Cloud 9 by MBIG

Cloud 9 by MBIG Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cloud 9 by MBIG, Construction Company, No. 52, Nawaday Street, 48 Block, North Dagon Township, Yangon.

19/06/2023

လူကြီးမင်းတို့ရဲ့ဂုဏ်သိက္ခာကို အကောင်းဆုံး ထင်ဟပ်ပြသနေတဲ့ အိမ်ကြီးအိမ်ကောင်းတစ်လုံးက အပြင်ပိုင်း အမြင်မှာ ခမ်းနားထည်ဝါနေဖို့အပြင် အိမ်အတွင်းပိုင်းရဲ့ ရေ၊ မီး၊ မိလ္လာနဲ့ လေအေးပေးစနစ်လည်ပတ်မှု အပြင်အဆင်တွေကလည်း အရေးကြီးပုံကို ဒီဗီဒီယိုလေးမှာ အခုပဲကြည့်ရှုလိုက်ပါ..💙

Cloud9 က ဖန်တီးတည်ဆောက်ပေးလျက်ရှိတဲ့ အိမ်တွေမှာ ဒီဇိုင်းအဆင့်အတန်း အရည်အသွေးပြည့်မီဖို့နဲ့အတူ အိမ်တစ်လုံးရဲ့ အကောင်းဆုံးလည်ပတ်မှုအတွက် အရေးပါတဲ့ အတွင်းပိုင်း System တွေကလည်း သာမန်အိမ်တွေနဲ့မတူဘဲ ပိုမိုကောင်းမွန်တာကို အာမခံချက်အပြည့်အဝပေးနိုင်ပါတယ်။

ရေသုံးစွဲမှုအတွက် နိုင်ငံတကာအဆင့်မီကုန်ပစ္စည်း၊ Sensor တွေနဲ့ ရေပူရေအေးစနစ်၊ အလိုအလျောက်ရေတင်ပေးတဲ့စနစ်တွေကို အသုံးပြုထားပြီး မထင်မှတ်ဘဲဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေမှာတောင် ရေကို လောက်ငှစွာ အသုံးပြုနိုင်ဖို့ ထည့်သွင်းစီစဥ်ပေးထားပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် အရေးကြီးတဲ့ ရေဆိုးထုတ်လွှတ်မှုစနစ်မှာလည်း လူကြီးမင်းရဲ့နေအိမ်ကတစ်ဆင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်ပေါ်အောင် စွန့်ပစ်ဆီတွေကို အဆင့်ဆင့်ခံယူပြီး စွန့်ထုတ်ပေးသလို မိလ္လာစနစ်အတွက်လည်း နောင်တစ်ချိန်မှာ ပြုပြင်ရလွယ်ကူစေဖို့ အစအဆုံး အကောင်အထည်ဖော် စနစ်ချပေးထားတာဖြစ်ပါတယ်။

အိမ်တွင်းပစ္စည်းတွေကို အသုံးပြုဖို့အတွက် အဆင့်မြင့် Solar System ကို ထည့်သွင်းပေးထားပြီး လျှပ်စစ်မီးပြတ်တောက်သည်ဖြစ်စေ၊ မပြတ်တောက်သည်ဖြစ်စေ လူကြီးမင်းနဲ့ ချစ်ခင်ရတဲ့မိသားစုဝင်တွေအနေနဲ့ ခမ်းနားထည်ဝါတဲ့ မိမိရဲ့နေအိမ်မှာပဲ Luxury Life တစ်ခုကို ရရှိခံစားနိုင်မှာ အသေအချာပါပဲ။

အိမ်တွင်းမှာရှိတဲ့ မီးခလုတ်များ၊ CCTV များ၊ လူခေါ်ဘဲလ်၊ တံခါးအဖွင့်အပိတ် အစရှိတာတွေကိုလည်း မြန်မာနိုင်ငံမှာ တွေ့ရခဲတဲ့ Smart Home System နဲ့ ဖန်တီးပေးထားပြီး Wi-Fi ၊ အင်တာနက်ရှိရုံနဲ့ လူကြီးမင်းရဲ့အိမ်တွင်းက လုပ်ငန်းဆောင်တာတွေကို Phone ၊ Tablet ၊ Laptop တို့ကတစ်ဆင့် အဆင်ပြေပြေ စီမံခန့်ခွဲနိုင်မှာပါ။

