Ayeyarwaddy Ko Myo Construction

Ayeyarwaddy Ko Myo Construction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayeyarwaddy Ko Myo Construction, Construction Company, Yangon.

10/01/2026

♠️ကြိုတင် တွက်ဆ ထားရမည့် "ရေကန်အလေးချိန်နှင့်အမိုး slab ခိုင်ခံမှုအကြောင်း♠️

အိမ်မဆောက် ခင် ကတည်းက အမိုးSlabပေါ် ရေကန်တင်မဲ့နေရာကို ကြိုစဉ်းစားသင့်ပါတယ်။အိမ်ဆောက်ပီးမှ သင့်ရာထားမယ်လို့စိတ်ကူးနေတယ်ဆိုရင်တော့ စာကိုဆုံးအောင်ဖတ်ဖို့ မလိုတေ့ာပါဘူး။

အမိုး Slabမှာ အုတ်ရေကန်ဘဲဆောက်ဆောက်၊ စတီးကန်ဘဲတင်တင်၊ ပလတ်စတစ်ကန်ဘဲထားထား မိမိတင်မဲ့ရေရဲ့ အလေးချိန်ကို သိဖို့လိုပါတယ်။
ရေတစ်ဂါလံဟာ 8ပေါင်ကနေ ၁၀ပေါင်အထိလေးပါတယ်။(မိမိတို့တင်ထားတဲ့ ရေဂါလံကို အခုဘဲ ၁၀ပေါင်နဲ့မြှောက်ကြည့်ပါ)
တစ်ပေပတ်လည် တစ်ပေအမြင့်ရှိတဲ့ရေရဲ့အလေးချိန်က 62ပေါင် ရှိပါတယ်။

ပိုရှင်းအောင်ပြောရရင် ၃ပေ ပတ်လည် ၃ပေအမြင့်ရှိတဲ့ရေကန်ရဲ့ရေအလေးချိန်က တန်ဝက်(ဘိလပ်မြေ ၁၀အိတ်အလေးချိန်) နီးပါးရှိပါတယ်။
ဒါတောင် အုတ်စီထားတဲ့ အလေးချိန်ထည့်မတွက်ရသေးပါဘူး။
အမိုးSlabမှာ ရေဂါလံ ဘယ်လောက်ထားမယ်ဆိုတာ အိမ်မှာရှိမဲ့ လူဦးရေအရေအတွက်နဲ့ ပျှမ်းမျှတွက်ချက်ပီးတင်ကြပါတယ်။ ရေကန်ကြီးလေ အလေးချိန်ပိုများလေပါ။

ရေကန်တင်ဖို့နေရာရွေးပီးရင် ထိုနေရာမှာရှိတဲ့
Slabပြင်ထမ်းနိုင်အား၊
သူ့အောက်က ထုပ်ရဲ့ Size၊
ထည့်မဲ့ သံချောင်းအရေအတွက် လုံလောက်ရဲ့လား အသေးစိတ်တွက်ချက်ရပါတယ်။ ဒါမှသာ တင်မဲ့ရေအလေးချိန်ကို အန္တရာယ်ကင်းကင်းနဲ့ အဆောက်အဦးက သက်တမ်းတစ်လျောက် ထမ်းထားနိုင်မှာပါ။

ရေကန်ထားမဲ့နေရာကို အလွယ်တကူမပြောင်းသင့်ပါဘူး။ ရေရဲ့အလေးချိန်က အထက်မှာပြောထားသလို ၃ပေ ပတ်လည်လေးတောင် တန်ဝက်(ပေါင် ၁၁၀၀) ရှိနေလို့ပါ။ နေရာပြောင်းလိုက်ရင် ပြောင်းထားမဲ့နေရာရှိ Slab၊ ထုပ် size လုံလောက်ရဲ့လား ပြန်စစ်ရပါမယ်။

ရေရဲ့အလေးချိန်က အရှင်ဖြစ်ပါတယ်။ ဆိုလိုတာက ကန်ပေါ်ရေတင်နေတုန်း ရေဟာ လှုပ်ရှားနေပါတယ် ။မြင်အောင်ပြောရရင် ဝက်တစ်ကောင်ကို အသေထမ်းထားတာနဲ့ အရှင်ထမ်းထားရတာ ဘယ်ဟာ ပိုအားသုံးရပါသလဲ။ အရှင်က ရှုန်းကန်နေတာပါ။

