GREEN SPACE

GREEN SPACE Right here, we would like to share some knowledge about architectural, engineering, technology for construction.

11/10/2025

Celebrating my 9th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

08/03/2019

We are hiring for Singapore Based Myanmar Branch Office to employ the following positions.

Quantity Surveyor(Civil/Archi) 4 posts

BIM Modeller (Structure, Archi, MEP) 4 posts

Interested Applicants,
Please email your CV with expected salary to [email protected]

Interview Date 17-18 Jan 2020. We will update the details again.

We will consider the fresh graduates, too.

Thank you.

Signage, Having fun with Colour Scheme and Iconography for your space users အာခီကာတွန်းလေးတွေမှာ တွေ့တွေ့နေတဲ့ " B.Arch ...
01/10/2016

Signage,
Having fun with Colour Scheme and Iconography for your space users

အာခီကာတွန်းလေးတွေမှာ တွေ့တွေ့နေတဲ့ " B.Arch ဘွဲ့ရ ဆိုင်းဘုတ်ရေးသည် " ဆိုတာလေးကို သွားသတိရမိပြီး ရေးလိုက်ပါတယ်။

Project တစ်ခုမှာ Building Name, Accessibility, Fire Safety, Way Finding, Location Indication ကို Information ပေးနိုင်ဖို့ Signage တွေကို Lead Consultant ဖြစ်တဲ့ Architect က တာဝန်ယူဒီဇိုင်းလုပ်ပေးရပါတယ်။ များသောအားဖြင့်တော့ Public Space တွေဖြစ်တဲ့ ဆေးရုံ၊ ကျောင်း၊ ဈေး ၊ ရုံး၊ ဟိုတယ် နဲ့ Public Area တွေမှာ လာရောက်သူတွေအတွက် အဆင်ပြေလွယ်ကူစေရန်နဲ့ လိုရာကို အမြန်ဆုံးရောက်အောင်သွားနိုင်ဖို့ Signage တွေကို နေရာ သတ်မှတ်ပြီးတပ်ဆင်ရပါတယ်။

Location For Signage .......
အလွယ်ကူဆုံးကနေစပြောရင် Toilet ပါ Male / Female / Handicapped စတဲ့ Information တွေကို Letter နဲ့ဖြစ်စေ Iconography နဲ့ဖြစ်စေ ဖော်ပြကြပါတယ်။

နောက်ထပ် လိုအပ်တာကတော့ Room Name Signage ပါ ၊ ကျောင်းတွေမှာဆို ကျောင်းအုပ်ကြီးရုံးခန်း၊ သူငယ်တန်း၊ ပထမတန်း၊ စတုတ္ထတန်း စတဲ့ အခန်းတွေအတွက် Signage လေးတွေတွေ့ရသလို ရုံးတွေ မှာဆို Meeting Room, Director Room, Library စတာလေးတွေ အပြင် Hotel, Shopping Center တို့လို Project အကြီးတွေအတွက်ဆိုရင်တော့ အရေအတွက် ရာထောင်မကတဲ့ Signage တွေကို Project ကြီးရင်ကြီးသလို စီစဉ်ရမှာပါ။ M&E နဲ့ Fire Safety အတွက် ဆောက်ထားတဲ့ Compartment တွေမှာလည်း DR(Dry Riser), HR(Hose Reel), ER (Electrical Riser) တွေနဲ့ Fire Extinguisher တွေအတွက် Signage တွေဟာလည်း မရှိမဖြစ်ပါ။ တခါတရံတော့ ဒီ Room Name အတွက် Signage တွေကို Client ဘက်က Management Team က ဆောင်ရွက်ကြပါတယ်။

Way Finding & Navigation အတွက် လိုအပ်တဲ့ Signage တွေကိုတော့ Staircase Level ( Level 1, 2, 3 or First Floor, Second Floor, etc), Lift Level, Loading Signage( Floor Slab တွေရဲ့ ခံနိုင်အား Load ကို Structure Engineer ဆီကယူပြီး ထည့်ပေးရတာပါ) , Escape Route Plan ( ဒီ Signage ကတော့ Emergency အတွက် မပါမဖြစ် အရမ်းအရေးကြီးတဲ့အတွက် တပ်ဆင်ထားခြင်း မရှိသေးရင် အဆောက်အအုံကို အသုံးပြုခွင့်မရှိပါဘူး) ။ Airport, Train Station, Bus Terminal စတဲ့နေရာတွေမှာ Gate Number, Terminal Number တွေကို ညွှန်ပေးတဲ့ Signage တွေက Passenger တွေအတွက် မရှိမဖြစ်ပါ။

