Ensta Design & Engineering

Ensta Design & Engineering Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ensta Design & Engineering, Engineering service, Yangon.

05/09/2026

အိမ်မဆောက်ခင်မှာ 3D Archi Design ဆွဲခြင်းရဲ့အားသာချက်တွေက အများကြီးပဲ....

📩 ENSTA Engineering Services
📞 09 751 003 317 , 09 762 929 505
📨 Email : [email protected]






(6) ထပ်တိုက် အဆောက်အဦးတစ်ခုပေါ်မှာ Telecom Tower ထပ်မံတပ်ဆင်နိုင်ဖို့အတွက် ENSTA မှ Building Structural Assessment  လုပ်...
04/09/2026

(6) ထပ်တိုက် အဆောက်အဦးတစ်ခုပေါ်မှာ Telecom Tower ထပ်မံတပ်ဆင်နိုင်ဖို့အတွက် ENSTA မှ Building Structural Assessment လုပ်ငန်းစဉ်များကို စနစ်တကျ တာဝန်ယူ ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်ခင်ဗျာ။ 📡

Telecom Tower ကဲ့သို့ ဝန်ပို များတဲ့ တပ်ဆင်မှုများအတွက် အဆောက်အဦးရဲ့ ခံနိုင်ရည်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးကို အင်ဂျင်နီယာ စံချိန်စံညွန်းမျာနှင့်အညီ နောက်ဆုံးထွက်ရှိထားတဲ့ MNBC 2025 ကိုအခြေခံပြီး စိစစ်တွက်ချက်ပေးနေတာ ဖြစ်ပါတယ်ဗျာ။ 📐

လူကြီးမင်းတို့ရဲ့ အဆောက်အဦး ကြံ့ခိုင်မှု စစ်ဆေးခြင်းနှင့် အင်ဂျင်နီယာဆိုင်ရာ ဝန်ဆောင်မှုများအတွက် ENSTA ့ကို ယုံကြည်စွာ ဆက်သွယ် စုံစမ်းနိုင်ပါသည်။ 🤝

📩 ENSTA Engineering Services
📞 09 751 003 317 , 09 762 929 505
📨 Email : [email protected]






02/09/2026

ENSTA မှတာဝန်ယူဆောင်ရွက်ပေးခဲ့တဲ့ Telecom Tower Project 📡

📩 ENSTA Engineering Services
📞 09 751 003 317 , 09 762 929 505
📨 Email : [email protected]






Construction Project တစ်ခု စတင်တော့မယ်ဆိုရင် Engineering Design က အရင်လိုအပ်ပါတယ် 🏗️Construction Project တစ်ခုမှာဆောက်လု...
31/08/2026

Construction Project တစ်ခု စတင်တော့မယ်ဆိုရင် Engineering Design က အရင်လိုအပ်ပါတယ် 🏗️

Construction Project တစ်ခုမှာ
ဆောက်လုပ်ရေးအလုပ် တိကျပြီးလွယ်ကူမြန်ဆန်ဖို့အတွက် မှန်ကန်တဲ့ Engineering Design & Planning က အရေးကြီးပါတယ်။

ENSTA Engineering မှာ Construction Project တွေအတွက် —

🔹 Structure
အဆောက်အဦးရဲ့ ခိုင်ခံ့လုံခြုံမှုအတွက် Structural Design & Engineering

🔹 Infrastructure
Project လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Infrastructure Design & Planning

🔹 Architecture
အဆောက်အဦးရဲ့ ပုံစံလှပမှု၊ အခန်းနေရာချထားမှုနဲ့ အသုံးပြုရလွယ်ကူမှု ကို အဆင်ပြေစေမယ့် Architectural Design

Construction မစခင်
Design မှန်ဖို့ ၊ Engineering မှန်ဖို့ ၊ Planning မှန်ဖို့ လိုပါတယ်။

ဒါကြောင့် Construction Project အတွက်
Professional Structure | Infrastructure | Architecture Service လိုအပ်နေပြီဆိုရင်—

ENSTA Design & Engineering နဲ့ ဆွေးနွေးလိုက်ပါ။ 📩

📩 ENSTA Engineering Services
📞 09 751 003 317 , 09 762 929 505
📨 Email : [email protected]









အိမ်ဆောက်တော့မယ်၊ ဒါမှမဟုတ် လှေကားဒီဇိုင်းဆွဲတော့မယ်ဆိုရင် သက်တောင့်သက်သာနဲ့ ဘေးကင်းကင်း တက်ဆင်းနိုင်ဖို့ ဒီ Standard အတ...
24/08/2026

