Min Thant Shwe Zin Development & Construction Co.,ltd

Min Thant Shwe Zin Development &  Construction Co.,ltd We build – that’s our passion.

တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီမှ ..တောင်ငူမြို့သို့ နေရပ်စွန့်ခွါ လာကြရသူများ အတွက်..ဆန် ၅ အိတ် ၊ ဆီ ၁ ပုံး ၊ ဆား ၁ အိတ...
15/07/2024

တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီမှ ..
တောင်ငူမြို့သို့ နေရပ်စွန့်ခွါ လာကြရသူများ အတွက်..

ဆန် ၅ အိတ် ၊ ဆီ ၁ ပုံး ၊ ဆား ၁ အိတ် နှင့် ဆေးမျိုးစုံ..
စုစုပေါင်း အလှု တန်ဖိုး - ၈ သိန်း လှုဒါန်းပါသည်။

၁၃၈၆ ခုနှစ်  ၊မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ..တောင်ငူ မင်းသန့်ရွှေဇင် အိမ်ရာရုံးရှေ့တွင် သံဃာ ၅ ပါးပင့်ဖိတ်ကာ အန္တရယ်ကင်း...
17/04/2024

၁၃၈၆ ခုနှစ် ၊မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ..
တောင်ငူ မင်းသန့်ရွှေဇင် အိမ်ရာရုံးရှေ့တွင် သံဃာ ၅ ပါး
ပင့်ဖိတ်ကာ အန္တရယ်ကင်း ပရိတ်တရားတော်များ
ရွတ်ဖတ် နာယူ ကုသိုလ်တို့ အမျှပေးဝေပါသည်။

နှစ်သစ်မှာ တောင်ငူမြို့ကြီး နှင့် သတ္တဝါအပေါင်းတို့..
ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာ ကြပါစေ

တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ .. မှ .. တောင်ငူမြို့ ရှိ နေ့ရပ်စ္စန်ခွါလာကြရသူများအတွက်..လိုအပ်သော ဆန်အိတ် ရိက္ခာများကိ...
11/04/2024

တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ .. မှ ..
တောင်ငူမြို့ ရှိ နေ့ရပ်စ္စန်ခွါလာကြရသူများအတွက်..
လိုအပ်သော ဆန်အိတ် ရိက္ခာများကို လှုဒါန်းပါသည်။

ကျွန်တော် ဒီနေ့လေးကို မရောက်ချင်ဘူး .. 🥲ဘာလို့လဲ ဆိုတော့ .. ဒီနေ့ တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ ၏ .. ရက် ၃၀ နေ့စဉ် ထမင...
10/03/2024

ကျွန်တော် ဒီနေ့လေးကို မရောက်ချင်ဘူး .. 🥲
ဘာလို့လဲ ဆိုတော့ ..
ဒီနေ့ တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ ၏ ..
ရက် ၃၀ နေ့စဉ် ထမင်းထုပ် အလှု ပြည့်တဲ့နေ့ ..
ညတုန်းက ဒီနေ့ ချက်မည့်ဟင်း ကို စဉ်းစားရင်း ..
ရင်ထဲမှာ လှိုက်ကနဲ ဝမ်းနည်း .. ဝမ်းသာကြီး ..

ဝမ်းသာတာက ရက် ၃၀ တိတိ စေတနာ အပြည့်
အားကျိုးမာန်တက် ဇွဲလုံလမလျော့ပဲ အားထုတ်ခဲ့သော..
ရက် ၃၀ - ထမင်းထုပ် ၃ သောင်းခန့်ကို လှုနိုင်ခဲ့သော ..
စတုဒီသာ ဒါနကုသိုလ်ကြီးအပေါ် ပီတ်ဖြစ်ရခြင်း နှင့်
ကျွန်တော် မိတ်ဆွေ နှင့် လူအများကို ကုသိုလ်ထပ်တူ
ရနိုင်ကြစေရန် အမျှပေးချင်တာ ..

