2.7 Design Studio

2.7 Design Studio We design & delivery beautiful hotels, luxury homes and innovative workplaces interiors.

We designed with intention & built with purpose.We also provide customized furniture and space for you.

လက်သမားပညာကို စနစ်တကျ သင်ယူရင်း အလုပ်လုပ်ချင်တဲ့ ညိုကီတို့အတွက်အသင်အကူ  ၂ ယောက်လိုပါတယ်- ငွေရှိမှ အရာရာပြည့်စုံမှာ ဖြစ်လ...
03/03/2026

လက်သမားပညာကို စနစ်တကျ သင်ယူရင်း အလုပ်လုပ်ချင်တဲ့ ညိုကီတို့အတွက်

အသင်အကူ ၂ ယောက်လိုပါတယ်

- ငွေရှိမှ အရာရာပြည့်စုံမှာ ဖြစ်လို့ အသင်ဘဝမှာတင် လစာ ၂၅၀၀၀၀ ခံစားခွင့်ရှိပြီး (နေစားငြိမ်း) (ထမင်းကျွေးပါတယ်) (အသီးအရွက်နဲ့ဘဲဉနဲ့တင် ညားမှာ မဟုတ်ပါ)

- သင်ပေးရင်း အလုပ်လုပ်ရမှာပါ၊ ဒီအလုပ်က တာဝန်ယူရပါတယ်၊ SOP နဲ့ သွားနေတဲ့ လုပ်ငန်းဖြစ်လို့ ကိုယ်နိုင်တဲ့ ဝန်ကို ထမ်းခိုင်းမှာပါ

- အလုပ်ဖြစ်လို့ အလုပ်လုပ်ရမှာပါ၊ ပျော်ပွဲစားထွက်တာ မဟုတ်လို့ အပျော်လာလုပ်ချင်တဲ့သူ လက်မခံပါ

- ထိပ်ဆုံးမှာ လစာရေးပေးထားတာ ဒါပဲ ပေးမှာမလို့ပါ၊ ခေါ်တာကလည်း ဘာမှမတက်ပဲ အမေ့ဝမ်းထဲက ထွက်လာတဲ့အတိုင်းလာလို့ရလို့ ဒီလစာပဲရေးထားတာပါ တက်ရင် တက်တဲ့ လစာပေးပါမယ်

- အလုပ်လိုချင်ရင် Viber no 09 422 272 006 ကို ဆက်သွယ်ပါ ကျေးဇူးတင်ပါတယ်

Project Title – Pazuntaung SiteConcept – Warm Modern Cozy Living..Pazuntaung Site မှာ ဖန်တီးထားတဲ့ ဒီအိမ်ခန်းလေးဟာဝင်လို...
01/03/2026

Project Title – Pazuntaung Site
Concept – Warm Modern Cozy Living..
Pazuntaung Site မှာ ဖန်တီးထားတဲ့ ဒီအိမ်ခန်းလေးဟာ
ဝင်လိုက်တာနဲ့ နွေးထွေးတဲ့ စိတ်ခံစားမှုကို ခံစားရမယ့် Space တစ်ခုဖြစ်အောင်.
Natural Wood Texture နဲ့ Soft Warm Lighting ကို အခြေခံပြီး
နေ့ရက်ပင်ပန်းမှုတွေကို အနားယူလို့ရမယ့်
Bedroom Environment တစ်ခုအဖြစ် ဖန်တီးထားပါတယ်။.
Feature Headboard Wall ရဲ့ Texture Detail,
Built-in Storage Solution တွေ,
Lighting Layering Design တွေက
Luxury ဖြစ်ပေမယ့် မျက်စိပင်ပန်းမှုမရှိတဲ့ Balanced Feel ကိုပေးနိုင်ပါတယ်။.