အိမ်ဆောက်တော့မယ်၊ ဒါမှမဟုတ် လှေကားဒီဇိုင်းဆွဲတော့မယ်ဆိုရင် သက်တောင့်သက်သာနဲ့ ဘေးကင်းကင်း တက်ဆင်းနိုင်ဖို့ ဒီ Standard အတိုင်းအတာလေးတွေကို မဖြစ်မနေ သိထားဖို့ လိုပါတယ်။

ပုံမှန်အတိုင်း တက်ဆင်းရတာ အဆင်ပြေပြီး စံချိန်စံညွှန်းနဲ့ညီတဲ့ လှေကားတစ်ခုမှာ ရှိရမယ့် အတိုင်းအတာ (၃) ခုကတော့ 🏠✨

📐 လှေကားအကျယ်
အနည်းဆုံး (၃) ပေ ၆ လက်မ ရှိရပါမယ်။ ဒါမှ ပစ္စည်းအကြီးအမားတွေ သယ်တာ၊ လူနှစ်ယောက် ယှဉ်တက်တာမျိုးမှာ ကျဉ်းကျဉ်းကြပ်ကြပ် မဖြစ်ဘဲ သက်တောင့်သက်သာ ရှိမှာပါ။

📐 ခြေနင်းအကျယ်
ခြေနင်းပြား အကျယ်က အနည်းဆုံး (၉)လက်မ ရှိရပါမယ်။ ခြေဖဝါး အပြည့်နင်းလို့ရမှ တက်ဆင်းရတာ ခြေမခေါက်ဘဲ လုံခြုံမှုရှိမှာ ဖြစ်ပါတယ်။

📐ခြေကျော်အမြင့်
လှေကားတစ်ထစ်ရဲ့ အမြင့်ကတော့ အများဆုံး (၇.၅) လက်မ ထက် မပိုရပါဘူး။ ဒီထက် မြင့်သွားရင် တက်ရတာ မောပြီး လူကြီးတွေ၊ ကလေးတွေအတွက် တက်ဆင်းရတာ အန္တရာယ်များနိုင်ပါတယ်။

မိမိအိမ်မှာ လှေကားဆောက်တော့မယ်ဆိုရင် ဒီ Standard လေးတွေကို မှတ်ထားပြီး စနစ်တကျ ထည့်သွင်းတွက်ချက်ဖို့ မမေ့ကြနဲ့နော်။

📩 ENSTA Engineering Services
📞 09 751 003 317 , 09 762 929 505
📨 Email : [email protected]






22/08/2026

ငလျှင်ဒဏ်သင့် အဆောက်အဦးများအတွက် Structure Assessment Services...

📩 ENSTA Engineering Services
📞 09 751 003 317 , 09 762 929 505
📨 Email : [email protected]


&Engineering

အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ရင် သိထားရမယ့် မြေချန် စည်းမျဉ်းများ - Part 3Part 1 နဲ့ Part 2 မှာတုန်းက (၃)ထပ်အောက်နဲ့...
21/08/2026

အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ရင် သိထားရမယ့် မြေချန် စည်းမျဉ်းများ - Part 3

Part 1 နဲ့ Part 2 မှာတုန်းက (၃)ထပ်အောက်နဲ့ (၄)ထပ်အထက် အဆောက်အအုံတွေအတွက် မြေချန်သတ်မှတ်ချက်တွေကို ပြောပြပေးခဲ့ပြီးပြီနော် 💯

ဒီနေ့ Part 3 မှာတော့ (၉)ထပ်နဲ့အထက် အထပ်မြင့် အဆောက်အအုံတွေ အတွက် လမ်းမကြီးတွေနဲ့ လမ်းသွယ်တွေအလိုက် ဘယ်လို မြေချန်ရမလဲဆိုတာကို ပြောပြပေးသွားမယ်နော်။💚

(၉)ထပ်နဲ့အထက် အထပ်မြင့် အဆောက်အအုံများအတွက် မြေချန်သတ်မှတ်ချက်

✳️ (၁) အဓိက လမ်းမကြီးများ
ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဦးဝိစာရလမ်း တောက်လျှောက်မှာ မည်သည့် အဆောက်အအုံမဆို ဆောက်မယ်ဆိုရင် အဆောက်အအုံရဲ့ ရှေ့ဘက်မှာ မိမိပိုင်နယ်နိမိတ်မှ ပေ (၂၀) ချန်ပြီးမှ ဆောက်ရပါမယ်။

