Puu Tuu's Ai

Puu Tuu's Ai Ai Business Idea နဲ့ Ai Automation တွေ ကို Gatekeeping လုံးဝမရှိပဲတင်ပြပေးမဲ့ တစ်ခုတည်းသောနေရာ -ပူတူး

AI Tool တွေထက် ပိုပြီး Dangerous ဖြစ်လာတဲ့ "AI Guru Factory" အခု AI ခေတ်မှာ တကယ် Dangerous  ဖြစ်လာတာ တစ်ခုရှိတယ်ဗျ။ အဲ့ဒ...
18/05/2026

AI Tool တွေထက် ပိုပြီး Dangerous ဖြစ်လာတဲ့ "AI Guru Factory"

အခု AI ခေတ်မှာ တကယ် Dangerous ဖြစ်လာတာ တစ်ခုရှိတယ်ဗျ။ အဲ့ဒါ AI Tool တွေ မဟုတ်ဘူး။

“AI Guru Factory (ဆရာကြီး စက်ရုံတွေ)” 👾
TikTok ဖွင့်လိုက်... Facebook Scroll လိုက်... YouTube ကြည့်လိုက်... 👇
"ဒီ Class တက်ရင် Money Machine ကြီး Build နိုင်မယ်!" 💸
"ဒီ AI Workflow သုံးပြီး လှဲအိပ်နေရင်း Passive Income ရှာ!" 🛌🔥
"1-Click နဲ့ Automation Empire ကြီး တည်ဆောက်!" 👑
ဒီလို လေလုံးထွားတဲ့ Content တွေ၊ ကြော်ငြာတွေက Feed တစ်ခုလုံး Flood ဖြစ်နေပြီ။ 👀

ဒါပေမဲ့ တကယ့် Reality ကတော့...
အဲ့ဒီ Class တွေ တော်တော်များများမှာ သင်နေတာက တကယ့် AI Core Technology မဟုတ်ဘူးဗျ။ 😭

🧠 Basic Prompting (ChatGPT ကို 'စာရေးပေးပါ' လို့ မေးခိုင်းတာမျိုး)
📋 တခြားသူဆီက Copy-Pasted လုပ်ထားတဲ့ Workflow တွေ
🎬 နိုင်ငံခြား YouTube Tutorial တွေကို Recap ပြန်လုပ်ထားတာ
🤖 ဘယ်သူမဆို သုံးလို့ရတဲ့ Free Tool Demo ပြရုံလေး

ဒါတွေကို Content လှလှလေး Package ပြန်ထုတ်ပြီး “Secret System (လျှို့ဝှက်ချက်ကြီး)” ဆိုပြီး Course တွေ လျှောက်ရောင်းနေကြတာ။ တချို့ဆို Tool Documentation (လမ်းညွှန်ချက်) လေး ၅ မိနစ်လောက် ဖတ်ပြီးရုံနဲ့ "AI Expert Vibe" ကြီး ဖမ်းနေကြတာ မြင်ဖူးတယ်မလား။ 👀

ပိုပြီး ရယ်ရတာက ဘာလဲဆိုတော့... 😩

အဲ့ဒီ ဆရာကြီးတွေရဲ့ ကိုယ်ပိုင် Content တွေကို သွားကြည့်လိုက်ဦး -
❌ Viewers က ရာဂဏန်းပဲရှိတယ်
❌ Page က လုံးဝ Dead နေတယ်
❌ YouTube Channel ကလည်း သုသာန်တစပြင်လိုပဲ

ဒါပေမဲ့... “Teach how to grow with AI (AI နဲ့ Page တွေ Channel တွေ ဘယ်လို Grow ရမလဲ)” ဆိုတဲ့ Course တွေကိုတော့ မျက်နှာပြောင်ပြောင်နဲ့ ရောင်းနေကြတုန်းပဲ။ 🔥

Puu Tuu ရဲ့ ရိုးသားတဲ့ လမ်းညွှန်ချက် (No Cap!) 🦉💡
အခုခေတ်မှာ AI သင်တန်း တက်တာ၊ AI အကြောင်း လေ့လာတာ မှားတာ မဟုတ်ဘူးဗျ။ ဘာမှမသိဘဲ Blindly Follow (မျက်စိမှိတ် လျှောက်ယုံ) နေတာကမှ တကယ့် Problem!

တကယ် Skill တက်ပြီး ပိုက်ဆံရှာနိုင်ချင်ရင် ဒီရိုးရှင်းတဲ့ Process ကို ဖြတ်ရမှာ:
✅ Build Real Projects (ပရောဂျက်တစ်ခုခု တကယ် လက်တွေ့ဆောက်)
✅ Test Workflows (ကိုယ့်ဘာကိုယ် နည်းလမ်းတွေ စမ်းသပ်)
✅ Fail & Debug (မှားမယ်၊ ပြင်ရမယ်၊ ငရဲဝင်မယ်)
✅ Optimize (ပိုကောင်းအောင် ညှိမယ်)
✅ Upload/Ship Consistently (ပုံမှန် အဆက်မပြတ် ထုတ်ပြမယ်)
AI လောကမှာ Shortcut Seller (ဖြတ်လမ်းရောင်းတဲ့သူတွေ) ဘယ်လောက်ပဲ များလာပါစေ...

တကယ် Grow သွားတဲ့သူ၊ တကယ် Money ရတဲ့သူတွေက Course တွေကို ထိုင်ကြည့်ပြီး ဇိမ်ခံနေတဲ့သူတွေ မဟုတ်ဘူးဗျ။ “ကျောကုန်း မတ်ပြီး တကယ် Build နေတဲ့သူတွေ” ပဲ! 🦉💻🔥

မင်းတို့ရော... AI Guru တွေရဲ့ လှည့်ကွက်တွေကို မိဖူးကြလား? ဒါမှမဟုတ် ကိုယ်တိုင်ပဲ အားရပါးရ Build နေပြီလား! ✨

Grok ရဲ့ သစ္စာဖောက်မှုအပြီး... AI Long-form ဗီဒီယိုတွေကို Free နဲ့ Automation လုပ်မယ့် နည်းလမ်း! 🎬🔥X (Twitter) က Grok က ...
17/05/2026

Grok ရဲ့ သစ္စာဖောက်မှုအပြီး... AI Long-form ဗီဒီယိုတွေကို Free နဲ့ Automation လုပ်မယ့် နည်းလမ်း! 🎬🔥

X (Twitter) က Grok က Free ပေးမသုံးတော့ဘဲ သစ္စာဖောက် (Betrayal) လုပ်သွားတဲ့နောက်ပိုင်း... AI ဗီဒီယိုအရှည်ကြီးတွေကို ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ Free ဆောက်ဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်သလောက် ရှိသွားပြီဗျ။