ဒီလိုမျိုး Cloud9 က ဖန်တီးတည်ဆောက်ပေးထားတဲ့ အိမ်တွေရဲ့ အတွင်းပိုင်း လည်ပတ်ပုံတွေကို Cloud9 ရဲ့ M&E Contractor တစ်ယောက်ဖြစ်တဲ့ U Aung Myo Hein က ဒီဗီဒီယိုမှာ အသေးစိတ် ရှင်းလင်းပြောကြားပေးထားပါတယ်။

မိမိစိတ်ကြိုက်ဒီဇိုင်းနဲ့အတူ အဆီအနှစ်ပြည့်ဝပြီး ခမ်းနားထည်ဝါတဲ့ အိမ်ကြီးအိမ်ကောင်းတစ်လုံးကို ပိုင်ဆိုင်လိုတဲ့ လူကြီးမင်းများကိုလည်း Cloud9 က လှိုက်လှိုက်လှဲလှဲ ကြိုဆိုလျက်ရှိပါတယ်...



08/05/2023

အခုတစ်ခါမှာတော့ Cloud 9 ရဲ့ Design Team မှ Senior Architect အဖြစ်တာဝန်ယူထားတဲ့ မစိမ်းလဲ့ခိုင်မှ မြန်မာ့ရိုးရာဗမာအိမ်ပုံစံကိုအခြေခံပြီး ၂၁ ရာစုခေတ်သစ်ရဲ့ လူနေမှုပုံစံမျိုးနဲ့လိုက်ဖက်ညီတဲ့ လှပခေတ်ဆန်မှုများနဲ့ ပေါင်းစပ်ထားတဲ့ ထူးခြားဆန်းသစ်တဲ့အိမ်ပုံစံလေးဖြစ်လာဖို့အတွက် Sketch ပုံကြမ်းရေးဆွဲတဲ့အဆင့်ကစပြီး ဒီဇိုင်းပိုင်းနဲ့ Function ပိုင်းတွေမှာ နေထိုင်မယ့်သူတွေအတွက် ပိုပြီးအဆင်ပြေစေမယ့်ရပ်ဝန်းတစ်ခုဖြစ်စေဖို့ Balance ညီအောင် ဘယ်လို idea မျိုးတွေနဲ့ ထည့်သွင်းပုံဖော်ခဲ့ရတယ်၊ ဆောက်လုပ်နေစဉ်မှာလည်း ဘယ်လိုမျိုးလေးတွေ ကြုံတွေ့ခဲ့ကြရတယ် ဆိုတဲ့အကြောင်းလေးကို စိတ်ဝင်စားဖွယ်ရာ တင်ဆက်ပေးလိုက်ပါတယ်ရှင်…

အိမ်ဆောက်ခြင်းနဲ့ပတ်သက်လို့ စိတ်ဝင်စားကြတယ်ဆိုရင်တော့ မစိမ်းလဲ့ခိုင်နဲ့အတူတူ ဗမာအိမ်လေးရဲ့လှပမှုကို တူတူခံစားကြည့်ရှုလိုက်ကြရအောင်နော်!

နေအိမ်ကို အလှဆင်ဖန်တီးတည်ဆောက်ခြင်းဟာ အနုပညာပန်းချီကားတစ်ချပ်ကို ပုံဖော်ရေးဆွဲခြင်းနဲ့ အလားသဏ္ဍာန်တူညီပါတယ်။ လူကြီးမင်းပ...
29/03/2023

နေအိမ်ကို အလှဆင်ဖန်တီးတည်ဆောက်ခြင်းဟာ အနုပညာပန်းချီကားတစ်ချပ်ကို ပုံဖော်ရေးဆွဲခြင်းနဲ့ အလားသဏ္ဍာန်တူညီပါတယ်။ လူကြီးမင်းပိုင်ဆိုင်မယ့် နေအိမ်တစ်လုံးကို ခေတ်နဲ့လိုက်လျောညီထွေမှုရှိပြီး ရည်ရွယ်ရာအတိုင်း အပြည့်အဝ စိတ်တိုင်းကျစေဖို့အတွက် မရှိမဖြစ် အရေးပါတဲ့အချက်များကို ဝေမျှပေးချင်ပါတယ်။