ဆိုတော့ အထက်ကပြောခဲ့သလို size မလုံလောက်ရင် အန္တရာယ်ကြီးပါတယ်။ချိန်ကိုက်ဗုံးကို ခေါင်းပေါ်တင်ထားရသလိုပါဘဲ။ (ခုလိုပြောလို့ ခြောက်တယ်မထင်ပါနဲ့ ရေကန်ဝိတ်မနိုင်လို့ အိကျနေတဲ့ ဆလပ်ပြင်တွေ ရှိပါတယ်၊ ပြိုကျသွားခဲ့တဲ့အဆောက်အဦးတွေလည်းရှိပါတယ်)

အမိုးပေါ် အပင်စိုက်တဲ့ အိမ်ရှင်တွေလည်းရှိနေပြန်ပါသေးတယ်။ အစောကတည်းက အစီအစဥ်ရှိရင် ကန်ထရိုက်(သို့) အင်ယာကို ကြိုပြောပါ။ အပင်စိူက်မယ်ဆိုမြေကြီးတင်ရပါတယ်။
မြေကြီးရဲ့အလေးချိန်ဟာ တစ်ပေပတ်လည် တစ်ပေအမြင့် မှာ ပေါင်၁၂၀ရှိပါတယ်။ ဒါတောင် ရေလောင်းလိုက်လို့ မြေကြီးစိုသွားရင် ရေရဲ့ အလေးချိန်ပေါင်းထည့်ရတော့မှာပါ။

အိမ်မှာ မိသားစု၅ယောက်နေတယ်ဆိုရင်တောင် အလေးချိန် ပေါင် ၁၀၀၀လောက်ဘဲရှိတာပါ။
အမိုးဆလပ်ပေါ်မှာတော့ ရေဝိတ်၊ အပင်ဝိတ်၊ မြေကြီးဝိတ် ထမ်းထားရတာ ပိုများနေပါတယ်။ ဒီကြားထဲ မိုးများလို့ ရေဆင်းပိုက်က ရေချက်ချင်းမစီးနိုင်ရင် အဲ့မိုးရေ ဝိတ်ပါ ယာယီထမ်းရပါသေးတယ်။

ဒါပေမဲ့ ကန်ထရိုက်က အမိုးSlabမို့ လူမနေဘူး၊ အခန်းမဖွဲ့ဘူး ဆိုပီး size၊ ထည့်မဲ့သံချောင်း လျော့ပီး ဆောက်သွားပေးတယ်ဆို တွေးကြည့်ရုံနဲ့ လန့်ရပါတယ်။
ပြောချင်တာက အိမ်ရှင်တွေက အမိုးဆလပ်ပေါ် ဘာတင်မယ် ဘာလုပ်မယ်ဆိုတာ စဥ်းစားမိသလောက် ကန်ထရိုက် or အင်ယာ ကိုသေချာပြောပြထားပေးပါ။ ပုံဆွဲကတည်းက မြင်သာအောင် ထည့်ဆွဲထားပါ။
structure design သေချာ တွက်ချက်ဆောက်ပါ။

ပိုသေချာချင်ရင် နည်းလမ်းရှိပါတယ်။အင်ယာအခေါ် (load test) စမ်းတယ်ခေါ်ပါတယ်။
မိမိတို့တင်မဲ့ ရေဂါလံနဲ့ ၁၀ နဲ့မြှောက်ပါ။ ဥပမာဆိုပါစို့
ဂါလံ ၃၀၀တင်တယ်ဆိုပါစို့။ ၃၀၀x၁၀=၃၀၀၀ပေါင်
(ဘိလပ်မြေတစ်အိတ်က ၁၁၂ပေါင်လေးတယ်)
၃၀၀၀ကို ၁၁၂နဲ့စား= ၂၆.၇ အိတ်စာအလေးချိန်နဲ့ညီမျှတယ် ။

ပို အန္တရာယ် ကင်း (safe ) ဖြစ်အောင် ၂ဆတိုးရပါမယ်။ အဆောက်အဦးက ရေရှည်မှာ ခံနိုင်အားကျလာတတ်လို့ နောင်တစ်ချိန်မှာ အန္တရာယ်ကင်းအောင်ပါ။ အိတ်၅၀ လောက် ရေကန်တည်မဲ့နေရာကိုဘဲ ကွက်တင်ကြည့်လိုက်ပါ။ (အမိုးSlabတစ်ပြင်လုံး ဖြန့်မတင်ရ ၊ ရေကန်ထားမဲ့ဧရိယာလေးအတိုင်း ဘိလပ်မြေအိတ် စီပီးထပ်တင်ကြည့်ရမယ်)
ဘာမှမဖြစ်ရင် အဆင်ပြေပါပြီ

အကောင်းဆုံးကတော့ ခိုင်ခံ့မှုအတွက် structure design တွက်ချက်ပြီး ဆောက်တာသည် သာ အကောင်းဆုံးလို့ အကြံပြု ချင်ပါတယ် ခင်ဗျာ..

