One Construction - Yangon

One Construction - Yangon ‘Strong & Beautiful’

Real time informations.
28/03/2025

Real time informations.

28/03/2025

Seismic Load (Earthquake load) ဟာ

Structure planning မှာထဲက မဖြစ်မနေ ထည့်စဉ်းစားရမယ့် အရာဖြစ်ပါတယ်။

ကုန်ကျစရိတ်ကိုကြည့်ပြီး Load မကြည့်ကြတဲ့အခါ
ဆုံးရှုံးမှုက အတိုင်းထက်အလွန်ဖြစ်တတ်ပါတယ်။

အိမ်ရှင်ဘက်ကရော၊ Construction ဘက်ကရော

ဖြစ်လေ့ဖြစ်ထမရှိတဲ့ Natural disaster live loads တွေကို ထည့်စဉ်းစားတာ

ရေရှည်အသက်အန္တာရယ်အတွက် အကောင်းဆုံးပါ။



One Construction - Yangon

မီးလာတဲ့အချိန်လေး အဲကွန်းအဆုံးထိဖွင့်ပြီးစောင်ခြုံ။ 🥹One Construction - Yangon
26/03/2025

မီးလာတဲ့အချိန်လေး အဲကွန်းအဆုံးထိဖွင့်ပြီးစောင်ခြုံ။ 🥹

One Construction - Yangon

23/03/2025

မဂ်လာ Sunday ပါ။

One Construction - Yangon

09/09/2023

အိမ်ရောင်းတော့ မည့် LG

Smart Home တွေဆိုတာ အခုနောက်ပိုင်းမှာ အတော်လေး ကျယ် ပြန့်လာပြီ IFA မှာ LG ချပြသွားတဲ့ Concept က မိုက်တယ်

သာမန် End User အနေနဲ့ Smart Home Product တွေ ပြန့်ကျဲနေတာ ဘယ်လို ဆင်ရမလဲ မသိတဲ့ အချိန် LG က Smart Cottage ဆိုတဲ့ LG ရဲ့ Smart Home Product အစုံပါတဲ့ Modular Home ကို ချပြသွားတာပါ

ဒီ Prototype က အကျယ်အဝန်း 31.4 square metre ရှိပြီး အထပ်နှစ်ထပ်နဲ့ အိပ်ခန်း တစ်ခန်း ပါဝင်မှာပါ ဒီ အိမ်ထဲမှာ LG ရဲ့ စမတ် အိမ်သုံးပစ္စည်းအစုံပါမယ်

ခေါင်မိုးမှာက 4 kilowatt ဆိုလာ Panel တပ်ဆင်ပေးထားမယ် LG ကတော့ ဒီ Smart Cottage အတွက် Startup Company တစ်ခု နဲ့ ပူးပေါင်းပြီး ဆက်လက်လုပ်ဆောင်သွားမယ် ဆိုပါတယ်

ဒီ LG Smart Cottage က IFA က Concept သက်သက်ပဲလား ၊ စျေးကွက်ထဲကို ပို့ပေးလာမှာလားကတော့ စိတ်ဝင်စားစရာပါပဲ

06/08/2023

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။

“လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"

မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်"မှာ အနေမကောင်းဘူး၊ လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်း သုံးလမ်းဆုံတဲ့ လမ်းဆုံကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး။ ဖုန်းရွှေပညာစာအုပ်မှာတော့ ....(T) ပုံ လမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလိုမြေအနေအထားမျိုးကိုလည်း မြို့ပြအိမ်နေယာအကွက်တွေပေါ်မှာ အတွေ့များပါတယ်။ "လှည်းဦးတိုက်၊ လှေဦးတိုက်" မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။

"လှည်းဦးတိုက်၊ လှေဦးတိုက်" အိမ်ကတော့ ခိုက်တယ်။ အဲဒီအိမ်မှာ နေတဲ့သူတွေဟာ စီးပွားတိုးတက်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေမှာလည်း အဆင်မပြေဖြစ်မယ်။

ဖုန်းရွှေပညာမှာရော ၊ မြန်မာ့ရိုးရာ ရှေးထုံးအစဥ်လာနည်းမှာရော ...မနေသင့် မနေထိုက်တဲ့ အိမ်နေရာအနေအထားမျိုးဖြစ်နေတယ်။