ဝါရင့်ဗိသုကာပညာရှင်များ၊ ကျွမ်းကျင်အင်ဂျင်နီယာများနဲ့ ဖွဲ့စည်းထားတဲ့ Cloud9 ဟာ လူကြီးမင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထင်ဟပ်ဖော်ဆောင်စေနိုင်မယ့် Luxury နေအိမ်များကို အရည်အသွေးပိုင်းနဲ့ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ရောင်းချပေးလျက်ရှိပါတယ်။

နေအိမ်ဒီဇိုင်းပုံစံများကို မိမိစိတ်ကူးထဲကအတိုင်း အသေးစိတ် Customize ဖန်တီးကာ စိတ်တိုင်းကျပုံဖော်လိုတဲ့ လူကြီးမင်းများကိုလည်း Cloud9 က အစဥ်အမြဲ ကြိုဆိုလျက်ရှိပါတယ်။ ပုံတစ်ပုံချင်းစီထောက်ပြီး Article လေးကို ဖတ်ရှုပေးကြပါဦး။


လူကြီးမင်းရဲ့ ကြီးမားထည်ဝါတဲ့ဂုဏ်သိက္ခာနဲ့ လိုက်ဖက်ညီနေမယ့် အိမ်တစ်လုံးကို အသပ်ရပ်ဆုံးဖန်တီးပေးနိုင်ဖို့ Cloud9 က အမြဲတမ...
20/03/2023

လူကြီးမင်းရဲ့ ကြီးမားထည်ဝါတဲ့ဂုဏ်သိက္ခာနဲ့ လိုက်ဖက်ညီနေမယ့် အိမ်တစ်လုံးကို အသပ်ရပ်ဆုံးဖန်တီးပေးနိုင်ဖို့ Cloud9 က အမြဲတမ်းအဆင်သင့်ရှိနေပါတယ်။

ခမ်းနားသပ်ရပ်တဲ့ Premium ဒီဇိုင်းများကို အတွေ့အကြုံပြည့်ဝတဲ့ ဗိသုကာပညာရှင်များက လူကြီးမင်းစိတ်တိုင်းကျ ပုံဖော်ပေးပြီး အရည်အသွေးမြင့်ကုန်ကြမ်းများနဲ့ ခေတ်မီနည်းပညာများကို အသုံးချကာ ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များက ဖန်တီးတည်ဆောက်ပေးသွားမှာပါ။

ခေတ်မီဆန်းသစ်ပြီး အရည်အသွေးပြည့်ဝတဲ့ နေအိမ်တစ်လုံးမှာ မြန်မာ့ရိုးရာအငွေ့အသက်များကို ထိန်းသိမ်းထားနိုင်ခြင်းကလည်း Cloud9 ရဲ့ အများနဲ့မတူတဲ့ အားသာချက်ဖြစ်ပါတယ်။

📥 "Send Message" ကို နှိပ်ပြီး Cloud9 က စဥ်ဆက်မပြတ် ဖန်တီးခဲ့တဲ့ Premium ဒီဇိုင်းနဲ့ Luxury အိမ်များကို ကြည့်ရှုလေ့လာလိုက်ပါ။



အိမ်ကြီးအိမ်ကောင်းချင်း တူညီပေမယ့် Unique ဖြစ်တဲ့ ခံစားချက်နဲ့အတူ သာယာလှပတဲ့ နေအိမ်တစ်လုံးကို ပိုင်ဆိုင်လိုတဲ့ လူကြီးမင်...
16/03/2023

အိမ်ကြီးအိမ်ကောင်းချင်း တူညီပေမယ့် Unique ဖြစ်တဲ့ ခံစားချက်နဲ့အတူ သာယာလှပတဲ့ နေအိမ်တစ်လုံးကို ပိုင်ဆိုင်လိုတဲ့ လူကြီးမင်းအတွက် P14 အိမ်က အမှန်ကန်ဆုံး ရွေးချယ်မှုပါ။