ဝမ်းနည်းရတာက .. မနက်ဖန်ဆို ကျွန်တော်တို့ အလှုရပ်ပြီ။
မင်းသန့်ရွေဇင် ဆီက ထမင်းထုပ်လေးတွေကို သေချာလေး
ဟင်းချက် ပေးတဲ့ အတွက် စားကောင်းကြတယ် ။
လိုအပ်သော နေရာတွေက မျှော်နေကြမှာ ..
အဲ့ဒီ မျက်နှာလေးတွေ မြင်ယောင်ပြီးရင် ..
ရင်ထဲ မကောင်းဘူး ..

နောက်နောင်ကျရင် .. နေ့စဉ်မပြတ် အမြဲ လှုနိုင်အောင်
ကြိုးစားပါမည်.. ဟု ကတိသစ္စာပြုရင်း ..

ယနေ့ ၃၀ ရက်မြောက်နေ့ ..
တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ
တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများရှိ
နေ့ရပ်စွန့်ခွါလာကြရသူများသို့ ..
ထမင်းထုပ်လေးများအား ..
ကြက်သား ပိဿာ ၅၀ အချိုချက်လေးဖြင့်..
သေချာလေး ချက်ပြုတ် ထုပ်ပိုး ပေးပို့ လှုဒါန်းပါသည် ။

ရက် ၃၀ အားထုတ်ခဲ့ရသော ထမင်းထုပ် ၃ သောင်းခန့်
အလှု၏ မေတ္တာ စေတနာ သီလ သမာဓိ ဇွဲ လုံလ
ဝီရိယ တို့၏ ကုသိုလ်အဖို့ဘာဂ တို့ကို..
အမျှပေးဝေပါသည် ။

ကုသိုလ် ထပ်တူ အမျှရကြကာ ..
ဒီမနက် ဒီနေ့ ဒီအပါတ် ဒီလ ဒီနှစ် နောက်နှစ် အတွက်
သာမက … ဖြစ်လေရာ ဘဝဆက်တိုင် .. နိဗ္ဗာန်တိုင်အောင်
ပြည့်စုံ ချမ်းသာသူများ ဖြစ်ကြပါစေ..

မိမိတို့၏ နေအိမ် နေရပ်သို့ အေးချမ်းစွာ..
အမြန်ဆုံး ပြန်နိုင်ကြပါစေ …

ယနေ့ ၂၉ ရက်မြောက်နေ့ .. တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများ .. ရှိနေ့ရပ်စွန့်ခွါ ...
09/03/2024

ယနေ့ ၂၉ ရက်မြောက်နေ့ ..
တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ
တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများ .. ရှိ
နေ့ရပ်စွန့်ခွါ လာကြရသူများ.. အတွက်
ထမင်းထုပ်များအား ..
ဝက်သနီ အချိုချက်လေး ချက်ပြီး ပေးပို့ လှုဒါန်းပါသည်။

ထန်းလျက် ၅၀သား ၊ သကြား ၅၀သား ကို ကြော် ..
ကြက်သွန်ဖြူဖြင့် ဆီသတ် ၊
ဝက်သား ပိဿာ ၄၀ နဲ့ အချိုပေါင်းချက် ..
ဝက်သားနူးမှ ကြက်သွန်နီ ခတ်ထည့် ..

ကျန်းမာ ချမ်းသာ ရွှင်လန်းစွာ စားကောင်းကြပါစေ.. 😍

ယနေ့ ၂၈ ရက်မြောက်နေ့ .. တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများ .. ရှိနေ့ရပ်စွန့်ခွါ ...
08/03/2024

ယနေ့ ၂၈ ရက်မြောက်နေ့ ..
တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ
တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများ .. ရှိ
နေ့ရပ်စွန့်ခွါ လာကြရသူများ.. အတွက်
ထမင်းထုပ်များအား ..

