04/09/2026
“ စက်ပြင်စရိတ် သက်သာစေမယ့် ၁၀ မိနစ်စာ နေ့စဉ်ထွန်စက်စစ်ဆေးနည်း "
ထွန်စက်ကို တစ်နေကုန်မောင်းနှင်ပြီးမှ ပြင်ဆင်တာထက် မောင်းနှင်ခြင်းမပြုခင် ကြိုတင်စစ်ဆေးခြင်းက စက်ချို့ယွင်းမှုလျော့နည်းစေသလို အန္တရာယ်လည်းကင်းစေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်စက်မောင်းခါနီးတိုင်း ဒီအချက်လေးတွေကို စစ်ဆေးပေးပါ။
✅ စက်အောက်၊ Engine ပတ်ဝန်းကျင်နဲ့ Hydraulic ပိုက်လိုင်းတွေမှာ အင်ဂျင်ဝိုင်၊ ဟိုက်ဒရောလစ်ဝိုင်နဲ့ Coolant ယိုစိမ့်မှု ရှိ၊မရှိ စစ်ဆေးပါ။
✅ Engine Oil ပမာဏကို စစ်ပြီး လိုအပ်ရင် သတ်မှတ်ထားတဲ့ Level အတိုင်းဖြည့်ပေးပါ။
✅ Coolant ပမာဏနဲ့ Radiator အခြေအနေကို စစ်ဆေးပါ။ ဖုန်မှုန့်တွေ ပိတ်ဆို့နေရင် သန့်ရှင်းပေးပါ။
✅ တာယာလေဖိအား၊ ပေါက်ပြဲမှုအခြေအနေကို စစ်ဆေးပါ။
✅ Fuel လုံလောက်မှုရှိ၊ မရှိ စစ်ပြီး ဆီစစ်၊ ရေစစ်တွေမှာ အညစ်အကြေး စုနေတာရှိ၊ မရှိ စစ်ပါ။
✅ စက်မမောင်းခင် ဘရိတ်နဲ့ စီယာတိုင် ပုံမှန်အလုပ် လုပ်၊ မလုပ် စစ်ဆေးပါ။
✅ စက်နှိုးပြီး ပုံမှန်မဟုတ်တဲ့ အသံ၊ တုန်ခါမှု၊ မီးခိုးထွက်မှုတွေ ရှိ၊ မရှိ သတိထားစစ်ဆေးပါ။
ဒီလို နေ့စဉ်ပုံမှန်စစ်ဆေးခြင်းဖြင့် စက်သက်တမ်းရှည်ပြီး ပြင်ဆင်စရိတ်သက်သာစေမှာဖြစ်တဲ့အပြင်
စက်မောင်းသူအတွက် အန္တရာယ်လည်း ကင်းဝေးစေမှာဖြစ်ပါတယ်။ ✨✨
👉အသေးစိတ်သိရှိလိုပါက messenger မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်...👈
📍အမှတ် (၅၈/၅၉)၊ ပြင်စည်မင်းသားကြီးလမ်း၊ စက်မှုဇုံ (၄)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။့
☎️ဖုန်း - 09891185130, 09251199577, 09251199195
📍အမှတ် (C-2/C)၊ စက်မှုပန်းခြံလမ်း၊ ၁၃၀ x ၁၃၁ လမ်းကြား၊ ပြည်ကြီးတံခွန်မြို့ နယ်၊ မန္တလေးမြို့။
☎️ဖုန်း - 09951033305,09446430441,09750186004,09880157006
#လယ်ယာသုံးစက်ပစ္စည်းများ #စိုက်ပျိုးရေးစက်ပစ္စည်း #မြန်မာ့လယ်ယာစိုက်ပျိုးရေး #ထွန်စက် #ရိတ်ခြွေ #ခရော်လာထရက်တာ