ဒါပေမယ့်....မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာ နည်းမှာတော့ "လှည်းဦးတိုက်၊ လှေဦးတိုက်" နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ စျေးဆိုင်တွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်။

စောစောက ပြောခဲ့တဲ့အတိုင်းပဲ ဗီဒီယို၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်းဆုံးပေါ့။

အမှန်တော့ "စျေးကွက်မြင်ကွင်း" အကောင်းဆုံး ဖြစ်နေလို့ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဥ်းစားကြည့်မယ်။ မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ့်ရဲ့ပွဲရုံကို မြင်နေရတယ်။ သုံးဘက်မြင်ကွင်း(3D) ဖြစ်နေတယ်။"စျေးကွက်မြင်ကွင်း"အားသာမှုရှိလို့ပြောရင်မှန်တယ်။

လူနေရင်ခိုက်တယ်ဆိုတာပြန်ပြီးစဥ်းစားကြည့်ပါ။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်ကို ခိုးခြင်၊ ၀ှက်ခြင်၊ လုယက်တိုက်ခိုက်ချင်တဲ့လူတွေက အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ ရှေ့တူရှုလမ်းက တည့်တည့်မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်ညာကွေ့သွားရင် ဖုန်းတွေဟာ အိမ်ထဲတန်း၀င်လာမှာပဲ။ ရှေ့တူရှုလမ်းက အသုဘချလာပြီဆိုပါတော့ အဲဒီအနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာမြင်တွေ့နေရမယ်။

ရွာတွေမှာဆိုရင် "လှည်းဦးတိုက်၊ လှေဦးတိုက်" တဲတွေတွေကို ရှေ့တူရှုလှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စကျွံ၀င်လာတာမျိုးကို ခနခဏခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်" မှာနေမကောင်းဘူး၊ အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။

ဒါပေမယ့်..."ဒီလို "လှည်းဦးတိုက်၊လှေဦးတိုက်" နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုင်ရင် ဘယ်လိုကွာကွယ်မလဲ၊ ဒါကလွယ်ပါတယ်။

~တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။

~ဒီနည်းထက် ပိုကောင်းတာကတော့ တံခါးရဲ့အပေါ်ဘက်၊ အိမ်အ၀င်အ၀ တံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကာထား၊ ချိတ်ဆွဲထားရမယ်။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်တွေမှာမှန်ထောင်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တချို့မှန်ချပ်တွေက သေးလွန်းတယ်၊ တချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်တစ်ချပ်ရဲ့အလယ်မှာ အနီရောင်နဲ့ စတုရန်းအကွက်လေး(1"or 2")ပတ်လည် အကွက်လေးရေးထားရမယ်။

~အိမ်၀မှာ အသောကပင်တွေ စိုက်ထားတာမျိုး အုတ်တံတိုင်းမြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ်ဆိုပေမယ့် မြေအနေအထားအရ မဖြစ်နိုင်ပါဘူး၊ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။

အရေးကြီးဆုံးကတော့ ...ပုံလမ်းဆုံ, "ကြက်လျှာစွန်းပုံမြေနေရာ", တြိဂံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်က အရှောင်သင့်ဆုံး အခိုက်ဆုံးမြေနေရာပါပဲ

#မူရင်းစာရေးသူ ကို၀င်းဇော်(သစ်တော)ကို Credit ပေးပါတယ်

မိတ်ဆွေများအားလုံး ဆောင်ရန် ရှောင်များသိ၍ စီးပွားလာဘ်လာဘများပြည့်စုံပြီး ကြီးပွားတိုးတက်ကြပါစေ

Construction Company တွေရဲ့ home tourတွေကို သင်ကောကြိုက်ရဲ့လား 🤔🤔Construction လောကမှာ company တွေများလာတာနဲ့ အမျှ တစ်ဦးန...
22/07/2023

Construction Company တွေရဲ့ home tourတွေကို သင်ကောကြိုက်ရဲ့လား 🤔🤔

Construction လောကမှာ company တွေများလာတာနဲ့ အမျှ တစ်ဦးနဲ့ တစ်ဦးအပြိုင်အဆိုင် marketing ဆင်းလာကြပါတယ်

