01/04/2026
Virtualization 🖥
Virtualization ဆိုတာ physical machine(computer) တစ်လုံးပေါ်မှာ virtual machines (computers) တွေအများကြီးဖန်တီးပြီး အသုံးပြုနိုင်တဲ့ နည်းပညာတမျိုးဖြစ်ပါတယ်။
ဆိုလိုတာက computer တစ်လုံးပေါ်မှာ Windows, Linux,server စတဲ့ မတူညီတဲ့ OS တွေအပြိုင် runနိုင်ခြင်းကို ပြောတာဖြစ်ပါတယ်။
ဥပမာ ပုံမှန် computer တစ်လုံးပေါ်မှာ Windows(OS) တခုပဲ run နိုင်ပေမယ့် Virtualization ပေါ်မှာ Windows, Linux,Server တွေ တပြိုင်တည်း run နိုင်ပါတယ်။
Hypervisor ⚙️
Virtualization အကြောင်းပြောမယ်ဆိုရင် Hypervisor ကို ချန်ထားလို့မရပါဘူး။hardware နဲ့ virtual machines ကြားမှာ control လုပ်တဲ့ software ကို Hypervisor လို့ခေါ်ပါတယ်။
အလုပ်လုပ်ပုံက physical hardware (CPU,RAM, Storage)တွေကို VM တခုချင်းစီကို share & manage လုပ်ပေးတယ် , Hypervisor install လုပ်တယ်။ virtual machines (VMs) တွေ create လုပ်တယ်။VM တခုချင်းစီမှာ OS install လုပ်တယ်။
🔶️ Hypervisor Type (2) မျိုးရှိပါတယ်။
1️⃣ Type 1 Hypervisor (Bare-metal)
Hardware device ပေါ်မှာ direct run တဲ့ Hypervisor တစ်နည်းပြောရရင် Hypervisor ကို first layer အဖြစ်run ခြင်းဖြစ်ပါတယ်။
Hardware - Hypervisor - Virtual machines (Guest OS)
Eg: VMWare ESXI, Microsoft Hyper-V
2️⃣ Type 2 Hypervisor (Hosted)
Host Operating System ပေါ်မှာ run တဲ့ Hypervisor တနည်းပြောရရင် ကျတော်တို့ ပုံမှန် software install လုပ်ပြီး အသုံးပြုရသလိုပါပဲ။
Hardware - Host OS - Hypervisor(App) - Virtual Machines
Eg: VMWare Workstation, Oracle VirtualBox
Hypervisor အသုံးပြုခြင်းဖြင့်
✔️Hardware Cost လျော့ကျနိုင်ခြင်း
✔️Isolation(VM တခု crash ဖြစ်ရင် အခြား VM တွေကို မထိခိုက်နိုင်ခြင်း)
✔️backup လုပ်ရတာလွယ်ကူခြင်း
✔️မတူညီတဲ့ OS ကို စက်တလုံးထဲမှာ run နိုင်ခြင်း စတဲ့ကောင်းကျိုးတွေလည်းရှိပါတယ်။
ဒီလောက်ဆို Virtualization နဲ့ Hypervisor အကြောင်းအနည်းငယ် သဘောပေါက်လောက်ပြီ ထင်ပါတယ်။
နည်းပညာဆိုင်ရာ အကြောင်းအရာများနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုပါက Page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်။
Follow for more networking tips