ဒါကြောင့်လည်း အခုခေတ် AI YouTube Channel အသစ်တော်တော်များများ Fail ကုန်ကြတာပေါ့။ Tool တွေ သုံးပြီး "AI Slop (အနှစ်မပါတဲ့ အမှိုက် content)" တွေပဲ ထိုင် Pump နေကြတော့... YouTube Algorithm က အနံ့ရတာနဲ့ အောက်ဆုံးထိ နင်းပစ်လိုက်ရော။ 📉💀

ဒါပေမဲ့ ဒီနေ့ Puu Tuu တို့ တော်လှန်ပုန်ကန်ကြမယ်! 🦉⚔️
ပိုက်ဆံလည်း တစ်ပြားမှ မလို၊ Manual ထိုင်ကြိတ်ရတဲ့ Grind စနစ်လည်း မပါဘဲ Character Consistency (ဇာတ်ကောင်ပုံစံ လုံးဝမပြောင်းလဲဘဲ) အလန်းစား Cinematic ဗီဒီယိုအရှည်ကြီးတွေ ထွက်လာမယ့် "Full Automation Blueprint" ကို ချပြပေးမယ်။ တစ်ဆင့်ချင်းစီ သေချာဖတ်၊ တစ်ခုလွဲရင် တစ်ခုလုံး Break ဖြစ်သွားလိမ့်မယ်နော်! 👇

🛠️ The Automation Step-by-Step Guide:

📝 STEP ၁။ Core Story နဲ့ Timeline ကို အခမဲ့ ထုတ်မယ်
ဗီဒီယိုတစ်ခုလုံးရဲ့ ကျောရိုးဖြစ်တဲ့ ဇာတ်လမ်းကို အရင်ဆောက်ရမယ်။ ဒီနေရာမှာ Puu Tuu တို့ သုံးမှာက အခုခေတ်မှာ အရမ်း Smart ဖြစ်ပြီး လုံးဝ Free ရတဲ့ Google Gemini ပဲ။
The Strat: ကိုယ်လိုချင်တဲ့ ဗီဒီယိုအရှည် (Duration) နဲ့ Cinematic Style ကို သေချာ ရိုက်ထည့်ပြီး Gemini ကို ဇာတ်လမ်း အစအဆုံး တခါတည်း အချောထွက်ခိုင်းလိုက်ပါ။

🖼️ STEP ၂။ Visual & Image Prompts တွေကို ဆွဲထုတ်မယ်
ဇာတ်လမ်းရပြီဆိုရင် ဗီဒီယိုထဲမှာ သုံးမယ့် ပုံရိပ် (Visuals) တွေ လိုလာပြီ။ Gemini ထဲမှာတင် ကိုယ်ထွက်လာတဲ့ ဇာတ်လမ်းကို အခြေခံပြီး "ဒီဇာတ်လမ်းအတွက် Chronological Order (အချိန်မှတ်တမ်းအလိုက်) လိုက်ဖက်မယ့် Visual Prompts ၁၈ ခု (သို့မဟုတ် ကိုယ်လိုသလောက်) ထုတ်ပေးပါ" လို့ ထပ်ခိုင်းလိုက်ပါ။ သူက Scene အလိုက် prompt တွေကို အစီအစဉ်တကျ ထုတ်ပေးလိမ့်မယ်။

🚀 STEP ၃။ Image-to-Video Generation (The Free Tool)
Prompts တွေ ရလာပြီဆိုရင် အခုနောက်ပိုင်း တက်လာတဲ့ Google ရဲ့ "Google Flow" ဆီ သွားလိုက်ပါ။ အကောင့်အသစ်တစ်ခု Free ဆောက်ပြီး ခုနက ထွက်လာတဲ့ prompts တွေကို အသုံးပြုပြီး Image နဲ့ ဗီဒီယိုတွေကို လုံးဝ အခမဲ့ အပြတ်အသတ် ဆွဲထုတ်လိုက်ရုံပဲ!

🎁 Puu Tuu ရဲ့ Special Bonus (အဆုံးထိ ဖတ်တဲ့သူတွေအတွက်):
မင်းရဲ့ ဗီဒီယိုထဲမှာ တကယ့် Action အကြမ်းစားတွေ၊ လှုပ်ရှားမှု မြန်တဲ့ Highest Motion Scenes တွေ ပါဝင်ချင်တယ်ဆိုရင်... (တခြား Tool တွေက ပုံပျက်သွားတတ်တယ်)။ အဲ့ဒါကို ဖြေရှင်းဖို့အတွက် "Veo" သို့မဟုတ် "Google Flow" ရဲ့ Motion Control Feature ကို တွဲသုံးပါ။ ကင်မရာအလှည့်အပြောင်းတွေကအစ Flawless ဖြစ်သွားလိမ့်မယ်။ 😉✨

Puu Tuu ရဲ့ အနှစ်ချုပ် အမြင် (No Cap!) 🦉🔥
AI Field က အခု "Perfect Automation" ဘက်ကို ရောက်နေပြီ။ စိတ်ကူးရှိရင် နည်းပညာက Heavy Lifting အကုန်လုပ်ပေးတယ်။ စာစီစာကုံးလို AI content အညံ့စားတွေ တင်ပြီး algorithm ရဲ့ နှိပ်စက်မှုကို ခံမလား? ဒါမှမဟုတ် ဒီလို Blueprint တွေသုံးပြီး Cinematic Masterpiece တွေနဲ့ Win သွားမလား? ကိုယ်တိုင်သာ ရွေးချယ်လိုက်တော့ Bro! 🦉💻🚀

ကဲ... မင်းတို့ရော AI နဲ့ ဗီဒီယိုအရှည်တွေ ဆောက်ဖို့ စမ်းဖူးကြပြီလား? ဘာ tool တွေ သုံးနေလဲ? သိချင်တာရှိရင်တော့ "PUU TUU" လို့သာခေါ်လိုက်! 👇

AI နဲ့ content ရေးတက်ယုံနဲ့လုံလောက်ပြီထင်နေသေးတာလား ညိုကီးတို့..:vတချို့ AI Creator တွေ Fail သွားတဲ့အကြောင်းရင်းက Tool မ...
16/05/2026

AI နဲ့ content ရေးတက်ယုံနဲ့လုံလောက်ပြီထင်နေသေးတာလား ညိုကီးတို့..:v

တချို့ AI Creator တွေ Fail သွားတဲ့အကြောင်းရင်းက Tool မကောင်းလို့ မဟုတ်ဘူးဗျ။ “Content Identity” လုံးဝ မရှိလို့!

