13/05/2026
Basic++ Solar PV System Design and Installation ပြင်ပလက်တွေ့တန်း Batch(36)
💓💓💓💓💓💓💓💓💓💓💓💓💓💓💓💓
Basic Solar PV System Design Online သင်တန်းကို သင်တန်းသား(4000)ကျော် တက်ရောက် ခဲ့ကြသည် အထိ ခရီးပေါက်ခဲ့ပြီးဖြစ်ပါသည်။
☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️
ပြင်ပ Solar System Training Packageများကို
🔹Aung Phone Pyae Co.,Ltd.
🔹MPNM Co.,Ltd.
🔹G-Link Electro Trading Co.,Ltd.
🔹Sanli Environmental(Myanmar) Co.,Ltd.
🔹Stanol Myanmar Co.,Ltd.
🔹IME Construction Co.,Ltd.
🔹Myo Thein Electronic(Yangon).
🔹Felicity Solar Myanmar
🔹Grand Royal Group of Co.,Ltd.
🔹SL Solar Co.,Ltd.
🔹Conca Myanmar Co.,Ltd.
🔹KEG Co.,Ltd.
တို့တွင် ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသည်။
🔶🔷🔶🔷🔶🔷🔶🔷🔶🔷🔶
T-4Link Training Centerနှင့်
ASE Engineering Trainingတို့တွင်
Electrical Instructorအဖြစ်ဖြင့်
Electrical Controlပညာရပ်များ
သင်ကြားဖို့ချပေးခဲ့ဖူးပါသည်။
💎💎💎💎💎💎💎💎💎💎💎
Knowledge Sharing Programများအဖြစ်
💠Felicity Solar Myanmar
💠Shark TOPSUN Product Training
💠EI Basic Solar Training(1/2025)Part Time
💠SOLAX Power Myanmar နှင့်
💠SD+Product & Technical Trainingနှင့်
💠SSID(Electrical Control Training)စသည့်
Electrical နှင့် Solar ပညာရပ်ဆိုင်ရာများ
Sharing ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသည်။
💙💙💙💙💙💙💙💙💙💙💙💙💙💙
ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းနယ်ပယ်ထဲကို စတင်အခြေချလိုသူများ နည်းစနစ်ကျကျနန၊ယုံကြည်မှု
ပြည့်ပြည့်ဝဝနဲ့ လုပ်ကိုင်နိုင်ကြစေဖို့ရည်ရွယ်ကာ
ယခု ပြင်ပလက်တွေ့သင်တန်းကို လက်တွေ့ပစ္စည်းအစုံအလင်နဲ့ (34)ကြိမ်မြောက် သင်တန်းအဖြစ်
လာမယ့် ၂၀၂၆ခုနှစ်၊မေလ(၄)ရက်နေ့မှာ
ESE Engineering Training(လှည်းတန်း)တွင် သင်ကြားပေးဖို့ စီစဉ်ထားခြင်းဖြစ်ပါသည်။
💥💥💥💥💥💥💥💥💥💥
ထပ်တိုးသင်ခန်းစာတွေအနေနဲ့
Hybrid Inverterတွေနဲ့
High Voltage Battery Installation
သင်ခန်းစာတွေမှာ
Zero Export အကြောင်း၊
Smart Loadအကြောင်း၊
Micro Inverter Inputအကြောင်း၊
DRMအကြောင်း၊RSDအကြောင်း၊
HV Battery Installation Procedureအကြောင်း၊
စတာတွေ ထပ်မံထည့်သွင်း
သင်ကြားပေးသွားမှာဖြစ်ပါတယ်။
BESSအကြောင်းတွေလည်း
ထပ်တိုးလေ့လာကြရမှာဖြစ်ပါတယ်။
⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡
Electrical Conceptတွေ သေချာမသိဘဲ
ဆိုလာလုပ်ငန်းလုပ်ရင် အခြေခံအဆင့်တပ်ဆင်ရုံလောက်ပဲ လုပ်နိုင်ပြီး ပြစ်ချက်ရှာတဲ့နေရာ၊
ဒီဇိုင်းစဉ်းစားတဲ့နေရာ၊Capacityကြီးကြီးတွေ