Signage Design အတွက် အဓိကထည့်သွင်းစဉ်းစားရမှာကတော့ Colour, Letter Size နဲ့ Installation Height/Location/Style ပါ။
စင်ကာပူကဆရာတစ်ယောက်သင်ပေးတဲ့ Signage Colour အတွက်သီအိုရီအချို့ပါ။
1. Avoid warm Colours for Background and poor contrast.
2. Avoid Colours that are opposite on the Colour wheel.
3. Complementary Colours can be a problem.
4. Pastel backgrounds and strong contrasts are best. 👍🏻
Signage တစ်ခုရဲ့ Letter size ဟာ Accessibility နဲ့ Space User တွေအတွက် အထိရောက်ဆုံး Message ပေးနိုင်ဖို့ အရေးအလွန်ကြီးပါတယ်။ ဥပမာ 1.5m အကွာအဝေးကနေ ဖတ်နိုင်ဖို့ စာလုံး size 50mm ရှိဖို့လိုပါတယ်။ လေ့လာချင်သူများအတွက် အကွာအဝေးအလိုက် လိုအပ်တဲ့ စာလုံးအရွယ်အစား နဲ့ Icon အရွယ်အစားပြ Table လေးထည့်ပေးထားပါတယ်။

Signage တွေကို Fabrication လုပ်ဖို့ အနည်းဆုံးအချိန် ၂ ပတ် ကြာတတ်ပါတယ်။ Signage တွေကို ထုတ်လုပ်ဖို့ လက်ရှိ အသုံးများတာကတော့ Acrylic နဲ့ Steel Plate ဖြစ်ပြီး Wall Mounted or Door Mounted Signage တပ်ဆင်ဖို့ကတော့ Heavy Duty Double Sided Tape (သို့) Screw နဲ့ တပ်ကြပါတယ်။ Way Finding & Navigation Signage တွေအတွက် Floor Mounted, Ceiling Hung Type, Mobile Type စတာတွေကိုသုံးကြတာလည်းတွေ့ရပါတယ်။ ဆေးရုံ ဆေးခန်းတွေက Consultation Room မှာ တွေ့ရအများဆုံး Signage Type တစ်ခုက Slot လေးတွေ ကြားထဲမှာ Signage ပြားလေးကိုအချိန်မရွေး ဆရာဝန် အချိန်ပြောင်းတိုင်း လဲလို့ရတဲ့ Type မျိုးပဲဖြစ်ပါတယ်။
Site အချို့မှာ တပ်ဆင်ထားတဲ့ Signage Photo တွေကို Young Learner များလေ့လာနိုင်ရန်ထည့်သွင်းပေးထားပါတယ်။
Thank you very much for reading 📖
Cheers!

Reference;
Wikipedia, Lecture Notes BCAA, Site Photos and experience, Code on Accessibility in the built environment 2013

Dividing The Space By Drywall Partitions & Operable Walls Drywall Partition တွေကို တပ်ဆင်ရလွယ်ကူ အချိန်ကုန်သက်သာပြီး ပလာ...
18/09/2016