P14 အိမ်ကို Cloud9 ရဲ့ ဝါရင့်ဗိသုကာပညာရှင်များ၊ ကျွမ်းကျင်အင်ဂျင်နီယာများက ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းမှာ မြန်မာ့ရိုးရာဟန်ကို ထည့်သွင်းပေါင်းစပ်ပြီး ဖန်တီးတည်ဆောက်ထားပါတယ်။ အလင်းရောင်ကောင်းစွာရရှိပြီး အိမ်အတွင်း၊ အပြင် အလှဆင်မှုများအတွက်လည်း နိုင်ငံတကာအဆင့်မီကုန်ကြမ်းပစ္စည်းများကို အသုံးပြုထားခြင်းကြောင့် လူကြီးမင်းနဲ့မိသားစုအတွက် နွေးထွေးလုံခြုံပြီး ထူးခြားခမ်းနားတဲ့ ခံစားမှုကို မြန်မာ့ရိုးရာအိမ်လို့လည်း ခေါ်ဝေါ်တဲ့ P14 အိမ်က ပေးစွမ်းနိုင်မှာပါ။

အခြားသောအိမ်များနဲ့ မတူကွဲပြားတဲ့ နောက်ထပ်အားသာချက်က Open Space တစ်ခုကို အုတ်၊ Clad နှစ်မျိုးနဲ့ Hybrid ဆန်ဆန် အသုံးပြုပြီး နေအိမ်နဲ့တွဲလျက် ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ လတ်ဆတ်တဲ့ လေပြည်လေညှင်းလေးတွေကို တန်ဖိုးထားရတဲ့မိသားစုနဲ့အတူ ခံစားနိုင်မယ့်အခွင့်အရေးက လူကြီးမင်းအတွက် အဆင်သင့်ရှိနေပါပြီ။

မြောက်ဒဂုံမြို့နယ်အတွင်းမှာ တည်ရှိတဲ့ P14 အိမ်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုလေ့လာလိုပါက
☎ Cloud9 Hotline: 09 977 814 267, 09 969 907 978 ကို ဆက်သွယ်ပြီး Appointment ရယူလိုက်ပါ။


မြန်မာ့ အထင်ကရ ဗိသုကာပညာရှင်များ ဒီဇိုင်းရေးဆွဲပေးထားတဲ့ Cloud9 ရဲ့ Prototype အသစ်တစ်ခုဖြစ်တဲ့ "P6V2" အိမ်ကို ဝယ်ယူနိုင်...
13/03/2023

မြန်မာ့ အထင်ကရ ဗိသုကာပညာရှင်များ ဒီဇိုင်းရေးဆွဲပေးထားတဲ့ Cloud9 ရဲ့ Prototype အသစ်တစ်ခုဖြစ်တဲ့ "P6V2" အိမ်ကို ဝယ်ယူနိုင်မယ့် အခွင့်အရေးရှိနေပါပြီ။ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ Sony မြယမုံအိမ်ယာမှာ တည်ရှိတဲ့ Cloud9 ရဲ့ "P6V2" အိမ်က Luxury ဆန်တဲ့ နေထိုင်မှုဘဝနဲ့ ကိုယ်တိုင်နေထိုင်လိုတဲ့မိတ်ဆွေများ၊ အနာဂတ်အတွက် အရင်းအနှီးတစ်ခုပြုလုပ်လိုတဲ့ မိတ်ဆွေများအားလုံးအတွက် ကြိုပွိုင့်စနစ်နဲ့ ရောင်းချပေးသွားမှာပါ။
📌 ​နေရာ - မြယမုံအိမ်ရာ
📌 ​မြေအကျယ်အဝန်း - 48 × 66 ft
📌 အလှည့် - အ​ရှေ့​တောင်
📌 ​မြေအမျိုးအစား - ဂရမ်​မြေ
📌 အ​ဆောက်အဦး - ( 2 )Rc, ( 2 )MR & ( 2 )SR (Under Construction)
📌 ​စျေးနှုန်း - သိန်း 7,500
📌 Area - 3,000 sq-ft (Estimate)
စိတ်ဝင်စားလို့ အသေးစိတ်သိရှိလိုတဲ့ မိတ်ဆွေတို့အနေနဲ့ ☎️ 09977814267, 09969907978 ကို အခုဘဲဆက်သွယ် စုံစမ်းလိုက်တော့နော်!