ကြက်ကြိတ်သား ၁၀ ပိဿာ ၊ ပန်းဂေါ်ဘီဖြူ အထုပ် ၃၀
ပန်းဂေါ်ဘီစိမ်း အထုပ် ၂၀ ၊ မုန်လာဥနီ ၅ ပိဿာ ၊
ဘဲဥ အလုံး ၂၅၀ တို့ဖြင့် …
ကြက်သား ဘဲဥ အစိမ်းကြော်လေး ကြော်ကာ ..
ပေးပို့ လှုဒါန်းပါသည်။

ကြက်ကြိတ်သား ၁၀ ပိဿာ ကို ကြက်သွန်ဖြူနီဖြင့်
ဆီသတ်ကြော်..
မုန်လာဥနီ ၅ ပိဿာကို ပါးပါးလှီးပြီး ထည့်ကြော်..
ပြီးရင် ပန်းဂေါ်ဘီ အဖြူ အစိမ်း အထုပ် ၅၀ ကို မွှာပြီး
ထည့်ကြော် ..
သီးနှံ နူးပြီဆိုမှ ဘဲဥ အလုံး ၂၅၀ ကို ဆား ကြက်သားမှုန့်
ပဲငံပြာရည်အပျစ်ဖြင့် ခေါက်ပြီး ရောကြော် ..

ကြက်သား ဘဲဥ သီးနှံကြော်ပေါ့ ..
ကာလာကတော့ ဝါ စိမ်း နီ .. ပဲ
အရသာကလဲ အသား ဘဲဥ သီးနှံ ဆိုတော့.. ရှယ်ပဲ 😍

ကျန်းမာ ချမ်းသာ ရွှင်လန်းစွာ စားကောင်းကြပါစေ.. 😍

ယနေ့ ၂၇ ရက်မြောက်နေ့ .. တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများ .. ရှိနေ့ရပ်စွန့်ခွါ ...
07/03/2024

ယနေ့ ၂၇ ရက်မြောက်နေ့ ..
တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ
တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများ .. ရှိ
နေ့ရပ်စွန့်ခွါ လာကြရသူများ.. အတွက်
ထမင်းထုပ်များအား ..
ကြက်ကြိတ်သား မျှစ်ချဉ် ရွှေဖရုံသီးချက် ဟင်း .. ဖြင့်
ပေးပို့ လှုဒါန်းပါသည်။

ကြက်ကြိတ်သား ပိဿာ ၃၀ ကို ဆီသတ်ကြော်ချက်၊
မျှစ်ချဉ် ၁၅ ပိဿာကို ပါးပါးလေးလှီး ရောချက် ..
ရွှေဖရုံသီးစိပ်လေးတွေကို ရောနှပ်..
ငရုတ်သီးစိမ်း အတောင့်လိုက်ထည့် .. ရှမ်းနံနံလေး ခတ်..

ချို ချဉ် စိမ့် စပ် မွှေး အရသာလေး ..

ကျန်းမာ ချမ်းသာ ရွှင်လန်းစွာ စားကောင်းကြပါစေ.. 😍

ယနေ့ ၂၆ ရက်မြောက်နေ့ .. တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများ .. ရှိနေ့ရပ်စွန့်ခွါ ...
06/03/2024

ယနေ့ ၂၆ ရက်မြောက်နေ့ ..
တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ
တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများ .. ရှိ
နေ့ရပ်စွန့်ခွါ လာကြရသူများ.. အတွက်
ထမင်းထုပ်များအား ..
ဝက်သား အာလူး ဟင်း .. ဖြင့်
ပေးပို့ လှုဒါန်းပါသည်။

ဝက်သား ပိဿာ - ၃၀ ၊ အာလူး ၁၅ ပိဿာ ကို
သေချာလေး ချက်ပြုတ် ပေးပို့ လှုဒါန်းပါသည်။

ကျန်းမာ ချမ်းသာ ရွှင်လန်းစွာ စားကောင်းကြပါစေ.. 😍

ယနေ့ ၂၅ ရက်မြောက်နေ့ .. တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများ .. ရှိနေ့ရပ်စွန့်ခွါ ...
05/03/2024