Dividing The Space By Drywall Partitions & Operable Walls

Drywall Partition တွေကို တပ်ဆင်ရလွယ်ကူ အချိန်ကုန်သက်သာပြီး ပလာစတာကိုင်စရာမလိုတဲ့အပြင် M&E conduit တွေကို အလွယ်တကူ တပ်ဆင်နိုင်တဲ့အတွက် Hotel, Condo, Apartments, School Project တွေမှာ မပါမဖြစ် အသုံးများလာကြတာ တွေ့ရပါတယ်။Stud Wall လို့လည်းခေါ်ပါတယ် Non Load Bearing Type ပါ မလိုချင်တော့လို့ ဖြုတ်ချင်ရင်လည်း Building Structure ကို မထိခိုက်ဘဲ ဖယ်ရှားလိုက်လို့ရပါတယ်။
Material အားဖြင့်တော့ Gypsum Board, Calcium Silicate နဲ့ Fibrous Plaster Cement Board တို့ကို သုံးပါတယ်။
Drywall Partition ကို Install မလုပ်ခင် ၄ လက်မ အထူရှိတဲ့ RC Kerb တစ်ခုအရင်ဆောက်ဖို့လိုပါတယ် Gypsum Board ကို ရေမထိအောင်ရယ် အခန်းရဲ့ ကြမ်းပြင်ဟာ ကြွေပြား (သို့) ကျောက်ပြားဆိုရင် Skirting တပ်ရင် ကွန်ကရစ် မျက်နှာပြင်မှာမှ adhesive ဖြစ်ဖို့ ပိုအဆင်ပြေပါမယ်။ Concrete Kerb ခဲသွားရင်တော့ U Channel Framing (Stud Frame) တွေကို တပ်ဆင်ပြီး Wall ရဲ့ တစ်ဖက်ကိုပိတ်လို့ရပါပြီ။ ဒီမှာလည်း M&E Team နဲ့ coordination လုပ်ဖို့လိုအပ်ပါတယ်။ Power Point & Switch location တွေကို Fitment Location နဲ့ တိုက်ပြီး စစ်ဖို့လိုအပ်သလို M&E Team အတွက် Drywall ထဲမှာ ထည့်မြှပ်ချင်တဲ့ Service တွေကို အပြီးသတ်တဲ့အထိစောင့်ပြီးမှ RockWool/Mineral Wool ထည့်ပြီး ကျန်တဖက်ကိုပိတ် ပတ်တီးရိုက်
ဆေးသုတ်တာတွေ လုပ်လို့ ရပါတယ်။
Partition လုပ်ပြီဆိုရင် STC Level ကို ထည့်သွင်းစဉ်းစားပြီး Mineral Wool တွေကို ရွေးချယ်ရမှာဖြစ်ပါတယ်။ Sound Transmission Class (STC) rating နဲ့ပတ်သက်လို့ လေ့လာချင်သူများအတွက် Wikipedia မှ Table လေးထည့်သွင်းထားပါတယ်။ ပုံမှန်အားဖြင့် Project တော်တော်များများမှာ အခန်းတွေ ပိုင်းဖို့ STC 50 ရှိတဲ့ Mineral Wool ကို သုံးဖို့ Architect တွေက Specify လုပ်ပါတယ်။

Drywall Partition လိုပဲ အခန်းတွေကိုပိုင်းဖို့ နောက်ထပ် Option တစ်ခုကတော့ Operable Wall တပ်ဆင်ခြင်းပဲဖြစ်ပါတယ်။ Hotels, Meeting rooms, restaurants private rooms, School Classrooms တွေမှာ တက်ရောက်တဲ့လူ အရေအတွက်ပေါ်မူတည်ပြီး Operable Wall တွေနဲ့ Space ကိုပိုင်းခြားပါတယ်။
ဥပမာ Hotel တွေက Hall တွေဆိုရင် Operable Wall set 3 Set လောက်ဆင်ထားပြီး Dinner ပွဲကြီးကြီးတွေဆိုရင် Panel တွေကို ဘေးကပ်ထားပြီး Meeting Room အဖြစ်အသုံးပြုချင်ရင်တော့ Panel တွေကို Track အတိုင်းဆွဲလာပြီး ၄ ခန်း ၂ ခန်း လိုသလို ခွဲပြီး အသုံးပြုလို့ရပါတယ်။

Operable Wall Panel တစ်ခုချင်းစီ ကို MD(Medium Density) Timber Fibre Board ပေါ်မှာ Finishing အနေနဲ့ Lamination လုပ်ပြီး Aluminum Profile နဲ့ အနားနှစ်ဖက်ကိုကွပ်ထားတာပါ။ Panel တွေကိုလုပ်တဲ့အခါ MD board နှစ်ခုကြားမှာ Partition တွေလိုပဲ အနည်းဆုံး STC 50 ရှိတဲ့ Insulation Mineral Wool ပါဝင်ပါတယ်။

စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ Panel တွေကို Lock လုပ်တာပါ Panel တစ်ခုချင်းစီရဲ့ အနားတစ်ဖက်မှာ အဌဂံပုံစံ သော့ပေါက်လေးပါပါတယ်။ Panel တွေကို မျက်နှာကျက် အမြင့်လောက်မှာ တပ်ဆင်ထားတဲ့ Track တန်းတွေမှာ ချိတ်ဆွဲထားတာဖြစ်တဲ့အတွက် အသံလုံအောင် Lock ချချင်ရင် သော့ပေါက်လေးကို လှည့်လိုက်မှ Panel ရဲ့ အပေါ်နဲ့အောက်မှာ Rubber ပြားလေးတွေထွက်လာပြီး Panel ကိုမရွေ့အောင်ထိန်းလိုက်တာပါ။ နောက်ဆုံး Panel ကို Lock ချရင်တော့ အပေါ်ရောအောက်ပါ ရာဘာပြားလေးတွေထွက်လာတဲ့အပြင် ဘေးတစ်ဖက်ကပါ Partition အပိုပြားလေးထွက်လာပြီး Space ၂ ခုကို GAP မကျန်အောင်Lock လုပ်လို့ရပါတယ်။
Site work အနေနဲ့ကတော့ Track ကိုချိတ်ဆွဲဖို့အတွက် M8, M10 Bolt တွေကို Panel တွေရဲ့ အလေးချိန်ပေါ်မူတည်ပြီး Structure Engineer ရဲ့တွက်ချက်မှုအတိုင်း တပ်ဆင်ရပါတယ်။ Bolt တွေရဲ့ခံနိုင်အားကို စစ်ချင်ရင်တော့ Bolt Supplier ကို Pull Out Test လုပ်ပေးဖို့ ဝန်ဆောင်မှုတောင်းလို့ရပါတယ်။
လေ့လာချင်သူများနဲ့ Young Learner များအတွက် Drawing များနဲ့ Site Photo များထည့်သွင်းပေးထားပါတယ်။
Cheers!!!

Reference;
Lecture Note From BCAA, Boral Website , Site Photos, Specifications, Wikipedia

Composition on Ceiling (Aesthetically, Functionally & Safely)Architecture နဲ့ MEP နှစ်ဖက်စလုံး closely coordinate လုပ်ဖိ...
12/09/2016

Composition on Ceiling (Aesthetically, Functionally & Safely)

Architecture နဲ့ MEP နှစ်ဖက်စလုံး closely coordinate လုပ်ဖို့ လိုအပ်တာကတော့ Ceiling Installation ပဲဖြစ်ပါတယ်။ Ceiling Design တစ်ခုမှာ အမြင်အားဖြင့်ကြည့်ကောင်းရုံ မဟုတ်ပဲ ခိုင်ခန့်ဖို့ /MEP services ကို ဖုံးကွယ်နိုင်ဖို့ /Maintenance အတွက် အလွယ်တကူ ဖွင့်နိုင်ပိတ်နိုင်ဖို့/ အသုံးပြုမယ့် အခန်းရဲ့လိုအပ်ချက်အရ အသံစုပ်ယူနိုင်ဖို့ အပူဒဏ်ကာကွယ်နိုင်ဖို့အပြင် မီးဘေးလုံခြုံမှုရှိဖို့လည်း အရေးကြီးပါတယ်။

Project Architect အနေနဲ့ ကိုယ့် Ceiling Design ကို Error အနည်းဆုံးနဲ့ Site ထဲမှာ ပြီးစီးသွားဖို့ဆိုရင်တော့ M&E Combined Services Drawing နဲ့ RCP Plan ကို စစ်ဆေးဖို့နဲ့ Composition ပြန်လုပ်ဖို့ အရမ်းကို အရေးကြီးပါတယ်။ Ceiling Grid တွေကို Exposed လုပ်ထားမယ်ဆိုရင် M&E fixture တွေရဲ့ Location တွေကိုပါ ပြန်ညှိပြီး Engineer တွေနဲ့ Lux Level, Air Conditioning Capacity လုံလောက်မှုရှိမရှိ /Power Point, Switch စတာတွေရဲ့ Accessibility ကို ကိုယ်ဖန်တီးထားတဲ့ Fitment တွေနဲ့ ပြန်စစ်ဆေးရပါတယ် လိုအပ်ရင် Revision လုပ်ရမှာပါ။ Curtain, Roller Blind စတာတွေတပ်မယ်ဆိုရင်လည်း Recessed Box လေးကို ခန်းစီး တန်းအတွက်လိုအပ်ရင်ထားပေးဖို့လိုပါတယ်။ နောက်တစ်ခုက Ceiling Height ပါ Architectural View အရ Ceiling Height ကိုပိုမြင့်ချင်ပေမယ့် M&E Engineer တွေရဲ့ Air-Con Duct တွေ Trunking တွေ ကလည်း Slab နဲ့ Ceiling ကြားမှာ လုံလောက်တဲ့ Space ရှိဖို့ လိုအပ်ပါတယ်။ အချို့ Renovation နဲ့ Alteration Project တွေမှာ တွေ့ကြုံရတာတစ်ခုကတော့ ပန်ကာတပ်ဆင်ခြင်းပါ M&E မှာ ပန်ကာတစ်လုံးရဲ့ Size ပေါ်မူတည်ပြီး FFL မှ ပန်ကာ ဒလက်ထိ Clear Distance သတ်မှတ်ချက်တွေရှိပါတယ် ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားပေးရမှာဖြစ်ပါတယ်။