အခု TikTok, Facebook, YouTube Reels တွေမှာ AI Content တွေက မှိုလိုပေါနေပြီ။

🎬 Movie Recap
💡 Facts Video
🔥 Motivation
📖 Storytelling
📰 AI News
အားလုံးရဲ့ Quality ကလည်း AI Tool တွေကောင်းလာတော့ တက်လာကြတာပဲ။

ဒါပေမဲ့ တကယ့် Problem က... 👀
ဗီဒီယို ကြည့်ပြီး ၅ မိနစ်နေရင် "ဒါ ဘယ် Page က တင်လိုက်တာလဲ" ဆိုတာ လူတွေ မမှတ်မိတော့ဘူး။ ဘာလို့လဲဆိုတော့ အားလုံးက -
🗣️ တူတဲ့ AI Voice
🎬 တူတဲ့ CapCut Editing Style
📝 တူတဲ့ Auto Subtitle
🎵 တူတဲ့ BGM
🌀 တူတဲ့ Vibe ကြီး သုံးနေကြလို့ပဲ။

အခုခေတ်မှာ AI Tool access က လူတိုင်းနီးပါး ရှိလာပြီဆိုတော့ “AI သုံးနိုင်တာ” က Advantage မဟုတ်တော့ဘူးဗျ။ ❌ တကယ် အသက်ရှင်ကျန်ရစ်ဖို့ အရေးကြီးလာတာက "Brand Identity" ပဲ။

Strong Branding ဆောက်ဖို့ Puu Tuu ရဲ့ Formula 🦉

🎭 Unique Mascot: (ဥပမာ- ငါတို့ရဲ့ Puu Tuu လိုမျိုး လူမြင်တာနဲ့ တန်းသိမယ့် Character ရှိရမယ်)

🎙️ Recognizable Voice Style: AI Voice သုံးရင်တောင် ကိုယ်ပိုင်အသံဖြစ်အောင် Speed တို့ Pitch တို့ကို သေချာ Customize လုပ်ထားတဲ့ အသံ။

🌧️ Signature Vibe & BGM Aesthetic: ကိုယ့် Content နဲ့ လုံးဝ ကွက်တိကျပြီး တခြားသူတွေ သုံးလေ့မရှိတဲ့ Vibe မျိုးကို တောက်လျှောက် သုံးတာ။

✍️ Specific Storytelling Tone: ရေးတဲ့ စာသား Style ကအစ Gen Z လား? Professional ဆန်ဆန်လား? အမြဲ Consistent (ပုံမှန်) ဖြစ်နေရမယ်။
ဒီလို Elements တွေရှိတဲ့ Page တွေကပဲ Follower Loyalty (တကယ့် Fan အစစ်တွေ) ကို ရလာတာ။ 📈✨

တချို့ Page တွေဆို Video Thumbnail တောင် မမြင်ရသေးဘူး၊ Voice စကြားလိုက်တာနဲ့ “အော်... ဒီ Page ပဲ” ဆိုပြီး တန်းသိနေကြပြီ။ အဲ့ဒါ Strong Branding ရဲ့ Power ပဲဗျ။

Puu Tuu ရဲ့ အနှစ်ချုပ် အမြင် (No Cap!) 🦉🔥

AI Era မှာ Content ကူးရတာ၊ စာသားတွေ ခိုးရေးရတာ တကယ် လွယ်လာပေမယ့်... မင်းရဲ့ “Identity (ကိုယ်ပိုင်အမှတ်အသား)” ကိုတော့ ဘယ်သူမှ လာကူးလို့ မရဘူး။

မင်းရဲ့ AI ဗီဒီယိုတွေကို လူတွေက "AI လုပ်ထားလို့" ကြည့်နေတာလား? ဒါမှမဟုတ် "မင်းရဲ့ Page မို့လို့" လိုက်ကြည့်နေတာလား? ဒါကို သေချာ ပြန်ဆန်းစစ်ကြည့်ဖို့ လိုပြီနော်။ 👀

ကဲ... မင်းတို့ရော ကိုယ့် Page အတွက် Unique ဖြစ်တဲ့ "Identity" တစ်ခုခု ဖန်တီးထားပြီးပြီလား? ဒီထက်ပိုပြီး Tip & Trick တွေသိချင်သေးရင်တော့Puu Tuu ကို Like & Follow ထားတော့နော် ✨

Editing ကောင်းပေမယ့် Recap ဗီဒီယိုက ဘာလို့ ပျင်းစရာကြီး ဖြစ်နေရတာလဲ? 🎬🚫AI Content လောကမှာ အခုနောက်ပိုင်း Creator တော်တော...
15/05/2026

Editing ကောင်းပေမယ့် Recap ဗီဒီယိုက ဘာလို့ ပျင်းစရာကြီး ဖြစ်နေရတာလဲ? 🎬🚫

AI Content လောကမှာ အခုနောက်ပိုင်း Creator တော်တော်များများ Overlook လုပ်နေတဲ့ (မျက်ကွယ်ပြုထားတဲ့) အရာတစ်ခု ရှိတယ်ဗျ။ အဲ့ဒါက “Background Music (BGM) Choice” ပဲ

TikTok, YouTube Shorts, FB Reels တွေ Scroll ကြည့်လိုက်ရင် -
✨ Editing က တော်တော်လန်းတယ်။
📝 Subtitle က Clean ဖြစ်တယ်။
🎙️ Voice Over ကလည်း Smooth ဖြစ်နေတာပဲ။
ဒါပေမဲ့ ကြည့်ရတာ တစ်ခုခု လိုနေသလိုနဲ့ Boring ဖြစ်ပြီး ကျော်ပစ်လိုက်မိတတ်တယ်။ အဓိက တရားခံက BGM မမှန်လို့ဗျ။ ❌ BGM ဆိုတာ Viewer ရဲ့ Emotion ကို စိတ်ကြိုက် ကစားလို့ရတဲ့ တကယ့် Remote Control ကြီး။ Wrong Music သုံးမိရင် Video Retention က ဇောက်ထိုးကျသွားနိုင်တယ်။

ဒီနေ့တော့ Creator တွေအတွက် Content Type အလိုက် Puu Tuu စုစည်းထားတဲ့ BGM Styles Formula ကို ချပြပေးမယ်။ 📝👇

🎵 ၁။ Movie Recap (ရုပ်ရှင်အညွှန်း)
Vibe: Slow cinematic piano + dark ambient sound
Pro-tip: Over-dramatic ဖြစ်တဲ့ သီချင်းကြီးတွေ ထည့်တာထက် ဇာတ်လမ်းနဲ့ Narration နောက်ကွယ်ကနေ Subtle Tension (တိုးတိုးလေးနဲ့ ရင်ခုန်အောင်) ပေးနိုင်တာမျိုးက ပိုမိုက်တယ်။