ယနေ့ ၂၅ ရက်မြောက်နေ့ ..
တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ
တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများ .. ရှိ
နေ့ရပ်စွန့်ခွါ လာကြရသူများ.. အတွက်
ထမင်းထုပ်များအား ..
ဘဲဥ ငါးခြောက်ချက် ဟင်း .. ဖြင့်
ပေးပို့ လှုဒါန်းပါသည်။

ငါးခြောက် ပိဿာ ၂၀ ကို အတုံး လေးတွေတုံး..
ကြက်သွန်ဖြူနီဖြင့် မွှေးနေအောင် အရင်ကြော်..
ဘဲဥ အလုံး ၁၀၀၀ ကတော့ မနေ့ညကတည်းက
ပြုတ် အခွံခွါပြီး မကျည်းနှစ်ရည် ငံပြာရည် ကြက်သားမှုန့်
တို့ဖြင့် တညလုံး မီးအေးအေးဖြင့် ပေါင်းထားပြီး..
ငါးခြောက်ကြော်ပြီးရင် ဘဲဥအိုးထဲထည့် ရောသမမွှေ
ပြန်ပေါင်း ..

ဘဲဥငါးခြောက်ကို မကျည်းနှစ်ဖြင့် ချက်တဲ့ သဘော..
စိမ့် ချဉ် ငန်တန်တန်လေး .. မဆလာလေး ဖြူး ..
မွှေးသွားတာပေါ့ .. 😍

ကျန်းမာ ချမ်းသာ ရွှင်လန်းစွာ စားကောင်းကြပါစေ..

ယနေ့ ၂၄ ရက်မြောက်နေ့ .. တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများ .. ရှိနေ့ရပ်စွန့်ခွါ ...
04/03/2024

ယနေ့ ၂၄ ရက်မြောက်နေ့ ..
တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ
တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများ .. ရှိ
နေ့ရပ်စွန့်ခွါ လာကြရသူများ.. အတွက်
ထမင်းထုပ်များအား ..
ငါးဖယ် ခရမ်းချဉ်သီးချက်ဟင်း .. ဖြင့်
ပေးပို့ လှုဒါန်းပါသည်။

တရက်တရက် စားကောင်းအောင် မရိုးရအောင်
သေချာ စီစဉ် ချက်ပြုတ် လှုဒါန်းပါသည်။

ကျန်းမာ ချမ်းသာ ရွှင်လန်းစွာ စားကောင်းကြပါစေ..

ယနေ့ ၂၃ ရက်မြောက်နေ့ .. တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများ .. ရှိနေ့ရပ်စွန့်ခွါ ...
03/03/2024

ယနေ့ ၂၃ ရက်မြောက်နေ့ ..
တောင်ငူ မင်းသန့်ရွှေဇင် ကုမ္မဏီ.. မှ
တောင်ငူမြို့ ဘုန်းတော်ကြီးကျောင်းများ .. ရှိ
နေ့ရပ်စွန့်ခွါ လာကြရသူများ.. အတွက်
ထမင်းထုပ်များအား ..
ကြက်သားဟင်း ဖြင့်
ပေးပို့ လှုဒါန်းပါသည်။

ပုံမှန်ကတော့ ကြက်ကြိတ်သား ၊ ဘဲဥ တွေ
ရှိပြီးသားဆိုတော့ ကြက်ကြိတ်သား + တခုခု ဖြင့်
ချက်မလို့..
မနေ့က အလှုရှင်တဦးက အလှုငွေ လှုဒါန်းသောကြောင့်..
ဒီနေ့လေးမှာ ဟင်းကောင်းကောင်း ဖြစ်အောင်
ကြက်သားဟင်းဖြင့် ချက်လှုပါသည်။

ကျန်းမာ ချမ်းသာ ရွှင်လန်းစွာ စားကောင်းကြပါစေ..

Address

No 1, Nawarat Garden Housing
Yangon
11231

Telephone

+959881770077

Website

Alerts

Be the first to know and let us send you an email when Min Thant Shwe Zin Development & Construction Co.,ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share