လူကြီးမင်းတို့နဲ့ သင့်တော်လိုက်ဖက်ပြီး လူမှုအဆင့်အတန်းမြင့်မားတဲ့ အိမ်တစ်လုံးကိုတည်ဆောက်ဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ အရည...
23/12/2022

လူကြီးမင်းတို့နဲ့ သင့်တော်လိုက်ဖက်ပြီး လူမှုအဆင့်အတန်းမြင့်မားတဲ့ အိမ်တစ်လုံးကိုတည်ဆောက်ဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ အရည်အသွေးမြင့်ကုန်ကြမ်းများနဲ့အတူ​ ခေတ်မီနည်းပညာတို့ဖြင့် တည်ဆောက်ထားတဲ့ 𝗖𝗹𝗼𝘂𝗱 𝟵 ရဲ့အိမ်တွေက သင့်မိသားစုတစ်စုလုံးအတွက် စိတ်ကြည်နူးပျော်ရွှင်စွာနေထိုင်နိုင်မယ့် အိမ်အမျိုးအစားတွေပါပဲ။🤩🤩

အရည်အသွေးပြည့်မီပြီး ခိုင်ခံ့စနစ်ကျတဲ့အိမ်များကို အကောင်းဆုံးဒီဇိုင်းပုံဖော်မှုများနဲ့ ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် ဖန်တီးတည်ဆောက်ပေးနေတဲ့ 𝗖𝗹𝗼𝘂𝗱 𝟵 အိမ်များက လူကြီးမင်းရဲ့မိသားစုအတွက် နွေးထွေးလုံခြုံမှုအပြည့်အဝပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ 𝗖𝗹𝗼𝘂𝗱 𝟵 အိမ်များဟာဆိုရင် ရာသီဥတုဒဏ်ကို ကြံကြံခံနိုင်တဲ့အပြင် ဒီဇိုင်းပိုင်းကလည်း သေသပ်လှပရုံသာမက နေထိုင်ရသက်တောင့်သက်သာရှိပြီး အမြဲတမ်းခေတ်မီဆန်းသစ်နေစေဖို့ လိုသလို ထည့်သွင်းပြင်ဆင်မှုများပြုလုပ်နိုင်တဲ့ ဒီဇိုင်းများလည်းပါဝင်ပါတယ်။💯💯

ဝါရင့်ဗိသုကာပညာရှင်များ ဖန်တီးထားတဲ့ဒီဇိုင်းနဲ့ ကျွမ်းကျင်အင်ဂျင်နီယာများတည်ဆောက်ထားတဲ့ 𝗖𝗹𝗼𝘂𝗱 𝟵 ရဲ့ Premium အိမ်များကို လက်ဝယ်ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 09 969 90 7978 ကို အခုပဲဆက်သွယ်စုံစမ်းလိုက်တော့နော်...❤✨


မြန်မာနိုင်ငံရဲ့ ရိုးရာဓလေ့အိမ်များကို ကျောရိုးနောက်ခံယူထားပြီး 𝗖𝗹𝗼𝘂𝗱 𝟵 မှ ဗိသုကာပညာရှင်များကိုယ်တိုင် ဒီဇိုင်းဖန်တီးထား...
13/12/2022

မြန်မာနိုင်ငံရဲ့ ရိုးရာဓလေ့အိမ်များကို ကျောရိုးနောက်ခံယူထားပြီး 𝗖𝗹𝗼𝘂𝗱 𝟵 မှ ဗိသုကာပညာရှင်များကိုယ်တိုင် ဒီဇိုင်းဖန်တီးထားတဲ့ 𝗣𝟭𝟰 အမျိုးအစားအိမ်ကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် တည်ဆောက်ထားပြီးဖြစ်ပါတယ်။

🏡 𝗣𝟭𝟰 ဟာဆိုရင် မြန်မာရိုးရာအိမ်ပုံစံအတိုင်း ဖန်တီးထားပြီး အပေါ်ထပ်၊ အောက်ထပ်၊ Open Space ဆိုပြီး အပိုင်းသုံးပိုင်းခွဲခြားထားတာဖြစ်ပါတယ်။ Total Floor Sq-ft အနေနဲ့ 𝟭𝟰𝟰𝟬 Sq-ft ရှိပြီး အိပ်ခန်း (၃) ခန်း၊ ရေချိုးခန်း (၂) ခန်းပါဝင်တာကြောင့် မိသားစုတစ်စုအတွက် ကျယ်ဝန်းပြီး လွတ်လွတ်လပ်လပ်ဖြစ်စေမယ့် အိမ်လေးတစ်အိမ်ဖြစ်ပါတယ်။ အခန်းဖွဲ့စည်းပုံ သေသပ်လှပပြီး မြန်မာဆန်တဲ့ပုံစံ၊ ခေတ်မီတဲ့ဒီဇိုင်းတွေကြောင့် မိတ်ဆွေရဲ့ မိသားစုနဲ့အတူနေထိုင်ဖို့ တည်ဆောက်သင့်တဲ့ အိမ်ကောင်းတစ်အိမ်ဆိုလည်း မမှားနိုင်ပါဘူးရှင်...❤️

