ORO Power Construction Co., Ltd.

ORO Power Construction Co., Ltd. Construction & Decoration

We are planning a staircase decoration project.📸
12/12/2025

We are planning a staircase decoration project.
📸

The ceiling is now visible.
22/10/2025

The ceiling is now visible.

20/10/2025
Installation of Ceiling Boards
16/10/2025

Installation of Ceiling Boards

Thadingyut Festival🙏🙏🙏
05/10/2025

Thadingyut Festival
🙏🙏🙏

Wiring work 📸
26/09/2025

Wiring work 📸

We are starting the ceiling work. 📸
16/09/2025

We are starting the ceiling work. 📸

Site ထဲ ရောက်ရှိ။
10/09/2025

Site ထဲ ရောက်ရှိ။

9.9.2025 Ceiling work
09/09/2025

9.9.2025
Ceiling work

အိမ်ဆောက်ဖို့ မြေကွက်ရွေးချယ်တဲ့အခါ သိထား သင့်တဲ့အချက်များ အိမ်တစ်လုံးဆောက်မယ်ဆိုရင် အရေးအကြီးဆုံး အဆင့်က မြေကွက်ရွေးချယ...
06/08/2025

အိမ်ဆောက်ဖို့ မြေကွက်ရွေးချယ်တဲ့အခါ သိထား သင့်တဲ့အချက်များ

အိမ်တစ်လုံးဆောက်မယ်ဆိုရင် အရေးအကြီးဆုံး အဆင့်က မြေကွက်ရွေးချယ်ဖို့ပါပဲ။ မြေကွက် မှန် မှန်ကန်ကန် ရွေးချယ်နိုင်မှ အိမ်ဆောက်တဲ့အခါရော၊ ရေရှည်မှာပါ အဆင်ပြေမှာပါ။ ဒါကြောင့် မြေကွက်ရွေးတဲ့အခါ သတိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မြေပိုင်ဆိုင်မှုနဲ့ စာရွက်စာတမ်းများ စစ်ဆေးပါ ***

* ဂရန်၊ SP စတဲ့ အထောက်အထားအပြည့်အစုံ ရှိ မရှိ စစ်ပါ။ မြေကွက်ပိုင်ရှင်ရဲ့ နာမည်နဲ့ စာရွက်စာတမ်းပေါ်က နာမည်တူမတူ။ အတုအယောင် ဖြစ်နေသလား သေချာကြည့်ပါ။

* မြေပုံကို သေချာစစ်ဆေးပါ။ မြေတိုင်းဌာနမှာ မြေကွက်ရဲ့ ပုံစံ၊ အကျယ်အဝန်း၊ နယ်နိမိတ်တွေကို အတည်ပြုပါ။ အနီးအနားက မြေပိုင်ရှင်တွေနဲ့လည်း နယ်နမိတ် သတ်မှတ်ချက်ကို ပြောဆိုညှိနှိုင်းထာတာ အကောင်းဆုံးပါပဲ။

၂။ မြေကွက်ရဲ့ အနေအထားကို လေ့လာပါ ***

* ရေဝပ်တဲ့ မြေကွက်လား၊ မြေနိမ့်ပိုင်းလားဆိုတာ ဂရုစိုက်ပါ။ ဒီလိုမြေမျိုးဆိုရင် မြေဖို့ဖို့အတွက် အကုန်အကျများနိုင်ပါတယ်။ မိုးတွင်းကာလမှာ ရေကြီးတတ်တဲ့ နေရာလားဆိုတာကိုလည်း ပတ်ဝန်းကျင်က လူတွေကို မေးမြန်းနိုင်ပါတယ်။

* မြေသားကို စစ်ဆေးပါ။ မြေသားက ပျော့ပြီ သဲဆန်နေတာ၊ ဒါမှမဟုတ် ကျောက်တုံးတွေ များနေတာဆိုရင် မြေအမျိုးအစားကိုလိုက်ပြီ အခြေခံအုတ်မြစ် (Foundation) ကို ပိုပြီး ခိုင်မာအောင် တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မြေပြင်ညီမညီ၊ တောင်ကုန်းမြေလားဆိုတာလည်း အရေးကြီးပါတယ်။

၃။ ပတ်ဝန်းကျင်နဲ့ အခြေခံအဆောက်အအုံများ***

* လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လား။ သွားလာရလွယ်ကူတဲ့နေရာလားဆိုတာကို စဉ်းစားပါ။