ခိုင်ခံ့လှ ပ တဲ့ အဆောက်အဦလေး များ ပိုင်ဆိုင်နိုင်ကြပါစေ

# Credit to - မူရင်းရေးသားသူ♠️.

ယနေ့လုပ်ငန်းခွင် လှိုင်သာယာ ဆိုဒ် ရဲ့ မှတ်တမ်းလေး အလုပ်တွေ အရင်လို ပြန်လက်ခံနေပါပြီး 🙏3ထပ် RC အဆောင်ရဲ့ လှိုင်သာယာ ဆိုဒ်...
22/05/2025

ယနေ့လုပ်ငန်းခွင် လှိုင်သာယာ ဆိုဒ် ရဲ့ မှတ်တမ်းလေး
အလုပ်တွေ အရင်လို ပြန်လက်ခံနေပါပြီး 🙏

3ထပ် RC အဆောင်ရဲ့ လှိုင်သာယာ ဆိုဒ် လုပ်ကွက်များ
အရာရာ စျေးတတ်နေတဲ့ ခေတ်ကြီးမှာ ခိုင်မှာ တိကျ မြန်ဆန် မှန်ကန်အောင် ဆောင်ရွက်ပေးနေပါတယ်

လူကြီးမင်းတို့အဆောက်ဦးများကို ကျွန်တော်တို့Team
အဖွဲ့သားများက တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်
Ayeyarwaddy Ko Myo Construction
09-777721551
09-690319913📲

ယနေ့ သာကေတ ဆိုဒ်  ပြီးစီးမှုအခြေနေယုံယုံကြည်ကြည် နဲ့ အလုပ်အပ်သော အိမ်ရှင် အစ်ကို့နဲ့အစ်မတို့ ကျန်းမားချမ်းသာ၍ စီးပွားရေး...
26/08/2023

ယနေ့ သာကေတ ဆိုဒ် ပြီးစီးမှုအခြေနေ
ယုံယုံကြည်ကြည် နဲ့ အလုပ်အပ်သော အိမ်ရှင် အစ်ကို့နဲ့အစ်မတို့ ကျန်းမားချမ်းသာ၍ စီးပွားရေး ဒီထက်မကတိုးတတ်အောင်မြင်ပါစေလို့ ကျွန်တော်တို့ Ayeyarwaddy Ko Myo Construction Group မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏🙏🙏

လျှော့တွက်လို့မရတဲ့ ပလင့်လယ်ဗယ်ကုန်ကျစရိတ်အများစု ဆောက်လုပ်ရေးလုပ်ငန်း post တွေမှာ ပလင့်လယ်ဗယ် 1' 6",2' 6" , အဆောက်အဦးအမ...
25/08/2023

လျှော့တွက်လို့မရတဲ့ ပလင့်လယ်ဗယ်ကုန်ကျစရိတ်

အများစု ဆောက်လုပ်ရေးလုပ်ငန်း post တွေမှာ
ပလင့်လယ်ဗယ် 1' 6",2' 6" , အဆောက်အဦးအမြင့် မြေညီထပ် 12' , ပထမထပ် 10' , ဒုတိယထပ် 10' စသည်ဖြင့် ရေးတာတွေ့ဖူးမယ်ထင်ပါတယ် ...