ဒီဇိုင်းက အလှပဲမဟုတ်ပါဘူး —
သင့်နေ့စဉ်ဘဝနဲ့ လိုက်ဖက်အောင် စီစဉ်ထားတဲ့ Practical Comfort ပါဝင်ပါတယ်။.
အိမ်ဆိုတာ အနားယူရာနေရာတစ်ခုသာမက
ကိုယ်တိုင်ဖြစ်ချင်တဲ့ Lifestyle ကို ထင်ဟပ်စေတဲ့ နေရာပါ။.
2.7 Design Studio မှ
Design Based On Your Style ဆိုတဲ့ Concept နဲ့
Client တစ်ယောက်ချင်းစီရဲ့ အရသာ၊ အလေ့အကျင့်၊ နေထိုင်ပုံကို နားထောင်ပြီး
Personalized Space တွေ ဖန်တီးပေးနေပါတယ်။.
သင့်အိမ်ကိုလည်း နွေးထွေးပြီး စိတ်ချမ်းသာစရာ Space တစ်ခုအဖြစ် ပြောင်းလဲချင်ပါသလား?
📞 09 963 811 388
📩 [email protected]
2.7 Design Studio
Design Based On Your Style

Customized ထုတ်လုပ်မှုတွေအပြင်.Max Production တွေ အထိလက်ခံဆောင်ရွက်ပေးနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော် .ဒီရက်တွေ ဘ...
26/02/2026

Customized ထုတ်လုပ်မှုတွေအပြင်.
Max Production တွေ အထိလက်ခံဆောင်ရွက်ပေးနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော် .
ဒီရက်တွေ ဘာမှ မတင်ဖြစ်ပေမယ့် အလုပ်တွေကတော့ အများကြီးလက်ခံဆောင်ရွက်နေပါတယ်ခင်ဗျာ.

Design based on your style ☺️☺️☺️

☎️ For More Details ☎️
09 963 811 388
09 422 272 006

"ဒီဇိုင်းလှလှလေးတွေနဲ့ အိမ်မှာနေရတာ ပိုပျော်ဖို့... ❤️​အိမ်တစ်အိမ်ရဲ့ အသက်က Interior ဒီဇိုင်းပါပဲ...ကျွန်တော်တို့ 2.7 De...
17/02/2026

"ဒီဇိုင်းလှလှလေးတွေနဲ့ အိမ်မှာနေရတာ ပိုပျော်ဖို့... ❤️

​အိမ်တစ်အိမ်ရဲ့ အသက်က Interior ဒီဇိုင်းပါပဲ...

ကျွန်တော်တို့ 2.7 Design Studio က မိတ်ဆွေတို့ရဲ့ နေထိုင်မှုပုံစံနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Minimalist & Modern စတိုင်တွေကို အသေးစိတ် ဖန်တီးပေးနေပါတယ်...

​အိပ်ခန်းထဲမှာ နေရာမစားဘဲ ပစ္စည်းစုံစုံလင်လင် ထည့်လို့ရမယ့် Custom-built ပရိဘောဂတွေ၊ မျက်စိပဒေသာဖြစ်စေမယ့် Lighting အပြင်အဆင်တွေနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ အသင့်ပါပဲ...

မိတ်ဆွေတို့ရော... အခုပြထားတဲ့ ဓာတ်ပုံ (၄) ပုံထဲမှာ ဘယ်လို Interior စတိုင်မျိုးကို ပိုကြိုက်ကြလဲ? 😍
1️⃣ Modern Wood Panel TV Wall
2️⃣ Luxury Bedroom with Warm Lighting
3️⃣ Minimalist Kitchen & Dining
4️⃣ Cozy Room with City View

ကိုယ်သ‌ဘောကျပြီး အကြိုက်ဆုံးဖြစ်တဲ့ ပုံ‌ရဲ့ နံပါတ်လေးကို Comment မှာ ရေးပေးခဲ့ဦးနော် 👇
​ "

23/01/2026

ရိုးရိုးရှင်းရှင်း ဘုရားကျောင်းဆောင် အခန်းရဲ့ အေးချမ်းနေမှု😌😌😌.

