Penetron Myanmar

Penetron Myanmar Authorized Penetron Distributor in Myanmar. Penetron Group is the leading manufacturer of innovative

22/10/2024

#ဆယ်ပေပတ်လည်_တကျင်းကို_ဆေးသုတ်ရင်_ပတ်တီး_ဆီလာ_ဆေးကာလာ_ပမ်းမျှ_ဘယ်လောက်ကုန်ကျမလဲ

အခုတွက်နည်းလေးကတော့ အလွယ်တွက်နည်းလေးပါခင်ဗျ။

ဆယ်ပေ ပတ်လည် တကျင်းစာအတွက် ပတ်တီး၊ဆီလာ၊ဆေးကာလာ ဘယ်လောက်ကုန်ကျမလဲဆိုရင်

ဥပမာ
=====
ကိုယ်အိမ်မှာဆေးသုတ်ဖို့အတွက် ပတ်တီး နှစ်ထပ်၊ခံဆေး နှစ်ထပ်၊ဆေးကာလာ နှစ်ထပ် အသုံးပြုမယ်

ဆီလာ ခံဆေး နှစ်ထပ် သုတ်မယ်ဆိုရင် ဆီလာခံဆေး နှစ်လီတာ ကုန်ကျပါမယ်။

ပတ်တီး နှစ်ထပ် အသုံးပြုမယ်ဆိုရင် ပတ်တီး 25kg 1 အိတ် ကုန်ကျပါမယ်။

ဆေးကာလာ နှစ်ထပ် အသုံးပြုမယ်ဆိုရင် ဆေးနှစ်လီတာ ကုန်ကျပါမယ်။

ဒါဆိုရင် ဆယ်ပေ ပတ်လည် တကျင်းစာအတွက်
ဆီလာ နှစ်ထပ်၊ပတ်တီး နှစ်ထပ်၊ကာလာဆေး နှစ်ထပ်ရရှိပါပြီခင်ဗျာ

အခုတွက်ချက်မှုက ဆယ်ပေပတ်လည် တကျင်းစာအတွက် ဆီလာ၊ပတ်တီး၊ဆေးကာလာ အလွယ်မှတ်နည်းလေးပါ ခင်ဗျာ

(သို့ပေမယ့် )ဆီလာသုတ်လို့ ရေရောများခြင်းနည်းခြင်းအပေါ်မူတည်ပြီး ရရှိမည့် ကျင်းအရေတွက် ကွာဟနိုင်ပါတယ်။

ပတ်တီးရိုက်ခြင်းမှာ ချိုင့်ဖြည့်ခြင်း အသားတင်ရိုက်ခြင်းခြစ်ရိုက်ခြင်းကြောင့် ရရှိမည့် ကျင်းအရေတွက် နည်း၊များနိုင်ပါတယ်။

ဆေးကာလာ အရောင်နု/ရင့်၊ရေရောနည်းများခြင်းကြောင့် ရရှိမည့် ကျင်းအရေတွက် ပို/လျော့ နိုင်ပါတယ် ခင်ဗျာ။

==========================================

😁 နွားနို့ ရောင်းတာမဟုတ်တဲ့ အတွက်ကြောင့်

( ကျင်း) အရေတွက်ပိုရအောင်လို့ ဆိုပြီး ရေများများရောခြင်းကို သတိပြုပေးပါ။

#ဆီလာခံဆေး ကျင်း ပိုထွက်အောင်လို့ ရေအများကြီးရောလို့မရပါဘူး ရေကို ၁၀% ထိပဲအများဆုံးရောပေးရမှာပါ (ရေရောတာများသွားရင် Quality ကျသွားတတ်ပါတယ်၊
ဥပမာ=NIPPON WEATHER BOND ဆီလာ၊ BRAVO ဆီလာ တွေက UPG.ORIENT 12 ဆီလာထပ်စာရင် ပိုပျစ်ပါတယ်၊ ပျစ်တယ်ဆိုပြီး ရေကို လိုတာထပ်ပိုပြီးရောလို့မရပါဘူး ခင်ဗျာ။

#ပတ်တီး ကို ကျင်း ပိုရအောင် ဘိလပ်မြေ နဲ့ရောရိုက်တဲ့ အခါမှာလည်း ဘိလပ်မြေ ပိုလို့မရပါဘူး ဘိလပ်မြေ များသွားရင် ပတ်တီး ကွဲအက်ခြင်း၊လိုသလို ပုံဖော်လို့မရခြင်းဖြစ်တတ်ပါတယ်၊ ဘိလပ်မြေရောမယ် ဆိုရင် ပတ်တီး ( ၅ဆ )ဘိလပ်မြေကို ( ၁ ဆ) လောက်ပဲ အသုံးပြုသင့်ပါတယ်။

