03/11/2026
🔊 သီချင်းဖွင့်လိုက်ရင် အသံညိပြီး Bass သံတွေ တင်းနေပြီလား?
အိမ်မှာ ကာရာအိုကေဆိုရင်းပဲဖြစ်ဖြစ်၊ သီချင်းနားထောင်ရင်းနဲ့ပဲဖြစ်ဖြစ် Volume လေး နည်းနည်းမြှင့်လိုက်တာနဲ့ အသံက သန့်မနေဘဲ တကျွတ်ကျွတ်နဲ့ တရွတ်တိုက်သံတွေ ထွက်လာတာမျိုး ကြုံဖူးကြမှာပါ။
လူအများစုကတော့ အပြင်ဘက်က လိုင်နာ လေး ကွဲနေတာ၊ ပျက်နေတာလားလို့ပဲ ပထမဆုံး စိတ်ထင်တတ်ကြပါတယ်။ တကယ်တော့ စပီကာရဲ့ အတွင်းပိုင်းမှာ ငုပ်လျှိုးနေတဲ့ "စပိုင်ဒါ (Spider)" ပျက်စီးနေတာ၊ ကော်ဟလာတာ ဒါမှမဟုတ် မာကျောသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
🛠️ စပိုင်ဒါ (Spider) ဆိုတာ ဘာလဲ? ဘာကြောင့် အဲဒီလောက် အရေးကြီးတာလဲ?
🔈စပိုင်ဒါဆိုတာ စပီကာတစ်လုံးရဲ့ ဗဟိုချက်ကို ထိန်းပေးထားတဲ့ အဓိက အစိတ်အပိုင်း ဖြစ်ပါတယ်။
Cone ကို ထိန်းပေးခြင်း: စပီကာ Cone ကို အပေါ်အောက် လမ်းကြောင်းမှန်မှန်နဲ့ လွတ်လွတ်လပ်လပ် တုန်ခါနိုင်အောင် ထိန်းပေးထားပါတယ်။
🔈Voice Coil ကို ကာကွယ်ပေးခြင်း: အတွင်းက Voice Coil သံလိုက်နဲ့ မထိမိ၊ မပွတ်မိအောင် အမြဲတမ်း အကွာအဝေး (Gap) မှန်ကန်အောင် ထိန်းထားပေးတာလည်း စပိုင်ဒါပဲ ဖြစ်ပါတယ်။
⚠️ စပိုင်ဒါ ကော်ဟလာရင် (သို့) တောင့်တင်းမာသွားရင် ဘာတွေ ကြုံရမလဲ?
အချိန်ကြာလာတာနဲ့အမျှ ရာသီဥတု အစိုဓာတ်ဒဏ်ကြောင့်၊ ဒါမှမဟုတ် သင့်တော်မှုမရှိတဲ့ ကော်တွေနဲ့ လျှောက်သုတ်မိလို့ စပိုင်ဒါ အသားတွေ မာသွားတဲ့အခါ—
🟦စပိုင်ဒါက ပုံမှန်အတိုင်း ပျော့ပျော့ပြောင်းပြောင်း မတုန်ခါနိုင်တော့တဲ့အတွက် အသံထွက်တွေ တင်းကျပ်နေပြီး (Bass) သံတွေ ထွက်မလာတော့ဘဲ အသံကွဲလာတတ်ပါတယ်။
🟦စပိုင်ဒါ ဟောင်းနွမ်း ပျော့ကျသွားရင် သို့မဟုတ် ကော်ဟသွားရင် စပီကာ ကတော့ခွက်က စောင်းသွားပြီး အတွင်းက ကွိုင်နဲ့ သံလိုက် ပွတ်မိပါတော့တယ်။ ဒါဆိုရင် တကျွတ်ကျွတ်အသံတွေ ထွက်လာပြီး နောက်ဆုံး စပီကာ လုံးဝ ကွိုင် (လောင်) သွားနိုင်ပါတယ်။
🟦စပိုင်ဒါရဲ့ ဆွဲအား မရှိတော့တာကြောင့် စပီကာ Cone တစ်ခုလုံး အောက်ဘက်ကို နှိမ့်ကျသွားတတ်ပါတယ်။
ညီကိုတို့ရဲ့ အထင်အမြင် တွေကိုလည်း အောက်က Comment မှာ ဝင်ရောက် ဆွေးနွေး သွားပါအုံး😍
#စပီကာပြင်ဆိုင် #အသံပိုင်းဆိုင်ရာဗဟုသုတ