Design based on your style ☺️☺️☺️

☎️ For More Details ☎️
09 963 811 388
09 422 272 006

မြစ်သားမြို့မှာ အပြင်ပြီးလို့ အတွင်းလုပ်Contact - 09 963 811 388, 09 422 272 006
17/01/2026

မြစ်သားမြို့မှာ အပြင်ပြီးလို့ အတွင်းလုပ်

Contact - 09 963 811 388, 09 422 272 006

Site Survey Progress in Town 😎😎😎.ဒီရက်ထဲ သွားဖြစ်ခဲ့သော ဆိုဒ် survey ပုံရိပ်များ ဖြစ်ပါတယ်.FB မှာ မတင်ဖြစ်ပေမယ့် tiktok ...
09/01/2026

Site Survey Progress in Town 😎😎😎.
ဒီရက်ထဲ သွားဖြစ်ခဲ့သော ဆိုဒ် survey ပုံရိပ်များ ဖြစ်ပါတယ်.
FB မှာ မတင်ဖြစ်ပေမယ့် tiktok channel မှာတော့ အမြဲ project update နဲ့ sharing အချို့ တင်ပေးလျက်ရှိပါတယ်

https://www.tiktok.com/@2.7.design.studio?_r=1&_t=ZS-92uwrvyNMZO
.

Project တွေ များနေလည်း စိတ်ရှည်ရှည် စောင့်ပေးကြတဲ့ client တွေ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ.
interior decoration အတွက် design မှအစ တည်ဆောက်ပြီးစီးသည်အထိ အကောင်းဆုံး ဖြစ်ဖို့အတွက်
2.7 Design Studio ရှိပါတယ်

Design based on your style ☺️☺️☺️

☎️ For More Details ☎️
09 963 811 388
09 422 272 006

"၂၀၂၆ နှစ်သစ်ဟာ Floor Plan အလွတ်တစ်ခုလိုပါပဲ... 📐✨ပုံထဲကလို ရှင်းလင်းလှပတဲ့ နေရာလွတ်တစ်ခုလိုပဲ... အတိတ်က မလိုလားအပ်တဲ့ ရ...
31/12/2025

"၂၀၂၆ နှစ်သစ်ဟာ Floor Plan အလွတ်တစ်ခုလိုပါပဲ... 📐✨

ပုံထဲကလို ရှင်းလင်းလှပတဲ့ နေရာလွတ်တစ်ခုလိုပဲ... အတိတ်က မလိုလားအပ်တဲ့ ရှုပ်ပွမှု (Clutter) တွေကို ရှင်းထုတ်ပြီး အိပ်မက်အသစ်တွေ၊ ပိုမိုကောင်းမွန်တဲ့ Flow တွေနဲ့ ဒီနှစ်ကို အလှဆင်လိုက်ကြရအောင်။

လူကြီးမင်းတို့ရဲ့ ၂၀၂၆ ဟာ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေနဲ့ ဖွဲ့စည်းထားတဲ့ Perfect Layout တစ်ခု ဖြစ်ပါစေလို့ 2.7 Interior Design Studio မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🥂🏠

Happy New Year 2026!! Everyone!

🏠 သင့်အိမ်ရဲ့ လုံခြုံမှုနဲ့ အလှပဆုံး ခြံစည်းရိုး Design များအတွက်...ကန်ထရိုက်တာတွေရဲ့ PAE Rate မှာ ခြံစည်းရိုးဆိုတာ မပါဝ...
29/12/2025

🏠 သင့်အိမ်ရဲ့ လုံခြုံမှုနဲ့ အလှပဆုံး ခြံစည်းရိုး Design များအတွက်...

ကန်ထရိုက်တာတွေရဲ့ PAE Rate မှာ ခြံစည်းရိုးဆိုတာ မပါဝင်တတ်ပါဘူး။ ဒါကြောင့် သင့်အိမ်လေး ပိုမိုပြည့်စုံသွားဖို့အတွက် Design ဆန်းဆန်းလေးတွေကို "2.7" နဲ့ အတူတူ ပုံဖော်လိုက်ပါ။

✨ ကိုယ်ပိုင် Design ၊ စိတ်ကြိုက်လက်ရာ
📍 ရန်ကုန်၊ မန္တလေး မြို့များအတွက် လက်ခ/ပစ္စည်းအပြီးအစီး လက်ခံသည်။

ကျွန်တော်တို့ကို Client အပ်ထားတဲ့ပုံကတော့ Client ဆီက ခွင့်ပြုချက်မရလို့ Google က photo နဲ့ အစားထိုးတင်ဆက်လိုက်ရပါတယ်။

မပြည့်စုံမှုတွေကို အကောင်းဆုံး အစားထိုးဖို့ "2.7" ကို အခုပဲ ဆက်သွယ်လိုက်ပါ။
☎️ Phone: 09 963 811 388, 09 422 272 006