#ဆေးကာလာ ကိုလည်း ကျင်းပိုရအောင် ရေရော များလို့မရပါဘူး ရေကို ၅ % ကနေ ၁၀%အထိပဲ ရေရောလို့ရမှာပါ။ ရေကိို ပိုရောလည်း ဆေးကုန်ကျမှုကတူတူပါပဲ
ရေရော များရင် ဆေးက နှစ်ထပ်နဲ့ ပိတ်ရမယ့် နေရာမှာ သုံးထပ်ထိ ပြုလုပ်ပေးရမှာပါ အဲ့တွက် ပိုပြီးအလုပ်ရှုပ်မယ် အချိန်ပိုကြာပါလိမ့်မယ်။

ဆယ်ပေပတ်လည် တကျင်းစာအတွက်
ဆီလာ ခံဆေး
ပတ်တီး
ဆေးကာလာ ကုန်ကျမှု အလွယ်တွက်ခြင်း။

ရွှေပိုးအိမ် ရေဆေး ဆီဆေး ပေါလစ်ဆေးသုတ်လုပ်ငန်း
09- 97 1741 707
09-25 2851 939
Yangon

16/05/2024

ကျွန်မတို့ရွှေဒုံမိုးမြင့်ကုမ္ပဏီမှကြိုဆိုပါတယ်ရှင့်...🤝

ဗဟုသုတ အကြောင်းအရာ.....💁

➡ကျနော်တို့ရန်ကုန်က အမိုး Slab အောက်မှာရှိတဲ့အခန်းတွေ မိုးရွာရင်စိုးရိမ်ရတဲ့တစ်ခုရှိပါတယ် ။ မိုးရွာရင် အမိုး Slab ကအက်ကြောင်းတွေကြားကရေယိုတာပါ ။ တချို့အိမ်ရှင်တွေဆို မိုးရွာရင်နေစရာနေရာကိုမရှိပဲ ရေခွက်ကလေးတွေအောက်ကခံလို့ စိတ်ညစ်နေရတာတွေ့ဖူးပါတယ် ။ တချို့လဲအဲ့ဒုက္ခမခံချင်လို့ ဈေးချိုချိုနဲ့ ရောင်းပြီး ပြောင်းသွားတာလဲ တွေ့ဖူးပါတယ် ...

အဲ့ပြသနာကို အတော်များများ အပေါ်ဆုံးလွှာအောက်က အိမ်ရှင်တွေ ဖြေရှင်းကြပါတယ် ။ တချို့ဆို နောက်ထပ် ကွန်ကရစ်တွေလောင်းပစ်တာ ၅ လက်မ အထူလောက်အထိကို တွေ့ဖူးပါတယ် ။ ကွန်ကရစ်က ၁ လက်မထု ၁ ပေပတ်လည်အကျယ်ကို ၁၂ ပေါင်လေးပါတယ် ။ Average ၃ လက်မထပ်လောင်းတယ်ဆိုဦးတော့ ၃၆ ပေါင်ပါ ။ အဆောက်အဦး အကျယ်အဝန်းနဲ့တွက်လိုက်ရင် မလိုအပ်တဲ့အလေးချိန်များကြီး အဆောက်အဦးကထမ်းရပါတော့တယ် ။

အဲ့ဖြစ်တဲ့ပြသနာရဲ့ဇစ်မြစ်ဟာ ကျနော်လေ့လာရသလောက်တော့ အပေါ်အမိုးမှာရှိတဲ့ Concrete ရဲ့အထူကို တည်ဆောက်တဲ့သူတွေက ၃ လက်မလောက်ပဲသုံးပါတယ် ။ ဒါ့အပြင်အပေါ်ဆုံးထပ်ဖြစ်တဲ့အတွက် အာရုံစိုက်မှုအားနည်းပြီး ကွန်ကရစ်လောင်းရာမှာ အားနည်းမှုတွေရှိတယ်မြင်ပါတယ် ။ ဥပမာ Vi****or တွသေချာမထိုးတာ ၊ ကွန်ကရစ်တွေကိုဖျော်စပ်ရာမှာ ခိုတာ စတာတွေပါ ။

ဒါ့အပြင် Roof slab တွေလောင်းတဲ့အခါ ပုံမှန် Slab တွေလောင်းတဲ့အတိုင်း Top Steel တွေကို Middle one third မှာ ဖြတ်ကြတာပါ ။ သိတဲ့အတိုင်းအပေါ်ဆုံးက Roof slab ဟာ ရာသီဥတုဒဏ်အတော်ခံရပါတယ် ။ နေပူလိုက် မိုးရွာလိုက် နဲ့ အေးလိုက်ပူလိုက်အမြဲပါ ။ နေ့ဆိုပူမယ် ညဆိုရင်အေးမယ် ။ ဒီတော့ အရာဝတ္ထုတစ်ခုဟာ ပူရင် ပွမယ် ၊ အေးရင်ကြုံ့မယ် အမြဲအဲ့လိုဆို၇င် Temperature and shrinkage stress တွဖြစ်ပြီး အက်ကြောင်း (Cracks) တွေပေါ်လာပါတယ် ။ ဒီကနေရေတွေဝင်ပြီး အောက်တွေ ရေငွေ့ရိုက် ၊ ဆိုးရင်ရေတွေ တောက်တောက်ကျတော့တာပါပဲ ။