* မီးနဲ့ရေရရှိမှု အခြေအနေကို စုံစမ်းပါ။ အများပိုင်ရေပိုက်လိုင်း၊ လျှပ်စစ်မီး စနစ်တကျ ရှိမရှိ စစ်ဆေးပါ။ ဒါတွေက အိမ်ဆောက်ဖို့နဲ့ နေထိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

* ပတ်ဝန်းကျင်နဲ့ အနီးအနားဝန်းကျင်ကို ကြည့်ရှုပါ။ ဆူညံသံတွေများလား၊ လေထုညစ်ညမ်းမှုတွေ ရှိလားဆိုတာကိုလည်း ထည့်တွက်စဉ်းစားရပါမယ်။
ဒီအချက်တွေကို သေချာလေ့လာပြီးမှ မြေကွက်ကို ရွေးချယ်မယ်ဆိုရင် အိမ်ဆောက်တဲ့အခါ အခက်အခဲတွေ သက်သာပြီး စိတ်ချလက်ချ နေထိုင်နိင်မှာပါ။

*** အိမ်မက်အိမ်လေးကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်နိုင်ဖို့ Oro Power Construction ကနေ အမြဲတမ်း အကြံဉာဏ်ကောင်းတွေ ပေးသွားပါမယ်။

#မြေ

06/04/2025

#အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင်
အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက
အိမ်ရှင် စိတ်ကြိုက်ထည့်လိုထားလိုတဲ့ ပုံစံဆွဲရတာပါ

အခန်းတွေ ဘယ်လိုဖွဲ့မလဲ ?
အခန်းတွေရဲ့ အကျယ်တွေအဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ?
ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ?

အဲဒီလိုအခြေနေ မျိုးမှာ
ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ သိထားဖို့လိုပါမယ်



#ဧည့်ခန်း
#ဟောခန်း
#ပုံဆွဲ_စာရေးစာဖတ်ခန်း တွေရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×12'~ပေ
ပုံမှန်ဆိုက် 12'×14' ~ပေ
ဆိုက်ကြီး 16'×20' ~ပေ ဖြစ်ပါတယ်

#အိပ်ခန်း
်း
်း တွေရဲ့ အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 11'×12' ~ပေ
ဆိုက်ကြီး 12'×14' ~ပေ ဖြစ်ပါတယ်

#အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ

အနည်းဆုံး 10'×7' ~ပေ
ပုံမှန်ဆိုက် 10'×10' ~ပေ
ဆိုက်ကြီး 10'×12' ~ပေ ဖြစ်ပါတယ်

#ရေချိုုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'6"×4' ~ပေ
ပုံမှန်ဆိုက် 4'×5' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#အိမ်သာခန်းတခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'3"×3' ~ပေ
ပုံမှန်ဆိုက် 4'×4' ~ပေ ဖြစ်ပါတယ်

#ရေချိုးခန်း_အိမ်သာတွဲရက် အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 10'×12' ~ပေ ဖြစ်ပါတယ်

#ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ ဖြစ်ပါတယ်

#ဝရန်တာဆိုက် ရဲ့အကျယ်ကတော့

အနည်းဆုံး 3' ~ပေဖြစ်ပါတယ် {လူနှစ်ယောက်ရှောင်ကွင်းသာ}

#တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 11'×15' ~ပေ
ပုံမှန်ဆိုက် 12'×16' ~ပေ ဖြစ်ပါတယ်

#အိမ်မိန်းတခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3'~ပေ '6" ~လက်မ ဖြစ်ပါတယ်

#ရေချိုးခန်း
#အိမ်သာ
#မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 2'~ပေ ,6"~လက်မ ဖြစ်ပါတယ်

#အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3' ~ပေ ဖြစ်ပါတယ်

#ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့

အကျယ်ဟာ 3'~ပေ
အကျော် ဟာ 7"~ လက်မခွဲ
အနင်းဟာ 10"~လက်မ ဖြစ်ပါတယ် တဲ့ဗျား။


#အိမ်ဆောက်မယ်ဆိုရင်

Address

No. 364/A, Moe Ma Kha Street, 46 Quarter, North Dagon Township
Yangon
11421

Telephone

+959787956565

Website

Alerts

Be the first to know and let us send you an email when ORO Power Construction Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share