ကျောက်ဆည်ကအခန်းလေးတခုကို 2.7 က renovate လုပ်ပေးထားတဲ့ ပုံရိပ်လေးတွေပါခင်ဗျာ။ အခန်းတစ်ခန်းကို အစကနေ အဆုံးအထိ Design & Bui...
28/12/2025

ကျောက်ဆည်ကအခန်းလေးတခုကို 2.7 က renovate လုပ်ပေးထားတဲ့ ပုံရိပ်လေးတွေပါခင်ဗျာ။

အခန်းတစ်ခန်းကို အစကနေ အဆုံးအထိ Design & Build ဝန်ဆောင်မှုတွေကို 2.7 Interior Design Studio မှာ ရရှိနိုင်ပါတယ်ခင်ဗျာ။ ကိုယ်ကြိုက်တဲ့အခန်းပုံစံလေးတွေရှိတယ်ဆိုရင်လဲ ပြတဲ့ပုံအတိုင်း 99.5% အထိတူအောင် ဆောင်ရွက်ပေးနေပါပြီ။

"Design Based On Your Style"

☎️ For More Details ☎️
09 963 811 388
09 782 082 448

"ပြီးပြည့်စုံတဲ့ ခရစ္စမတ်တစ်ခုကို ပုံဖော်ဖို့အတွက်ဆိုရင်... ပျော်ရွှင်မှုဆိုတဲ့ အရောင်အသွေး၊ နွေးထွေးမှုဆိုတဲ့ အထိအတွေ့န...
24/12/2025

"ပြီးပြည့်စုံတဲ့ ခရစ္စမတ်တစ်ခုကို ပုံဖော်ဖို့အတွက်ဆိုရင်... ပျော်ရွှင်မှုဆိုတဲ့ အရောင်အသွေး၊ နွေးထွေးမှုဆိုတဲ့ အထိအတွေ့နဲ့ မေတ္တာတရားဆိုတဲ့တည်ဆောက်ပုံတွေ ပေါင်းစပ်ဖို့လိုအပ်ပါတယ်။ 📐✨

ကျွန်တော်တို့ 2.7 Interior Design Studio မိသားစုကနေ လူကြီးမင်းတို့ရဲ့ အားလပ်ရက် အချိန်ကာလလေးဟာ ကျွန်တော်တို့ အတူတကွ ဖန်တီးပုံဖော်ခဲ့တဲ့ နေရာလေးတွေလိုပဲ လှပပြည့်စုံနေမယ်လို့ မျှော်လင့်ပါတယ်။

ပျော်ရွှင်စရာ ခရစ္စမတ်အားလပ်ရက်များဖြစ်ကြပါစေခင်ဗျာ။ 🎄🛋️"
---

"Designing the perfect Christmas requires the right palette of joy, a texture of warmth, and a structure of love. 📐✨

From our studio to your home, we hope your holidays are as beautiful as the spaces we dream up together. Merry Christmas! 🎄🛋️

"

ခေါင်းအုံးတွေဘယ်လိုပေါ်ခဲ့တာလဲ? 🤔🛌အီဂျစ်မှာ ဖာရိုဘုရင်တွေအုပ်စိုးခဲ့တုန်းကအချိန်မှာ ခေါင်းအုံးတွေကို စတင်တီထွင်ခဲ့ပါတယ်....
20/12/2025

ခေါင်းအုံးတွေဘယ်လိုပေါ်ခဲ့တာလဲ? 🤔🛌

အီဂျစ်မှာ ဖာရိုဘုရင်တွေအုပ်စိုးခဲ့တုန်းကအချိန်မှာ ခေါင်းအုံးတွေကို စတင်တီထွင်ခဲ့ပါတယ်... 🏛️ ဒါပေမယ့် သူတို့အသုံးပြုခဲ့တဲ့ခေါင်းအုံးတွေက ဒီနေ့ခေတ်လို နူးညံ့တဲ့ခေါင်းဦးတွေတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄,၀၀၀ လောက်က သူတို့အသုံးပြုခဲ့တဲ့ ခေါင်းအုံးတွေဆိုတာ... တကယ်တန်းတော့ သစ်သားကိုထွင်းထုထားတဲ့ ခေါင်းအုံးတွေပါ။ 🪵🔨