Preliminary design stage ကစပြီး တည်ဆောက်ပုံအဆင့်ဆင့်နဲ့ကြေညာကြသလို နောက်ပိုင်း Home Tourလုပ်တာတွေပါတွေ့လာရပါတယ်🏡🚪

ဒီလိုမျိုး home tourလုပ်လိုက်တာဟာ အိမ်ရှင်တွေအတွက် privacy ပိုင်းဆိုင်ရာ အဆင်ပြေမှုရှိပါ့မလား❔❔

စာရေးသူအသိ Architecture design firm တစ်ခုက ဒီလိုပြောဖူးပါတယ်
Architecture design တစ်ခုဟာ ပိုက်ဆံပေးပြီးဝယ်ထားတဲ့ အိမ်ရှင်တစ်ဦးတည်းပိုင်တဲ့ ပိုင်ဆိုင်မှုဖြစ်ပါတယ်တဲ့💼💼

အပြင်ပိုင်း 3D design မျိုးကိုသုံးတာမျိုးဟာ အဆင်ပြေနိုင်ပေမယ့် Privacy ရှိရမယ့် အခန်းဖွဲ့လိုမျိုး၊ ဘယ်နေရာကတက်သွားရင် ဘယ်လိုရောက်နိုင်ပါတယ်ဆိုတာမျိုး home tourလုပ်တာမျိုးကအဆင်မပြေနိုင်ပါဘူး🙅‍♂️🙅‍♂️

အိမ်ရှင်ရဲ့ ခွင့်ပြုချက်ရလို့လုပ်မယ်ဆိုရင်တောင် အိမ်တစ်အိမ်ရဲ့ အခန်းဖွဲ့တွေ၊ အိမ်အနေအထားတွေကို တင်ပြတာ အဆင်ပြေနိုင်ပါရဲ့လား
လူကြီးမင်းတို့ကော ဘယ်လိုမြင်ပါသလဲ❔❔

Marketing purpose နဲ့လုပ်တာဆိုပေမယ့် privacy ပိုင်းချင့်တွေးသင့်တယ်လို့ထင်မြင်မိပါတယ်✔️✔️

ဒီဖော်ပြပါအကြောင်းအရာတွေဟာ စာရေးသူတစ်ဦးတည်းအမြင်ဖြစ်ပြီး ထိခိုက်မှုတစ်စုံတစ်ရာရှိစေဖို့ မမျှော်လင့်ပါဘူးခင်ဗျာ✨✨




ခြံရှိမြေကုန် အိမ်ဆောက်သင့်သလား အပိုင်း (၀၂)??ပထမပိုင်းမှာကတော့ ခြံရှိမြေကုန်ဆောက်တဲ့အခါ ကုန်ကျနိုင်မယ့်စရိတ်တွေ၊ ဖောင်ဒ...
21/07/2023

ခြံရှိမြေကုန် အိမ်ဆောက်သင့်သလား အပိုင်း (၀၂)??

ပထမပိုင်းမှာကတော့ ခြံရှိမြေကုန်ဆောက်တဲ့အခါ ကုန်ကျနိုင်မယ့်စရိတ်တွေ၊ ဖောင်ဒေးရှင်းပိုင်းဆိုင်ရာတွေအကြောင်းပြောပြပေးထားတာဖြစ်ပါတယ်

အခုအပိုင်းမှာတော့ နောက်ရှုထောင့်တွေကနေ ပြောပြပေးမှာဖြစ်ပါတယ်

ခြံကပ်ဆောက်လိုက်တဲ့အခါ လေဝင်လေထွက် လမ်းကြောင်းကို သတိပြုသင့်ပါတယ်
ဘေးအိမ်ကလည်း ကပ်နေတဲ့အခါ ဘေးဘက်လေစီးကြောင်းပျောက်ကွယ်သွားပြီး air conပိုမိုလိုအပ်လာမှာဖြစ်ပါတယ်🌬️🌬️