ပလင့်လယ်ဗယ် ( Plinth Level ) ဆိုတာဘာလဲ
အဆောက်အဦး ရဲ့ မြေညီထပ်ဧရိယာ တစ်နည်းအားဖြင့် Ground Beam ရဲ့ အမြင့်ထိနေရာ ကိုပြောတာပါ

အိမ်ခုံရဲ့ လမ်းထက်အမြင့် ကိုလည်းခေါ်ပါတယ်

အိမ်ရှေ့က လမ်းမထက် တစ်ချို့အိမ်တွေက နိမ့်နေတာရှိတယ် အဲ့အချိန် ကိုယ့်ရဲ့အိမ်က လမ်းထက်နိမ့်နေရင် မိုးရွာတဲ့အခါ မြေညီထပ် မိုးရေဝင်တာတို့ အိမ်ရှေ့ကရေမြောင်းက အိမ်ခုံထက်မြင့်နေလို့ မြောင်းထဲကရေတွေက အိမ်ထဲ ပြန်စီးတာတို့ဖြစ်တတ်ပါတယ် ဒီအချိန်မှာ အိမ်ခုံကို လမ်းထက်မြှင့်ထားဖို့လိုပါတယ်

ပုံမှန်ယူဆတာက အိမ်ခုံက လမ်းထက် 2' 6" , 1' 6" လက်မ မြင့်တယ်လို့ယူဆပါတယ် ...

ဒါပေမဲ့လက်တွေ့မှာ အိမ်က လမ်းထက် 3' နိမ့်နေတယ်ဆိုရင် လမ်း Lvl ထိရောက်ဖို့ကို အိမ်က 3' မြှင့်ရပါအုန်းပါမယ် ပီးမှ လမ်းထက်မြင့်ဖို့ 2'6" ,1' 6" ထပ်မြှင့်ရပါအုန်းမယ် .. ဒါကြောင့်
အိမ်ခုံက 5' 6" , 4' 6" ထိမြင့်သွားတာမျိုးထိဖြစ်တတ်ပါတယ် ...

အိမ်ခုံမြင့်ပီဆိုရင်
အုတ်စီတာလည်းပိုများလာပါမယ်
ဝမ်းစာဖြည့်တာလည်းပိုဖြည့်ရပါမယ်
ဘိလပ်ကျောက်မှုန့်သဲလည်းပိုကုန်ပါမယ်
ဒါ့အပြင် တိုင်,သံ,ကွန်ကရိလည်း မြှင့်တဲ့အတိုင်းပိုကုန်ပါမယ်

အဲ့တော့ PAE နဲ့ဖြတ်ကြပီဆိုရင် ပလင့်လယ်ဗယ်
ဘလောက်ထိလုပ်ပေးမယ်ဆိုတာထက်
မြေကြီးခြေနင်းကနေအပေါ်ဘနှပေထိမြှင့်ပေးမယ်ဆိုပီး ဖြတ်တာပိုကောင်းပါမယ် (မြန်မာစကားရှုပ်လို့ပါ😅) အဲ့တာဆို ခုနကလိုအိမ်က လမ်းထက်နိမ့်နေတယ်ဆိုရင် မြေကြီးခြေနင်းကနေ ကိုယ်က 2' 6" မြှင့်ပေးတယ်ဆိုရင် ကျန်တဲ့ 5' 6" ထိမြှင့်ချင်လား 6' 6" ထိ မြှင့်ချင်လား လမ်းထက်ဘနှပေပေမြှင့်ချင်ချင် ကုန်ကျစရိတ်ထပ်တိုးတွက်ချက်တောင်းပါမယ်လို့ ပြင်ဆင်သင့်ပါတယ်

မဟုတ်ဘဲ ပလင့် 2' 6" မြှင့်ပေးမယ်ဆိုရင်
မြန်မာစကားရှုပ်တာကြောင့်
အိမ်က လမ်းထက် 3' နိမ့်နေပေမဲ့
ကိုယ်က 3' + Plinth 2' 6" = 5' 6" ထိ
မြှင့်ပေးလိုက်ရတာမျိုးကြုံနိုင်ပါတယ်

ပစ္စည်းဈေးများအလွန်အမင်းဈေးတက်နေမှုကြောင့် ခုကာလမှာ အမှားနည်းအောင်သာ
ဂရုစိုက်လုပ်ဆောင်ကြပါ

အုတ်တစ်ချပ်တောင် ရွှေလို ဂရုစိုက်နေရတဲ့ အနေအထားဖြစ်နေတယ် အရင်ကဆိုတစ်ချပ် 50 လောက် လွှင့်ပစ်လို့ရတယ် အခုက
အုတ်တစ်ခဲကို 150 ကျော် 😅 အုတ်လေးတစ်ခဲကအစ တန်ဖိုးရှိနေတဲ့ခေတ်ဖြစ်နေပီ

ဘာမှမဟုတ်တဲ့ မြောင်းဖုံးလေးတစ်ခုရိုက်
ရင်တောင် 3,4 သောင်းကုန်တဲ့ခေတ်ရောက်နေပါပီ 🥶 အစစ်တောင်း , ဈေးလျှော့တဲ့
ခေတ်က အရင်လို စေတနာဗလပွနဲ့ ပေးရတဲ့
ခေတ်မဟုတ်တော့ဘူးထင်ပါတယ် ...