🩸 ၂။ True Crime Story (လူသတ်မှု၊ အမှောင်ဇာတ်လမ်းများ)
Vibe: Low bass drone + heartbeat style ambience
Pro-tip: နှလုံးခုန်သံလို ခပ်မှန်မှန် သွားနေတဲ့ low bass sound တွေက ဇာတ်လမ်းထဲကို Viewer ကို အလိုလို ဆွဲသွင်းပြီးသား ဖြစ်သွားစေတယ်။

💡 ၃။ Facts Video (ဗဟုသုတ Content)
Vibe: Fast percussion + light tech music
Pro-tip: Fast flow ဖြစ်နေဖို့ လိုတယ်။ Too emotional ဖြစ်တဲ့ သီချင်းတွေ သွားသုံးရင် Facts ဗီဒီယိုရဲ့ vibe ပျက်တတ်တယ်။ Attention မကျအောင် ခပ်သွက်သွက် သီချင်းလေးတွေ သုံး။

🔥 ၄။ Motivation Content (စိတ်ဓာတ်မြှင့်တင်ရေး)
Vibe: Epic rise music သို့မဟုတ် Simple emotional piano
Pro-tip: ဗီဒီယိုအရှည်ကြီးဆိုရင် Epic music က Hype တက်စေပေမယ့် TikTok style shorts တွေအတွက်ဆိုရင် ရှင်းလင်းတဲ့ Emotional Piano တစ်လုံးတည်းက ပိုပြီး နှလုံးသားထဲ ရောက်တယ်။

🤖 ၅။ AI / Tech Content (အိုင်တီနဲ့ နည်းပညာ)
Vibe: Cyber ambient + futuristic synth 🎧
Pro-tip: ဒီ sound တွေက ဗီဒီယိုကို လုံးဝ Premium & Aesthetic feeling ပေးတယ်။ နည်းပညာ Topic တွေနဲ့ အလိုက်ဖက်ဆုံးပဲ။

🌆 ၆။ Storytelling Shorts (ပုံပြင်၊ စကားပြော content)
Vibe: Rain ambience, cafe sound, city night ambience
Pro-tip: သီချင်းသက်သက်ထက် တကယ့် ပတ်ဝန်းကျင် အသံအစစ် (Subtle Sound Design) တွေ ထည့်ပေးလိုက်ရင် Viewer ရဲ့ Immersion (ဗီဒီယိုထဲ မျောပါသွားမှု) က တက်လာရော။

Puu Tuu ရဲ့ အနှစ်ချုပ် အမြင် (No Cap!) 🦉🔥
အခုခေတ်မှာ လူတိုင်းက မျက်စိနဲ့ မြင်ရတဲ့ Voice Over နဲ့ Visual ကိုပဲ Focus သွားကြပေမယ့် တကယ် Audience Retention (လူတွေ အဆုံးထိ ကြည့်မကြည့်) ကို Control လုပ်တာက BGM + Sound Design ပါ။

တခါတလေ ဗီဒီယိုတစ်ခု သန်းနဲ့ချီပြီး Viral ဖြစ်သွားတာက Editing အရမ်း ဆန်းပြားနေလို့ မဟုတ်ပါဘူး။ ဗီဒီယိုရဲ့ “Feeling မှန်သွားတာ” ကြောင့် ဖြစ်နေတတ်တာပါ။ 📈✨

ကဲ... မင်းတို့ရော ဗီဒီယိုလုပ်ရင် BGM ကို သေချာ ရွေးဖြစ်လား? ဘာနဲ့ထားရမှန်း မသိရင်တော့ CB ကနေလာမေးလိုက် tool တွေအကုန် Rapလို ပြောပြပေးမယ်။ မမေးချင်ရင်တော့ like & follow သာထားတော့ဝေ့။🦉

AI Content တစ်ပုဒ်ဖြစ်လာဖို့ ဘာတွေလိုလဲ? ✍️🔍ဖြတ်ခနဲ ဖတ်လိုက်ရတဲ့ (၁) မိနစ်စာ Content တစ်ပုဒ်ရဲ့ နောက်ကွယ်မှာ နာရီပေါင်းမ...
15/05/2026

AI Content တစ်ပုဒ်ဖြစ်လာဖို့ ဘာတွေလိုလဲ? ✍️🔍
ဖြတ်ခနဲ ဖတ်လိုက်ရတဲ့ (၁) မိနစ်စာ Content တစ်ပုဒ်ရဲ့ နောက်ကွယ်မှာ နာရီပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့ Research တွေ ရှိနေတတ်တယ်ဗျ။

လူအများစုက Content ရေးတယ်ဆိုတာ Prompt လေးတစ်ခု ရိုက်ထည့်ပြီး စိတ်ထဲရှိတာ ချရေးလိုက်ရုံ၊ AI ကို အလွယ်ခိုင်းလိုက်ရုံပဲလို့ ထင်တတ်ကြတယ်။ ဒါပေမဲ့... တကယ် "Impact" ဖြစ်ပြီး လူတွေ Save ထားရမယ့် Content မျိုး ဖြစ်လာဖို့ဆိုရင်တော့ ဒီလို အဆင့်ဆင့် လေ့လာမှုတွေ လုပ်ရပါတယ် -
📊 ၁။ Target Audience Research (ရင်ဘတ်ထဲ ထိဖို့)
ဒီစာကို ဘယ်သူဖတ်မှာလဲ? သူတို့ ဘာကို ကြောက်နေပြီး၊ ဘာကို လိုချင်နေတာလဲ? User ရဲ့ Pain Point (နာကျင်မှု) ကို အတိအကျ သိမှသာ သူတို့ ရင်ဘတ်ထဲ တည့်တည့်ရောက်မယ့် Content တွေ ထွက်လာမှာပါ။

🔍 ၂။ Fact-Checking (ယုံကြည်မှု မကျဖို့ - No Cap!)
ကိုယ်ပြောလိုက်တဲ့ အချက်အလက်တွေက တကယ် မှန်ကန်ရဲ့လား? ခိုင်မာတဲ့ Source တွေဆီက ဟုတ်ရဲ့လား? ဒါက ကိုယ့် Brand ရဲ့ ယုံကြည်မှုကို တည်ဆောက်တာမို့ လုံးဝ (လုံးဝ) အမှားအယွင်း ခံလို့မရဘူး။ AI က ထင်ရာစိုင်း ထားတာတွေကို လိုက်စစ်ရတာလည်း ပါတာပေါ့။

