01/08/2025
ဟုတ်ပါတယ်၊ 🇲🇲 ပြည်တွင်းဖြစ်တွေကို အားပေးလိုက်တဲ့ မိတ်ဆွေရဲ့ ငွေပမာဏတိုင်းဟာ နိုင်ငံ့ စီးပွားရေးအတွက် မူလ တန်ဖိုးထက် ပိုတဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။
ဥပမာ မိတ်ဆွေဟာ ပြည်တွင်းဖြစ် မုန့်တိုက်လေး တစ်ခုကနေ မြန်မာငွေ ၁,၀၀၀ ကျပ်ဖိုး အားပေးလိုက်တယ်ပဲ ဆိုကြပါစို့။ (ဒီနေရာမှာ နားလည်ရလွယ်အောင် တန်ဖိုးတွေ အားလုံးကို Constant ကိန်းဂဏန်း တစ်ခုစီ သတ်မှတ်လိုက်ကြပါမယ်)
✅ အဲ့ဒီ ၁,၀၀၀ ဟာ ပထမဆုံး အနေနဲ့ မုန့်တိုက်ရဲ့ အကျိုးအမြတ် ဝင်ငွေ တိုက်ရိုက် ဖြစ်လာတယ်။ : ၁,၀၀၀ ကျပ်
ပြီးရင် ဒီ ငွေ ၁,၀၀၀ ဟာ ဒီမှာပဲ ရပ်တန့်မနေပါဘူး။
✅ အဲဒီ့ငွေ ၁,၀၀၀ ထဲက ၅၀၀ ဟာ ဝန်ထမ်းတွေ အတွက် လစာငွေ အဖြစ် ထပ်ဆင့် စီးဆင်းသွားတယ်။ : ၅၀၀ ကျပ်
✅ ဒီ လစာဝင်ငွေထဲက ဝန်ထမ်းတွေ အသုံးပြုလိုက်တဲ့ ငွေပမာဏ တစ်ခုဟာ တခြား ပြည်တွင်းဖြစ်လုပ်ငန်းတွေ အတွက် ဝင်ငွေ ပြန်ဖြစ်လာတယ်။ : ၃၅၀ ကျပ်
✅ ဒီ ငွေတွေထဲက တချို့တဝက်ဟာ အဲ့ဒီလုပ်ငန်းတွေရဲ့ ဝန်ထမ်း လစာဝင်ငွေ ဖြစ်လာတယ်။ : ၁၅၀ ကျပ်
… စသဖြင့် စသဖြင့် ဒီ ငွေ ၁,၀၀၀ ဟာ အပြင်ကို ထွက်မသွားဘဲ 🔄 ပြည်တွင်းမှာပဲ အဆင့်ဆင့် လည်ပတ်နေပြီး Spending Power သုံးစွဲမှု အား ပိုတက်လာကာ
ဘောဂဗေဒ သဘောတရား အရ ကြည့်မယ်ဆိုရင် စုစုပေါင်း အကျိုးသက်ရောက်မှု အနေနဲ့ တန်ဖိုး အားဖြင့် မူလ တန်ဖိုး ၁,၀၀၀ ကျပ် ထက် ပိုတဲ့ ၂,၀၀၀ ကျပ် (သို့) ၂,၀၀၀ ကျပ်ဝန်းကျင် အထိ ဖြစ်လာနိုင်တာပါ။
ဒါကြောင့် ပြည်တွင်းဖြစ်တွေကို အားပေးနေခြင်းအားဖြင့် မိတ်ဆွေရဲ့ ငွေတွေဟာ လူပေါင်းများစွာ အတွက်၊ နိုင်ငံ့ စီးပွားရေး အတွက် အပေါင်း လက္ခဏာ မြောက်များစွာ ဆောင်ကြဉ်းပေးနိုင်တာပဲ ဖြစ်ပါတယ်။
အထက်မှာ ပြောပြခဲ့တဲ့ ဒီ ဆင့်ပွား အကျိုးသက်ရောက်မှု Multiplier Effect အပြင် ပြည်တွင်းဖြစ်တွေကို အားပေးခြင်းအားဖြင့် ရရှိနိုင်တဲ့ တခြား အကျိုးကျေးဇူးတွေ ရှိရင်လည်း Comment မှာ မျှဝေခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။ 🤗
“ ပြည်တွင်းထုတ်ကုန် မြန်မာ့ဂုဏ်”
📌>
https://apps.apple.com/th/app/pride-of-myanmar/id6745167473
📌>
https://play.google.com/store/apps/details?id=com.mti.mmproda
📌>
https://invite.viber.com/?g2=AQB78oYFMbIUqVOTHm%2BAWkVB7Etaxziji2rTi%2FEEtXSzb9cdmPoNPtUvLOZbYnMz
#ပြည်တွင်းဖြစ် #မြန်မာ့ထုတ်ကုန် #မြန်မာ့ဂုဏ်