Ceiling Material အနေနဲ့ အသုံးများတာကတော့ Metal (Aluminum Strip), Fibre Plaster Ceiling နဲ့ Acoustic Mineral Fibre Board ပဲဖြစ်ပြီး အခုခေတ်မှာ တခြား MEP Fixture နဲ့ Trunking တွေကို Conceal လုပ်ဖို့အတွက် Suspended Type လုပ်ကြပါတယ်။ Suspended Type Ceiling တွေကို တပ်ဆင်တဲ့အခါ Ceiling Slab ကနေ Wall Plug ရိုက်ပြီး Hanger Rods တွေမှာ Ceiling Grid Channel တွေကို ချိတ်ဆွဲပြီး တပ်ဆင်ရတာဖြစ်ပါတယ်။ Weight ကိုခံနိုင်ဖို့ Hanger Rods အတွက် Safe Distance က အနည်းဆုံး ၄ ပေပါ။ Wall Plug တွေရဲ့ခံနိုင်အားကို စစ်ဆေးဖို့အတွက် Pull out Test ကို Random point ၄ ခု ရွေးပြီး စစ်ကြပါတယ်။

Timber Strips ceiling တွေကတော့ တော်တော်လေး Flexible ဖြစ်ပြီး လိုချင်တဲ့အကွေးပုံစံတော်တော်များများကိုလည်း ထုတ်လုပ်နိုင်လို့ လူကြိုက်များပေးမယ့် ကုန်ကျစရိတ်တော့ ပိုများပါတယ်။

Stretched Ceiling ( Stretchable Thin Plastic Film) တို့ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒီမှာ အားသာချက်ကတော့ နှစ်သက်တဲ့ဒီဇိုင်းပုံနှိပ်ကို မှာလို့ရတယ် အသားအတွက် အလင်းပိတ် အလင်းဖောက် စတဲ့ ရွေးချယ်မှုတွေလည်း လုပ်နိုင်တဲ့အပြင် Matt or glossy လည်းရွေးလို့ရပါတယ်။

Ceiling ဒီဇိုင်းမှာ နောက်ထပ် ထည့်သွင်းစဉ်းစားရမှာကတော့ Cavity Barrier နဲ့ Fire Proof Box up တွေပါ။ ဒီဇိုင်းအတွက် Fire Safety Specialist နဲ့ Consult လုပ်ရမှာ ဖြစ်ပါတယ်။
Young Learner များအတွက် Site Photo များ Attached လုပ်ထားပါတယ်။
Thank you very much for reading.
Cheers !

Reference;
ID Technology Lecture Note From BCA Academy, Site Photos, Laqfoil Stretch Ceiling web page

Protect the building from Termites ! ! ! Building Structure တစ်ခုကိုဆောက်လုပ်တော့မယ် ဆိုရင် Architect အနေနဲ့ ကိုယ့်ဒီဇို...
06/09/2016

Protect the building from Termites ! ! !