ဒီလိုအိမ်မျိုးကို ပြည်တွင်း၊ ပြည်ပမှ အိမ်ဆောက်ပစ္စည်းကောင်းများ အသုံးပြုပြီး 𝗖𝗹𝗼𝘂𝗱 𝟵 မှတည်ဆောက်ထားပြီးဖြစ်လို့ ဒီဇိုင်းပိုင်းသာမကဘဲ အိမ်ရဲ့အရည်အသွေးလည်း စိတ်ချယုံကြည်ရတဲ့ 𝗣𝟭𝟰 အိမ်အကြောင်း အသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 09 969 90 7978 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်...✨



06/12/2022

၂၀၂၂ နိုဝင်ဘာလ (၂၆) ရက်နေ့၊ 𝗖𝗹𝗼𝘂𝗱𝟵 𝗯𝘆 𝗠𝗕𝗜𝗚 ရဲ့ 𝗨𝟵 𝗢𝗽𝗲𝗻
𝗛𝗼𝘂𝘀𝗲 ကျင်းပပြုလုပ်ခဲ့ပါတယ်။ တက်ရောက်လာသူ လူကြီးမင်းများအားလုံးကို
𝗖𝗹𝗼𝘂𝗱𝟵 မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်...

၂၀၂၂ နိုဝင်ဘာလ (၂၆) ရက်နေ့၊ 𝗖𝗹𝗼𝘂𝗱𝟵 𝗯𝘆 𝗠𝗕𝗜𝗚 ရဲ့ 𝗨𝟵 𝗢𝗽𝗲𝗻 𝗛𝗼𝘂𝘀𝗲 ကျင်းပပြုလုပ်ခဲ့ပါတယ်။ တက်ရောက်လာသူ လူကြီးမင်းများအားလုံးကိ...
29/11/2022

၂၀၂၂ နိုဝင်ဘာလ (၂၆) ရက်နေ့၊ 𝗖𝗹𝗼𝘂𝗱𝟵 𝗯𝘆 𝗠𝗕𝗜𝗚 ရဲ့ 𝗨𝟵 𝗢𝗽𝗲𝗻 𝗛𝗼𝘂𝘀𝗲 ကျင်းပပြုလုပ်ခဲ့ပါတယ်။ တက်ရောက်လာသူ လူကြီးမင်းများအားလုံးကို 𝗖𝗹𝗼𝘂𝗱𝟵 မှ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ပွဲပုံရိပ်များကို ပြန်လည်ဝေမျှလိုက်ပါတယ်ရှင့်။
𝗨𝟵 ကို လာရောက်လေ့လာချင်တဲ့လူကြီးမင်းများအနေနဲ့လည်း ၂၀၂၂ ဒီဇင်ဘာ (၃) ရက်နေ့ထိ၊ နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း လာရောက်လေ့လာနိုင်ပါကြောင်း 𝗖𝗹𝗼𝘂𝗱𝟵 မှ ဖိတ်ခေါ်ချင်ပါတယ်ရှင့်။

Cloud 9 မှ မြန်မာဆန်တဲ့အသွင်အပြင်နဲ့ ခေတ်မီလှပတဲ့ ဒီဇိုင်းတွေကို‌ ပေါင်းစပ်တည်ဆောက်ထားတဲ့ အိမ်တစ်အိမ်ကို မိတ်ဆွေတို့ လက်...
26/11/2022