⚔️ ၃။ Competitor Analysis (ထင်ပေါ်နေဖို့)
တခြားသူတွေ ဘယ်လို ရေးနေကြလဲ? အကုန်လုံး ရေးနေကျ ပုံစံခွက်ကြီးထဲကနေ ဖောက်ထွက်ပြီး သူတို့ထက် ပိုကောင်းအောင်၊ ပိုထူးခြားအောင် ဘယ်လို "Vibe" မျိုး ထည့်ရမလဲဆိုတာကို တွေးရတယ်။

📈 ၄။ Trend & Keyword Research (အာရုံဖမ်းစားဖို့)
လူတွေ အခုတလော ဘာကို Crazy ဖြစ်ပြီး ရှာနေကြလဲ? ဘယ်လို စကားလုံးမျိုးတွေက သာမန် scrolling လုပ်နေတဲ့သူတွေကို Scroll-stop ဖြစ်သွားစေမလဲဆိုတာ ရှာဖွေတတ်ရတယ်။

💡 Puu Tuu ရဲ့ ရိုးသားတဲ့ Process ကတော့...
Content တစ်ပုဒ် မရေးခင် အချိန်ရဲ့ ၇၀% ကို "Research" လုပ်ဖို့ပဲ ပေးလိုက်ပြီး၊ ကျန်တဲ့ ၃၀% မှ Content ကို အချော ဖန်တီးတာပါ။

ဘာလို့လဲဆိုတော့ ခိုင်မာတဲ့ Research မရှိဘဲ AI နဲ့ အလွယ် တွန်းရေးထားတဲ့ Content က "အနှစ်မပါတဲ့ ဇီးကွက်ဥ" လို ဖြစ်နေတတ်လို့ပဲ။ 🦉💨

ကဲ... မင်းတို့ကော Content တစ်ပုဒ် ဖန်တီးဖို့ အချိန်ဘယ်လောက် ပေးရလဲ? စိတ်ကူးထဲရှိတာ တန်းရေးတာလား၊ Research သေချာ လုပ်တာလား? comment မှာ ဆွေးနွေးသွားဦးနော်!

2026 မှာ လူအများစု misunderstanding ဖြစ်နေတဲ့အရာတစ်ခုရှိတယ်… 👀“Movie Recap AI” ဆိုတာvideo generate လုပ်တဲ့ AI တစ်ခုထင်နေ...
13/05/2026

2026 မှာ လူအများစု misunderstanding ဖြစ်နေတဲ့အရာတစ်ခုရှိတယ်… 👀

“Movie Recap AI” ဆိုတာ
video generate လုပ်တဲ့ AI တစ်ခုထင်နေကြတာ။

Nah bro. 😭

တကယ် powerful ဖြစ်တဲ့ Movie Recap AI Agent တွေက—

🎬 transcript နားလည်တယ်
🧠 movie pacing analyze လုပ်တယ်
🎙️ narration script ရေးတယ်
✂️ clip timing match လုပ်တယ်
🌍 multi-language voiceover ထုတ်တယ်
📤 TikTok / YouTube ကို auto upload တင်တယ်

Basically…

“AI editor team” သေးသေးလေးတစ်ခုလို ဖြစ်လာတာ 💀

---

🦉 Puu Tuu ဒီရက်ပိုင်း research လိုက်ကြည့်တော့—

Solo creators တွေတောင်
AI stack လေးတစ်ခုနဲ့ media company vibe သွားနေကြပြီ။

အခု meta က—

🧠 Claude → long recap writing
⚡ ChatGPT → multimodal workflow brain
🔄 n8n → automation backbone

ဒီ combo က literally cracked ဖြစ်နေတယ်။

---

🎬 လူတွေ misunderstanding ဖြစ်နေတာက—

«“Best AI = best movie recap”»

လို့ထင်တာ။

တကယ် competition ဖြစ်နေတာက—

❌ video generation
✅ workflow building

ဖြစ်နေတာ 😵‍💫

---

Real bottleneck တွေက—

📖 script pacing
🎭 emotional narration
⚠️ copyright-safe clips
📝 subtitles
🌍 Burmese voiceover
📤 upload automation

ဒီအပိုင်းတွေကို handle နိုင်တဲ့သူတွေက
2026 content game မှာ fly နေကြတာ။

---

🧠 Best AI by Task (Puu Tuu version)

🎬 Best Script Writer?
👉 Claude.

သူ့ long-context writing က crazy ဖြစ်နေတုန်းပဲ။

Anime recap
thriller recap
emotional storytelling

ဒီ genre တွေမှာ human vibe အရမ်းထွက်တယ် 👀

---

⚡ Best Automation Brain?
👉 n8n.

ဒီဟာက lowkey monster ပဲ 😭

Movie dropped →
Transcript extraction →
AI summary →
Voice generation →
Subtitle →
Upload schedule

Everything chained together.

AI tools တွေက strong ဖြစ်လာတာထက်—

AI pipelines တွေ strong ဖြစ်လာတာက ပိုကြောက်ဖို့ကောင်းလာတာ 💀

---

🎙️ Myanmar creators တွေအတွက်
Puu Tuu realistic stack ဆိုရင်—

🧠 Claude → recap script
🤖 GPT → reasoning + workflow
🔄 n8n → orchestration
🎤 ElevenLabs → Burmese voice
🎞️ FFmpeg → clip processing
📝 Whisper → transcription
✂️ CapCut/Descript → final polish

ဒီ setup က ROI တအား insane ဖြစ်တယ် honestly.

---

ဒါကြောင့် 2026 trend က—

❌ “Who has the best AI?”
မဟုတ်တော့ဘူး။

✅ “Who built the best AI SYSTEM?”