✳️ (၂) ကျန်လမ်းမကြီးများနှင့် လမ်းသွယ်များ
ရှေ့ဘက်: မိမိပိုင်နယ်နိမိတ်မှ (၁၂) ပေ ချန်ရပါမယ်။
ဘေး၊ ဝဲ၊ ယာ၊ နောက်ဘက် မြေချန်ရမည့် အကွာအဝေး:
(၉) ထပ်မှ (၁၆) ထပ်ထိ - အနည်းဆုံး (၆) ပေ ချန်ရပါမယ်။
(၁၇) ထပ်မှ (၂၄) ထပ်ထိ - အနည်းဆုံး (၈) ပေ ချန်ရပါမယ်။
(၂၅) ထပ်နှင့်အထက် - အနည်းဆုံး (၁၀) ပေ ချန်ရပါမယ်။

နောက်ရက်မှာလည်း ဒီဇိုင်းရေးဆွဲတဲ့အခါ သိထားရမယ့် ဗဟုသုတများကို ဆက်ပြီး ပြောပြပေးသွားမှာမို့ စောင့်ကြည့်ဖတ်ရှုဖို့လည်းမမေ့နဲ့နော်။

📩 ENSTA Engineering Services
📞 09 751 003 317 , 09 762 929 505
📨 Email : [email protected]





20/08/2026

ဂိုဒေါင်ကြီးတွေ၊ စက်ရုံကြီးတွေ ဆောက်တဲ့အခါ ကွန်ကရစ်ထက် Steel Structure ကို ဘာလို့ ရွေးချယ်ကြတာလဲ?

📩 ENSTA Engineering Services
📞 09 751 003 317 , 09 762 929 505
📨 Email : [email protected]


&Engineering

အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်တော့မယ်ဆိုရင် သိထားရမယ့် မြေချန် စည်းမျဉ်းများ - Part 2ပြီးခဲ့တဲ့ Part 1 မှာတုန်းက (၃) ...
19/08/2026

အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်တော့မယ်ဆိုရင် သိထားရမယ့် မြေချန် စည်းမျဉ်းများ - Part 2

ပြီးခဲ့တဲ့ Part 1 မှာတုန်းက (၃) ထပ်နဲ့ အောက် အဆောက်အအုံတွေအတွက် မြေချန် သတ်မှတ်ချက်တွေကို မျှဝေပေးခဲ့ပြီးပြီဆိုတော့...

ဒီနေ့ Part 2 မှာတော့ (၄) ထပ်နဲ့ အထက် အဆောက်အအုံတွေအတွက် မြို့နယ်နဲ့ မြေကွက် အမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ မြေချန် စည်းကမ်းချက်တွေကို အသေးစိတ် ပြောပြပေးသွားပါမယ်။

(၄) ထပ်နဲ့ အထက် အဆောက်အအုံတွေအတွက် မြေချန် သတ်မှတ်ချက်များ👇

🔰 (၁) Downtown မြို့နယ်များ (လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်)
ရှေ့နဲ့ ဘေးနှစ်ဖက်မှာ မြေပြည့် ဆောက်လို့ရပါတယ်။
မြေပြည့် ဆောက်မယ်ဆိုရင်တော့ နံရံ အပိတ်ပဲ ဆောက်ရပါမယ်။
မိလ္လာကန် ထားဖို့အတွက် အင်ဂျင်နီယာဌာနရဲ့ မိလ္လာကန် မော်ဒယ်ပုံစံအတိုင်း ဆောင်ရွက်ပေးရပါမယ်။

🔰 (၂) ကျန်မြို့နယ်များရှိ (၄၀) ပေ x (၆၀) ပေ မြေကွက်များ
ရှေ့ဘက် - မိမိပိုင် နယ်နိမိတ်ကနေ (၅) ပေ Clear မြေချန်ရပါမယ်။
ဘေးနှစ်ဖက် - အမိုးစွန်းကနေ အနည်းဆုံး (၃) ပေစီ မြေချန်ရပါမယ်။
နောက်ဘက် -
BDS မရှိရင် (၆) ပေ ချန်ရပါမယ်။
BDS ရှိရင် (၁) ပေ ချန်ရပါမယ်။

🔰 (၃) ရှေ့နောက်အရှည် ပေ (၅၀) အရွယ် မြေကွက်များ
ရှေ့ဘက်မှာ မြေညီထပ်ကနေ (၅)ပေ မြေချန်ရပါမယ်။
ကျန်တဲ့ အထပ်တွေကိုတော့ Cantilever (၄) ပေ ပြန်ထုတ်ပြီး (၁) ပေ ချန်ရပါမယ်။