လက်ခသီးသန့် လုပ်ဆောင်ခြင်း ၊ (သို့)
ကုမ္ပဏီကြီးပေါက်ဈေးအတိုင်း ပစ္စည်းလက်ခ
လုပ်ဆောင်မှသာ ရေရှည်ရပ်တည်နိုင်မယ်
ထင်ပါတယ် မဟုတ်ရင် Ehic ပိုင်းအရ
ထိခိုက်နိုင်တဲ့ လမ်းမှားသော လုပ်ငန်းလုပ်ဆောင်
ခြင်းဖက်ကိုရောက်သွားနိုင်ပါတယ်

ဆောက်လုပ်ရေးမှာ ရေရှည်ရပ်တည်ချင်ရင်
ရေကန်မြင့်ကြာတင့်ဆိုသလို
ပတ်ဝန်းကျင်ဈေးမြှင့်သလို လိုက်မြှင့်ဖို့လိုပါမယ်
ဈေးလိုက်မမြှင့်ဘဲ Quality ခိုရင်
ရေတိုပဲ လုပ်စား ရပါမယ်
ရေရှည်မှာ နာမည်ပျက်ပါမယ် ...

ဘာဝယ်ဝယ် ဈေးဆိုင်တွေက
ဒီကောင်လေး ချောလို့ဆို ဈေးလျှော့မရောင်းပါ 😬
လေဘာတွေကလည်း ခိုင်းသလောက်
ကိုယ့်သားသမီးမဟုတ်လို့ အလကားမရပါ

ပြန်တွက်ကြည့်ရင် လေဘာခ
တစ်ယောက်တစ်သောင်း ခုထိပေါက်တုန်းပါ
ဒါပေမဲ့ လေဘာတွေ အလုပ်လာဖို့ ထည့်ရတဲ့ဆီ အသွားအပြန်ဖိုးက 1000 ကျော်ကုန်တဲ့
ခေတ်ရောက်နေပီ ဘာညာနှုတ်ရင် လေဘာ တစ်ယောက်တောင် တစ်ရက် 5000 ကျန်ဖို့
မနည်းလုပ်စားနေရတယ် ...

သူတောင်းစားက လမ်းဘေးမှာတောင်းစားတာက တစ်ရက်ဝင်ငွေ 3,4 သောင်းအေးဆေးပဲ 😅

အဲ့တာကြောင့် ခုခေတ်မှာ အိမ်ဆောက်မယ်ဆို
ငွေမပိုရင် မဆောက်တာအကောင်းဆုံးပါ
ငွေပိုလို့ဆောက်မယ်ဆိုလည်း Professional fee ပေးရတာကို နှမြောနေလို့မရပါ ....

နောက်မှ အရပ်ဆောက်ဈေးနဲ့ဆောက်ရင်
အရပ်ဆောက် Quality ပဲရတာကိုအပြစ်တင်
လို့မရပါ ....

ပြောပြချင်တဲ့စကားတွေတထပ်ထဲကျနေလို့.....ကူးယူဖော်ပြပါသည်....ရေးသားသူအားဂါရဝပြုရင်း

ယနေ့လုပ်ငန်းခွင် ပုံမှန်လေးပဲရှေ့ဆက်နေပါတယ်စျေးတွေ တတ်နေပေမဲ့ အရင်လက်ခံထားတဲ့ အလုပ်တွေကို စာချုပ်ပါအတိုင်း အိမ်ရှင်စိတ်တ...
24/08/2023

ယနေ့လုပ်ငန်းခွင် ပုံမှန်လေးပဲရှေ့ဆက်နေပါတယ်
စျေးတွေ တတ်နေပေမဲ့ အရင်လက်ခံထားတဲ့ အလုပ်တွေကို စာချုပ်ပါအတိုင်း အိမ်ရှင်စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါတယ် အကျိုးအမြတ်ထက် အိမ်ရှင်တွေရဲ့ ပီတိကိုပဲ စားသုံးပါတယ်🤗
အဆောက်ဦး ကိစွနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းလိုပါက
☎09-777721551☎