ဖြစ်သွားပြီ 🚀

အခုအချိန်မှာ
AI တစ်ခုသုံးတတ်တာထက်—

AI tools တွေကို
army တစ်ခုလို connect လုပ်တတ်တဲ့သူက
တကယ့် ရွှေ ဖြစ်လာတာ 🦉🔥

ကဲ…
မင်းတို့ရော AI agent တစ်ခု build နေရင်—

ဘာ niche ထဲ ဝင်မလဲ? 👀

🎬 Movie recap
🛍️ AI shop assistant
📈 Auto content machine
🎮 Gaming clips
📚 Study agents

Comment မှာ drop ခဲ့ 👇✨

Ai agent ဆောက်နေတဲ့သူတွေ ပြင်လွန်းပြီးဖင်မချွန်းကြစေရန်...📝AI Agent လုပ်နေတဲ့သူတွေအတွက် Underrated Tip တစ်ခု ပေးမယ်။ "မလ...
12/05/2026

Ai agent ဆောက်နေတဲ့သူတွေ ပြင်လွန်းပြီးဖင်မချွန်းကြစေရန်...📝

AI Agent လုပ်နေတဲ့သူတွေအတွက် Underrated Tip တစ်ခု ပေးမယ်။ "မလုပ်ခင် Tool Stack မရွေးနဲ့၊ Problem ကို အရင်ရွေး!" 👇

လူတော်တော်များများက -
"LangChain သုံးမလား?" ⛓️
"n8n လား?" 🔗
"CrewAI ကောင်းမလား?" 🤖
"Claude လား? MCP လား?" 🧠
ဆိုပြီး Stack ပေါ်မှာပဲ Stuck နေကြတာ များတယ်။

ဒါပေမဲ့ တကယ် Viral ဖြစ်တဲ့၊ တကယ် Money ရတဲ့ Agent တွေက Tech Stack ကြောင့် မဟုတ်ဘူး။ User ရဲ့ အဓိက Pain Point တစ်ခုခုကို Automation လုပ်ပေးနိုင်လို့ပဲ။ 💸

Puu Tuu ဘာတွေ တွေ့ဖူးလဲဆိုတော့ -
✅ FB Page Auto Reply Agent
✅ KPay Payment Checker (ဒါက local shop တွေအတွက် အသက်!)
✅ Movie Recap Pipeline
✅ Myanmar Subtitle Cleaner
✅ AI Customer Support for Local Shops
ဒီဟာတွေက Fancy Architecture ကြီးတွေ မလိုဘူး။ တကယ်သုံးမယ့် User ရှိဖို့ပဲ လိုတာ။ 🦉✨

နောက်ထပ် Tip တစ်ခု (No Cap!) 👇

“AI Agent ≠ Chatbot”

တကယ် Agent ဖြစ်ပြီဆိုတာနဲ့:
🧠 Memory ရှိတယ် (အရင်ပြောတာတွေ မှတ်မိတယ်)
🛠️ Tool သုံးတတ်တယ် (Search လုပ်တာ၊ File ဖတ်တာ)
⚡ Action လုပ်တယ် (Email ပို့တာ၊ Order တင်တာ)
🔄 Workflow ကိုယ်တိုင် Run ပြီး Decision ချနိုင်ရမယ်။
Chat UI ထဲမှာ စာပြန်နေရုံလေးတင်ဆိုရင် အဲ့ဒါ Agent မဟုတ်သေးဘူးဗျ။ 🐣

Beginners တွေ အမြဲမှားတတ်တဲ့ Common Mistakes 💀
❌ Prompt ကြီးကို ၅၀၀၀ ကျော် ရေးမယ်
❌ Tool ပေါင်း ၁၂ ခုလောက် ချိတ်မယ်
❌ စလုပ်ချင်း Day 1 မှာတင် Multi-agent setup လုပ်မယ်

အဲ့လိုလုပ်ရင် Debug Hell (ပြင်ရင်းပြင်ရင်းနဲ့ ဘာမှမထွက်တော့တဲ့ ငရဲ) ထဲ ရောက်သွားလိမ့်မယ်။

Puu Tuu ရဲ့ "God Mode" လမ်းစဉ်:
1️⃣ 1 Model
2️⃣ 1 Workflow
3️⃣ 1 Clear Output
ဒါ အရင်ရအောင်လုပ်။ ပြီးမှ Scale up လုပ်! 🚀

AI Field က Speed အရမ်းမြန်တယ်။
Perfect ဖြစ်အောင် စောင့်နေတဲ့သူထက် Product ကို အမြန်ဆုံး ထုတ်ပြနိုင်တဲ့သူ ကပဲ အမြဲတမ်း Win သွားတာ။ 🦉💻🔥

မင်းတို့ရော... အခု ဘာ "Problem" ကို AI နဲ့ ရှင်းဖို့ ကြိုးစားနေလဲ?

Claude Plan ဝယ်ပြီးအမှန်အကန်အသုံးပြုနေကြသူများနဲ့ Token Limit  ခဏခဏထိတဲ့ပြသာနာ🫠ဒီရက်ပိုင်း Claude monthly plan upgrade လ...
11/05/2026

Claude Plan ဝယ်ပြီးအမှန်အကန်အသုံးပြုနေကြသူများနဲ့ Token Limit ခဏခဏထိတဲ့ပြသာနာ🫠

ဒီရက်ပိုင်း Claude monthly plan upgrade လုပ်ပြီး "Build Fever" တက်နေကြတာ Puu Tuu လည်း တွေ့တယ်! 🦉💻 လူတွေက Upgrade plan တွေ ဝယ်ပြီး တစ်ယောက်တည်းနဲ့ Software Factory တစ်ခုလုံးလိုမျိုး အမှန်အကန်တွေ ကြမ်းနေကြတာ။

အခုက "Coding" လုပ်နေတာထက် "Vibe Coding" ဖြစ်နေတာဗျ။ Puu Tuu ကြည့်နေရင်းတင် Indie Hackers တွေက SaaS product တစ်ခုလုံးကို ၁၀ ရက်တည်းနဲ့ အပြီးဆွဲထုတ်နေကြပြီ။ (၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ဆိုရင် သူ့ရဲ့ Shopify listing တွေ လွယ်သွားအောင် "Agentic AI" တောင် ကိုယ်တိုင် build သွားတာ!)

ဘာလို့ ဒီလောက် ဖြစ်နေတာလဲ? 🤔
အခုက တစ်ခုခု တည်ဆောက်ဖို့အတွက် ရှိခဲ့တဲ့ "Barrier" (အတားအဆီး) ကြီးက ပျောက်သလောက် ဖြစ်သွားလို့ပဲ။ Anthropic ကလည်း "Dreaming" feature တွေ၊ Uncapped agent limits တွေ ထည့်ပေးလိုက်တော့ မီးလောင်ရာ လေပင့်သလို ဖြစ်သွားတာပေါ့။ Full-stack SEO agents တွေ၊ AI orchestration platforms တွေ ဆောက်ပြီး တစ်လကို $3k MRR (Monthly Recurring Revenue) ထိ ရနေတဲ့သူတွေတောင် ရှိလာပြီ။

Puu Tuu ရဲ့ ရိုးသားတဲ့ အမြင် (No Cap!) 🦉🔥
ဒါက တကယ်ကို "Ai tools တွေရဲ့ စပြီး အရှိန်ရနေတဲ့အချိန်ပဲ။ ကိုယ်က ဘာလိုချင်လဲဆိုတာ သေချာ Describe လုပ်နိုင်ရင် ကျန်တဲ့ Heavy lifting ကို AI က အကုန်လုပ်ပေးသွားမှာ။
⚠️ ဒါပေမဲ့ သတိထားဖို့က - Tools တွေ ဘယ်လောက် ကောင်းကောင်း Idea မကောင်းရင်တော့ $0 ကနေ တက်မှာ မဟုတ်ဘူး။ Tools က "Magic Wand" ဖြစ်ပေမဲ့ "Idea" ကတော့ မင်းဆီကပဲ လာရမှာ!