🔰 (၄) မျက်နှာစာ အကျယ်အလိုက် ဘေးနှစ်ဖက် မြေချန်ရမယ့် အတိုင်းအတာများ
မျက်နှာစာ (၂၅) ပေအောက် - ဘေးနှစ်ဖက် အမိုးစွန်းကနေ (၁) ပေစီ ချန်ရပါမယ်။
မျက်နှာစာ (၂၆) ပေနဲ့ ၃၉ ပေကြား - ဘေးနှစ်ဖက် အမိုးစွန်းကနေ (၁) ပေ (၆)လက်မစီ ချန်ရပါမယ်။
မျက်နှာစာ ပေ (၄၀) နဲ့ အထက် - ဘေးနှစ်ဖက် အမိုးစွန်းကနေ (၃) ပေစီ ချန်ရပါမယ်။

နောက်ရက်တွေမှာလည်း (၉) ထပ်နဲ့ အထက် အထပ်မြင့် အဆောက်အအုံတွေအတွက် လမ်းမကြီးတွေအလိုက် လိုက်နာရမယ့် မြေချန် သတ်မှတ်ချက်တွေကို Part 3 မှာ ဆက်ပြီး တင်ပေးသွားဦးမှာမို့ ဖတ်ရှုဖို့ မမေ့နဲ့ဦးနော်။

📩 ENSTA Engineering Services
📞 09 751 003 317 , 09 762 929 505
📨 Email : [email protected]


&Engineering


အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် သိထားရမယ့် မြေချန် စည်းမျဉ်းများ - Part 1အဆောက်အအုံတစ်ခု ဆောက်တော့မယ်ဆိုရင် သ...
17/08/2026

အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် သိထားရမယ့် မြေချန် စည်းမျဉ်းများ - Part 1

အဆောက်အအုံတစ်ခု ဆောက်တော့မယ်ဆိုရင် သတ်မှတ်ထားတဲ့ နည်းဥပဒေတွေအတိုင်း ဘေး၊ ရှေ့၊ နောက် မြေချန် တွေကို စနစ်တကျ ချန်လှပ်ပေးရပါတယ်။ ဒီနေ့မှာတော့ (၃)ထပ်နှင့်အောက် အဆောက်အအုံများ အတွက် သိထားရမယ့် မြေချန် စည်းကမ်းချက်များကို မျှဝေပေးလိုက်ပါတယ်။🤩

🌿 (၃)ထပ်နှင့်အောက် အဆောက်အအုံများအတွက် မြေချန်သတ်မှတ်ချက်
ပေ 40 x 60 မြေကွက်မှာ မိမိပိုင်နယ်နိမိတ်မှ မြေချန်ရမယ့် အတိုင်းအတာများ
ရှေ့ဘက် (၁၂) ပေ ချန်ရပါမယ်။
နောက်ဘက် Building Drainage System မရှိပါက (၆) ပေ ချန်ရမယ်။ BDS ရှိပါက (၁၂) ပေ ချန်ရမယ်။
ဘေးနှစ်ဖက် အမိုးစွန်းမှ (၃) ပေစီ ချန်ရမယ်။

🌿 မျက်နှာစာအကျယ်အလိုက် ဘေးနှစ်ဖက် မြေချန်ရမယ့် အတိုင်းအတာများ
မျက်နှာစာ (၂၅) ပေနှင့်အောက်ဆိုရင် ဘေးနှစ်ဖက် အမိုးစွန်းမှ (၁) ပေစီ ချန်ရမယ်။
မျက်နှာစာ (၂၆) ပေနှင့် (၃၉) ပေကြားဆိုရင် ဘေးနှစ်ဖက် အမိုးစွန်းမှ (၁) ပေ (၆)လက်မ ချန်ရပါမယ်။

🌿 မျက်နှာစာ ပေ (၄၀) နှင့်အထက်ဆိုရင် ဘေးနှစ်ဖက်ကို အမိုးစွန်းမှ (၃) ပေစီ ချန်ရပါမယ်။

နောက်ရက်မှာတော့ (၄)ထပ်နှင့်အထက် အဆောက်အအုံများ အတွက် မြေကွက်အမျိုးအစားနှင့် မြို့နယ်အလိုက် သတ်မှတ်ထားတဲ့ မြေချန်စည်းကမ်းချက်တွေကို Part 2 မှာ ဆက်လက်မျှဝေပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

📩 ENSTA Engineering Services
📞 09 751 003 317 , 09 762 929 505
📨 Email : [email protected]




Address

Yangon

Alerts

Be the first to know and let us send you an email when Ensta Design & Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share