Building Structure တစ်ခုကိုဆောက်လုပ်တော့မယ် ဆိုရင် Architect အနေနဲ့ ကိုယ့်ဒီဇိုင်းအတွက် Termites (ခြစားခြင်း) ရန်မှကာကွယ်ရန်ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်သလို Contractor အနေနဲ့လည်း တည်ဆောက်ထားတဲ့ Building, components and Fitments တွေအတွက် ကာကွယ်ဖို့လိုအပ်ပါတယ်။
Termite ဆိုတာ မြေကြီးထဲမှာနေတဲ့ အင်းဆက်တစ်မျိုးပါ မြန်မာနိုင်ငံမှာတော့ ခြ လို့ခေါ်ပါတယ်။ Termites တွေဟာ မြေကြီးထဲကနေ အဆောက်အအုံထဲကို အက်ကွဲကြောင်း အကြားလေးတွေကနေတဆင့် ဝင်ရောက်ပြီး စာရွက်စာတမ်းများ/ပရိဘောဂများ/ သစ်သားတံခါးဘောင်နဲ့ တံခါးများ/ အပူခံဝါဂွမ်းပြားတွေကအစ ကိုက်ဖြတ်ပြီး ဖျက်စီးနိုင်ပါတယ်။ တချို့အိမ်တွေမှာဆို Termite ကြောင့် ကြမ်းခင်းပါကေး
ပြားတွေ ကျွံကျပြီးပျက်စီးနေတာ တွေလည်းတွေ့ရတတ်ပါတယ်။

Termites Control လုပ်ဖို့ အဆောက်အအုံရဲ့ ဘယ်နေရာတွေကို Treatment လုပ်ရမလဲဆိုတော့ အဓိက က မြေကြီးနဲ့တိုက်ရိုက်ထိစပ်နေတဲ့ အပိုင်း တွေနဲ့ မြေညီထပ်ကိုပါ။ Treatment လုပ်ရမယ့် Area တွေကတော့ Building Perimeter, Construction Joints, Rain Water Down Pipes, M&E Conduits တွေဖြစ်ပါတယ်။ တချို့ System တွေကတော့ Construction Joint တွေသာမက Ground Slab တစ်ခုလုံးအတွက် အပြည့် install လုပ်ကြပါတယ်။

Termites ရန်က ကာကွယ်ဖို့အတွက် အရင်တုန်းကတော့ Chemical Control System ကိုသုံးကြပါတယ်။ အောက်ခံကွန်ကရစ်မလောင်းခင်မှာ ဖို့ထားတဲ့မြေကြီးကို ဆေးဖြန်းတဲ့စနစ်ပါ။ ဒါပေမယ့် Chemical သုံးတဲ့နေရာက မြေအောက်ရေအမြင့်နဲ့ အနည်းဆုံး ၃ ပေလောက်အကွာမှာရှိရပါမယ် Toxic ဖြစ်တတ်လို့ပါ ။
Termite Protection Sheet (Australia made) ရာဘာ ပလပ်စတစ်ချပ်လေးနှစ်ခုကြားမှာ ဝါဂွမ်းအသားလေးညှပ်ထားတဲ့ Sheet မျိုးပါ။ Chemical အနည်းငယ် ပါဝင်ပေမယ့် Environmental နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့ထောက်ခံချက်ပါရင်တော့ သုံးကြပါတယ်။
လောလောဆယ် Popular အဖြစ်ဆုံးကတော့ Stainless Steel Mesh Control System ပါ Chemical Free ဖြစ်လို့ နိုင်ငံတော်တော်များများရဲ့ စီမံကိန်းတွေမှာ အသုံးများပါတယ်။ Warranty ကတော့ ၅ နှစ် (သို့) ၁၀ နှစ် Architectural Specification နဲ့ Contract Documents အရ
ပေးကြပါတယ်။

Termite Protection Sheet နဲ့ Stainless Steel Mesh တို့အတွက် Installation Method ကတော့ နည်းနည်းဆင်ပါတယ်။ ဒီ Material ၂ ခုစလုံးက အလိပ်လိုက်ဝယ်ရတာဖြစ်ပြီး လိုသလိုဖြတ်တောက်ပြီး Install လုပ်လို့ရပါတယ်။ Building Perimeter အတွက်ဆိုရင်တော့ ပလာစတာမကိုင်ခင်မှာ ပတ်ပတ်လည်ကို သံအသေးစားနဲ့ ရိုက်ပြီး ကပ်ပါတယ်။ Stainless Steel Mesh ကိုသုံးရင်တော့ သံကို ယာယီအတွက်ပဲရိုက်ပြီး Bond ဖြစ်သွားရင်သံကိုပြန် နှုတ်လိုက်ပါတယ်။ ပြီးရင်တော့ ပလာစတာကိုင်ကြပါတယ်။ တခါတလေမှာ Install လုပ်ဖို့ Depth မလုံလောက်ရင်တော့ ကွန်ကရစ်မျက်နှာပြင်ကို နည်းနည်း (hacking) စားပြီးမှ တပ်ဆင်ရေးလုပ်ကြပါတယ်။
Construction Joint တွေအတွက်ကတော့ Joint နေရာတစ်လျှောက်မှာ တပ်ဆင်ပြီး ကွန်ကရစ်လောင်း ကြပါတယ်။ RWDP/ M&E Conduits/ Service Pipe တွေကိုတော့ ကွန်ကရစ်မလောင်းခင် Rebar နဲ့ Formwork အပြီးမှာ တပ်ဆင်ကြပါတယ်။