လှိုင်သာယာ ဆိုဒ်လေးယနေ့ပြီးစီးမှု အခြေနေလေးစျေးနှုန်းအတတ်ကျတွေ ကြားတွေမှာ အပြုံးမပျက်ရှေ့ဆက်ရင်း🤗
15/08/2023

လှိုင်သာယာ ဆိုဒ်လေး
ယနေ့ပြီးစီးမှု အခြေနေလေး
စျေးနှုန်းအတတ်ကျတွေ ကြားတွေမှာ အပြုံးမပျက်ရှေ့ဆက်ရင်း🤗

အိမ်ဆောက်နည်းအခြေခံသဘောတရားများမြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည...
12/08/2023

အိမ်ဆောက်နည်းအခြေခံသဘောတရားများ

မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။
မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့်သိပ်သည်းမှု့အနေအထားရအောင် ဆောင်ရွက်ပေးရမည်။

အဆောက်အဦးအတွက် ပတ်တန်းရိုက်သည့်အခါ...
တောင့်တင်းခိုင်မာအောင်ရိုက်၍ ပတ်တန်းတိုင်အား
မြေအဝင် ၃ပေ ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။

အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ...
အဆောက်အဦးတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။

ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။
ဥပမာ...
(၃၊၄၊၅) (၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။

(၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။

လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။
သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။
အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ် (၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။
ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။

အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။

အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

ဝါးငြမ်းများဆင်သောအခါ... အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

သံကိုဖြတ်တောက်သည့်အခါ... (၄၅) ဒီဂရီချိုးချင်သော သံချောင်း ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။

(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။

(၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။

(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

တံခါးရွက်များကို အဆောက်အဦးတစ်ခုလုံး၊
အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။

အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။

နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။

သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။

မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရမည်။

Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန် Vi****or အသုံးပြုရာတွင် Rodတံကိုတည့်မတ်စွာထိုးရပါမည်။ Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရန်သတိပြုရမည်။

Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။

Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

သံချောင်းဆက်ရာတွင်... အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံးရှိရပါမည်။
သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။ သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

Concrete 1m^3လျှင် 35.32ft^3 ရှိပါသည်။

ရေကိုဂါလံတွက်သည့်အခါ...
အလျား အနံ အမြင့် 6.25နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။

ရေကိုလီတာဖြင့်တွက်သည့်အခါအလျားအနံအမြင့်=ရလာတဲ့အဖြေကို4.54နှင့်မြှောက်ရပါမည်။

(8"8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်

သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ
(12"1")=600'
(11"1")=655'
(10"1")=720'
(9"1")=800'
(8"1")=900'
(7"1")=1029'
(6"1")=1200'
(5"1")=1440'
(4"1")=1800'
(3"1")=2400'
(2"1")=3600'
(1"1")=7200'
(2"1-1/2")=7200 '
(3"1-1/2")=1600 '
(6"6")=200 '
( 3"3")=800 '
(3"2")=1200 '
(4"4")=450 '
(4"2")=900 '
(4"1-1/2")=1200 '
(5"5")=288 '
(5"3")=480 '
(5"2")=720 '
(6"2")=600 '
(6"1-1/2")=2400 '

1Ton တွင်ရှိသောသံချောင်းအရေအတွက်များ
တစ်ချောင်းလျှင်...
12mm=40ft
6.5mm=0.26kg/m
1ton=3834m
1 viss = 20.22=20'-3"

8mm=0.395kg/m
1ton=2531m
1 viss = 13.35=13'-4"

10mm=135 ချောင်း
12mm=88 ချောင်း
16mm=53 ချောင်း
18mm=41 ချောင်း
20mm=33 ချောင်း
22mm=27 ချောင်း
25mm=21 ချောင်း
1m=3.28ft
1 inch=25.4mm
1m^3=35.32ft^3
Water 1ft^3=62.4 lb
Water 1ft^3=624 Gal
Water 1 Gal=10lb
Water 1 Gal=4.54 Liter
1 Ton = 2240 Lb
1 Acre-ft=1234m^3
1 Acre=0.405 hectares
1 meter= 3.281 feet
1 km= 0.621 Mile
1 sq mile =2.59 sq km

တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။
တစ်ဧက=43560 စတုရန်းပေ

ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။
တစ်တန်လျှင် 1000 kg
ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။