အထိ တဆင့်တိုးလုပ်ကိုင်တဲ့နေရာမှာ အခက်အခဲရှိနိုင်တာမို့ Science & Electrical Conceptတွေကိုလည်း သေသေချာချာလေးသိရအောင် ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။
🌀🌀🌀🌀🌀🌀🌀🌀🌀🌀
လုပ်ငန်းခွင် အခက်အခဲများကို ဖြေရှင်းစေနိုင်ရန်အတွက် Experience Sharing အစီအစဉ်ကိုလည်း
ထပ်တိုးထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။
သင်တန်းကနေ ဘာတွေသင်ပေးမှာလဲ
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️
✅နေဘယ်လိုထွက်သလဲ၊နေကနေ စွမ်းအင်ဘယ်လောက်ရနိုင်သလဲ၊အလင်းမှာဘာတွေပါသလဲ၊နေလမ်းကြောင်း ဘယ်လိုကြည့်မလဲ၊အရပ်မျက်နှာဘယ်လိုကြည့်မလဲ၊Azimuth/Tilt Angleဆိုတာတွေက ဘာတွေလဲ၊အဲဒါတွေသေချာသိရပါမယ်။
✅ဆိုလာပြားတွေကနေ စွမ်းအင်ဘယ်လိုရသလဲ၊
ဆိုလာအမျိုးအစားတွေ ဘယ်လိုခွဲမလဲ၊အတု/အစစ်ဘယ်လိုခွဲမလဲ၊ဆိုလာသက်တမ်းက ဘယ်လောက်ခံမလဲ၊ဆိုလာပြားမှာရေးထားတဲ့အချက်အလက်တွေကို ဘယ်လိုဖတ်ပြီး ဘယ်လိုယူသုံးမလဲ၊အပူချိန်များရင် ဘယ်လိုသက်ရောက်မှုတွေရှိမလဲ၊စွမ်းအင်အများဆုံးရအောင် ဘယ်လိုတပ်မလဲ။Mono/Poli/Half-Cell/Bifacial/P-Type/N-Typeဆိုတာတွေက ဘာလဲ၊အဲဒါတွေသေချာသိရပါမယ်။
✅အင်ဗာတာဆိုတာဘာလဲ၊အမျိုးအစားတွေ ဘယ်နှစ်မျိုးရှိသလဲ၊သက်တမ်းဘယ်လောက်ခံသလဲ၊MPPTနဲ့PWMဘယ်သူကပိုကောင်းသလဲ၊
On-grid /Off-grid/Hybrid/Surge Factor/Low Frequency/High Frequency/Maximum Vocစတာတွေက ဘာတွေလဲ၊အင်ဗာတာတပ်ဖို့ နေရာဘယ်လိုရွေးမလဲ၊ဘာတွေ သတိထားရမလဲ၊ဘယ်လိုProcedureနဲ့ စပြီးဖွင့်ရသလဲ၊သေချာသိရပါမယ်။အင်ဗာတာ Settingတွေလည်းကိုယ်တိုင်ထည့်တတ်တဲ့အထိ လက်တွေ့သင်ရပါမယ်။
✅ဘက်ထရီအမျိုးအစားတွေဘယ်နှစ်မျိုးရှိသလဲ၊သက်တမ်းတွေဘယ်လောက်ခံကြသလဲ၊တချို့ဘက်ထရီတွေဘာလို့ သက်တမ်းတိုတာလဲ၊Maintenanceဘယ်လိုလုပ်မလဲ၊Cycle Curveတွေ ဘယ်လိုဖတ်မလဲ၊Cutoff Voltageကို ဘယ်လောက်ထားရမလဲ၊DOD/SOC/Bulk Charge/Float Charge/Equalizationဆိုတာတွေက ဘာတွေလဲ၊Charge Rate/Discharge Rate ဆိုတာက ဘာတွေလဲ၊ဘက်ထရီတွေကို Series/Parallelဘယ်လိုချိတ်မလဲ၊တပ်ဆင်တဲ့အခါ ဘယ်အချက်တွေကို အထူးဂရုစိုက်ရမလဲ၊ကြိုးတွေပြန်ဖြုတ်ဖို့လိုရင် စံနစ်တကျ ဘယ်လိုပြန်ဖြုတ်မလဲ၊Ah/kWhဆိုတာကဘာတွေလဲ၊ BMSဆိုတာကရော ဘာလဲ၊စတာတွေ သေချာသိရပါမယ်။BMSစံနစ် ပါတဲ့Battery ကို Inverterနဲ့ Communication ချိတ်တာတွေ၊Wifi Datalogger တပ်ပြီး ဖုန်းထဲက ကြည့်လို့ရဖို့ Configuration လုပ်တာတွေသိရပါမယ်။
✅ဆိုလာကြိုးတွေဝယ်ရင် ဘယ်လိုရွေးဝယ်မလဲ၊