Cloud 9 မှ မြန်မာဆန်တဲ့အသွင်အပြင်နဲ့ ခေတ်မီလှပတဲ့ ဒီဇိုင်းတွေကို‌ ပေါင်းစပ်တည်ဆောက်ထားတဲ့ အိမ်တစ်အိမ်ကို မိတ်ဆွေတို့ လက်တွေ့လေ့လာကြည့်ရှုနိုင်စေရန် " U9 OPEN HOUSE "ပွဲလေးကို စီစဉ်ထားပြီးဖြစ်ပါတယ်။ ဒီပွဲလေးကိုတော့ တစ်ပတ်ခန့်ပြုလုပ်ပေးသွားမှာဖြစ်ပြီး Cloud 9 မှ ကော်ဖီနဲ့ ကိတ်မုန့်များကို တည်ခင်းဧည့်ခံပေးမှာဖြစ်တဲ့အတွက် မည်သူမဆို လာရောက်လေ့လာနိုင်မယ့် အခွင့်အရေးကောင်းလေးလည်းဖြစ်ပါတယ်။ ဒါကြောင့်
📌 နိုဝင်ဘာ (၂၇)ရက်နေ့မှ ဒီဇင်ဘာ (၅)ရက်နေ့အထိ
📌 နံနက် (၁၀)နာရီမှ ညနေ (၄)နာရီအတွင်း
📌 အမှတ် (၅၂)၊ နဝဒေးလမ်း၊ (၄၈)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှာကျင်းပပြုလုပ်မယ့် "U9 OPEN HOUSE" ပွဲလေးသို့ လာရောက်လေ့လာနိုင်ကြစေရန် အသိပေးဖိတ်ခေါ်လိုက်ရပါတယ်ရှင်...

မိသားစုနဲ့အတူနေဖို့ သာယာအေးချမ်းတဲ့ အိမ်တစ်လုံးတည်ဆောက်ချင်တယ်ဆိုရင်တော့ ခေတ်မီဆန်းသစ်ပြီး မြန်မာတို့ရဲ့နေထိုင်မှုပုံစံအ...
25/11/2022

မိသားစုနဲ့အတူနေဖို့ သာယာအေးချမ်းတဲ့ အိမ်တစ်လုံးတည်ဆောက်ချင်တယ်ဆိုရင်တော့ ခေတ်မီဆန်းသစ်ပြီး မြန်မာတို့ရဲ့နေထိုင်မှုပုံစံအတိုင်းဖန်တီးတည်ဆောက်ထားတဲ့ 𝗖𝗹𝗼𝘂𝗱 𝟵 ရဲ့ 𝗣𝟭𝟰 အိမ်လေးရွေးချယ်သင့်ပါတယ်။

🏡𝗣𝟭𝟰 အိမ်လေးဟာ ခေတ်မီတဲ့ ဒီဇိုင်းတွေနဲ့ မြန်မာဆန်ဆန်ရိုးရာပုံစံကို ပေါင်းစပ်တည်ဆောက်ထားတဲ့အတွက် အသက်အရွယ်မရွေး ကြိုက်နှစ်သက်စေမယ့် အိမ်ပုံစံဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ထပ်အိမ်အမျိုးအစားဖြစ်လို့ လေဝင်လေထွက်ကောင်းစေပြီး လေညှင်းခံနိုင်ဖို့ လေသာဆောင်လည်း ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ပြတင်းပေါက်တွေ၊ အလင်းရောင်များများရနိုင်မယ့် ပြတင်းမှန်တွေ ထည့်သွင်းတည်ဆောက်ထားတဲ့အပြင် ကျယ်ဝန်းတဲ့အခန်းဖွဲ့စည်းပုံနဲ့အတူ လှပသေသပ်တဲ့ တည်ဆောက်ပုံတွေက မိသားစုအတွက်တော့ 𝗛𝗼𝗺𝗲 𝗦𝘄𝗲𝗲𝘁 𝗛𝗼𝗺𝗲 ဖြစ်နေမှာအသေချာပါပဲ။

ဒါကြောင့် 𝗣𝟭𝟰 အိမ်လေးကိုဖန်တီးတည်ဆောက်ဖို့ စိတ်ကူးမိပြီဆိုရင်တော့ အချိန်ဆွဲမနေဘဲ 𝗖𝗹𝗼𝘂𝗱 𝟵 ရဲ့ ဖုန်းနံပါတ် 𝟬𝟵 𝟵𝟲𝟵 𝟵𝟬𝟳 𝟵𝟳𝟴 ☎️ ကိုအခုပဲဆက်သွယ်လိုက်ပါနော် ...

Address

No. 52, Nawaday Street, 48 Block, North Dagon Township
Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959969907978

Alerts

Be the first to know and let us send you an email when Cloud 9 by MBIG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cloud 9 by MBIG:

Share