အဲ့ဒီခေတ်က လူတွေအနေနဲ့ အခုလို သက်တောင့်သက်သာဖြစ်ဖို့ထက် လက်တွေ့အသုံးဝင်မှုကို ပိုဦးစားပေးခဲ့ကြလို့ပါ။ သစ်သားခေါင်းအုံးတွေကို အသုံးပြုခဲ့ရတဲ့ အဓိကအကြောင်းရင်း (၂) ချက်ကတော့ - 👇

🐜 အင်းဆက်ပိုးမွှားရန်မှ ကာကွယ်ရန် - အိပ်စက်နေချိန်မှာ ပိုးကောင်တွေ၊ အကောင်ပလောင်တွေ မျက်နှာ၊ နား နဲ့ နှာခေါင်းထဲ ဝင်မလာအောင် ဦးခေါင်းကို မြေပြင်ကနေ မြှင့်ထားဖို့ လိုအပ်ပါတယ်။

💇‍♀️ ဆံပင်ပုံစံ မပျက်စီးစေရန် - အီဂျစ်လူမျိုးတွေဟာ ရှုပ်ထွေးလှပတဲ့ ဆံပင်ပုံစံတွေကို အမြတ်တနိုး ထားရှိကြပါတယ်။ ဒါကြောင့် အိပ်တဲ့အခါ ဆံပင်ပုံမပျက်အောင် ဦးခေါင်းကို သစ်သားခုံလိုမျိုး ခေါင်းအုံးပေါ် တင်အိပ်ခဲ့ကြတာပါ။

ဒါ့အပြင် ရှေးခေတ်တရုတ်လူမျိုးတွေကလည်း ပျော့ပျောင်းတဲ့ ခေါင်းအုံးတွေဟာ ခန္ဓာကိုယ်ထဲက စွမ်းအင် (Chi) ကို စုပ်ယူသွားနိုင်တယ်လို့ ယူဆကြပြီး ကျောက်၊ ကြွေထည်၊ ဝါး စတာတွေနဲ့ လုပ်ထားတဲ့ ခေါင်းအုံးမာမာတွေကိုပဲ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ 🎋🪨

နောက်ပိုင်း ဂရိနဲ့ ရိုမန်ခေတ် ရောက်မှသာ သက်တောင့်သက်သာဖြစ်မှု (Comfort) ကို ဦးစားပေးလာကြပြီး ကောက်ရိုး၊ ငှက်မွှေးနု (Feathers) တွေကို အသုံးပြုကာ ဒီနေ့ခေတ်လို နူးညံ့တဲ့ ခေါင်းအုံးတွေကို စတင်ပြောင်းလဲ တီထွင်လာခဲ့ကြတာဖြစ်ပါတယ်။ 🪶☁️

ကျနော်တို့နိုင်ငံမှာလဲ ဒီလိုခေါင်းအုံးမျိုးတွေကို အသုံးပြုခဲ့ဖူးပါတယ်။ လူကြီးအတော်များများမှာ ဒီလိုခေါင်းအုံးမျိုးတွေလဲရှိနေပါသေးတယ်။ ကျနော်တို့ဆီမှာကတော့ ကြိမ်နဲ့ပြုလုပ်ထားတဲ့ လေးထောင့်စပ်စပ်ကြိမ်ခေါင်းအုံးတွေဖြစ်ပါတယ်။ 🇲🇲🧺

မိတ်ဆွေတို့အိမ်မှာရော ငယ်ငယ်က ဒီလို ကြိမ်ခေါင်းအုံးလေးတွေနဲ့ အိပ်ဖူးကြလား? (ဒါမှမဟုတ်) အီဂျစ်ခေတ်ကလို သစ်သားခေါင်းအုံးနဲ့ အိပ်ခိုင်းရင်ရော အိပ်ပျော်ပါ့မလားဗျ? 😂

Comment မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးနော်။ 👇💬

"Design Based On Your Style"

☎️ For More Details ☎️
09 963 811 388
09 782 082 448

Pillows

Address

Yangon

Telephone

+959963811388

Website

Alerts

Be the first to know and let us send you an email when 2.7 Design Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 2.7 Design Studio:

Share