19/07/2024
ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)
+++++++++++++++++++++++++
ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာဆိုသည့်အတိုင်း ဂေါတမြတ်စွာဘုရား ရှင် ပဋိသန္ဓေ နေတော်မူခြင်း၊တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။
ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လည်း ဖြစ်သည်။ တရားရတနာစတင် ပေါ်ပေါက်ရာနေ့လည်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လည်း ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်း ဖြစ်သည်။
ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လည်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များအ နေနဲ့ ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ် လည်း ဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည်စားနပ်ရိက္ခာ အတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္စျာယ်ခြင်းများပြုကြသည်။
ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍အလှူ ဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။
Credit - ဓမ္မစကြာအခါတော်နေ့ ဗုဒ္ဓဝင်မှတ်တမ်းကို ကူးယူဖော်ပြပါသည်။
———————————————————————-
အရည်အသွေးပြည့်၀သော ဆောက်လုပ်မှုများအတွက် အသေးစိတ်သိလိုပါက
+++++++++++++++++++++++++++++++
📲📞📲📞📲 Hot Line No: 095048500,
09 507 2008 နဲ့ 09403028081
ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
💁ရုံးလိပ်စာကတော့ No.(45),Nilar Hnin Si Street, Shwe Pin Lon Rose Park(3), 27- Quarter, North-Dagon Township Yangon, Myanmar ပဲဖြစ်ပါတယ်။