစ်မနေ ဆောက်ရမယ့်အနေအထား တခုဖြစ်နေရင်
ငွေပိုငွေလျှံ အဖြစ်လက်ထဲမှာ များများရှိနေမယ်ဆိုရင် ဆောက်ဖြစ်အောင်ဆောက်လိုက်ပါလို့

ငွေဆိုရင် လက်ထဲထားရင်း တောက်လျောက် စျေးကျတဲ့ဒဏ်ခံနေရမှာမို့

ငွေပို လက်ထဲများများ မထားသင့်လို့ အိမ် ခြံ မြေ ရွှေ သို့မဟုတ် နိုင်ငံခြားငွေ အဆင်ပြေရာ တခုခု ရွေးချယ်စဥ်းစားသင့်ပါတယ်

ခုအခြေနေ အချိန်အခါ ငွေကြေးဟာ တ​ရက်ထက်တရက် တနာရီထက် တနာရီ အလျင်အမြန် နုပျိုခြင်းတွေယုတ်လျော့လာတဲ့ အသက် 30 ကျော်အပျိုကြီးတယောက်ရဲ့ အဖြစ်လိုပါဘဲ
လက်ထဲမှာရှိနေတဲ့ ငွေရဲ့ တန်ဖိုးဟာလဲ အချိန်နဲ့အမျှ တန်ဖိုး လျော့လာတဲ့အခြေနေကို ကိုင်ဆုပ်ထားရသလိုပါဘဲ

ဆိုတော့ကား

ဆောက်မယ်ရည်ရွယ်ထားရင် ရဲရဲသာဆောက်လိုက်ပါSave ဖြစ်အောင်ဆောက်ပါ

စနစ်တကျ အပိုအလို အလေ့အလွင့်မဖြစ်အောင် ဒီဇိုင်းဆွဲ structure အပ် ဆောက်မှ ကုန်သင့်တဲ့နေရာအမှန်ကုန်ကျပီး Save ဖြစ်ပါမယ်

Save ဖြစ်အောင်ဆောက်လိုက်တာနဲ့ Safety အကျိုးရလဒ်ပါ ရရှိပါလိမ့်မယ်ခမျာ

Crd....

အိမ်ဆောက်ဖို့စုံစမ်းမေးမြန်းချင်တယ်ဆိုရင်
Page Messenger မှတစ်ဆင့်လည်းကောင်း
ဖုန်းဖြင့်လည်းကောင်း စုံစမ်းနိုင်ပါတယ်

ှာလည်းမေးမြန်းနိုင်ပါတယ်။

နှိပ်ပါ👇👇👇

https://m.me/Dreamprojectburma

☎️ 09450095322





#ကန်ထရိုက်

(၁၀၂)ကြိမ်မြှောက်ကျရောက်သော အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ခင်ဗျာ
17/11/2022

(၁၀၂)ကြိမ်မြှောက်ကျရောက်သော အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ခင်ဗျာ

ကနေဒါနိုင်ငံရှိ ကျည်ကာမှန်ထုတ်လုပ်သည့် 3M ကုမ္ပဏီက  ဘတ်စ်ကားမှတ်တိုင်တွင် ဒေါ်လာ ၃သန်းတန် မှန်သေတ္တာကို ရိုက်ခွဲနိုင်လျင...
12/11/2022

ကနေဒါနိုင်ငံရှိ ကျည်ကာမှန်ထုတ်လုပ်သည့် 3M ကုမ္ပဏီက ဘတ်စ်ကားမှတ်တိုင်တွင် ဒေါ်လာ ၃သန်းတန် မှန်သေတ္တာကို ရိုက်ခွဲနိုင်လျင် အထဲက ငွေများကို ယူနိုင်ပါသည် ဟု ကြေငြာထားသည်မှာ အလွန်ပင် ကြာနေသော်လည်း ယခုအချိန်ထိ ခွဲနိုင်သူ မရှိသေးပေ ။

World Traveller
Credit

စိတ်​နှင့်ကိုယ် ကျန်းမာချမ်းသာကျပါစေ❤️
07/11/2022

စိတ်​နှင့်ကိုယ် ကျန်းမာချမ်းသာကျပါစေ❤️

နတ်မိမယ်နှင့် Royal-Dတွေ့ဆုံံသွားသောအခါ😁
23/10/2022

နတ်မိမယ်နှင့် Royal-Dတွေ့ဆုံံသွားသောအခါ😁

အရှက်မခွဲနော်🍻
23/10/2022

အရှက်မခွဲနော်🍻

သိဘူး ဘယ်သူလည်းဆိုတာ☹️
21/10/2022

သိဘူး ဘယ်သူလည်းဆိုတာ☹️

အလုပ်ပဲအာရုံစိုက်ပေးပါ 😂
21/10/2022

အလုပ်ပဲအာရုံစိုက်ပေးပါ 😂

Address

South Dagon
Yangon
11431

Alerts

Be the first to know and let us send you an email when Dream Project Burma အိမ်ဆောက်ကြမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share