JAS Lubricant

JAS Lubricant High Quality Lubricant & Oil

စက်ချောဆီသည် ကားအင်ဂျင်ပွတ်တိုက်မှုလျှော့ချကာကွယ်ရန်၊ တားဆီးရန်နှင့် အကောင်းဆုံးစွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးခြင်းဖြင့်...
25/04/2025

စက်ချောဆီသည် ကားအင်ဂျင်ပွတ်တိုက်မှုလျှော့ချကာကွယ်ရန်၊ တားဆီးရန်နှင့် အကောင်းဆုံးစွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးခြင်းဖြင့် အရေးပါသော အခန်းကဏ္ဍမှပါဝင်ပါတယ်..

1. **ပွတ်တိုက်မှုကို လျှော့ချခြင်း**
ရွေ့လျားနေသော အင်ဂျင်အစိတ်အပိုင်းများသည် တစ်ခုနှင့်တစ်ခု အဆက်မပြတ်ပွတ်တိုက်နေတာကြောင့် ချောဆီကပွတ်တိုက်မှုကိုလျှော့ချပေးယုံသာမက တားဆီးကာကွယ်ပေးသည့် ကြားခံအလွှာတစ်ခုဖြစ်ပါတယ်

2. ** အင်ဂျင်ယိုယွင်ပျက်စီးခြင်းကို ကာကွယ်ပေးခြင်း**
ကားတစ်စီးမှာ သင့်လျော်သောချောဆီမရှိပါလျှင် အင်ဂျင်အစိတ်အပိုင်းများ လျင်မြန်စွာပျက်စီးသွားနိုင်ပါတယ်။ ချောဆီကူရှင်များသည် အင်ဂျင်အစိတ်အပိုင်းများကို တာရှည်ခံသက်တမ်းတိုးစေပြီး အင်ဂျင်ကောင်းမွန်ချောမွေ့စွာလည်ပတ်နိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်

3. **အင်ဂျင်အအေးခံခြင်း**
ပွတ်တိုက်မှုများကြောင့် အင်ဂျင်လောင်ကျွမ်းပြီး Heat/အပူတက်လာနိုင်ပါတယ်
အင်ဂျင်ဆီက တက်လာသောအပူကို စုပ်ယူပြီးပြေပျောက်စေယုံသာမက အပူချိန်လွန်ကဲခြင်းမှလည်း ကာကွယ်ပေးပြီးတော့ အင်ဂျင်ကိုတည်ငြိမ်သောအပူချိန်တခုမှာထိန်းထားပေးနိုင်ပါတယ်

4. **ညစ်ညမ်းသန့်စင်ခြင်းနှင့် ဖယ်ရှားခြင်း**
အချိန်ကြာလာတာနှင့်အမျှ အင်ဂျင်လောင်ကျွမ်းခြင်းမှ ထွက်လာသောအညစ်အကြေးများက အင်ဂျင်ထဲမှာ စုပုံလာတက်ပါတယ်။ အင်ဂျင်ဆီက ညစ်ညမ်းသောအညစ်အကြေးများကို စစ်ထုတ်ခန်းသို့ သယ်ဆောင်သွားပြီးတော့ အင်ဂျင်သံချေးတက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်

5. **Sealing Engine Components**
အင်ဂျင်ဆီက ပစ္စတင်ကွင်းများနှင့်ဆလင်ဒါနံရံများကြား ဖိသိပ်မှုတွင် ကြားခံအလွှာတစ်ခုအဖြစ်နဲ့ ကာကွယ်ပေးထားပြီး ဆီစားမှုကိုလည်းသက်သာစေပါတယ်

6. **တိုက်စားမှုမှကာကွယ်ခြင်း**
အင်ဂျင်အစိတ်အပိုင်းများ လောင်ကျွမ်းခြင်းမှ အစိုဓာတ်နှင့်အက်ဆစ်ဓာတ်များ ထွက်ပေါ်လာတက်ပါတယ်။ အင်ဂျင်ဆီတွင် အင်ဂျင်အန္တရာယ်ရှိစေတက်သောအရာများကို ပျက်ပြယ်စေတဲ့ အရည်အသွေးမြင့် ဖြည့်စွက်ပါဝင်ပစ္စည်းများဖြင့် ပေါင်းစပ်ထုတ်လုပ်ထားပါတယ်

အင်ဂျင်ကောင်းမွန်ထိရောက်စွာ လည်ပတ်နိုင်အောင် ဆီပုံမှန်လဲလှယ်ပေးခြင်းက မရှိမဖြစ်လိုအပ်ပါတယ်။ ကားမော်ဒယ်၊ ရာသီဥတုနှင့် မောင်းနှင်မှုအခြေအနေများပေါ်မူတည်ပြီး ဆီအမျိုးအစားများစွာအသုံးပြုကြပါတယ်

မော်တော်ယာဥ်အစိတ်အပိုင်းအမျိုးမျိုးအတွက် JAS Lubricant မှ အရည်အသွေးမြင့်ပစ္စည်းများဖြင့်ပေါင်းစပ်ထားသော စက်ချောဆီများကို အသုံးပြုသူတိုင်းစိတ်တိုင်းကျစေဖို့အတွက် အာမခံထုတ်လုပ်ထားပါတယ်။ ဒါကြောင့် ကားဆရာများကြားမှာ ရေပန်းစားအကြိုက်တွေ့စေတဲ့အမှတ်တံဆိပ်တခုအဖြစ်နဲ့စတင်ရပ်တည်လာခဲ့ပါပြီ
https://www.tiktok.com//video/7497094828975541525

#ကားအင်ဂျင်ဆီ #ကားစက်ချောဆီ #အာမခံလက်လီလက်ကား

🚗 လက်တလော ၂၀၂၅ ကားဆရာများကြားမှာ ရေပန်းစားအကြိုက်များလာသော JAS Lubricant မှ အသစ်ဖန်တီးထုတ်လုပ်ထားတဲ့ အာမခံအရည်အသွေးမြင့်...
24/04/2025

🚗 လက်တလော ၂၀၂၅ ကားဆရာများကြားမှာ ရေပန်းစားအကြိုက်များလာသော JAS Lubricant မှ အသစ်ဖန်တီးထုတ်လုပ်ထားတဲ့ အာမခံအရည်အသွေးမြင့် ဘရိတ်ဆီ နှင့် အင်ဂျင်ဆီများကို ဈေးနှုန်းမှန်ကန်စွာနဲ့ လက်လီလက်ကား ဝယ်ယူအားပေးနိုင်ပါပြီ ✨😍
OrderNow : 09 254 422 224

https://www.tiktok.com//video/7497094828975541525

#ကားဘရိတ်ဆီ #ကားအင်ဂျင်ဆီ #လက်လီလက်ကား #တက္ကစီ

Address

NO(457). YADANAR Road, (12)WARD, SOUTH OKKALAPA
Yangon

Opening Hours

Monday 09:00 - 06:00
Tuesday 09:00 - 06:00
Wednesday 09:00 - 06:00
Thursday 09:00 - 06:00
Friday 09:00 - 06:00
Saturday 09:00 - 06:00
Sunday 09:00 - 06:00

Website

Alerts

Be the first to know and let us send you an email when JAS Lubricant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share