ဒါတွေပြုပြင်ဖို့ Water Proofing ဆေးသုတ်တာ ၊ အသစ် Topping လောင်းတာ ၊ Crack ကြောင်းတွေထဲ Injection ထိုးတာ ၊ Water Proof Membrane တွေကပ်တာ ၊ ကြွေးပြားကပ်တာ စတာတွေလုပ်တဲ့အခါ ငွေကုန်ကြေးကျအများကြီးရှိပါတယ် ။

ဒီတော့ ကျနော်အကြံပေးလိုတာကတော့ အပေါ်ဆုံး Roof slab တွေမှာ top steel ကို Middle one third မှာ ဖြတ်မနေတော့ပဲ Temperature & Shrinkage Steel ထည့်ပေးလိုက်ဖို့ပါပဲ ။ ကုန်ကျစရိတ်အများကြီးမရှိသလို နောင်မှဖြစ်မယ် ရေယိုတဲ့ပြသနာကိုလည်း ကောင်းကောင်းကာကွယ်ပေးပါလိမ့်မယ်။



30/04/2024
05/01/2024

مادة بنترون تطبق على الاسطح الخرسانية الراسية او الافقية
وهى عبارة عن مادة عزل بلورية متكاملة تدهن على السطح المراد عزله وتخترقه بالكامل إلى مسافة 1 متر لتكون جزء لا يتجزأ من الكتلة الخرسانية والتي تمنع التسرب وتحمي الخرسانة الي العمق وهي تتكون من اسمنت بورتلاندي ورمل الكوارتز معالج بطريقة خاصة ومركبات كميائية فعالة.ومادة بنترون تحتاج فقط الخلط مع الماء قبل التطبيق. وعندما يطبق بنترون على السطح الخرساني فإن المواد الكيماوية النشطة تتفاعل مع الرطوبة والمواد الناتجة عن هيدرة الأسمنت لينتج عنها تفاعل تحفيزي يولد بلورات غير قابلة للذوبان هده البلورات تملئ الثقوب وكسور الانكماش في الخرسانة لتمنع اي اختراق للمياه تحت ضغط هيدروستاتيكي عالى للكتلة الخرسانية يصل إلى 20 بار .
تمنح ايضا مقاومة اكثر من 150 نوع من الأحماض والكيماويات وتمنع اختراق المياه السوداء إلى داخل الخزانات عند طلائها صحية لمياه الشرب تقلق الشقوق ذاتيا الى غاية 0.5 ملم حتى بعد حدوته بعد سنوات والعديد من المزايا الأخرى .

و للمزيد من معلومات ارجوا :
📍 زيارة معرض و مقر الشركة :
ارض بلعون - الطريق السريع - بجوار شركة فوري- بنغازي - ليبيا
📍 للاستفسار أو التواصل معنا على الهاتف المحمول أو الواتساب :
📞 : 0927947619
📞 : 0913971682
📞 : 0925106037
📞 : 0612232550


25/12/2023
04/12/2023

Penetron material applied to vertical or horizontal concrete surfaces
It is an integrated crystalline insulation material painted on the surface to be insulated and penetrates it completely to a distance of 1 meter to be an integral part of the concrete mass, which prevents leakage and protects the concrete to the depth, which consists of Portland cement and quartz sand treated in a special way and effective chemical compounds. When penetron is applied to the concrete surface, the active chemicals react with moisture and substances resulting from cement hydration to result in a catalytic reaction that generates insoluble crystals.
It also gives resistance to more than 150 types of acids and chemicals and prevents the pe*******on of black water into the tanks when it is coated hygienic for drinking water, self-closing cracks up to 0.5 mm even after a story after years and many other advantages.

𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐎𝐟𝐟𝐢𝐜𝐞: Address: House/Flat: 5A, Plot: Ta-94/B, Road: Boishakhi Saroni, Middle Badda, Dhaka, Bangladesh
𝗣𝗵𝗼𝗻𝗲: 01613-239093 (WhatsApp), 01601239070,
𝗘-𝗺𝗮𝗶𝗹: [email protected]
𝗣𝗮g𝗲: Concrete Protection System
Website: www.cpswaterproofing.com

01/12/2023
"တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)"ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်၊ "တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)...
27/11/2023

"တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)"

ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်၊ "တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)" တွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံသော ချမ်းမြေ့ဖွယ် တန်ဆောင်တိုင်အခါသမယ ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Wish you all have a blessing Full Moon Day of Tazaung Mone!

14/09/2023

Address

Kyan Sit Thar Road , East Dagon
Yangon
11011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00

Telephone

+9595337385

Alerts

Be the first to know and let us send you an email when Penetron Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Penetron Myanmar:

Share