Termite Control အတွက် Technical Data, Test Report နဲ့ Installation Method တွေကို Catalogue နဲ့တကွ Supplier ဆီကတောင်းယူပြီး ကိုယ်သုံးမယ့် Product ကို စစ်ဆေးပြီး ဝယ်ယူဖို့ အကြံပြုချင်ပါတယ်။
Working Drawing များနဲ့ Site Photo များကိုလည်း Young Learner များ လေ့လာနိုင်ရန် တင်ပေးထားပါတယ်။

Cheers ! ! !

Reference:
Wikipedia, Internet, Site Photos and Product Catalogue

We love to learn technology to improve our design 😊Waterproofing for Constructionအဆောက်အအုံတစ်ခုရဲ့ Interior ရော Exterio...
04/09/2016

We love to learn technology to improve our design 😊
Waterproofing for Construction

အဆောက်အအုံတစ်ခုရဲ့ Interior ရော Exterior အတွက်ပါ အရေးကြီးတဲ့ Waterproofing Item Topic လေးကို share ချင်ပါတယ် ။

Waterproofing ကိုဘယ်နေရာတွေမှာ သုံးတတ်လည်းဆိုတော့ ရေအမြဲစိုစွတ်တဲ့ Wet area တွေဖြစ်တဲ့ Bath & WC, Kitchen, RC flat roof, Basement Structure (lift pit, basements, retention tanks, corridors, balconies, Swimming Pools နဲ့ အထပ်မြင့်တွေပေါ်က Planter box တွေမှာ သုံးပါတယ်။ Architect ရဲ့ ဒီဇိုင်းလိုအပ်ချက်အရ (သို့) M&E ဒီဇိုင်းအပေါ်မူတည်ပြီး နံရံတွေ အချို့ အခန်းတွေရဲ့ Slab တွေနဲ့ ရေစိမ့်ဝင်နိုင်ဖို့ရှိတဲ့ နေရာတွေမှာ Barrier အဖြစ်သုံးဖို့လိုအပ်ပါတယ်။

ဈေးကွက်ထဲမှာတော့ Waterproofing Material တွေအမျိုးမျိုးကို Specialist တွေက အသုံးပြုမယ့်နေရာပေါ်မူတည်ပြီး Propose လုပ်ကြပါတယ်။