LSZH/Heat Resistance/UV Resistanceပါတာတွေ ဘာကြောင့်ရွေးသင့်တာလဲ၊ကြိုးဆိုဒ်ဘယ်လိုရွေးရမလဲ၊ဘက်ထရီကြိုးတွေကိုရော ဘယ်လိုရွေးရမလဲ၊Fuseတွေ၊Breakerတွေ၊SPDတွေ ဘယ်လိုရွေးရမလဲ၊Dry Contactတွေကို ဘယ်လိုသုံးရသလဲ၊မိုးကြိုးလွှဲစံနစ် ဘယ်လိုတပ်ရသလဲ၊မြေဓာတ်ချစံနစ် ဘယ်လိုတပ်ရသလဲ၊သေချာသိရပါမယ်။
ဆိုလာပြားတွေအထိုင်ချဖို့ Aluminium Rail/L-Feet/Mid Clamp/End Clamp/Grounding Clampတွေ ကိုယ်တိုင်ရွေးချယ်တတ်ပါမယ်။
✅ဆိုလာစံနစ်ဒီဇိုင်းတွက်ချက်ခြင်းအပိုင်းမှာတော့
(က)ဝန်အားတွက်ချက်ခြင်း
(Load Calculation)
(ခ)ဆိုလာပြား အချပ်ရေနှင့် ပြိုင်ဆက်/တန်းဆက် တွက်ချက်ခြင်း
(Solar PV Modules)
(ဂ)ဘက်ထရီအရေအတွက်နှင့် ပြိုင်ဆက်/တန်းဆက် တွက်ချက်ခြင်း
(Battery Selection)
(ဃ)အင်ဗာတာရွေးချယ်ခြင်း
(Inverter System)
(င)ကွန်ထရိုလာရွေးချယ်ခြင်း
(Controller Unit)
(စ)ကြိုးနှင့်ဘရေကာ ရွေးချယ်ခြင်း
(Cables and Breakers)
(ဃ)တပ်ဆင်မည့်နေရာရွေးချယ်ခြင်း
( Location Choice)
(င)ကုန်ကျစရိတ်တွက်ချက်ခြင်း
(Estimation)စတာတွေ သေချာသင်ရပါမယ်။
✅ဆိုလာအထိုင်တပ်ဆင်ခြင်း၊
အင်ဗာတာတပ်ဆင်ခြင်း၊Settingထည့်ခြင်း၊ Wifiချိတ်ဆက်ခြင်း၊ BMS Communication ချိတ်ဆက်ခြင်း၊Combiner Boxတပ်ဆင်ခြင်း၊Parallelချိတ်ပြီး 3Phaseပြောင်းခြင်း စတာတွေအပြင်၊Site Surveyဘယ်လိုဆင်းရမယ် ဆိုတာက စလို့ ပစ္စည်းသွင်းဖို့ကိစ္စတွေအထိလည်းအကြံဉာဏ်ကောင်းတွေရနိုင်တာမို့Installationလုပ်တတ်ချင်တဲ့သူတွေ၊ဆိုင်ဖွင့်ချင်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။
🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯
လက်တွေ့ပိုင်းတွေမှာ ထိထိရောက်ရောက်ဖြစ်စေဖို့အတွက် သင်တန်းသားဦးရေ အကန့်အသတ်နဲ့ လက်ခံသင်ကြားမှာဖြစ်ပါတယ်။
🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔
2026ခုနှစ် ဇွန်လ(၁)ရက်နေ့မှာ
သင်တန်းစတင်မှာဖြစ်ပါတယ်။
သင်တန်းကြေး၃၀၀၀၀၀ကျပ်နဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး သင်တန်းကာလ(၅)ရက်ကြာမြင့်မှာဖြစ်ပါတယ်။
သင်တန်းအချိန်ကတော့
⏰⏰⏰⏰⏰⏰⏰
Monday to Friday (၅)ရက်ဆက်တိုက်
နံနက်(၉)နာရီမှညနေ(၃)နာရီအထိ ဖြစ်ပါတယ်။
☎️☎️☎️☎️☎️☎️☎️
အကြောင်းကိစ္စတစ်ခုခု
ပေါ်ပေါက်လာသောကြောင့်
သင်တန်းရက်ရွှေ့လိုပါက
မိမိ စရန်ငွေသွင်းပြီးအပ်ထားသော
သင်တန်းအပတ်စဉ် မစတင်မီ
(၅)ရက် ကြိုတင်အကြောင်းကြားပေးရမည်။
🛑🛑🛑🛑🛑🛑🛑🛑
ကြိုတင်အကြောင်းမကြားဘဲပျက်ကွက်ပါက
စရန်ငွေကိုလုံးဝ(လုံးဝ)ပြန်အမ်းမည်မဟုတ်ဘဲ
နောက်နောင်လည်း မည်သည့်အတန်းတွင်မှ
တက်ရောက်ခွင့်ပြုတော့မည်မဟုတ်ပါ။
သင်တန်းတည်နေရာ။ ။လှည်းတန်းစင်တာ(၃)လွှာ၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။
ဆက်သွယ်ရန်☎️
လျှပ်စစ်ဝန်ဆောင်မှုလုပ်ငန်းစု
ESE Engineering Training
09785338566
09955338566