အိမ်ချင်းနီးကပ်တဲ့အခါ ဘေးဘက်ပြတင်းပေါက်တွေအလင်းမရတာမျိုးလည်းဖြစ်တတ်ပါတယ်

ဒါ့အပြင် တစ်အိမ်နဲ့တစ်အိမ် အသံမလုံပဲ privacy ကောင်းကောင်းမရနိုင်တာမျိုးလည်းဖြစ်ပါတယ်🔐🔐

အိမ်ချင်းကပ်နေလို့ ဆောက်လုပ်ရေးလုပ်စဉ် မြေတူးတဲ့အခါမှာလည်း ဂရုပြုရပါတယ်
Open excavation ပြုလုပ်တဲ့အခါမျိုးဆို sheet pileတွေသေချာကာရံရသလို အခြားအိမ်ဖက်မှာ အက်ရာပေါ်လာတာမျိုးဆိုရင်လည်း တာဝန်ယူပေးရပါသေးတယ်♻️♻️

ငလျင်လှုပ်တဲ့အခါမျိုးမှာလည်း ဘေးဘက်အိမ်ရဲ့ လှုပ်ရှားမှု၊ ကိုယ့်အိမ်ရဲ့အရွေ့ စတာတွေ ဟန်ချက်မညီပြန်ရင်လည်း ပြဿနာ တက်ရပြန်ပါတယ်
လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းက ရန်ကုန်က အင်အားပျော့ငလျင်တစ်ခုအတွင်း ကန်ထရိုက်တိုက်နှစ်ခု ကပ်ပြီးယိုင်သွားတဲ့ အဖြစ်အပျက်မျိုးလည်းဖြစ်နိုင်ပါတယ်🌆🌆

ဒီကိစ္စတွေအတွက်ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေလည်းရှိပြီးသားဖြစ်ပါတယ်
မဆောက်သင့်တာမျိုးမဟုတ်ဘဲ ကျွမ်းကျင်ပညာရှင်၊အင်ဂျင်နီယာတွေနဲ့ဆောက်သင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်👷‍♂️👷



#ဆောက်လုပ်ရေး

အိမ်တွေက အခင်းကြွေပြားတွေ ဘာကြောင့်ကွဲအက်ရလဲ 🧱🧱လူနေအိမ်အဆောက်အဦးတွေမှာ ကြွေပြားများ ခုံးလာခြင်း၊ အက်ကွဲကြောင်းပေါ်လာခြင်...
13/07/2023

အိမ်တွေက အခင်းကြွေပြားတွေ ဘာကြောင့်ကွဲအက်ရလဲ 🧱🧱

လူနေအိမ်အဆောက်အဦးတွေမှာ ကြွေပြားများ ခုံးလာခြင်း၊ အက်ကွဲကြောင်းပေါ်လာခြင်း၊ လန်ထွက်လာခြင်းစတဲ့ ပြဿနာတွေ တွေ့ကြုံတတ်ကြပါတယ်

ဒီလိုမျိုးကိစ္စတွေဖြစ်ပေါ်စေတဲ့အကြောင်းရင်းတချို့ကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်

1️⃣ တပ်ဆင်မှုညံ့ဖျင်းခြင်း
ကြွေပြားကပ်ခြင်းဟာ ဂရုစိုက်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ကျွမ်းကျင်အဆင့် လူများကပ်ပါမှ စိတ်ချရတဲ့ အခြေအနေမှာရှိပါတယ်
ကြွေပြားမှန်ကန်စွာနေရာချတတ်ဖို့၊ ချိန်ညှိဖို့ဆိုတာတွေဟာ ကျွမ်းကျင်လေဘာများသာ လုပ်ဆောင်နိုင်တဲ့ ပညာရပ်တွေဖြစ်ပါတယ်
2️⃣ အပူချိန်အပြောင်းအလဲ
ပူရင်ပွ အေးလျှင်ကြုံ့တတ်တဲ့ သဘာဝရှိတာကြောင့် ကြွေပြားချပ်တွေကြားမှာ သင်တင့်တဲ့ နှာလိုင်း(expansion joint)များပါဝင်ပါမှ ကြာရှည်ခံတဲ့ ကြွေပြားကပ်ခြင်းကို ရရှိနိုင်မှာဖြစ်ပါတယ်
3️⃣ ကြွေပြားကပ်ကော်မှန်ကန်စွာ အသုံးပြုခြင်း
ကြွေပြားကပ်ကော် ကောင်းကောင်းနဲ့ သရိုးအချိုးအစားမှန်မှန်နဲ့ သုံးခြင်းဟာ ကြွေပြားကြာကြာခံခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်
4️⃣ညီညာတဲ့ အောက်ခံမျက်နှာပြင်နဲ့ သန့်ရှင်းရေး
ကြွေပြားအောက်ခံမျက်နှာပြင် (ကြမ်းခင်း၊နံရံ) စတာတွေဟာ ညီညာချောမွတ်နေဖို့လိုအပ်ပြီး ကြွေပြားမကပ်ခင် ဖုန်၊ အမှိုက်များကင်းစင်နေဖို့လည်းလိုအပ်ပါသေးတယ်
5️⃣ငလျင်လိုမျိုး သဘာဝဘေးအန္တရာယ်
ငလျင်လိုမျိုးတုန်ခါမှုတွေကြောင့်လည်း ကြွေပြားများကွဲအက်ရလေ့ရှိပါသေးတယ်