💡 Puu Tuu's Advice:
အခုအချိန်က Code တစ်ကြောင်းမှ မရေးတတ်ရင်တောင် "Builder" တစ်ယောက် ဖြစ်ဖို့ အကောင်းဆုံးအချိန်ပဲ။ Build တာလည်း Build ပေါ့... အိပ်ဖို့၊ စားဖို့တော့ မမေ့ကြနဲ့ဦး! 🐣💤

ကဲ... မင်းတို့ရော AI ကို email summarize ခိုင်းတာထက် ပိုပြီး "Mini tool" လေးတွေ ဘာတွေ Build ဖို့ ကြိုးစားနေပြီလဲ? 🚀🦉

Puu Tuu ကို comment မှာ ကြွားသွားဦးနော်! 👇✨

11/05/2026

AI နဲ့အချိန်မရွှေးချမ်းသာနိုင်နေတဲ့အချိန်မှာတကယ်လိုတာ Timing နဲ့ Mindset ❗❗
Broတို့... AI နဲ့ အချိန်မရွေး ချမ်းသာနိုင်တဲ့ ခေတ်ကြီးမှာ နေနေရပေမယ့် တကယ်တမ်း လိုနေတာက Mindset နဲ့ Timing ဆိုတာ Puu Tuu တကယ် လက်ခံတယ်။ ဒီ Page လေးကို စလုပ်ဖို့ ပြင်ဆင်တုန်းက ညနက်သန်းခေါင်ကြီး အားလုံး အိပ်ပျော်နေချိန်မှာ Puu Tuu တစ်ကောင်တည်း မျက်လုံးပြူးပြူးနဲ့ Screen ရှေ့မှာ ထိုင်တွေးနေခဲ့တာ။

"AI တွေကတော့ အရှိန်မြန်မြန်တိုးတက်နေပီ PUU TUU ကောဘယ်လိုလိုက်မှီအောင်လုပ်ရမလဲ" ဆိုတဲ့ စိတ်ဓာတ်နဲ့ ဒီကောင်လေး စတင်ခဲ့တာပါ။ အခုတော့ တစ်ခု သေချာပေါက် နားလည်သွားပြီ။ AI ခေတ်မှာ အောင်မြင်ဖို့က ဘယ် Tool တွေ သုံးတတ်လဲဆိုတာထက် "ဘယ်အချိန်မှာ ဘယ်လို Mindset နဲ့ စမလဲ" ဆိုတာက ပိုအရေးကြီးတယ်။

ရိုးရိုးလေး စဉ်းစားကြည့်ရအောင်... 👇

Idea to Ex*****on is Incredibly Fast Now: အရင်က Idea တစ်ခုရှိရင် Developer ရှာ၊ Designer ရှာနဲ့ အချိန်တွေ အများကြီး ပေးရတယ်။ အခုက Idea ရှိတာနဲ့ AI က ကိုယ့်ရဲ့ လက်ထောက် ဖြစ်ပေးနေပြီ။

It's All About Action: လူတိုင်း AI သုံးနေတာပဲ... ဘာလို့ တချို့ပဲ အောင်မြင်နေတာလဲ? အဖြေက ရှင်းပါတယ်။ အောင်မြင်တဲ့သူတွေက "စောင့်မနေကြဘူး"။ ပြီးပြည့်စုံတဲ့အချိန်ကို စောင့်နေတာထက် AI ကို အဖော်လုပ်ပြီး အခုပဲ လက်တွေ့ စမ်းသပ်ကြည့်ကြတာပါ။ ဒါကို Timing လို့ ခေါ်တာပေါ့။

Puu Tuu Real Talk: 🦉
AI က ကိုယ့်ကို ချမ်းသာအောင် လုပ်ပေးမှာ မဟုတ်ဘူး။ AI ကို သုံးပြီး ကိုယ့်ရဲ့ Idea တွေကို လက်တွေ့အကောင်အထည်ဖော်တဲ့ "ကိုယ့်ရဲ့ Mindset" ကမှ ကိုယ့်ကို ပြောင်းလဲပေးမှာ။ Tool တွေက အများကြီးပဲ... ဒါပေမယ့် အဲ့ဒါတွေကို ဘယ်လို အသုံးချမလဲဆိုတာကတော့ ကိုယ့်အပေါ်မှာပဲ မူတည်တယ်။
ညဖက်ကြီး မအိပ်ဘဲ Scroll လုပ်နေတဲ့ သူငယ်ချင်းတို့ရော... အခု ထွက်ပေါ်နေတဲ့ AI Trend တွေထဲမှာ ကိုယ့်အတွက် အခွင့်အလမ်း တစ်ခုခုကို မြင်နေပြီလား?

ဒါမှမဟုတ် Puu Tuu လိုပဲ "တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ်" ဆိုတဲ့ Mindset မျိုး ဝင်နေပြီလား? Idea နဲ့ Tip တွေရဖို့ အခုကတည်းက Like & Follow လုပ်ထားတော့နော်။ အကြီးကြီးတစ်ခုရှိတယ်✨

မင်းရဲ့ AI Agent က "ကြောင်" နေလား?Token Usage တွေ over flowနေလား? LangSmith နဲ့ Trace လိုက်ကြည့်လိုက်! 🕵️‍♂️✨Broတို့... ...
10/05/2026

မင်းရဲ့ AI Agent က "ကြောင်" နေလား?
Token Usage တွေ over flowနေလား?
LangSmith နဲ့ Trace လိုက်ကြည့်လိုက်! 🕵️‍♂️✨

Broတို့... AI ဆောက်တာက အစပိုင်းမှာတော့ Prompt ပေးရုံပဲလို့ ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ ဒါက Software Engineering ဆန်လာပြီနော်။ ကိုယ်ဆောက်လိုက်တဲ့ n8n Agent က Shop မှာ User ကို "ဖိနပ်ရောင်းတယ်" လို့ ပြန်ဖြေရမယ့်အစား "ဖုန်းရောင်းတယ်" လို့ သွားဖြေနေရင် Logic ဘယ်နားမှာ လွဲနေလဲဆိုတာ အရင်ကတော့ မှန်းဆနေရတာပဲ။ 💀