ဥပမာအားဖြင့် Cementitious Type ဆိုရင် အဆောက်အအုံအတွင်းပိုင်း Wet Area တွေဖြစ်တဲ့ Bath & WC, Kitchen စတဲ့နေရာတွေမှာအသုံးများပါတယ်။ တံတား ရေကာတာ နဲ့ လှိုင်ခေါင်းတွေဆောက်တဲ့နေရာမှာလည်းသုံးနိုင်ပါတယ် ။
Bituminous coating ကတော့ ကတ္တရာ လိုမျိုးပါပဲ RC Flat Roof တွေမှာလည်းသုံးကြပါတယ် ဒါပေမယ့် နေရောင်ထဲမှာ ကြာရှည်နေရင်တော့ အက်ကွဲနိုင်တဲ့အတွက် polyurethane (သို့) acrylic စတာတွေနဲ့ရောစပ်သုံးပေးရပါတယ်။
Polyurethane Liquid Membrane ကတော့ ရာသီဥတုဒဏ်ကိုခံနိုင်ပြီး RC အမိုးတွေမှာသုံးနိုင်ပါတယ် ဒါပေမယ် အခြား Material တွေထက် စရိတ်ကြီးပါတယ်။
ဆေးဖြန်းပြီး သုံးရတဲ့ Liquid Waterproofing ကိုတော့ အမိုးတွေအတွက် Coating ၃ မျိုးနဲ့ ဖြန်းနိုင်ပါတယ်။ အချို့RC Flat Roof တွေကိုတော့ Liquid Apply Rubber Membrane ကိုသုံးပြီး ၂ လက်မအထူရှိတဲ့ Insulation (Poly-Form) နဲ့ Geotextile ကို အပေါ်မှာ တင်ပြီးမှ ကွန်ကရစ်ပြန်လောင်းပါတယ် Designer နဲ့ ဆောက်လုပ်ရေးတာဝန်ခံတို့ အနေနဲ့ Level တွေကို နည်းနည်း ပြန်ညှိဖို့လိုပါမယ် ကြမ်းခင်းအမြင့်က ၃ လက်မလောက်ပိုထူသွားနိုင်လို့ပါ။
နောက်ထပ် Exposed System တစ်ခုကတော့ Bituminous Membrane ကို အပေါ်မှာ mineral coat ( Granule) ပါပါတယ် ကြမ်းခင်းအချောသတ်ပုံစံကတော့ EPDM Rubber Floor လိုမျိုးဖြစ်ပါတယ် RC Roof တွေအတွက်သုံးနိုင်ပြီး ရာသီဥတုဒဏ်ခံနိုင်ပါတယ်။

Waterproofing layer ကို RC slab ပြီးတဲ့အခါ screed layer မလောင်းခင် လုပ်ရပါတယ်။ ခြောက်သွားရင်တော့ အခန်းကို ရေ ၂ လက်မခွဲ လောက်ဖြည့်ပြီး ၂၄ နာရီထားရပါတယ်။ ၂၄ နာရီပြည့်ပြီးရင်တော့ အောက်ထပ်ကနေ ( ဥပမာ ဒုတိယထပ်အတွက်လုပ်ရင် ပထမထပ်ကိုဆင်းပြီး မျက်နှာကျက်ကို ) ရေစိမ့်မစိမ့် ကြည့်ရပါတယ်။ ရေမစိမ့်ရင်တော့ screed လောင်းတာ ကြွေပြားခင်းတာ စတဲ့ Finishing လုပ်ငန်းတွေလုပ်လို့ရပါပြီ။ ရေစိမ့်ရင်တော့ အဲ့ဒီနေရာကို ပြန်ပြင်ပြီး ၂၄ နာရီ Test ပြန်လုပ်ပြီးမှ အချောသတ်လုပ်ငန်းကို ဆက်ရမှာပါ။

Waterproofing အတွက် အချို့တွေကတော့ ကိုယ်တိုင်နှစ်သက်တဲ့ Product ဝယ်ပြီး သုံးကြသလို လုပ်ငန်းကြီးရင်တော့ Specialist ကို Sub Contract ပေးပြီးလုပ်လို့လည်းရပါတယ်။ နိုင်ငံခြားမှာတော့ Specialist ဌားပြီးလုပ်တယ် Warranty အနေနဲ့ ၅ နှစ် (သို့) ၁၀ နှစ် ကို ပိုင်ရှင်နဲ့ Architect Specification အရစာချုပ်ချုပ်ပြီး အာမခံခိုင်းပါတယ်။
Building Structure တစ်ခုမှာ Waterproof သေချာလုပ်ထားမှသာ Level to Level ရေစိမ့်ခြင်း / နံရံမှတဆင့် ရေစိမ့်ခြင်းကြောင့် လျှပ်စစ်လျှော့ဖြစ်ခြင်း / ရေစိမ့်ခြင်းကြောင့် ကွန်ကရစ် အချောကိုင်ထားသောနေရာမှ ဆေးကွာခြင်း နဲ့ အခြား လျှပ်စစ်အန္တရာယ်များလည်း ကာကွယ်နိုင်တာကြောင့် အလေးထားဖို့လိုအပ်ပါတယ်
လေ့လာနေတဲ့ကျောင်းသား/သူများအတွက်လည်း Detail နှင့် ဓါတ်ပုံများထည့်သွင်းထားပါတယ်

Thank you for reading. Cheers!

Reference:
Internet, Site Photos and discussion with waterproofing installers

Address

Yangon

Telephone

+959975553627

Website

Alerts

Be the first to know and let us send you an email when GREEN SPACE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GREEN SPACE:

Share