အခုတင်ပြခဲ့တာကတော့ ကြွေပြားကွဲခြင်း၊ အက်ခြင်းဖြစ်ပေါ်စေတဲ့ အကြောင်းရင်းအချို့ဖြစ်ပြီး ကြွေပြားကပ်ဖို့ ကန်ထရိုက်ကောင်းကောင်းရှာနေတယ်ဆိုရင်တော့ ONE C&Iကိုသတိရလိုက်ပါ

ကျွမ်းကျင်လေဘာများနဲ့ errorအနည်းဆုံး ကြွေပြားကပ်လုပ်ငန်းအတွက် ONE C&Iမှတာဝန်ယူပေးပါရစေ
ဆက်သွယ်ရန်:
☎ 09 765 411 577
📧 [email protected]
🏬 အမှတ် ၉၁၈၊ ဗိုလ်ဆွန်ပက်လမ်း၊ ရပ်ကွက် ၃၆၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။


&I

သွပ်အမိုးဒီဇိုင်းလေးလည်းသုံးချင်တယ် ပူမှာလည်း စိုးရိမ်တယ်ဆိုတဲ့လူတွေအတွက် အဖြေကောင်းတစ်ခု 💡💡အိမ်ဒီဇိုင်းရွေးချယ်ရာမှာ ခေ...
01/07/2023

သွပ်အမိုးဒီဇိုင်းလေးလည်းသုံးချင်တယ် ပူမှာလည်း စိုးရိမ်တယ်ဆိုတဲ့လူတွေအတွက် အဖြေကောင်းတစ်ခု 💡💡

အိမ်ဒီဇိုင်းရွေးချယ်ရာမှာ ခေါင်မိုးစောင်းလေးနဲ့မှ ကြိုက်ပါတယ် Gable roof လေးချချင်ပါတယ်ဆိုတဲ့ အိမ်ပိုင်ရှင်တို့ရေ....

သွပ်အမိုးကို ဒီဇိုင်းအရသုံးလိုက်ရပေမယ့် အပူကျမှာ၊ ရေယိုမှာ၊ အသံမလုံမှာ စိုးရိမ်စရာမလိုတဲ့ နည်းလမ်းကောင်းလေးတစ်ခုပြောပြပေးချင်ပါတယ်

Spray Foam insulation (အရပ်ခေါ် ဖော့ဆေး)ဟာ အလွန်အသုံးတည့်တဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်

🔺အပူစီးကူးမှုကိုတားဆီးပေးလို့ အပူ‌အအေးထိန်းညှိပေးပါတယ်
🔺ကွက်လပ်၊အပေါက်၊ အကြားအလပ်‌တွေကိုပိတ်ပေးတာကြောင့်လေလုံပါတယ်
🔺အသံပါလုံတဲ့အတွက် အတွင်းနံရံ၊ ကြမ်းခင်းတွေမှာပါ အသုံးပြုပြီး ဆူညံ့မှု ထိန်းချုပ်လို့ရပါတယ်
🔺အသားကျစ်လစ်မာကျောပြီး နှစ်ပေါင်းများစွာကြာရှည်ခံပါတယ်