အခု LangSmith ကတော့ အဲ့ဒီပြဿနာကို အပြတ်ရှင်းပေးမှာ။

LangSmith ဆိုတာ ဘာလဲ? 👇
ChainForge က Prompt တွေကို မသုံးခင် "စမ်းသပ်" တာဆိုရင်၊ LangSmith ကတော့ AI ကို ကိုယ့်ရဲ့ Production (Real-world) ထဲ လွှတ်ပေးလိုက်ပြီးနောက်မှာ Monitor နဲ့ Debug လုပ်တာပါ။

LangSmith ရဲ့ Killer Features များ:

🚦Tracing (အစအန လိုက်ရှာခြင်း): AI က Weird Answer ပေးလိုက်ပြီဆိုတာနဲ့ ဘယ် Memory ကို သုံးသွားလဲ၊ ဘယ် Tool က Error တက်သွားလဲဆိုတာကို DevTools လိုမျိုး အသေးစိတ် Inspect လုပ်လို့ရတယ်။

🧮Evaluations (အမှတ်ပေးစနစ်): ကိုယ့် AI ရဲ့ တုံ့ပြန်မှုတွေက Burmese Sound Natural ဖြစ်ရဲ့လား? ဘယ်လောက်အထိ အကူအညီဖြစ်လဲဆိုတာကို Score (ဥပမာ: 8/10) နဲ့ အလိုအလျောက် တိုင်းတာပေးတာ။

📋 Dataset Testing: Spammer တွေ၊ Myanmar Slang တွေနဲ့ Mixed Language တွေကို AI က မှန်မှန်ကန်ကန် Handle လုပ်နိုင်လားဆိုတာကို Test cases အများကြီးနဲ့ အလိုအလျောက် စစ်လို့ရတယ်။

Puu Tuu Real Talk: 🦉
AI Recap System တွေ၊ FB Auto Agents တွေနဲ့ Payment Verification Bots တွေ ဆောက်တဲ့အခါ Context Problems နဲ့ Token Explosions တွေက မဖြစ်မနေ ကြုံရမှာပဲ။ LangSmith မရှိရင် အဲ့ဒီ Error တွေကို လိုက်ပြင်ရတာ Nightmare Fuel ပဲနော်။

💡 လိုရင်းကတော့:
AI က အဖြေမှားပေးလို့ "ဘာလို့လဲ" ဆိုပြီး ထိုင်မှန်းနေမယ့်အစား၊ LangSmith နဲ့ Exact Prompt နဲ့ Internal Logic Flow ကို အတိအကျ ကြည့်လိုက်ပါ။

အခုထိ AI ကို Prompting သက်သက်ပဲလို့ ထင်နေတုန်းလား? ဒါမှမဟုတ် AI Engineering Vibe ထဲ ကူးတော့မလား? Comment မှာ ပြောခဲ့ဦး! 👇🚀

Ai Agent ဆောက်နေတဲ့ Bro တို့ AI Prompt တွေကို "လက်တန်းချတာ" ရပ်လိုက်တော့! ChainForge နဲ့ Pro ဆန်ဆန် Token Saving လုပ်ရအေ...
10/05/2026

Ai Agent ဆောက်နေတဲ့ Bro တို့ AI Prompt တွေကို "လက်တန်းချတာ" ရပ်လိုက်တော့! ChainForge နဲ့ Pro ဆန်ဆန် Token Saving လုပ်ရအောင် 🦉💻

Broတို့... ChatGPT ထဲမှာ Prompt တစ်ခုချင်းစီကို လက်နဲ့ Copy-Paste လုပ်ပြီး စမ်းနေတုန်းလား? အဲ့ဒါက ၂၀၂၆ မှာ လက်ရိုက်စာစီစက်ကြီး သုံးနေသလိုပဲနော်။ 💀

Puu Tuu တစ်ညလုံး ChainForge ဆိုတဲ့ tool ကို လိုက်ကလိကြည့်တာ တကယ်ကို Game-changer ပဲ!

ဒါက Figma ရယ်၊ ဓာတ်ခွဲခန်းတစ်ခုရယ် ပေါင်းပြီး AI အတွက် သီးသန့်မွေးဖွားလာတဲ့ Playground တစ်ခုလိုပဲ။

ဘာလို့ ဒါကို သုံးသင့်တာလဲ? 👇
Mass Testing လုပ်လို့ရတယ်: ကိုယ့်ရဲ့ "Viral Recap" prompt အလုပ်လုပ်၊ မလုပ်သိဖို့ အခါ ၁၀၀ လောက် manual ထိုင်လုပ်နေစရာ မလိုတော့ဘူး။ GPT-4, Claude နဲ့ Gemini တွေပေါ်မှာ တစ်ပြိုင်တည်း ပစ်စမ်းပေးလိုက်မှာ! ⚡

Visual Playground: Drag-and-drop node စနစ်နဲ့မို့ ကိုယ့် AI က ဘယ်နားမှာ စပြီး "ကြောင်" သွားလဲဆိုတာ မျက်စိရှေ့တင် မြင်ရတယ်။

✨ Puu Tuu အကြိုက်ဆုံးအချက်ကတော့ လုံးဝ Free သုံးလို့ရတာပဲ။

Puu Tuu Real Talk: 🦉
ဟင်းချက်နည်းလောက်ပဲ မေးနေတာဆိုရင်တော့ ဒါကြီးကို ကျော်လိုက်လို့ရတယ်။ ဒါပေမဲ့ n8n agent တစ်ခု ဒါမှမဟုတ် Content Pipeline တစ်ခု ဆောက်နေတာဆိုရင်တော့ ဒါက MANDATORY ပဲ။ စာသားလေး နည်းနည်းပြောင်းလိုက်တာနဲ့ "Viral Vibe" ရမလား၊ "Robotic Junk" ဖြစ်သွားမလားဆိုတာ ဒါနဲ့စမ်းမှ သေချာမှာလေ။

🎁 Special Tip:
AI က နောက်ထပ် AI တစ်ခုရဲ့ အဖြေကို "အမှတ်ပေး" ခိုင်းလို့ရတဲ့အထိ တော်တော်လေး အဆင့်မြင့်တယ်။ "Inception" ကားထဲကလိုမျိုး အရမ်းလန်းတယ်! 🌀

အခုလို "Under the Radar" ဖြစ်နေတဲ့ Tool လန်းလေးတွေကို ထပ်သိချင်ရင် Like and Follow ပေးခဲ့ဦး! 👇🚀

Address

Alagon

Website

Alerts

Be the first to know and let us send you an email when Puu Tuu's Ai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share