Sand(သဲ)
Sand coarse(သဲကြမ်း)
Sand fine(သဲ နု)
Gravel(ကျောက်စရစ်)
Cement(ဘိလပ်မြေ)
Water(ရေ)
Brick(အုတ်)
Brickwork (အုတ်စီခြင်း)
Plastering work(နံရံချောခြင်း)
Stair plastering work (လှေခါးချောခြင်း)
Bamboo( ဝါးလုံး)
Earth(soil)မြေတူး
Plywood(အထပ်သားပြား)
Dig earth(soil)မြေကြီးတူး
Earth (soil) compaction construction(မြေကြီးကြိတ်ခြင်း)
Earth(soil) leveling construction(မြေကြီးညှိခြင်း)
Water pump(ရေစုပ်စက်)
Backhoes(မြေတူး၊မြေကုတ်ကား)
Construction roller(မြေကြိတ်စက်)
Plate compactor(မြေရိုက်စက်)
Shrine room(ဘုရားခန်း)
Living room(ဧည့်ခန်း)
Single bed room (တစ်ယောက်အိပ်ခန်း)
Master bed room(မိသားစုအိပ်ခန်း)
Kitchen room(မီးဖိုခန်း)
Dining room(ထမင်းစားခန်း)
Bath room( ရေချိုးခန်း)
Toilet(အိမ်သာခန်း)
Common toilet(အများသုံးအိမ်သာခန်း)
Lounge room(sitting)အပန်းဖြေခန်း
Basement (cellar)မြေအောက်ခန်း
Study room(စာကြည့်ခန်း)
Roof (အမိုး)
Lighting rod(မိုးကြိုးလွှဲ)
Gutter(ရေတလျောက်)
Attic(ထပ်ခိုး)
Gable(မြင်းမိုရ်ပိတ်)
Water Tank(ရေလှောင်ကန်)
Ceiling(မျက်နှာကျက်)
Balcony(လသာဆောင်)
Verandah(ဝရံတာ)
Windows(ပြတင်းပေါက်များ)
Doors(တံ ခါးများ)
Ventilator(လေဝင်လေထွက်ပေါက်)
Portico(အိမ်ရှေ့ပေါ်တီကို)
Staircase/stairs(လှေခါးများ)
Gate(ဝင်းတံခါး)
Fence(ခြံစည်းရိုး)
Garden home(ဥယျာဉ်)
Letter box(အိမ်ရှေ့စာတိုက်ပုံး)
Door bell(အိမ်ရှေ့အချက်ပေးဘဲလ်)
Drain(ရေမြောင်း)

,
#အိမ်ဆောက်နည်း
#အိမ်ဆောက်နည်းအခြေခံသဘောတရားများ
#အုတ်
#စက်အုတ်
#လက်အုတ်



#အုတ်အမျိုးအစားများ
#ဆောက်လုပ်ရေးအထွေထွေဗဟုသုတ
#အထွေထွေဗဟုသုတ
#ဆောက်လုပ်ရေး
#အိမ်
#အိမ်ဆောက်လိုသူများ
#အတိုင်းအတာ

Construction Paradise

( မူရင်းpost လေးကို like, share လုပ်ပေးခဲ့ပါဦးရှင့် ၊
ဤ Page Paradise လေးကိုလည်း Follow, like နှိပ်ပေးခဲ့ပါဦးနော်)

18´×60´ 3ထပ်RC အဆောက်ဦးကိုကျွန်တော်တို့  Ayeyarwaddy Ko Myo Construction ကိုယုံကြည်စွာ အပ်နှံပေးတဲ့ အိမ်ရှင် ဦးလေးနဲ့အ...
11/08/2023

18´×60´ 3ထပ်RC အဆောက်ဦးကို
ကျွန်တော်တို့ Ayeyarwaddy Ko Myo Construction ကိုယုံကြည်စွာ အပ်နှံပေးတဲ့ အိမ်ရှင် ဦးလေးနဲ့အဒေါ်တို့ ကျေးဇူးတင်ပါတယ်🙏🙏🙏
အဆောက်ဦး တည်နေရာ-လှိုင်သာယာ ပင်လုံးစျေး
တစ်နေ့တာ အဆောက်ဦး ပြီးစီးမူလုပ်ကွက်များကို အချိန်နဲ့ တစ်ပြေးညီ တင်ပေးပါမည်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ayeyarwaddy Ko Myo Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share