ဒါကြောင့် အိမ်ခေါင်မိုးအစောင်းနဲ့ ဒီဇိုင်းကိုမှ sustainable ဆန်ဆန်အသုံးပြုနိုင်မယ့် နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်



#ဆောက်လုပ်ရေး

မှန်ကန်တဲ့ ကြွေပြားရွေးချယ်ခြင်း✅✅အိမ်တွေမှာ ကြွေပြားကပ်တော့မယ်ဆိုရင် ဒီအချက်‌တွေ အရင်စဉ်းစား‌ ရွေးချယ်ပြီးမှ ကပ်သင့်ပါတ...
27/06/2023

မှန်ကန်တဲ့ ကြွေပြားရွေးချယ်ခြင်း✅✅

အိမ်တွေမှာ ကြွေပြားကပ်တော့မယ်ဆိုရင် ဒီအချက်‌တွေ အရင်စဉ်းစား‌ ရွေးချယ်ပြီးမှ ကပ်သင့်ပါတယ်✅✅

1️⃣ ဘာအတွက်သုံးမှာလဲ
ရေချိုးခန်းအတွက်လား၊ အိပ်ခန်းလား၊ မီးဖိုလား အရင်စဉ်းစားပါ
2️⃣ ဒီဇိုင်းနဲ့ အပြင်အဆင်
ပြင်ဆင်ထားတဲ့ အိမ်ဒီဇိုင်းနဲ့ လိုက်ဖက်တဲ့ ကြွေပြားအရောင်၊ texture ကိုရွေးချယ်ပါ
3️⃣ အရွယ်အစားနဲ့ အစီအစဉ်
ကြွေပြားအချပ်အ‌ကြီးအသေး၊ တပ်ဖို့နေရာ၊ အစီအစဉ်‌ကို planချသင့်ပါတယ်
ရှစ်ပေနံရံအလွတ်ကို သုံးပေအချပ်ကပ်ဖို့ဆို အဆင်မပြေနိုင်ပါဘူး
4️⃣ ကြွေပြားအရည်အသွေး
သုံးမယ့်နေရာပေါ်မူတည်ပြီး ဂရံနိုက်ပြားသုံးမှာလား၊ ကြွေအသားလား၊ ဖန်လား စသည်ဖြင့် ရွေးချယ်ရပါတယ်
5️⃣ Maintenance & Budget
ပြန်လည်ပြင်ဆင်စရိတ်နဲ့ ငွေကြေးဟာလည်း ချန်ထားလို့မရပါဘူး
အကြောင်းအရာတစ်ခုကြောင့်ကွဲသွားမယ်ဆိုရင် အပိုပစ္စည်းကျန်မကျန်စစ်‌ဆေးရပါမယ် အကယ်၍ နောက်ထပ် မထွက်တော့မယ့် ဒီဇိုင်းမျိုးဆို ကွဲခဲ့ရင် အပိုတပ်စရာမရှိနိုင်တော့ပါဘူး
6️⃣ အကြံဉာဏ်ရယူပါ
ကျွမ်းကျင်သူများရဲ့ အကြံဟာလည်းအရေးကြီးပါတယ် ‌နှစ်ပေ ပတ်လည်ပြားကပ်တာနဲ့ ၉လက်မပြားကပ်တာမှာ အခြေအနေမတူနိုင်သလို ကြာရှည်ခံဖို့ နှာလိုင်း၊ အချိတ်အဆက် စတာတွေသေချာဂရုစိုက်သင့်ပါတယ်

အခုပြောပြခဲ့တာတွေကတော့ ကြွေပြားမကပ်ခင် ရွေးချယ်ရာမှာ ကြိုသိထားသင့်တဲ့အချက်တချို့ပဲဖြစ်ပါတယ်

အိမ်ပိုင်းဆိုင်ရာ ဗဟုသုတများအတွက် pageမှာစောင့်ကြည့်ကြဖို့လည်းမမေ့ပါနဲ့ 👍👍




#ကြွေပြား

Address

Yangon

Telephone

+959765411577

Website

Alerts

Be the first to know and let us send you an email when One Construction - Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to One Construction - Yangon:

Share