02/07/2022
#ကွန်ကရစ်လောင်းနေစဉ်
#ဆောင်ရန်
(၁) အတွေ့အကြုံ ရင့်ကျက်ပြီးသား ကန်ထရိုက်တာ(သို့)ပန်းရံအဖွဲ့ကို အသုံးပြုပါ။
(၂) ကွန်ကရစ်လောင်းနေစဉ်အတွင်းလည်း ဘယ်လိုဘယ်ပုံလောင်းနေသည်၊ ကျွမ်းကျင်မှုရှိမရှိကို သေချာဂရုစရိုက်စစ်ဆေးစောင့်ကြည့်ပါ။
(၃) ကွန်ကရစ်လောင်းရာတွင် ခေါင်းဆောင် ကန်ထရိုက်တာ(သို့)ပန်းရံခေါင်း မရှိပဲ သာမန်အလုပ်သမားများကသာ လုပ်နေခြင်း မဖြစ်စေရန် ဂရုစိုက်ပါ။
(၄) ကွန်ကရစ်အချိူ းအစားကို သေချာစစ်ဆေးပြီး ဘိလပ်မြေအနှစ် ထွက်မထွက် စောင့်ကြည့်ပြီး အလုပ်နဲ့လိုက်လျောညီထွေရှိသော ဘိလပ်မြေကိုသာ အသုံးပြုစေပါ။
(၅) ကွန်ကရစ်လောင်းမည့်အချိန်ကို ရာသီဥတုသာယာသော နေ့ရက်ကို ရွေးချယ်ပါ။
(၆)လိုချင်သော Grade(M15-20..)အလိုက် မှန်ကန်သော ကွန်ကရစ်အချိူ းအစားကို မှန်ကန်အောင် ဂရုစိုက်ပါ။
(၇) ကွန်ကရစ်ဖျော်ရာတွင် ရေပါ၀င်မှု အချိူ းအစားနဲ့ ရေဘယ်လောက်ရောနှောသည်ကို စောင့်ကြည့်ပါ။
(၈) ကွန်ကရစ်မလောင်းမီ slump test ကို အရင်စမ်းစစ်ပါ။
(၉) ဖျော်ပြီးသား ကွန်ကရစ်ကို ၁၅မိနစ် မှ မိနစ်၂၀ အတွင်း လောင်းပြီးသားဖြစ်နေပါစေ။
(၁၀) ကွန်ကရစ် သိပ်သည်းရန် တုန်ခါစက် သို့မဟုတ် သစ်သားတုတ်ဖြင့် ထောင်းပေးရပါမည်။ ထိုမှသာ လေခိုခြင်း အားကူသံချောင်းသံချေးတက်ခြင်းနဲ့ honey comb ပေါ်ခြင်းနဲ့ အဆောက်အအုံသက်တမ်း စသည်တို့ကို ထိန်းချူ ပ်နိုင်မည်ဖြစ်သည်။
(၁၁) ကွန်ကရစ် လောင်းနေစဉ် formwork ကားသွားခြင်း အပေါက်ဖြစ်နေခြင်း ကွန်ကရစ်ယိုနေခြင်း ရှိမရှိ သေချာစောင့်ကြည့်ပါ။
(၁၂) ကွန်ကရစ် cover နည်းသွားခြင်း ရှိမရှိ စစ်ဆေးပါ။
(၁၃) ကွန်ကရစ်လောင်းပြီးသည့်အပိုင်းကို မျဉ်းတံရိုက်ရိုက်ပြီး စနစ်တကျ ညှိသွားပါ။
(၁၄) joint နေရာများကို စနစ်တကျ ပြုလုပ်ပြီး အထူးဂရုစိုက်ပါ။
(၁၅) ကွန်ကရစ်လောင်းပြီးသားနေရာ bleeding ဖြစ်ခြင်းများ ဂရုစိုက်ပါ။
(၁၆) Curing ပြုလုပ်ခြင်း မပေါ့မဆပဲ မိမိကွန်ကရစ် အရည်အသွေးပြည့်ဝစေရန် အထူးဂရုစိုက် ဆောင်ရွက်ပါ။
#ရှောင်ရန်များ.....
(၁) ပျက်စီးနေသော သစ်သားပုံစံများကို အသုံးမပြုပါနဲ့..honey comb ဖြစ်ပြီး ကွန်ကရစ် ခံနိုင်ရည် နည်းခြင်း ရုပ်ဆိုးခြင်းများကို ဖြစ်စေသည်။
(၂) ကွန်ကရစ်အတွက် ရောစာကြီး ခွဲကျောက်များ သန့်မသန့် မြေကြီးရောနေခြင်း စသည်များကို ဂရုစိုက်ပါ။ မဟုတ်ပါက ကွန်ကရစ်ကိုအားနည်းစေပြီး ပြန်ပြင်သည့်စရိတ်ကို များစေသည်။
(၃) Concrete slump များသော ကွန်ကရစ်ကို အသုံးမပြုပါနဲ့ ။
(၄) ကွန်ကရစ်လောင်းပြီးနောက် ရေထပ်လောင်းခင်း စသည်များကို မပြုလုပ်ပါနဲ့။
(၅) ငါးပေထက်မြင့်သော နေရာမှ ကွန်ကရစ်လောင်းခြင်းကို ရှောင်ကြဉ်ပါ။ segregation ဖြစ်စေနိုင်သည်။
(၆) ကွန်ကရစ်လောင်းပြီး bleeding ဖြစ်နေချိန် အချောကိုင် မျဉ်းတံရိုက်ခြင်း မပြုလုပ်ပါနဲ့။
(၇) ကွန်ကရစ်၏ initial setting time နောက်ပိုင်းတွင် vi****or ထိုးခြင်းများ မပြုလုပ်ရပါ။
(၈) ကွန်ကရစ်သား အလွန်နုနေချိန် ပုံစံများ ပြန်မဖြုတ်သင့်သေးပေ။
(၉) ကွန်ကရစ်ကို အချောကိုင်ရာတွင် ရေပြန်ဖြန်းခြင်းများ မပြုလုပ်ရပါ။
(၁၀) ကွန်ကရစ်မာပြီးနောက် မျက်နှာပြင် အချောကိုင်ခြင်းများကို ရှောင်ကြဉ်ပါ။
Credit , original uploader
# # # # # # # # # # # # # # # # # #
အရည်အသွေးမြင့် အိမ်နှင့် အဆောက်ဦး လှလှလေးများ ဆောက်လုပ်လိုပါလျှင် ကျတော်တို့
GCT construction group မှ အဖိုးနှုန်း မှန်ကန်မျှတစွာ ဖြင့် တာဝန်ယူ တည်ဆောက်ပေးနေပါပီ
လူကြီးမင်းတို့ အသေးစိတ်သိရှိလိုသည်များကို အောက်ပါဖုန်းနံပတ်သို့ အချိန်မရွေးဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါပီ။လူကြီးမင်းတို့၏ အဖိုးတန် အဆောက်အအုံးများအား လူကြီးမင်းတို့ စိတ်တိုင်းကြ လက်ရာသေသပ် ခန့်ငြားစွာဖြင့် ဝန်ဆောင်မှုပေးနေပါပီ
095195277
# Great Clock Tower construction