26/09/2025
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစုခွဲဝေပေးမည့် အစီအစဉ်အသေးစိတ်ကို အောက်ပါအတိုင်း တင်ပြလိုပါသည်။
(က) Share လက်မှတ်အပ်နှံပြီး securities account ဖွင့်ထားသော အစုရှယ်ယာရှင်ဖြစ်ပါက မိမိတို့ ဘဏ်အကောင့်များထဲသို့ အမြတ်ဝေစုများ တိုက်ရိုက် ရောက်ရှိမည်ဖြစ်ပါသည်။
(ခ) Share လက်မှတ်အပ်နှံသည့်နေ့မှာ ၁၂.၀၈.၂၀၂၅ ထက်နောက်ကျခဲ့ပါက အမြတ်ဝေစုထုတ်ရန် MTSH ၏ IR ဌာနသို့ ဖုန်းဖြင့် ဆက်သွယ် စာရင်းပေးရပါမည်။
(ဂ) Share လက်မှတ် အပ်နှံခြင်းမပြုရသေးသော အစုရှယ်ယာရှင်ဖြစ်ပါက အမြတ်ဝေစုထုတ်ရန် MTSH ၏ IR ဌာနသို့ ဖုန်းဖြင့် ဆက်သွယ် စာရင်းပေးရပါမည်။
(ဃ) Securities Account ဖွင့်ထားသော အစုရှယ်ယာရှင်များအနေဖြင့် မိမိတို့ ဘဏ်အကောင့်များထဲသို့အမြတ်ဝေစုများ ဝင်/မဝင်ကို ဘဏ်စာအုပ်ကို update ဆွဲ၍သော်လည်းကောင်း၊ mobile banking
နှင့်ချိတ်ဆက်ထားပါက mobile banking app သို့ ဝင်ရောက်၍သော်လည်းကောင်း၊ သက်ဆိုင်ရာ securities company များသို့ တိုက်ရိုက်ဆက်သွယ်၍သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
(င) ခွဲဝေပေးသည့် အမြတ်ဝေစုပမာဏမှာ အစုရှယ်ယာတစ်စုလျှင် ၁၉၀ ကျပ်ဖြစ်ပါသည်။